ချိုချိုမလှလို့ ကွာရှင်းခွင့်တောင်းခံရတယ်ဆိုတဲ့ F4 မင်းသမီး
Unicode
ရေစက်ပါလို့ ယူကြပြီး ရေစက်ကုန်လို့ လမ်းခွဲရတဲ့အခါ အမုန်းနဲ့လမ်းခွဲကြရတာ များပါတယ်။ ဒါပေမယ့် မကြာသေးခင်ကမှ သတင်းထွက်လာတဲ့ F4 မင်းသမီး Goo Hye Sun နဲ့ မင်းသား Ahn Jae Hyun တို့ရဲ့ ကွာရှင်းခြင်းကတော့ မင်းသမီးဘက်က မခံမရပ်နိုင်ထွက်လာတဲ့အသံတစ်ချို့ကြောင့် အစောပိုင်းမှာ ပြတ်စဲခဲ့ကြတဲ့ အွန်စော တို့လင်မယားထက် ပိုပြီးဆူညံနေခဲ့ပါတယ်။
ရုပ်သံစီးရီးတစ်ခု အတူရိုက်ရင်းပဲ ဖူးစာပါခဲ့ကြတဲ့ Ahn Jae Hyun နဲ့ Goo Hye Sun တို့ရဲ့ ကွာရှင်းဖို့ ကြိုးစားခြင်းဟာ ကိုရီးယားဖျော်ဖြေရေးလောကရဲ့ အရှုပ်ထွေးဆုံး Scandal တွေထဲက တစ်ခုလို့ အခုချိန်မှာ ပြောနေကြပြီး မင်းသမီးက သူတို့နှစ်ဦးကြား ပြောဆိုညှိနှိုင်းတာတွေကို ဆိုရှယ်မီဒီယာတွေပေါ်မှာ ပြန်တင်ခဲ့လို့လည်း ပါပါတယ်။
အခုတစ်ခါလည်း သူမကပဲ Ahn Jae Hyun ကို ဘာလို့ကွာရှင်းချင်တာလဲလို့ မေးတဲ့အခါမှာ သူပြန်ဖြေခဲ့တဲ့ စကားကို တင်ခဲ့ပြီး ရှည်လျားအသေးစိတ်တဲ့ သူမရဲ့ ပြောစကားထဲမှာ အများအံ့သြတုန်လှုပ်စရာ အချက်တစ်ခု ပါခဲ့ပါတယ်။
သူမရေးထားတဲ့အထဲမှာ “ငါ့ဘက်က ဘာမှားတာရှိလို့လဲလို့ သူ့ကို ကျွန်မ မေးခဲ့တဲ့အချိန်မှာ သူက ကျွန်မက Sexy မကျဘူး၊ ကျွန်မရဲ့ သားမြတ်(ချိုသီး)ကလည်း Sexy မကျဘူး ဒါကြောင့် ကွာရှင်းချင်နေပြီလို့ ပြောပါတယ်” လို့ ပါဝင်လာတာပါ။
နာမည်ကျော်နှစ်ယောက်ရဲ့ သတင်းကို စောင့်ဖတ်နေတဲ့ အင်တာနက်လောကအတွက်တော့ အခုလို ထွက်ပေါ်လာတဲ့ စကားအပေါ် အံ့သြမှင်သက်ပြီး အမျိုးမျိုးတုံ့ပြန်ခဲ့ကြပါတယ်။ ဒါ့အပြင် Ahn Jae Hyun ရဲ့ ပုံရိပ်ကိုလည်း အကြီးအကျယ်ထိခိုက်မယ်ဆိုတာ ပြောစရာတောင် လိုမယ်မထင်ပါဘူး။
အစောပိုင်းကလည်း မင်းသမီးက ကွာရှင်းသတင်းကို သူမ မိခင်အား Ahn Jae Hyun ကိုယ်တိုင် သွားတွေ့ပြီး ဖွင့်ပြောဖို့ တိုက်တွန်းတာနဲ့ Ahn Jae Hyun က ငြင်းဆိုခဲ့တာကို ဒေါသတကြီး အင်စတာဂရမ်မှာ တင်ပြီး သူမ မိခင်ဟာ ဒီသတင်းကို ရုတ်တရက်သိလိုက်ရလို့ ကျန်းမာရေး ထိခိုက်နေကြောင်း ပြောခဲ့သေးပါတယ်။ ဒါ့ကြောင့် ဒီကွာရှင်းမှုမှာ ဘယ်သူက ပိုပြီး စိတ်ပိုင်းဆိုင်ရာ အနှုတ်သဘောဆောင်နေရှာလဲ ဆိုတာတော့ လောလောဆယ် သူမရဲ့ လုပ်ရပ်တွေက သက်သေခံနေတာပါပဲ။
