ကပ္ေရာဂါဆိုးကို ေၾကာက္လို႔ သမီးေလးေတြကို ေက်ာင္းမပို႔ေတာ့ဘူးဆိုတဲ့ ခ်စ္သုေဝ

Zombie ဇာတ္လမ္းတြဲေတြက နမိတ္ေခၚသံေလးလား ဆိုစမွတ္ျပဳရေလာက္ေအာင္ တစ္ကမာၻလုံးက လူေတြ လူလူခ်င္း ေၾကာက္ေနရတဲ့ အထိတ္တလန႔္ ေရာဂါဆိုးႀကီးလည္း ေရာက္ရွိလာပါၿပီ။ လင္းႏို႔စြပ္ျပဳတ္ကသာ ပိုးစတင္ခဲ့တာ မွန္ကန္တယ္ဆိုရင္ေတာ့ တ႐ုတ္ႏိုင္ငံက သတၱဝါေလးေတြအေပၚ ရက္စက္မႈေတြကေန လူေတြအလွည့္ ျပန္လည္က်ေရာက္လာတယ္လို႔ ဆိုႏိုင္ပါတယ္။ ႏိုင္ငံအသီးသီးမွာ ကူးစက္ခံေနရၿပီး ေသဆုံးသြားသူေတြ မေရမတြက္ႏိုင္ေအာင္ မ်ားျပားလာသလို ေစာင့္ၾကည့္ထိန္းသိမ္းခံေနရတဲ့ အဆင့္မွာ ေရာက္ရွိေနသူေတြလည္း ဒုနဲ႔ေဒးပါ။

ႏိုင္ငံတကာေလဆိပ္ေတြမွာ ခရီးသြားဧည့္သည္ေတြ မရွိေတာ့သလို ခရီးသြားလုပ္ငန္းေတြကို ထိုးႏွက္ခ်က္အႀကီးစား လုပ္လိုက္တဲ့ ေရာဂါကပ္ဆိုးႀကီးက ျမန္မာႏိုင္ငံမွာေတာ့ ခုထိ ဆိုးဆိုး႐ြား႐ြား သတင္းမၾကားေသးပါဘူး။ တစ္ကမာၻလုံးက ႀကိဳတင္ကာကြယ္ေနတဲ့ ကပ္ဆိုးႀကီးမွာ ျမန္မာႏိုင္ငံကေတာ့ အားလုံးထက္ ေနာက္က်ၿပီးမွ အေၾကာက္ပိုခြင့္ရတာ ျဖစ္ပါတယ္။

ကပ္ေရာဂါဆိုးကို ေၾကာက္လို႔ သမီးေလးေတြကို ေက်ာင္းမပို႔ေတာ့ဘူးဆိုတဲ့ ခ်စ္သုေဝ

ကမာၻ႔ႏိုင္ငံအသီးသီးမွာ အနီေရာင္အေျခအေန ျဖစ္ေနေပမဲ့ ျမန္မာႏိုင္ငံမွာေတာ့ အျဖဴေရာင္ေလးကြက္ေနလို႔ ဝမ္းသာေနရခ်ိန္မွာ မထင္မွတ္ထားဘဲ ေရာဂါပိုးသံသယ လူနာရွင္ေတြ ေပၚထြက္လာခဲ့တာပါ။ တကယ္တမ္း ျဖစ္လာခဲ့ရင္ ႀကိဳတင္ကာကြယ္ဖို႔ ပစၥည္း အစုံအလင္ မရွိသလို ေစာင့္ေရွာက္ႏိုင္မယ့္ အေနအထားေတြလည္း မရွိတာေၾကာင့္ လူစုလူေဝးေတြကို ေရွာင္ၾကဥ္ဖို႔ ႏိုင္ငံေတာ္အဆင့္ အမိန႔္ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။

ကပ္ေရာဂါဆိုးကို ေၾကာက္လို႔ သမီးေလးေတြကို ေက်ာင္းမပို႔ေတာ့ဘူးဆိုတဲ့ ခ်စ္သုေဝ

ေရာဂါကူးစက္ ျပန႔္ပြားႏိုင္ေခ်ရွိတဲ့ ေက်ာင္းေတြကို ပိတ္သင့္တယ္ဆိုေပမဲ့ အေနအထားတစ္ခုအရ ပိတ္ပစ္ဖို႔ အဆင္မေျပျဖစ္ေနတဲ့ ႏိုင္ငံတကာေက်ာင္းေတြက ကေလးေတြအတြက္ေတာ့ ဆက္လက္တက္ေရာက္ေနဆဲပါ။ သ႐ုပ္ေဆာင္ ခ်စ္သုေဝကေတာ့ ေရာဂါေဘးကို စိုးရိမ္တာေၾကာင့္ ေခတ္နဲ႔ သစ္ကို ေက်ာင္းမပို႔ဘူးဆိုတဲ့အေၾကာင္း ခုလို ေရးသားထားတာပါ။

“သမီးေလးေတြကို မနက္ျဖန္ကစၿပီး ေက်ာင္းမပို႔ေတာ့ဘူး,,Toddler တန္းမို႔ စာသင္ရတာလည္းမဟုတ္ ကစားရတာေတြပဲမို႔ဘာ risk မွ မယူခ်င္ဘူးေလေနာ္,,International school ေတြ ေက်ာင္းပိတ္ဖို႔ official letter ထြက္တဲ့ထိလည္း မေစာင့္ႏိုင္ေတာ့ပါဘူး။ တစ္ခုခုျဖစ္မွ ရင္က်ိဳးေနရမယ္။ ေအာင္မေလးေနာ္ ဘယ္မွလည္း မထြက္ရဲေတာ့ အိမ္မွာ ေသာင္းက်န္းေနသမွ် ထိန္းေပဦးေတာ့ ေမေမ Tre” ဆိုၿပီး စိုးရိမ္စိတ္ကို အားလုံးသိေအာင္ ေျပာျပခဲ့တာ ျဖစ္ပါတယ္။ႀကိဳတင္ကာကြယ္ျခင္းက အေကာင္းဆုံးျဖစ္ေနတဲ့ အေျခအေနမွာ အိမ္ထဲမွာေနထိုင္ၿပီး ဂ႐ုစိုက္ျခင္းကေတာ့ ကေလးသူငယ္အတြက္ အေကာင္းဆုံး အေနအထားပဲ ျဖစ္ပါတယ္။

