ပထမဆုံး ရင်သွေး သားဦးလေး ပိုင်ဆိုင်ခဲ့ပြီဖြစ်တဲ့ အောင်သူနဲ့ ပိုးအိအိခန့်

ဒီကနေ့ ဇူလိုင်လ ၂၀ ရက်နေ့မှာတော့ မြန်မာလက်ရွေးစင် ဘောလုံးသမား အောင်သူရဲ့ ဇနီးဖြစ်သူ ပိုးအိအိခန့်ဟာ သူတို့ရဲ့ သားဦးလေးကို အောင်မြင်စွာ မွေးဖွားလိုက်နိုင်ပါပြီ။

သရုပ်ဆောင် ပိုးအိအိခန့်ဟာ ဇူလိုင်လ ၂၀ ရက်နေ့ မနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောင်မြို့မှာ ပထမဆုံးရင်သွေးလေး ကို အောင်မြင်စွာ မွေးဖွားလိုက်ပြီလို့ သိရပါတယ်။

ဇူလိုင်လ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီက မြန်မာဘောလုံးအသင်း အားပေးသူများအဖွဲ့ဖြစ်တဲ့ Myanmar Football 12th Players facebook Page မှာ

” အာင်သူ နှင့် ပိုးအိအိခန့် တို့ သားဦးရတနာလေးကို မနေ့က ၁၉ ဂျူလိုင်တွင် အောင်မြင်စွာမွေးဖွားခဲ့ပါပြီ။ Congratulations Aung Thu & Poe Ei, MF12-/-Thanks to Ko Tay Zar (MF12_Thailand) for Photo’’ ဆိုပြီးတော့ ရေးသား ဂုဏ်ပြုထားတာ တွေ့ရပါတယ်။

အောင်သူဟာ မြန်မာ့ဂုဏ်ဆောင် ဘောလုံးသမားတစ်ယောက်ဖြစ်ပြီး မိန်းကလေး ပရိသတ်များရဲ့ အားပေးမှု ရရှိထားသူ ဖြစ်သလို ပိုးအိအိခန့်ဟာလည်း ယောက်ျားလေးပရိသတ်များရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် တစ်ယောက်ပါ။ အောင်သူနဲ့ ပိုးအိအိခန့် တို့ရဲ့ မိသားစု ဓါတ်ပုံလေးကိုလည်း ပူးတွဲ ဖော်ပြခဲ့ပါသေးတယ်။

အောင်သူနဲ့ ပိုးအိအိခန့်တို့ဟာ လက်ထပ်ထားတာ (၉)လကြာပြီးမှာ မင်္ဂလာပွဲကို ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် မေလ ၃၁ ရက်နေ့ဟာ သူတို့ နှစ်ဦး အတွက် အိမ်ထောင်သက်တမ်း ၁ နှစ်ပြည့်ပြီးခဲ့တာဖြစ်ပါတယ်။

မင်းသမီးချောလေး ခင်ဝင့်ဝါရဲ့ ရင်ဖိုဖွယ် အနီရောင် ပွဲတက်ဖက်ရှင်

ပရိသတ်တွေက ခေးလို့ ချစ်စနိုးခေါ်ကြတဲ့ ခင်ဝင့်ဝါဟာ သရုပ်ဆောင်အလုပ်ကို ပိုင်ပိုင်နိုင်နိုင်နဲ့ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူလေးပဲ ဖြစ်ပါတယ်။

ပျိုမြစ်နုနယ်မှုနဲ့အတူ အရုပ်မလေးလို ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်လ် ခင်ဝင့်ဝါကတော့ လူငယ်ပရိသတ်တွေရဲ့ အားပေးမှု အရဆုံး မင်းသမီးလေးပါ။

လတ်တလောမှာတော့ ခင်ဝင့်ဝါက Cine & Foret ရုပ်ရှင်ရုံသစ် ဖွင့်ပွဲလေးကို မြင်ရသူ ရင်ဖိုစေလောက်တဲ့ အနီရဲရဲဖက်ရှင်နဲ့ တက်ရောက်ခဲ့တဲ့ သူမရဲ့ ပွဲတက်ပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