ရုပ်ဆိုးလေးတွေဘဝမှ နတ်သမီးလေးတွေလိုချောမောလာကြတဲ့ ကမ္ဘာကျော် ဆယ်လီမမများ
Margot Robbie
Anne Hathaway
Dakota Johnson
Adele
Unicode
အခုကျနော်တို့ တင်ဆက်ပေးမယ့်အကြောင်းအရာလေးထဲက အမျိုးသမီးတွေကတော့ ကမ္ဘာပေါ်က အမျိုးသမီးထုကြီးသန်းနဲ့ချီပြီးအားကျနေရတဲ့ သူတွေပါ ။ ကျနော်တို့ မြန်မာ ဆိုရိုးစကားမှာတော့ ကျီးမှလရင်ဒေါင်းမျိုးဆိုတဲ့ စကားလေးလည်းရှိတာကြောင့် သူ့ကို ကျနော်တို့ ကမ္ဘာကျော်တဲ့ ဒေါင်းမအလှလေးတွေလို့ တင်စားမယ်ဆိုရင်တော့ မှားမယ်မထင်ပါဘူး ။ သူတို့တွေရဲ့ ငယ်ဘဝ အမှတ်တရပုံလေးတွေနဲ့ အခုလက်ရှိ ပုံတွေနှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင်တေ့ာ တကယ်ကို ဘဲရုပ်ဆိုးမလေးတွေ ဘဝကနေ ချောမောလှပတဲ့ နတ်သမီးလေးတွေအသွင်ကို ပြောင်းလာခဲ့ကြတယ်ဆိုတာကို မျက်ဝါးထင်ထင် တွေမြင်နိုင်မှာပါ ။ သူတို့ရဲ့ ပြောင်းလဲလာတဲ့ ရုပ်ရည်သွင်ပြင်တွေကို ကြည့် မယ်ဆိုရင် တကယ်ကို တခြားသူတစ်ယောက် အဖြစ် ကြီးပြင်းလာခဲ့ကြသလားဆိုပြီး မေးခွန်းထုတ်စရာတွေရှိပါတယ် ။ ဘယ်သူတွေလဲဆိုတာကိုတော့ ဖတ်ရှုအားပေးကြပါဦး ။
Margot Robbie
လူတော်တော်များများကတော့ သူ့ကို DCEU ရဲ့ Sucide Squad ထဲက စူပါဗီလိန် တစ်ယောက်အဖြစ် မှတ်မိနေကြဦးမယ်ထင်ပါတယ် ။ သူကတာ့ မင်းသားကြီး လီယိုနာဒိုနဲ့တွဲဖက်ပြီးတော့လည်း The Wolf Of Wall Street ဇာတ်ကြီးမှာရော The Legend of Tarzan ဇာတ်ကာကြီးမှာရော ပါဝင်သရုပ်ဆောင်ဖူးသူတစ်ယောက်ပါ ။ သူကတော့ ၁၉၉၀ ပြည့်နှစ်မွေးဖွားတဲ့ သြစတေးလျန်းလူမျိုး သရုပ်ဆောင်သရုပ် ဖြစ်ပါ။ ၂၀၁၇ ခုနှစ်တုန်းက Time မဂ္ဂဇင်းရဲ့ ကမ္ဘာ့လွှမ်းမိုးနိုင်သူအယောက် ၁၀၀ စာရင်းထဲမှာလည်း ပါဝင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူရဲ့ ငယ်ဘဝလေးကလည်း ဘဲရုပ်ဆိုးလေးတစ်ယောက်ပါပဲ ။
Anne Hathaway