Unicode

Zombie ဇာတ်လမ်းတွဲတွေက နမိတ်ခေါ်သံလေးလား ဆိုစမှတ်ပြုရလောက်အောင် တစ်ကမ္ဘာလုံးက လူတွေ လူလူချင်း ကြောက်နေရတဲ့ အထိတ်တလန့် ရောဂါဆိုးကြီးလည်း ရောက်ရှိလာပါပြီ။ လင်းနို့စွပ်ပြုတ်ကသာ ပိုးစတင်ခဲ့တာ မှန်ကန်တယ်ဆိုရင်တော့ တရုတ်နိုင်ငံက သတ္တဝါလေးတွေအပေါ် ရက်စက်မှုတွေကနေ လူတွေအလှည့် ပြန်လည်ကျရောက်လာတယ်လို့ ဆိုနိုင်ပါတယ်။ နိုင်ငံအသီးသီးမှာ ကူးစက်ခံနေရပြီး သေဆုံးသွားသူတွေ မရေမတွက်နိုင်အောင် များပြားလာသလို စောင့်ကြည့်ထိန်းသိမ်းခံနေရတဲ့ အဆင့်မှာ ရောက်ရှိနေသူတွေလည်း ဒုနဲ့ဒေးပါ။

နိုင်ငံတကာလေဆိပ်တွေမှာ ခရီးသွားဧည့်သည်တွေ မရှိတော့သလို ခရီးသွားလုပ်ငန်းတွေကို ထိုးနှက်ချက်အကြီးစား လုပ်လိုက်တဲ့ ရောဂါကပ်ဆိုးကြီးက မြန်မာနိုင်ငံမှာတော့ ခုထိ ဆိုးဆိုးရွားရွား သတင်းမကြားသေးပါဘူး။ တစ်ကမ္ဘာလုံးက ကြိုတင်ကာကွယ်နေတဲ့ ကပ်ဆိုးကြီးမှာ မြန်မာနိုင်ငံကတော့ အားလုံးထက် နောက်ကျပြီးမှ အကြောက်ပိုခွင့်ရတာ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ အနီရောင်အခြေအနေ ဖြစ်နေပေမဲ့ မြန်မာနိုင်ငံမှာတော့ အဖြူရောင်လေးကွက်နေလို့ ဝမ်းသာနေရချိန်မှာ မထင်မှတ်ထားဘဲ ရောဂါပိုးသံသယ လူနာရှင်တွေ ပေါ်ထွက်လာခဲ့တာပါ။ တကယ်တမ်း ဖြစ်လာခဲ့ရင် ကြိုတင်ကာကွယ်ဖို့ ပစ္စည်း အစုံအလင် မရှိသလို စောင့်ရှောက်နိုင်မယ့် အနေအထားတွေလည်း မရှိတာကြောင့် လူစုလူဝေးတွေကို ရှောင်ကြဉ်ဖို့ နိုင်ငံတော်အဆင့် အမိန့်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ရောဂါကူးစက် ပြန့်ပွားနိုင်ချေရှိတဲ့ ကျောင်းတွေကို ပိတ်သင့်တယ်ဆိုပေမဲ့ အနေအထားတစ်ခုအရ ပိတ်ပစ်ဖို့ အဆင်မပြေဖြစ်နေတဲ့ နိုင်ငံတကာကျောင်းတွေက ကလေးတွေအတွက်တော့ ဆက်လက်တက်ရောက်နေဆဲပါ။ သရုပ်ဆောင် ချစ်သုဝေကတော့ ရောဂါဘေးကို စိုးရိမ်တာကြောင့် ခေတ်နဲ့ သစ်ကို ကျောင်းမပို့ဘူးဆိုတဲ့အကြောင်း ခုလို ရေးသားထားတာပါ။

“သမီးလေးတွေကို မနက်ဖြန်ကစပြီး ကျောင်းမပို့တော့ဘူး,,Toddler တန်းမို့ စာသင်ရတာလည်းမဟုတ် ကစားရတာတွေပဲမို့ဘာ risk မှ မယူချင်ဘူးလေနော်,,International school တွေ ကျောင်းပိတ်ဖို့ official letter ထွက်တဲ့ထိလည်း မစောင့်နိုင်တော့ပါဘူး။ တစ်ခုခုဖြစ်မှ ရင်ကျိုးနေရမယ်။ အောင်မလေးနော် ဘယ်မှလည်း မထွက်ရဲတော့ အိမ်မှာ သောင်းကျန်းနေသမျှ ထိန်းပေဦးတော့ မေမေ Tre” ဆိုပြီး စိုးရိမ်စိတ်ကို အားလုံးသိအောင် ပြောပြခဲ့တာ ဖြစ်ပါတယ်။ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးဖြစ်နေတဲ့ အခြေအနေမှာ အိမ်ထဲမှာနေထိုင်ပြီး ဂရုစိုက်ခြင်းကတော့ ကလေးသူငယ်အတွက် အကောင်းဆုံး အနေအထားပဲ ဖြစ်ပါတယ်။

ငါ့လည္း အားေပးပါဦးဟ လို႔ ပရိသတ္ေတြကို အ႐ႊန္းေဖာက္လိုက္တဲ့ စိုင္းစိုင္းခမ္းလႈိင္

စိုင္းစိုင္းဟာ ျမန္မာႏိုင္ငံက အေအာင္ျမင္ဆုံး အႏုပညာရွင္ေတြထဲက တေယာက္ျဖစ္တဲ့ အဆိုေတာ္မင္းသားတစ္ဦးျဖစ္ၿပီး ျမန္မာသာမက ကမာၻကပါသိတဲ့အႏုပညာရွင္တစ္ဦးလည္းျဖစ္ပါတယ္။ စိုင္းစိုင္း တေယာက္ကေတာ့ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေတြေလာက္ကလည္းက တဟုန္ထိုးေအာင္ျမင္လာခဲ့ၿပီး လက္ရွိခ်ိန္ထိကို ေအာင္ျမင္မႈကိုထိန္းသိမ္းထားႏိုင္သူပါ။ လက္ရွိမွာ စိုင္းစိုင္းနဲ႔ ပိုးမမွီသာရဲ႕ ပိေတာက္ကတဲ့ဂီတ ဇာတ္ကားႀကီးက ႐ုံတင္ေနၿပီျဖစ္ၿပီး ပရိသတ္ေတြၾကားမွာ ေရပန္းစားေက်ာ္ၾကားေနသလို ပရိသတ္ေတြရဲ႕ တခဲနက္အားေပးၾကည့္ရႈမႈကိုလည္း ခံေနရတာပါ။