ခင်ဝင့်ဝါကတော့ “Cine & Foret ရုပ်ရှင်ရုံသစ် ဖွင့် ပွဲလေး မှာ” ဆိုပြီး သူမရဲ့ပွဲတက်အလှပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ ကြွေရုပ်လေးတစ်ရုပ်လို လှနေတဲ့ ခင်ဝင့်ဝါရဲ့ပုံရိပ်တွေကတော့ အရမ်းကို ချစ်ဖို့ကောင်းနေတာပါနော်။

မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ လတ်တလောမှာ ရုပ်ရှင်တွေနဲ့ တွေလည်း ဆက်တိုက်ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ ပရိသတ်တွေအတွက် နှစ်ခါပြန် ငေးမောယူရလောက်အောင် လှရက်လွန်းတဲ့ ခင်ဝင့်ဝါရဲ့ ပွဲတက်ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပရိသတ်တွေလည်း လှရက်လိုက်တဲ့ ခေးရဲ့ ရင်ဖိုစေတဲ့ အလှကို နှစ်သက်ကြတယ်ဆိုရင် အခြားသူတွေကို ပြန်လည် မျှဝေပေးကြပါဦးနော်။

လှနုထွန်း ဖော်ထုတ်လိုက်ပြန်တဲ့ မိန်းမတွေ အတူမအိပ်ချင်တဲ့ ယောင်္ကျားများ

လူပြောအများဆုံး အွန်လိုင်းပေါ်က ဇာတ်လိုက်တွေ ပါဝင်တဲ့ Miss တွေရဲ့ မိခင် လှနုထွန်းကတော့ ဝေဖန်မှုတွေ ဆူညံသွားစေတဲ့ ပို့စ်တစ်ခုနဲ့ တင်လိုက်ပြန်ပါတယ်။။ လူမှုဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်တွေ ပြောပြလေ့ရှိတဲ့ လှနုထွန်းက တလောကပဲ ခင်ပွန်းကို ဂရုစိုက်တာနဲ့ ပတ်သက်လို့ စာတွေ ရေးသားခဲ့တာကြောင့် လူပြောများခဲ့ပါသေးတယ်။

အခု ထပ်မံ ဖော်ထုတ်လိုက်တာကတော့ “မိန်းမတွေ အတူမအိပ်ချင်တဲ့ ယောင်္ကျား” တွေက ဒီလိုပါတဲ့။

၁) ရေမချိုး သွားမတိုက်ခေါင်းမလျှော် ဟိုကုတ်ဒီကုတ်လုပ်နေတာ

၂) မနမ်းမပွတ်မဖက် မိန်းမ ဖီးလာအောင် မလုပ်ဘဲ တန်းပြီအတူနေဖို့ ကြိုးစားတာ

၃) မိန်းမကို အပေါ်နေမလား အောက်နေမလား ဘေးနေမလား spooning လုပ်စေချင်လား မမေးဘဲ ကိုယ်ကြိုက်တဲ့ အနေအထားကိုပဲ အတ္တကြီးစွာ ကိုယ်အတွက်ပဲလုပ်တာ

၎) ဖုန်းတွေ မက်ဆေ့တွေလာရင် သူမအပေါ် စိတ်ဝင်စားမှုလျော့ပြီး ဘယ်သူလဲ ထကြည့်တာ ကိုင်တာ

၅) ကိုယ် ဘယ်လို နေချင်လဲ အရင်မတိုင်ပင်ဘဲ ခွင့်မတောင်းဘဲ သူမ ကောင်းနေတုန်း ပုံစံပြောင်းတာ ဗိုက်နဲ့ တက်ဖိထားတာ

၆) သူမနာမည်ကိုမရွတ်ဘဲ တခြားလူ နာမည် မှားခေါ်မိတာ

၇) သူမရဲ့ ရင်ဘတ် သူ အသားအရည် သူ့ လက်မောင်းပေါင် စတဲ့ ကိုယ်လုံးနဲ့ ပတ်သက်ပြီး အားငယ်သွားအောင်မှတ်ချက်ချမိတာ