အခုဒီစာရင်းထဲမှာ နောက်ထက် ပါဝင်လာတဲ့ သူတစ်ယောက်ကလည်း ကျနော်တို့ အချစ်တော်ကြီး Christopher Nolan ရိုက်ကူးခဲ့တဲ့ Batman trilogy ထဲက နောက်ဆုံးကားဖြစ်တဲ့ The Dark Knight Rise မှာလည်း Catwoman အဖြစ်ပါဝင်သရုပ်ထားသူတစ်ယောက်ဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ်မှာ မွေးဖွားခဲ့ပြီး အခုချိန်မှာ အသက် ၃၆ နှစ်တောင်ရှိပြီးဖြစ်ပါတယ်။ ကလေးတစ်ယောက် ရဲ့မိခင်ဖြစ်ပေမယ့်လို့ အခုထက်ထိ ချောမောလှပတဲ့ မင်းသမီးစာရင်းထဲမှာ နေရာယူထားနိုင်တုန်းပါပဲ ။ သူရဲ့ ငယ်ဘဝကလည်း ဘဲရုပ်ဆိုးလေးတစ်ယောက်ဖြစ်ခဲ့ ဖူးပါတယ် ဆိုတာကိုဖော်ပြပေးလိုက်ရပါတယ်။
Dakota Johnson
အချစ်ခန်း အကြမ်းကြီးတွေနဲ့ စိတ်ဆာလောင်မှု အသားပေးရိုက်ကူးထားတဲ့ 50 Shades of Gray မှာ ခပ်အေးအေးကောင်မလေးတစ်ယောက် အဖြစ် စွဲဆောင်မှုအပြည့်နဲ့ သရုပ်ဆောင်ခဲ့တဲ့ ချစ်စရာကောင်မလေးတစ်ယောက်ကိုတော့ အားလုံး မေ့ပစ်ဖို့ခက်ခဲနေကြဦးမယ်ထင်ပါတယ်။ သူရဲ့ ငယ်ဘဝ ရုပ်ကလေးက လည်း တကယ့် ဘဲရုပ်ဆိုးမလေးတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ တကယ်ဆိုရင် သင်ရုပ်ဆိုးတာ မဟုတ်ပါဘူး ပိုက်ဆံမရှိသေးလို့ပါဆိုတဲ့ စကားအစား သင်ရုပ်ဆိုးတာမဟုတ်ပါဘူး အရွယ် မရောက်သေးလို့ပါဆိုပြီးတော့တောင် ပြောင်းလဲ ပြောဆိုရမလိုဖြစ်နေပြီ။
Drew Barrymore
ချာလီ၏နတ်မိမယ်လေးများလို့ အဓိပ္ပါယ်ရတဲ့ Charlie’s Angels ဇာတ်လမ်းကို ၉၀ခုနှစ်ဖွားတွေ တော်တော်များများ အသည်းစွဲကြည့်ကြဖူးမှာပါ။အဲ့ဒီထဲက ညှို့အားပြင်းတဲ့ မင်းသမီးတစ်ယောက်လည်းဖြစ်ပြီး ငယ်ငယ်လေးကတည်း ကလေးသရုပ်ဆောင်ဘဝ နဲ့ သရုပ်ဆောင်လောက ထဲကို စတင်ဝင်ရောက်ခဲ့သူကတော့ Drew Barrymore ပါ ။ သူရဲ့ အသက်ကတော့ အခုဆိုရင် ၄၄နှစ် ရှိသွားပြီး ဖန်သားပြင်ပေါ်မှာ တွေ့မြင်ရနည်းသွားပြီးဖြစ်ပါတယ်။ ချောမောလှပလှတဲ့ နတ်သမီးလေး တစ်ပါးလည်းဖြစ်ခဲ့ပြီး ကိုကိုတို့ရဲ့ အိမ်မက်နတ်သမီး ဖြစ်ခဲ့ဖူးတဲ့ Drew Barrymore ကိုယ်တိုင်ကလည်း တစ်ချိန်ကတော့ ဘဲရုပ်ဆိုးလေးပါပဲတဲ့ ။
Adele