စိတ္မေကာင္းစရာကေတာ့ ပိေတာက္ကတဲ့ ဂီတ ဇာတ္ကားႀကီး ႐ုံတင္ေနဆဲျဖစ္တဲ့အခ်ိန္မွာပဲ တစ္ကမာၻလုံးကို ပ်ံ႕ႏွံ႔ေနတဲ့ ကူးစက္ေရာဂါေၾကာင့္ ျမန္မာႏိုင္ငံမွာလည္း အမ်ားျပည္သူသြားလာလႈပ္ရွားေနတဲ့ လူထူထပ္တဲ့ဧရိယာေတြကို ပိတ္လိုက္တာေတြရွိေနၿပီး အဲဒီထဲမွာ ႐ုပ္ရွင္႐ုံေတြလည္း ပါဝင္ေၾကာင္းသိရပါတယ္။ ဒါေပမယ့္ ပိေတာက္ကတဲ့ ဂီတက ပရိသတ္ေတြရဲ႕ အားေပးျခင္းကိုခံေနရဆဲျဖစ္ၿပီး ႐ုပ္ရွင္႐ုံေတြျပန္ဖြင့္လို႔ ဇာတ္ကားေတြျပန္ျပတဲ့အခါမွာလည္း တခဲနက္အားေပးမႈေတြမလြဲမေသြခံရဦးမွာေသခ်ာပါတယ္။

စိုင္းစိုင္းက မၾကာေသးမီက သူ႔ရဲ႕ လူမႈကြန္ယက္မွာ ႐ုပ္ရွင္႐ုံေတြပိတ္မယ္ဆိုရင္လည္း တရားဝင္ပိတ္ေပးဖို႔နဲ႔ ႐ုံေတြျပန္ဖြင့္တဲ့အခါမွ ႐ုပ္ရွင္႐ုံျပန္တင္ရရင္လည္း အဆင္ေျပေၾကာင္း၊အခုအေျခအေနဆိုရင္ ႐ုံေတြကမပိတ္ေပမယ့္ လာၾကည့္တဲ့သူလည္းမရွိေၾကာင္း ရင္ဖြင့္ထားခဲ့ပါေသးတယ္။ ပရိသတ္ေတြက စိုင္းစိုင္းကို ဝိုင္းဝန္းအားေပးေနၾကသလို ႐ုပ္ရွင္ၾကည့္ၿပီးတဲ့ ပရိသတ္ေတြကလည္း Feedback ေလးေတြေပးထားၾကတာေတြ႕ရပါတယ္။ စိုင္းစိုင္းရဲ႕ ပို႔စ္တစ္ခုေအာက္မွာ ပရိသတ္တစ္ဦးက “တစ္ကားလုံး အူေတြယားၿပီး ရယ္ခဲ့ရတယ္။ ပိုးမမွီသာကိုေတာ့ ေတာ္ေတာ္သေဘာက်တယ္ဗ်ာ”လို႔ ေရးထားတာေတြ႕ရပါတယ္။ အဲဒါကိုစိုင္းစိုင္းက “င့ါလည္းအားေပးပါဦးဟ”လို႔ သနားစဖြယ္ ျပန္ အ႐ႊန္းေဖာက္ထားခဲ့တာပါ။ အဲဒီပရိသတ္က “ပိုးကိုပဲ အားေပးမွာေပါ့။ ဟိုက ငယ္ေသးတယ္။ ခ်စ္စရာေလး။ ကိုစိုင္းက ႀကီးေနၿပီ ခ်စ္ဖို႔မေကာင္းေတာ့ဘူး”လို႔ ျပန္စေနာက္ထားခဲ့ၿပီး စိုင္းစိုင္းကလည္း “ခ်စ္ဖို႔ေကာင္းတာ အသက္နဲ႔ဆိုင္လို႔လားကြာ ဒါဆို မင့္အဖိုးဆိုမုန္းစရာႀကီးေနမွာ”လို႔ ေၾကကြဲသံတစ္ဝက္နဲ႔ comment ျပန္ေပးထားခဲ့တာလည္း ေတြ႕ရပါတယ္။

ပရိသတ္ေတြကေတာ့ စိုင္းစိုင္းရဲ႕ ခ်စ္စရာေကာင္းတဲ့ အ႐ြန္းေဖာက္တာေလးေတြကို အသည္းယားေနၾကၿပီး စိုင္းစိုင္းကို အရင္ကထက္ပိုၿပီးအားေပးေနၾကတာလည္းျဖစ္ပါတယ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးေရာ စိုင္းစိုင္းရဲ႕ ပိေတာက္ကတဲ့ ဂီတ ဇာတ္ကားႀကီးကို သြားေရာက္ၾကည့္ရႈၿပီးၾကၿပီလား။ သိပ္ခ်စ္တတ္တဲ့ အဂၢါစိုင္းလို ခ်စ္သူမ်ိဳးေရာ လိုခ်င္ၾကလား။ စိုင္းစိုင္းရဲ႕ေနာက္ထပ္႐ုံတင္မယ့္ ဇာတ္ကားေတြကိုေရာ အားေပးၾကည့္ရႈၾကမွာလား။ ေျပာခဲ့ၾကပါဦး။

Unicode

စိုင်းစိုင်းဟာ မြန်မာနိုင်ငံက အအောင်မြင်ဆုံး အနုပညာရှင်တွေထဲက တယောက်ဖြစ်တဲ့ အဆိုတော်မင်းသားတစ်ဦးဖြစ်ပြီး မြန်မာသာမက ကမ္ဘာကပါသိတဲ့အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ စိုင်းစိုင်း တယောက်ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေလောက်ကလည်းက တဟုန်ထိုးအောင်မြင်လာခဲ့ပြီး လက်ရှိချိန်ထိကို အောင်မြင်မှုကိုထိန်းသိမ်းထားနိုင်သူပါ။ လက်ရှိမှာ စိုင်းစိုင်းနဲ့ ပိုးမမှီသာရဲ့ ပိတောက်ကတဲ့ဂီတ ဇာတ်ကားကြီးက ရုံတင်နေပြီဖြစ်ပြီး ပရိသတ်တွေကြားမှာ ရေပန်းစားကျော်ကြားနေသလို ပရိသတ်တွေရဲ့ တခဲနက်အားပေးကြည့်ရှုမှုကိုလည်း ခံနေရတာပါ။