၈) သူမ မကြိုက်တဲ့ ရေမွှေးနံ့ ဆွတ်တာ

၉) မျက်လုံးခြင်းမဆုံဘဲ အတူနေတဲ့အခါ ပွေ့ ဖက်တဲ့အခါ သူမ အစားတခြားတယောက်ကို မှန်းချစ်နေတယ်လို့ ခံစားမိစေတာ

၁၀) အိပ်ပြီးတာနဲ့ ကိစ္စပြီးတာနဲ့  ထသွားတာ အိပ်ပျော်သွားတာ အမှန်တော့ မိန်းမတွေက အင်္ကျီ ပြန်မဝတ်ခင် သူတို့ ကို ဖက်ထားစေချင်သေးတာ

အားလုံးကို ချစ်တဲ့ လှနုထွန်းကတော့ စာဖတ်ပြီး ဒီအချက်တွေကို ချရေးလိုက်တာပါတဲ့။ သူမဟာ ခင်ပွန်းဖြစ်သူနဲ့လည်း အများ အားကျရလောက်အောင် အဆင်ပြေ အောင်မြင်တဲ့ အိမ်ေ်ထာင်ရေး ပိုင်ဆိုင်ထားသူပါ။

အားလုံးရဲ့ အတွေ့အကြုံလေးတွေနဲ့ ယှဉ်ပြီး သူမ ပြောပြထားတာလေးတွေက ဟုတ်လား မဟုတ်လား ပြောခဲ့ပါဦး။

သားဖြစ်သူ ပိုင်ဇေရဲထွန်း တို့ ဇနီးမောင်နှံကို ယုံကြည်ခဲ့မိလို့ ဒုက္ခရောက်နေကြတဲ့ မိဘများ

သာယာပြီး အားကျဖွယ်ကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ပိုင်ဇေရဲထွန်းတို့ မိသားစုဟာ အရမ်းကို ပျော်စရာကောင်းတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဇနီးချောလေးကို ပိုင်ဆိုင်ထားတဲ့ ပိုင်ဇေရဲထွန်းတို့ စုံတွဲဟာ လတ်တလောမှာတော့ ထိုင်းနိုင်ငံမှာသွားရောက် အပန်းဖြေအနားယူနေပါတယ်။

ဒီနေ့မှာတော့ စိတ်မကောင်းစွာနဲ့ပဲ ပိုင်ဇေရဲထွန်း ဇနီးမောင်နှံနဲ့ပတ်သက်ပြီး မိဘနှစ်ဦးရဲ့ ရင်တွင်းခံစားချက်များရေးသားထားတဲ့ စာစုလေးမှာ လူမှုစာမျက်နှာပေါ်မှ တစ်ဆင့်ပြန့်နှံ့ခဲ့တာပဲဖြစ်ပါတယ်။

ဖခင်ဖြစ်သူ ဦးရဲထွန်း ကိုယ်တိုင်ရေးသားထားပြီး သားဖြစ်တဲ့ ပိုင်ဇေရဲထွန်းကို Tag တွဲရေးသားခဲ့ တာပဲဖြစ်ပါတယ်။ အသက်အရွယ်အိုမင်းကာ စိတ်မကောင်းခြင်းများစွာဖြစ်နေတဲ့ မိဘနှစ်ပါးရဲ့ ခံစားချက်တွေကို ဖော်ပြပေးလိုက်ပါတယ်…

“သားပိုင်ဇေနဲ့ သမီး သဲသဲ မင်းတို့ငွေကြေးအခက်အခဲ လိုအပ်နေတဲ့အချိန် ချစ်တဲ့စိတ် ယုံကြည်တဲ့စိတ်တွေနဲ့ အိမ်ဂရန်တွေထုပ်ပေးခဲ့မိလို့အခု ကမ္ဘောဇဘဏ်က တရားစွဲတဲ့အတွက် အသက် ၇၆ နှစ် မစွမ်းမသန် အဖေအိုကြီးနဲ့ နှလုံးရောဂါ သယ် ၇၂ နှစ်ရွယ် မိခင်ကြီးတို့. ကိုယ် ဘာမှ မကျုးလွန်ရဘဲ တရားရုံး သွားနေကြရပြီ. ရင်ထဲ တော်တော် စိတ်မကောင်းဖြစ်ရတယ်. လုပ်ရက်လိုက်တာ ကလေးရယ်. . ကာယဒုက္ခ-စိတ္တဒုက္ခ ဝဋ်ကြွေးတွေပြေ ကြေပါစေ ” လို့ဖခင်ဖြစ်သူက ရေးသားထားခဲ့တာဖြစ်ပါတယ်။