သီချင်းတွေကို အသံပါဝါကောင်းကောင်းနဲ့ နားထောင်သူရင်ထဲ စူးနင့်ဝင်ရောက်သွားအောင် သီဆိုနိုင်တဲ့ အင်္ဂလိပ်လူမျိုးအဆိုတော် Adele ကိုတော့ အားလုံးသော ဂီတကိုချစ်တဲ့ မိတ်ဆွေတွေ သိကြမယ်ထင်ပါတယ်။ သူကတော့ ဂီတနဲ့ ပတ်သက်ရင် ပါရမီထူးထူးခြားခြားပါသူတစ်ယောက်ဖြစ်တယ်လို့တောင်ဆိုရပါမယ် ။ သူကတော့ ဂီတနဲ့ ပတ်သက်ရင် အမြင့်ဆုံးဆုတစ်ဆုလို့ သတ်မှတ်လို့ရတဲ့ ဂရမ်မီဆုကိုလည်း ၂၀၀၉ ခုနှစ်မှာ ဆွတ်ခူးရယူနိုင်ခဲ့သူဖြစ်ပါတယ် ။ အဲ့ဒီလိုအောင်မြင်မှုတွေရယူနိုင်မယ့် အမျိုးတစ်ယောက် ဖြစ်လာမယ့် Adele ကိုယ်တိုင်လည်း ငယ်စဉ်အချိန်အခါတုန်းကတော့ ဘဲရုပ်ဆိုးမလေးပါပဲ ။
ချစ်သူတွေဖြစ်နေပြီလို့ သတင်းထွက်နေတဲ့ Emma Watson နဲ့ Tom Felton
နောက်ဆုံးတော့ နှစ်ပေါင်းနှစ်ဆယ်လောက်ကြိတ်ပြီးမျှော်လင့်လာကြတဲ့ Potterhead တွေရဲ့ အိပ်မက်ကြီးက တကယ်ဖြစ်လာပြီလို့ဆိုရမှာပါ။ Harry Potter ဇာတ်ကားတွေကို မလွတ်တမ်းစွဲစွဲမြဲမြဲကြည့်ခဲ့ကြတဲ့ Harry Potter Fans တွေဟာ ဇာတ်ကားတွေထဲမှာ ဘုရင်မတစ်ပါးလိုတစ်နေ့ထက်တစ်နေ့လှသွေးကြွယ်လာခဲ့တဲ့ မင်းသမီးလေး Emma Watson ကို အတူတူလက်တွဲသရုပ်ဆောင်တဲ့မင်းသားနှစ်ယောက်ဖြစ်တဲ့ Deniel Redcliffe နဲ့ Ron Wesley နေရာမှာသရုပ်ဆောင်တဲ့မင်းသား Rupert Grint နှစ်ဦးထဲက တစ်ဦးဦးနဲ့ အချိန်တန်ရင်အပြင်မှာပါချစ်ကြိုက်သွားမှာပဲလို့ထင်ခဲ့ကြပါတယ်။
ဒါပေမယ့် Emma ဟာ မင်းသားနှစ်ယောက်စလုံးရဲ့ အချစ်ကိုခံခဲ့ရပေမယ့်လည်း သူက တစ်ယောက်ကိုမှပြန်မချစ်ခဲ့ပါဘူး။ Harry Potter မင်းသား Daniel Redcliffe က Emma ကို ညီမလေးအရင်းတစ်ယောက်လိုပဲသဘောထားပါတယ်လို့အင်တာဗျူးတွေမှာဖြေခဲ့ပြီး Rupert Grint ကတော့ Emma ကို တိတ်တိတ်လေးကြိတ်ပြီးချစ်နေခဲ့ရတာပါလို့ရင်ဖွင့်ခဲ့ဖူးပါတယ်။
စိတ်ထားလည်းကောင်း၊ကြင်နာတတ်ပြီးချောမောတဲ့ မင်းသားနှစ်ယောက်စလုံးရဲ့အချစ်ကိုခံခဲ့ရပေမယ့်လည်း Emma ကတော့ မိန်းကလေးတွေရဲ့ ထုံးစံအတိုင်း ရိုးသားကြိုးစားတဲ့လူငယ်လေးတွေထက် တစ်လောကလုံးကိုဂရုမစိုက်သလိုပုံဖမ်ြး့ပီး အကြည့်တစ်ချက်ထဲနဲ့ ရင်ခုန်သံတွေဝုန်းဒိုင်းကြဲအောင်ပြုစားနိုင်စွမ်းရှိတဲ့ လူချောလူမိုက်လေးကိုမှ ကြွေကျခဲ့သူပါ။ Emma ကြွေကျခဲ့ရတဲ့ တစ်ဖက်သတ်ကြိတ်ပြီး crush ခဲ့ရတဲ့လူချောလေးကတော့ အားလုံးသိကြတဲ့အတိုင်း Villain လူဆိုးလေးအဖြစ်ပါဝင်ခဲ့တဲ့ Draco Malfoy ဆိုတဲ့ကာရိုက်တာကိုသရုပ်ဆောင်တဲ့  ရက်ရက်စက်စက်ချောတဲ့ကောင်လေး Tom Felton ပဲဖြစ်ပါတယ်။