စိတ်မကောင်းစရာကတော့ ပိတောက်ကတဲ့ ဂီတ ဇာတ်ကားကြီး ရုံတင်နေဆဲဖြစ်တဲ့အချိန်မှာပဲ တစ်ကမ္ဘာလုံးကို ပျံ့နှံ့နေတဲ့ ကူးစက်ရောဂါကြောင့် မြန်မာနိုင်ငံမှာလည်း အများပြည်သူသွားလာလှုပ်ရှားနေတဲ့ လူထူထပ်တဲ့ဧရိယာတွေကို ပိတ်လိုက်တာတွေရှိနေပြီး အဲဒီထဲမှာ ရုပ်ရှင်ရုံတွေလည်း ပါဝင်ကြောင်းသိရပါတယ်။ ဒါပေမယ့် ပိတောက်ကတဲ့ ဂီတက ပရိသတ်တွေရဲ့ အားပေးခြင်းကိုခံနေရဆဲဖြစ်ပြီး ရုပ်ရှင်ရုံတွေပြန်ဖွင့်လို့ ဇာတ်ကားတွေပြန်ပြတဲ့အခါမှာလည်း တခဲနက်အားပေးမှုတွေမလွဲမသွေခံရဦးမှာသေချာပါတယ်။

စိုင်းစိုင်းက မကြာသေးမီက သူ့ရဲ့ လူမှုကွန်ယက်မှာ ရုပ်ရှင်ရုံတွေပိတ်မယ်ဆိုရင်လည်း တရားဝင်ပိတ်ပေးဖို့နဲ့ ရုံတွေပြန်ဖွင့်တဲ့အခါမှ ရုပ်ရှင်ရုံပြန်တင်ရရင်လည်း အဆင်ပြေကြောင်း၊အခုအခြေအနေဆိုရင် ရုံတွေကမပိတ်ပေမယ့် လာကြည့်တဲ့သူလည်းမရှိကြောင်း ရင်ဖွင့်ထားခဲ့ပါသေးတယ်။ ပရိသတ်တွေက စိုင်းစိုင်းကို ဝိုင်းဝန်းအားပေးနေကြသလို ရုပ်ရှင်ကြည့်ပြီးတဲ့ ပရိသတ်တွေကလည်း Feedback လေးတွေပေးထားကြတာတွေ့ရပါတယ်။ စိုင်းစိုင်းရဲ့ ပို့စ်တစ်ခုအောက်မှာ ပရိသတ်တစ်ဦးက “တစ်ကားလုံး အူတွေယားပြီး ရယ်ခဲ့ရတယ်။ ပိုးမမှီသာကိုတော့ တော်တော်သဘောကျတယ်ဗျာ”လို့ ရေးထားတာတွေ့ရပါတယ်။ အဲဒါကိုစိုင်းစိုင်းက “င့ါလည်းအားပေးပါဦးဟ”လို့ သနားစဖွယ် ပြန် အရွှန်းဖောက်ထားခဲ့တာပါ။ အဲဒီပရိသတ်က “ပိုးကိုပဲ အားပေးမှာပေါ့။ ဟိုက ငယ်သေးတယ်။ ချစ်စရာလေး။ ကိုစိုင်းက ကြီးနေပြီ ချစ်ဖို့မကောင်းတော့ဘူး”လို့ ပြန်စနောက်ထားခဲ့ပြီး စိုင်းစိုင်းကလည်း “ချစ်ဖို့ကောင်းတာ အသက်နဲ့ဆိုင်လို့လားကွာ ဒါဆို မင့်အဖိုးဆိုမုန်းစရာကြီးနေမှာ”လို့ ကြေကွဲသံတစ်ဝက်နဲ့ comment ပြန်ပေးထားခဲ့တာလည်း တွေ့ရပါတယ်။

ပရိသတ်တွေကတော့ စိုင်းစိုင်းရဲ့ ချစ်စရာကောင်းတဲ့ အရွန်းဖောက်တာလေးတွေကို အသည်းယားနေကြပြီး စိုင်းစိုင်းကို အရင်ကထက်ပိုပြီးအားပေးနေကြတာလည်းဖြစ်ပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော စိုင်းစိုင်းရဲ့ ပိတောက်ကတဲ့ ဂီတ ဇာတ်ကားကြီးကို သွားရောက်ကြည့်ရှုပြီးကြပြီလား။ သိပ်ချစ်တတ်တဲ့ အဂ္ဂါစိုင်းလို ချစ်သူမျိုးရော လိုချင်ကြလား။ စိုင်းစိုင်းရဲ့နောက်ထပ်ရုံတင်မယ့် ဇာတ်ကားတွေကိုရော အားပေးကြည့်ရှုကြမှာလား။ ပြောခဲ့ကြပါဦး။

ဒီကပ္ဆိုးၾကီးကုိ အတူတူေက်ာ္လႊားနိုင္မွာပါလို႔ အားေပးလိုက္တဲ့ ေအာင္လအန္ဆန္း

ေအာင္လအန္ဆန္းဟာ ခ်စ္ဖို႔ေကာင္းတဲ့ ဇနီးျဖစ္သူနဲ႔ သားတစ္ေယာက္သမီးတစ္ေယာက္နဲ႔အတူ ေပ်ာ္စရာေကာင္းတဲ့ မိသားစုဘဝေလး ပိုင္ဆိုင္ထားသူ ျဖစ္ျပီး မိသားစုကို ၾကင္နာတတ္တဲ့ အေဖေကာင္း တစ္ေယာက္လည္း ျဖစ္ပါတယ္။ ေအာင္လအန္ဆန္းက သူ႔ရဲဲ႕ အားလပ္ခ်ိန္ေတြကုိ မိသားစုနဲ႔ပဲ ကုန္ဆံုးတတ္ျပီး အားတဲ့ ရက္ေတြမွာ သားေလးကို ေက်ာင္းလုိက္ပုိ႔ျပီး ဂရုတစုိက္ရွိသူလည္း ျဖစ္ပါတယ္။အခုေတာ့ ဘဝထဲမွာ သမီးေလးပါ ထပ္တိုးလာျပီျဖစ္တာေၾကာင့္ ေအာင္လအန္ဆန္းကေတာ့ ပိုျပီးေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစုဘဝေလးရဲ႕ ပဲ့ကုုိင္ရွင္တစ္ဦးျဖစ္လို႔ေနပါျပီ။

ေလာေလာဆယ္မွာ တစ္ကမၻာလံုးမွာ ပ်ံ႕နွံွ႕ေနတဲ့ ကူးစက္ေရာဂါပုိးေၾကာင့္ ကမၻာနဲ႔အဝွမ္းမွာ ေဘာလံုးပြဲေတြနဲ႔အျခားေပ်ာ္ပြဲရႊင္ပြဲေတြကုိေရႊ႕ဆိုင္းလိုက္ရျပီျဖစ္ျပီး စူပါမားကတ္ေတြမွာလည္း စားေသာက္စရာေတြအားလံုးျပတ္လပ္လို႔ေနပါျပီ။ ဒါ့အျပင္ လူစုလူေဝးေတြကုိေရွာင္ရွားသင့္တယ္ဆိုတဲ့ ေၾကာ္ျငာခ်က္ေတြေၾကာင့္လည္း လူအမ်ားေတြ႕ဆံုစုေဝးတဲ့ေနရာေတြကုိ ပိတ္လိုက္ရျပီျဖစ္ပါတယ္။ ဒါေၾကာင့္ ေအာင္လအန္ဆန္းလို အားကစားသမားေတြအေနနဲ႔လည္း အျခားသူေတြနဲ႔အတူတူစုျပီး ေလ့က်င့္ေရးဆင္းတဲ့ေနရာေတြ၊ အားကစားရံုေတြကုိ သြားလို႔မရေတာ့တဲ့အေျခအေနပါ။ လူေတြအားလံုးဟာလည္း က်န္းမာေရးကုိပဲ ဂရုစုိက္ျပီး ကုိယ့္အိမ္ထဲမွာကုိယ္ေနေနၾကတာလည္းျဖစ္ပါတယ္။