အဆိုပါပို့စ်တင်ပြီး မကြာမီမှာပဲ သားဖြစ်သူ ပိုင်ဇေရဲထွန်းက Tag တွဲထားတာကို ဖြုတ်ခဲ့ပြီး ချွေးမဖြစ်သူကလည်း ပြန်လည်တုန့်ပြန်တဲ့ စာသား တင်ခဲ့ပါတယ်။ ဒါပေမယ့် များမကြာမီပဲ ပြန်ဖျက်သွားခဲ့ပါတယ်။

ပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံဟာ သူတို့ရဲ့ လူမှုအကောင့်တွေမှာ ကောမန့် ပိတ်ခဲ့တာပဲဖြစ်ပါတယ်။

ဘက်ထရီခြောက် အဟောင်းမှုန့်များနဲ့ ပြုလုပ်ထားတဲ့ ကော်ဖီမှုန့််များဖမ်းမိ

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ဒါနန်း ပြည်နယ်က မိသားစုတစ်စုဟာ စားသုံးသူတွေကို ဒုက္ခရောက်စေမယ့် ဆိုးရွားသော ကော်ဖီများ ထုတ်လုပ်လျက်ရှိတာကို ပြည်နယ်ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိရပါတယ်။ ပိုင်ရှင်ဖြစ်သူ Nguyen Thi Loan ရဲ့ ကော်ဖီထုတ်လုပ်ရေးလုပ်ငန်းကို အိမ်နီးနားချင်းတွေရဲ့ သတင်းပေးမှုအရ ပြီးခဲ့တဲ့ တနင်္လာနေ့က ရဲတွေက ၀င်ရောက်စစ်ဆေးခဲ့တာပါ။

ဒီလိုစစ်ဆေးခဲ့ရာမှာ ပြုလုပ်ပြီးသား ကော်ဖီ တန်ချိန်ပေါင်း များစွာနဲ့ အတူ ၊ ဘက်ထရီခြောက် အဟောင်းတွေက ထုတ်လုပ်ထားတဲ့ အမည်းရောင်အမှုန့် ၃၅ ကီလိုဂရမ် အပြင် ရေပုံးနဲ့ ထည့်ထားတဲ့ မည်းညစ်နေတဲ့ရေ ၁၀ ကီလိုဂရမ် ခန့်ကို တွေ့ရှိခဲ့ကြ ပါတယ်။

ထပ်မံ စစ်ဆေးတဲ့အခါမှာတော့ ဒီ ဘက်ထရီခြောက်အမှုန့်တွေနဲ့ မည်းညစ်နေတဲ့ရေတွေကို ကော်ဖီထုတ်လုပ်မှုမှာ ထည့်သုံးတယ် ဆိုတာ သိလိုက်ရပါတယ်။ ဒါကြောင့် ပြည်နယ်ရဲဌာနက ကော်ဖီထုတ်လုပ်သူကို အင်္ဂါနေ့မှာ တရားစွဲဆိုရန် အမှုဖွင့်ခဲ့ပါတယ်။

ပိုင်ရှင်ဖြစ်သူ လွမ်က ဈေးကွက်မှာ ပယ်ချခံထားရတဲ့ ကော်ဖီစေ့များကို ဈေးပေါပေါဖြင့် အမြောက်အများ ၀ယ်ယူကာ ဘက်ထရီခြောက်အမှုန့် ၊
ကော်ဖီရောင် ဆိုးဆေးတို့ဖြင့် ကြိတ်ထောင်း ပေါင်းစပ်ကာ ကော်ဖီများကို ထုတ်လုပ်ခဲ့တယ်လို့ ၀န်ခံပြောကြားခဲ့ပါတယ်။ ရဲတွေ နဲ့ အခြား တာဝန်ရှိသူတွေ သူမရဲ့ အလုပ်ရုံကို ၀င်ရောက်စစ်ဆေး တဲ့အခါ အထက်ပါအန္တရာယ်ဖြစ်စေသော ပစ္စည်းများအပြင် ထုတ်လုပ်ပြီးသားကော်ဖီ ၁၂ တန် ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