လူဆိုးဘက်ကပါဝင်တယ်ဆိုပေမယ့် ပင်လယ်လိုပြာလဲ့တဲ့မျက်ဝန်းတွေနဲ့ ခိုင်မာတဲ့ပြီးဆွဲဆောင်မှုရှိတဲ့မေးရိုးနဲ့ ပြုံးလိုက်ရင် အသည်းတွေကြွေကျသွားရအောင်ပြုစားနိုင်စွမ်းတဲ့ Draco Malfoy ဟာ ဆယ်ကျော်သက်ကောင်မလေးတွေရဲ့နှလုံးသားကိုအပိုင်သိမ်းထားနိုင်ခဲ့တယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ Draco အပိုင်သိမ်းထားနိုင်တဲ့ နှလုံးသားတွေထဲမှာ ရွှေမင်းသမီး Emma Watson ကလည်း တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပါတယ်။
Emma Watson က Talk Show တစ်ခုမှာ သူမ ငယ်စဉ်ကတည်းက Draco အဖြစ်သရုပ်ဆောင်တဲ့ Tom Felton ကို စွဲစွဲလန်းလန်းရူးရူးမူးမူးကို တစ်ဖက်သတ်ချစ်ခဲ့ရကြောင်းဖွင့်ဟထားခဲ့ပါတယ်။ “ကျွန်မတို့အတူတူသရုပ်ဆောင်ခဲ့ကြတဲ့ ဆယ်နှစ်လုံးလုံး Daniel ရယ် Rupert ရယ်နဲ့က တကယ့်ကိုသူငယ်ချင်းစစ်စစ်တွေအဖြစ်ပဲရှိခဲ့တာပါ။ဘယ်သူနဲ့မှ ဘာမှမရှိခဲ့ပါဘူး။ ဒါပေမယ့် Draco… Draco ကိုကျတော့။ ကျွန်မ ဆယ်ကျော်သက်အရွယ်မှာ ဆယ့်နှစ်နှစ် ဆယ်သုံးနှစ်လောက်ကတည်းက Tom Felton ကို အရူးအမူးကိုကြွေခဲ့တာပါ။ သူက အသက်လည်းနည်းနည်းပိုကြီးတယ်။ ကိုကြီးပေါ့။ ပြီးတော့ သူ့မှာ စကိတ်ဘုတ်တစ်ခုလည်းရှိတယ်။ အဲဒီစကိတ်ဘုတ်လေးနဲ့ လျှောက်သွားနေပြီး စကိတ်ကို twist တွေလုပ်နေတာ။ သူကအရမ်းကိုမိုက်တာ။ ကျွန်မကြွေနေတာလည်းသူသိတယ်။ ဒါပေမယ့်သူက ကျွန်မကို ညီမလေးတစ်ယောက်လိုပဲမြင်တယ်လို့ အမြဲပြောခဲ့တယ်။အဲဒါက ကျွန်မကိုတကယ်အသည်းကွဲစေခဲ့တာပေါ့။အခုထိလည်းအသည်းကွဲတုန်းပဲ”လို့ ရယ်မောပြီးရင်ဖွင့်ပြောကြားထားခဲ့ပါတယ်။
အခုတော့ Emma ရဲ့ ဆယ်ကျော်သက်အိပ်မက်တွေက ပြည့်ဝခဲ့ပြီလို့ဆိုရမလားပါပဲ။ မကြာသေးမီက Instagram မှာ Tom က Emma ကို ဂစ်တာဘယ်လိုတီးရမလဲ သင်ပေးနေတဲ့ ဓာတ်ပုံလေးကို “အတတ်မြန်တဲ့ကောင်မလေး”ဆိုတဲ့ caption လေးနဲ့ တင်ထားခဲ့ပြီး Emma ကလည်း သူမရဲ့ Instagram မှာ Tom နဲ့အတူ ကမ်းခြေကိုအပန်းဖြေခရီးထွက်နေပြီး Tom က