ေအာင္လအန္ဆန္းက မၾကာေသးမီက သူ႕ရဲ႕လူမႈကြန္ယက္မွာ အားကစားေလ့က်င့္ေနတဲ့ video ေလးတစ္ခုတင္ထားခဲ့ပါတယ္။ အဲဒီ video ေလးထဲမွာ စူပါမားကတ္ေတြမွာစားစရာေတြျပတ္လပ္ျပီး သြားစရာ gym ရယ္လို႔လည္းမရွိေတာ့ေပမယ့္ ေအာင္လအန္ဆန္းကေတာ့ သူငယ္ခ်င္းတစ္ေယာက္နဲ႔အတူတူ အားကစားေတြေလ့က်င့္ေနတာေတြ႕ရပါတယ္။ ေအာင္လအန္ဆန္းက အဲဒီ video ေလးနဲ႔အတူ “ဝယ္ယူစားေသာက္ဖို႔ဆန္မရွိ,ေလ့က်င့္ဖို႔အတြက္အားကစားခန္းမေတြကိုပိတ္ထားေပမယ့္ကၽြန္ေတာ္တို႔အတြက္ကေတာ့ျပသာနာမရွိပါဘူး။ ေသခ်ာတာတခုကေတာ့ကၽြန္ေတာ္တို႔၊ဒီမေသခ်ာမေရရာတဲ့အခ်ိန္ကာလကိုအတူတူျဖတ္သန္းၿပီးေတာ့၊အားလံုးေအးေဆးတည္ၿငိမ္သြားတဲ့တေန႔ျဖတ္ေက်ာ္ခဲ့တဲ့အျဖစ္အပ်က္ေတြကိုအျပံဳးနဲ႔ျပန္လွည့္ၾကည့္ႏိုင္မွာပါ”လို႔ ေရးထားခဲ့တာေတြ႕ရပါတယ္။ေအာင္လအန္ဆန္းကေတာ့ အေျခအေနဆိုးေတြၾကားထဲမွာ အရာရာကုိ အေကာင္းျမင္စိတ္ထားျပီး ကိုယ္လုပ္စရာရွိတာကုိသာ တစုိက္မတ္မတ္ဆက္လုပ္ေနခဲ့သလို ပရိသတ္ေတြကုိလည္း မစုိးရိမ္ၾကဖု႔ိအားေပးထားခဲ့တာပါ။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးအတြက္ေအာင္လအန္ဆန္းရဲ႕ video ေလးကုိ comment မွာေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ ေအာင္လအန္ဆန္းကုိအားေပးၾကလား။ အေျခအေနေတြျပန္လည္ၾကည္လင္အဆင္ေျပသြားတဲ့အခါမွာ ေအာင္လအန္ဆန္းရဲ႕ ထိုးသတ္ပြဲေတြကုိ အရင္လို ျခိမ့္ျခိမ့္သဲသြားေရာက္အားေပးၾကမွာလား။ အားလံုးလည္း ကုို္ယ့္ကုိယ္ကုိယ္ဂရုစိုက္ျပီး က်န္းမာေရးေကာင္းေအာင္ေနၾကဖို႔မေမ့ပါနဲ႔လို႔ ေျပာခ်င္လြန္းလို႔ဝိုင္းေတာ္သားမ်ားက ေမတၱာေရွ႕ထားျပီး သတိေပးတိုက္တြန္းလိုက္ရပါတယ္။

Unicode

အောင်လအန်ဆန်းဟာ ချစ်ဖို့ကောင်းတဲ့ ဇနီးဖြစ်သူနဲ့ သားတစ်ယောက်သမီးတစ်ယောက်နဲ့အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေး ပိုင်ဆိုင်ထားသူ ဖြစ်ပြီး မိသားစုကို ကြင်နာတတ်တဲ့ အဖေကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။ အောင်လအန်ဆန်းက သူ့ရဲ့ အားလပ်ချိန်တွေကို မိသားစုနဲ့ပဲ ကုန်ဆုံးတတ်ပြီး အားတဲ့ ရက်တွေမှာ သားလေးကို ကျောင်းလိုက်ပို့ပြီး ဂရုတစိုက်ရှိသူလည်း ဖြစ်ပါတယ်။အခုတော့ ဘဝထဲမှာ သမီးလေးပါ ထပ်တိုးလာပြီဖြစ်တာကြောင့် အောင်လအန်ဆန်းကတော့ ပိုပြီးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးရဲ့ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်လို့နေပါပြီ။

လောလောဆယ်မှာ တစ်ကမ္ဘာလုံးမှာ ပျံ့နှံှ့နေတဲ့ ကူးစက်ရောဂါပိုးကြောင့် ကမ္ဘာနဲ့အဝှမ်းမှာ ဘောလုံးပွဲတွေနဲ့အခြားပျော်ပွဲရွှင်ပွဲတွေကိုရွှေ့ဆိုင်းလိုက်ရပြီဖြစ်ပြီး စူပါမားကတ်တွေမှာလည်း စားသောက်စရာတွေအားလုံးပြတ်လပ်လို့နေပါပြီ။ ဒါ့အပြင် လူစုလူဝေးတွေကိုရှောင်ရှားသင့်တယ်ဆိုတဲ့ ကြော်ငြာချက်တွေကြောင့်လည်း လူအများတွေ့ဆုံစုဝေးတဲ့နေရာတွေကို ပိတ်လိုက်ရပြီဖြစ်ပါတယ်။ ဒါကြောင့် အောင်လအန်ဆန်းလို အားကစားသမားတွေအနေနဲ့လည်း အခြားသူတွေနဲ့အတူတူစုပြီး လေ့ကျင့်ရေးဆင်းတဲ့နေရာတွေ၊ အားကစားရုံတွေကို သွားလို့မရတော့တဲ့အခြေအနေပါ။ လူတွေအားလုံးဟာလည်း ကျန်းမာရေးကိုပဲ ဂရုစိုက်ပြီး ကိုယ့်အိမ်ထဲမှာကိုယ်နေနေကြတာလည်းဖြစ်ပါတယ်။