ကော်ဖီမှုန့်များကို ဓာတ်ခွဲခန်းမှာ စစ်ဆေးစေခဲ့ရာမှာတော့ ဓာတုဗေဒ ကျွမ်းကျင်ပညာရှင် တွဲဖက်ပါမောက္ခ Tran Hong Con က ကော်ဖီမှုန့် များတွင် လူကို အန္တရာယ်ဖြစ်စေသော ဓာတ်များပါရှိပြီး ၊ ထိုပါရှိသည့် Manganese dioxide သည် ရေတစ်လီတာတွင် ၀.၅ မီလီဂရမ် ပါရုံမျှဖြင့် လူကို အဆိပ်ဖြစ်စေကြောင်း ၊ ယခုမှာမှု အမြောက်အများ ပါဝင်နေသည့် အတွက် လူတွေကို အသက်အန္တရာယ် ဖြစ်စေနိုင်သည် အထိ ဆိုးရွားကြောင်း ဆိုပါတယ်။

ဒါ့အပြင် ဒီကော်ဖီမှုန့်တွေမှာ ခဲ ၊ ပြဒါး ၊ ဇင့် ၊ အာဆင်းနစ် နဲ့ အခြား အဆိပ်ဖြစ်စေမယ့် ဒြပ်စင်တွေပါဝင်နေပြီး ဒီဒြပ်တွေကြောင့် စားသုံးမိ
သူရဲ့ ဦးနှောက် ၊ ကျောက်ကပ် ၊ နှလုံးသွေးကြော လည်ပတ်မှုစနစ် နဲ့ မျိုးပွားမှုဆိုင်ရာစနစ်တွေကို ဆိုးရွားစွာ ပျက်စီးစေနိုင်တယ်လို့
ဗီယက်နမ် အမျိုးသား အဟာရဆိုင်ရာ သင်တန်းကျောင်းမှ အဟာရ ကျွမ်းကျင်ပညာရှင်တစ်ယောက်က ဆိုပါတယ်။

ပိုင်ရှင်ဖြစ်သူ လွမ်ရဲ့ပြောဆိုချက်အရ သူမအလုပ်ရုံမှ ထုတ်လုပ်တဲ့ ကော်ဖီမှုန့်တွေကို ၂၀၁၈ အစပိုင်းကတည်းက ဈေးကွက်အတွင်းသို့
ဖြန့်ဖြူးခဲ့ပြီး ဖြစ်ကြောင်း ၊ ဒီ ၄လအတွင်းမှာတင် အဲဒီကော်ဖီမှုန့် ၃ တန်ခန့်ကို ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ ထိုကော်ဖီမှုန့်
တွေကို ဘယ်ဈေးကွက် ကနေ တစ်ဆင့် ဘယ်နိုင်ငံတွေကို ရောက်ရှိ သွားသလဲဆိုတာကတော့ စစ်ဆေးနေဆဲပါ။

သတင်းမှာ ဒီကော်ဖီမှုန့်ရဲ့ brand ကို မဖော်ပြထားတာကြောင့် မြန်မာကိုလည်း ဒီကော်ဖီမှုန့်တွေ ရောက်မရောက် ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။

ဒါကြောင့် ကော်ဖီမှုန့်တွေ ၀ယ်သောက်တဲ့အခါမှာ ဘာတံဆိပ်မှန်း မသိတဲ့ ၊ အလွန် ဈေးပေါစွာနဲ့ ရနေတဲ့ ကော်ဖီမှုန့်တွေကို ရှောင်ကြပါ။
သိရှိပြီး တရားဝင် ခွင့်ပြုထားတဲ့ တံဆိပ်တွေကိုသာ သောက်သုံးကြပါ။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်စားပြီး အဆိပ်တွေကို မ၀ယ်စားမိစေဖို့
သုတဇုန် မိတ်ဆွေများအတွက် ဒီသတင်းလေးကို မျှဝေလိုက်ပါတယ်ခင်ဗျာ။