အောင်လအန်ဆန်းက မကြာသေးမီက သူ့ရဲ့လူမှုကွန်ယက်မှာ အားကစားလေ့ကျင့်နေတဲ့ video လေးတစ်ခုတင်ထားခဲ့ပါတယ်။ အဲဒီ video လေးထဲမှာ စူပါမားကတ်တွေမှာစားစရာတွေပြတ်လပ်ပြီး သွားစရာ gym ရယ်လို့လည်းမရှိတော့ပေမယ့် အောင်လအန်ဆန်းကတော့ သူငယ်ချင်းတစ်ယောက်နဲ့အတူတူ အားကစားတွေလေ့ကျင့်နေတာတွေ့ရပါတယ်။ အောင်လအန်ဆန်းက အဲဒီ video လေးနဲ့အတူ “ဝယ်ယူစားသောက်ဖို့ဆန်မရှိ,လေ့ကျင့်ဖို့အတွက်အားကစားခန်းမတွေကိုပိတ်ထားပေမယ့်ကျွန်တော်တို့အတွက်ကတော့
ပြသာနာမရှိပါဘူး။ သေချာတာတခုကတော့ကျွန်တော်တို့၊ဒီမသေချာမရေရာတဲ့အချိန်ကာလကိုအတူတူဖြတ်သန်းပြီးတော့၊အားလုံးအေးဆေးတည်ငြိမ်သွားတဲ့တနေ့ဖြတ်ကျော်ခဲ့တဲ့အဖြစ်အပျက်တွေကိုအပြုံးနဲ့ပြန်လှည့်ကြည့်နိုင်မှာပါ”လို့ ရေးထားခဲ့တာတွေ့ရပါတယ်။
အောင်လအန်ဆန်းကတော့ အခြေအနေဆိုးတွေကြားထဲမှာ အရာရာကို အကောင်းမြင်စိတ်ထားပြီး ကိုယ်လုပ်စရာရှိတာကိုသာ တစိုက်မတ်မတ်ဆက်လုပ်နေခဲ့သလို ပရိသတ်တွေကိုလည်း မစိုးရိမ်ကြဖု့ိအားပေးထားခဲ့တာပါ။

ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက်အောင်လအန်ဆန်းရဲ့ video လေးကို comment မှာဖော်ပြပေးလိုက်ပါတယ်နော်။ အောင်လအန်ဆန်းကိုအားပေးကြလား။ အခြေအနေတွေပြန်လည်ကြည်လင်အဆင်ပြေသွားတဲ့အခါမှာ အောင်လအန်ဆန်းရဲ့ ထိုးသတ်ပွဲတွေကို အရင်လို ခြိမ့်ခြိမ့်သဲသွားရောက်အားပေးကြမှာလား။ အားလုံးလည်း ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပြီး ကျန်းမာရေးကောင်းအောင်နေကြဖို့မမေ့ပါနဲ့လို့ ပြောချင်လွန်းလို့ဝိုင်းတော်သားများက မေတ္တာရှေ့ထားပြီး သတိပေးတိုက်တွန်းလိုက်ရပါတယ်။

ေလတိုက္တိုင္း ဝ တဲ့အ႐ြယ္ျဖစ္ေနၿပီလို႔ ဆိုလာတဲ့ ေ႐ႊထူး

ပရိသတ္ၾကားမွာ အခ်စ္သီခ်င္းေလးေတြနဲ႔ ေအာင္ျမင္လာတာ ေတာ္ေတာ္ၾကာၿပီ ျဖစ္တဲ့ အဆိုေတာ္ ေ႐ႊထူးကေတာ့ လက္ရွိမွာလည္း သူ႔ပရိသတ္ေတြအတြက္ အၿမဲတမ္း အဆက္မျပတ္ မ႐ိုးရတဲ့ သီခ်င္းေတြ ႐ုပ္ရွင္ေတြကို ႀကိဳးစားၿပီး တင္ဆက္ေပးေနတာ ျဖစ္ပါတယ္။ အဆိုေတာ္ ေ႐ႊထူးကေတာ့ သီခ်င္းဖက္မွာလည္း ေအာင္ျမင္သလို လက္ရွိအခ်ိန္မွာလည္း မင္းသားတေယာက္အေနနဲ႔ တကယ့္ကို ဒိတ္ဒိတ္ႀကဲ ေအာင္ျမင္ေနတာ ျဖစ္ပါတယ္။

ေ႐ႊထူးကေတာ့ လူငယ္ဆန္ဆန္ လြတ္လြတ္လပ္လပ္ ေနရတဲ့ ႀကိဳက္တဲ့သူ တစ္ေယာက္ ျဖစ္ေသာ္လည္း လက္ရွိအခ်ိန္မွာေတာ့ မင္းသမီးေခ်ာ ေ႐ႊမႈံရတီနဲ႔ အိမ္ေထာင္က်ၿပီးတဲ့ေနာက္မွာေတာ့ သူ႔အေနနဲ႔ လုံးဝလူငယ္တစ္ေယာက္လို မေနေတာ့ပဲ တည္ၿငိမ္ရင့္က်က္လာတဲ့ ပုံစံေလးကိုေတာ့ ပရိသတ္ေတြ သတိထားမိမယ္ ထင္ပါတယ္။ ေ႐ႊထူးကေတာ့ ႏႈတ္ခမ္းနီမေလးေတြ သည္းသည္းလႈပ္ရတဲ့ အဆိုေတာ္ ျဖစ္ေပမယ့္လည္း လက္ရွိမွာေတာ့ ပိုင္ရွင္ရွိသြားၿပီျဖစ္တာေၾကာင့္ သူ႔အေနနဲ႔ ရယ္စရာစာသားေလးကို ေရးၿပီး တင္ထားတာ ျဖစ္ပါတယ္။

ေလတိုက္တိုင္း ဝ တဲ့အ႐ြယ္ျဖစ္ေနၿပီလို႔ ဆိုလာတဲ့ ေ႐ႊထူး

ေ႐ႊထူးကေတာ့ သူ႔ရဲ႕ ေဖ့ဘုတ္အေကာင့္မွာေတာ့ ” ေလတိုက္တိုင္း ရင္ခုန္တဲ့ အ႐ြယ္ေက်ာ္ၿပီး ေလတိုက္တိုင္းဝတဲ့ အ႐ြယ္ျဖစ္ေနၿပီ ” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။ ေ႐ႊထူးကေတာ့ သူ႔အ႐ြယ္က ေလတိုက္တိုင္း ရင္ခုန္ရတဲ့ အ႐ြယ္ေက်ာ္ၿပီး ေလတိုက္တိုင္း ဝတုတ္ေနတဲ့ အ႐ြယ္ျဖစ္ေနၿပီ ဆိုၿပီး ေျပာထားတာ ျဖစ္ပါတယ္။

ေလတိုက္တိုင္း ဝ တဲ့အ႐ြယ္ျဖစ္ေနၿပီလို႔ ဆိုလာတဲ့ ေ႐ႊထူး

လူငယ္အ႐ြယ္ကို ေက်ာ္ျဖတ္ၿပီးတဲ့ အခ်ိန္မွာေတာ့ တည္ၿငိမ္ရင့္က်က္လာတာေၾကာင့္ အစားေတြပဲ စားရင္း ေလတိုက္တိုင္း ဝ တဲ့ အ႐ြယ္ျဖစ္ေနၿပီလို႔ ေျပာလိုက္တာ ျဖစ္ပါတယ္။ ေ႐ႊထူးေျပာသြားတဲ့ အခ်က္နဲ႔ ကိုက္ညီတဲ့သူေတြလည္း ေတာ္ေတာ္မ်ားေနမယ္လို႔ ထင္ပါတယ္။ ေျပာခ်င္လြန္းလို႔ ပရိသတ္ႀကီးထဲမွာေရာ ေလတိုက္တိုင္း ဝ တဲ့ အ႐ြယ္ျဖစ္ေနတဲ့ သူေတြ ရွိေနၿပီလား။

Unicode

ပရိသတ်ကြားမှာ အချစ်သီချင်းလေးတွေနဲ့ အောင်မြင်လာတာ တော်တော်ကြာပြီ ဖြစ်တဲ့ အဆိုတော် ရွှေထူးကတော့ လက်ရှိမှာလည်း သူ့ပရိသတ်တွေအတွက် အမြဲတမ်း အဆက်မပြတ် မရိုးရတဲ့ သီချင်းတွေ ရုပ်ရှင်တွေကို ကြိုးစားပြီး တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ အဆိုတော် ရွှေထူးကတော့ သီချင်းဖက်မှာလည်း အောင်မြင်သလို လက်ရှိအချိန်မှာလည်း မင်းသားတယောက်အနေနဲ့ တကယ့်ကို ဒိတ်ဒိတ်ကြဲ အောင်မြင်နေတာ ဖြစ်ပါတယ်။

ရွှေထူးကတော့ လူငယ်ဆန်ဆန် လွတ်လွတ်လပ်လပ် နေရတဲ့ ကြိုက်တဲ့သူ တစ်ယောက် ဖြစ်သော်လည်း လက်ရှိအချိန်မှာတော့ မင်းသမီးချော ရွှေမှုံရတီနဲ့ အိမ်ထောင်ကျပြီးတဲ့နောက်မှာတော့ သူ့အနေနဲ့ လုံးဝလူငယ်တစ်ယောက်လို မနေတော့ပဲ တည်ငြိမ်ရင့်ကျက်လာတဲ့ ပုံစံလေးကိုတော့ ပရိသတ်တွေ သတိထားမိမယ် ထင်ပါတယ်။ ရွှေထူးကတော့ နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်ရတဲ့ အဆိုတော် ဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ ပိုင်ရှင်ရှိသွားပြီဖြစ်တာကြောင့် သူ့အနေနဲ့ ရယ်စရာစာသားလေးကို ရေးပြီး တင်ထားတာ ဖြစ်ပါတယ်။

ရွှေထူးကတော့ သူ့ရဲ့ ဖေ့ဘုတ်အကောင့်မှာတော့ ” လေတိုက်တိုင်း ရင်ခုန်တဲ့ အရွယ်ကျော်ပြီး လေတိုက်တိုင်းဝတဲ့ အရွယ်ဖြစ်နေပြီ ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ရွှေထူးကတော့ သူ့အရွယ်က လေတိုက်တိုင်း ရင်ခုန်ရတဲ့ အရွယ်ကျော်ပြီး လေတိုက်တိုင်း ဝတုတ်နေတဲ့ အရွယ်ဖြစ်နေပြီ ဆိုပြီး ပြောထားတာ ဖြစ်ပါတယ်။

လူငယ်အရွယ်ကို ကျော်ဖြတ်ပြီးတဲ့ အချိန်မှာတော့ တည်ငြိမ်ရင့်ကျက်လာတာကြောင့် အစားတွေပဲ စားရင်း လေတိုက်တိုင်း ဝ တဲ့ အရွယ်ဖြစ်နေပြီလို့ ပြောလိုက်တာ ဖြစ်ပါတယ်။ ရွှေထူးပြောသွားတဲ့ အချက်နဲ့ ကိုက်ညီတဲ့သူတွေလည်း တော်တော်များနေမယ်လို့ ထင်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးထဲမှာရော လေတိုက်တိုင်း ဝ တဲ့ အရွယ်ဖြစ်နေတဲ့ သူတွေ ရှိနေပြီလား။

လူႀကိဳက္မ်ားတဲ့ သီခ်င္းစာသားေတြကို ပုံစံအမ်ိဳးမ်ိဳးနဲ႔ ခြီခ်လိုက္တဲ့ ဂ်ိဳကာ

ဟာသဗီဒီယိုေလးေတြကို ပရိသတ္ေတြအတြက္ အေကာင္းဆုံး အိုင္ဒီယာေတြနဲ႔ တင္ဆက္ေပးရင္းက ပရိသတ္ အခိုင္အမာ ရရွိလာၿပီး လူႀကိဳက္မ်ားလာတဲ့ သ႐ုပ္ေဆာင္ ဂ်ိဳကာ ကေတာ့ လက္ရွိအခ်ိန္မွာ အေတာ္ေလးကို ေအာင္ျမင္ေနၿပီ ျဖစ္ပါတယ္။ ဂ်ိဳကာကေတာ့ ပရိသတ္ေတြ သူ႔ကို သတိမထားလာမိတဲ့ အခ်ိန္မွာကတည္းက ဟာသဗီဒီယိုေလးေတြ လုပ္ၿပီး သူ႔ရဲ႕ ဗီဒီယိုေလးေတြက အေတာ္ရယ္ရတာေၾကာင့္လည္း ပရိသတ္ေတြ တျဖည္းျဖည္း သတိထားမိလာတာ ျဖစ္ပါတယ္။

အခုတခါမွာလည္း ဂ်ိဳကာ တေယာက္ ပရိသတ္ေတြ ဟက္ဟက္ပက္ပက္ ရယ္ေမာေစမယ့္ ဟာသဗီဒီယိုေလး တစ္ခုကို တင္လိုက္ျပန္ၿပီ ျဖစ္ပါတယ္။ ဒါကေတာ့ အားလုံးလည္း ၾကားဖူးၿပီးသား ျဖစ္သလိုေအာင္ျမင္တဲ့ သီခ်င္းစာသားေတြထဲက ေနလို႔ေကာင္းရဲ႕လား ေနေကာင္းလားဆိုတဲ့ သီခ်င္းစာသားေတြကို သူ႔အေနနဲ႔ ေနလို႔ေကာင္းပါတယ္ဆိုၿပီး အေျပာင္အပ်က္လုပ္ထားတာ ျဖစ္ပါတယ္။

ေနေကာင္းလားဆိုတဲ့ သီခ်င္းစာသားေတြကို ေဖာက္ထားတဲ့ ဂ်ိဳကာရဲ႕ အခြီဗီဒီယိုေလး

ဒီဗီဒီယိုေလးကေတာ့ ပရိသတ္ၾကားမွာ ေတာ္ေတာ္ေလး ေပါက္သြားခဲ့ၿပီး တစ္ရက္ႏွစ္ရက္အတြင္းကို ၾကည့္ရႈသူ ၈ သိန္းေလာက္ ရွိေနၿပီ ျဖစ္ပါတယ္။ အခ်စ္သီခ်င္းေတာ္ေတာ္မ်ားမ်ားမွာေတာ့ ကိုယ္ခ်စ္တဲ့သူကို ေနလို႔ေကာင္းရဲ႕လားဆိုတဲ့ စာသားေတြ ေတာ္ေတာ္မ်ားမ်ား ပါတာကို သတိထားမိပါတယ္။ဒါကိုေတာ့ ဂ်ိဳကာ တစ္ေယာက္ အႀကီးႀကီး ေဖာက္ထားၿပီး ေနလို႔ေကာင္းပါတယ္ဆိုၿပီး ျပန္ေျဖထားတာ ျဖစ္ပါတယ္။

ေနေကာင္းလားဆိုတဲ့ သီခ်င္းစာသားေတြကို ေဖာက္ထားတဲ့ ဂ်ိဳကာရဲ႕ အခြီဗီဒီယိုေလး

ဂ်ိဳကာကေတာ့ ဒီဗီဒီယိုေလးကို တင္ရင္း “ေနလို႔ေကာင္းပါတယ္ သူတို႔ေမးေတာ့လည္း ေမးတဲ့အတိုင္းျပန္ေျဖပလိုက္တာေပါ့ ဟီး ” ဆိုၿပီးလည္း ေရးသားထားတာ ျဖစ္ပါတယ္။ ေျပာခ်င္လြန္းလို႔ ပရိသတ္ႀကီးအတြက္လည္း ဂ်ိဳကာရဲ႕ ခြီေနရတဲ့ ဗီဒီယိုေလးကို တင္ေပးလိုက္ပါတယ္။ ဗီဒီယိုေလးကိုေတာ့ ေအာက္က Comment ထဲမွာ ေဖာ္ျပထားပါတယ္။

Unicode

ဟာသဗီဒီယိုလေးတွေကို ပရိသတ်တွေအတွက် အကောင်းဆုံး အိုင်ဒီယာတွေနဲ့ တင်ဆက်ပေးရင်းက ပရိသတ် အခိုင်အမာ ရရှိလာပြီး လူကြိုက်များလာတဲ့ သရုပ်ဆောင် ဂျိုကာ ကတော့ လက်ရှိအချိန်မှာ အတော်လေးကို အောင်မြင်နေပြီ ဖြစ်ပါတယ်။ ဂျိုကာကတော့ ပရိသတ်တွေ သူ့ကို သတိမထားလာမိတဲ့ အချိန်မှာကတည်းက ဟာသဗီဒီယိုလေးတွေ လုပ်ပြီး သူ့ရဲ့ ဗီဒီယိုလေးတွေက အတော်ရယ်ရတာကြောင့်လည်း ပရိသတ်တွေ တဖြည်းဖြည်း သတိထားမိလာတာ ဖြစ်ပါတယ်။

အခုတခါမှာလည်း ဂျိုကာ တယောက် ပရိသတ်တွေ ဟက်ဟက်ပက်ပက် ရယ်မောစေမယ့် ဟာသဗီဒီယိုလေး တစ်ခုကို တင်လိုက်ပြန်ပြီ ဖြစ်ပါတယ်။ ဒါကတော့ အားလုံးလည်း ကြားဖူးပြီးသား ဖြစ်သလိုအောင်မြင်တဲ့ သီချင်းစာသားတွေထဲက နေလို့ကောင်းရဲ့လား နေကောင်းလားဆိုတဲ့ သီချင်းစာသားတွေကို သူ့အနေနဲ့ နေလို့ကောင်းပါတယ်ဆိုပြီး အပြောင်အပျက်လုပ်ထားတာ ဖြစ်ပါတယ်။

ဒီဗီဒီယိုလေးကတော့ ပရိသတ်ကြားမှာ တော်တော်လေး ပေါက်သွားခဲ့ပြီး တစ်ရက်နှစ်ရက်အတွင်းကို ကြည့်ရှုသူ ၈ သိန်းလောက် ရှိနေပြီ ဖြစ်ပါတယ်။ အချစ်သီချင်းတော်တော်များများမှာတော့ ကိုယ်ချစ်တဲ့သူကို နေလို့ကောင်းရဲ့လားဆိုတဲ့ စာသားတွေ တော်တော်များများ ပါတာကို သတိထားမိပါတယ်။ဒါကိုတော့ ဂျိုကာ တစ်ယောက် အကြီးကြီး ဖောက်ထားပြီး နေလို့ကောင်းပါတယ်ဆိုပြီး ပြန်ဖြေထားတာ ဖြစ်ပါတယ်။

ဂျိုကာကတော့ ဒီဗီဒီယိုလေးကို တင်ရင်း “နေလို့ကောင်းပါတယ် သူတို့မေးတော့လည်း မေးတဲ့အတိုင်းပြန်ဖြေပလိုက်တာပေါ့ ဟီး ” ဆိုပြီးလည်း ရေးသားထားတာ ဖြစ်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးအတွက်လည်း ဂျိုကာရဲ့ ခွီနေရတဲ့ ဗီဒီယိုလေးကို တင်ပေးလိုက်ပါတယ်။ ဗီဒီယိုလေးကိုတော့ အောက်က Comment ထဲမှာ ဖော်ပြထားပါတယ်။