ကမ်းခြေမှာထိုင်ရင်းပျော်မြူးနေတဲ့ဓာတ်ပုံကိုတင်ထားခဲ့ပါတယ်။ Harry Potter ပရိသတ်တွေကတော့ Harmione နဲ့ လူဆိုးလေး Draco ရဲ့ အချစ်ဇာတ်လမ်းကိုအရမ်းကိုစိတ်လှုပ်ရှားနေကြပြီး တခဲနက်သဘောတူအားပေးနေကြပါပြီ။ ဒါပေမယ့်သူတို့နှစ်ဦးစလုံးက လက်ရှိမှာ ချစ်သူတွေဆိုတာကို အတည်ပြုထားခြင်းမရှိသေးပါဘူး။ ပရိသတ်ကြီးရော Tom နဲ့ Emma တို့ချစ်သူတွေဖြစ်နေကြပြီထင်လား။ ဒါမှမဟုတ် Emma တစ်ယောက်အခုထိ ညီမလေးဇုန်အတွင်းက မကျော်နိုင်သေးဘူးလား။ ဘယ်လိုမြင်လဲပြောခဲ့ကြပါဦး။
Unicode
သန်မာခြင်း
Unicode
ဘာကြောင့်အမျိုးသမီးတွေထက်စာရင် အမျိုးသားတွေက ပိုကောင်းကြတာလဲ
လူသားတွေ စတင်ဖြစ်ပေါ်လာကတည်းက ယောကျာ်းနဲ့ မိန်းမ ဆိုတာကတော့ ညီတူညီမျှဖြစ်ပေါ်လာပြီးသားပါ။ ဒါပေမယ့်လည်း လူသားတွေ စတင်ဖြစ်ပေါ်လာတဲ့ အချိန်ကနေစလို အမျိုးသားတွေကတေ့ာ ပိုမိုကြိုးစားကြပြီး လောကကြီးမှာလည်း အမျိုးသမီးတွေထက် နေရာပိုရခဲ့ကြပါတယ်။ ဒါကတော့ အမျိုးသမီးတွေအတွက် ငြင်းခုံစရာကိစ္စ တခုပါ။ အမျိုးသမီးတွေအနေနဲ့ အမျိုးသားတွေကို ဘယ်လောက်ပဲ ရင်ဘောင်တန်းနိုင်နိုင် အမျိုးသားတွေကို မမှီတဲ့အရာတွေ အများကြီးပါပဲ။ ဒါပေမယ့်လည်း တချို့သောအရာတွေမှာလည်း အမျိုးသားတွေက အမျိုးသမီးတွေကို မမီပြန်ပါဘူး။ အရာတော်တော်များများမှာတော့ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုအသုံးဝင်တာတော့ အမှန်ပါပဲ။ အမျိုးသားတွေ နေရာပိုရတာကလည်း ဟိုးရှေးယခင်တွေတုန်းက ပိုပြီးတော့တောင် များပါသေးတယ်။ ဒီဖက်ခေတ်ကြီးထဲမှာမှ အမျိုးသားနဲ့ အမျိုးသမီး လူ့အခွင့်အရေးတန်းတူရအောင် ကြိုးစားလာမှုတွေကြောင့်သာ အမျိုးသားနဲ့ အမျိုးသမီးတန်းတူ ဖြစ်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမျိုးသားတွေကတော့ အမျိုးသမီးတွေထက် စာရင် ပိုပြီးတော့ ကြိုးစားရုန်းကန်နေကြဆဲပါပဲ။ ဒါကြောင့် ဖော်ပြပေးချင်တာကတော့ အမျိုးသမီးတွေထက် အမျိုးသားတွေက ပိုကောင်းတယ်ဆိုတာကို အရိုးရှင်းဆုံးသိနိုင်တဲအရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ယောကျာ်းလေးတွေဟာ မိန်းကလေးတွေထက် သန်မာကြတယ်
ယောကျာ်းလေးနဲ့ မိန်းကလေးယှဉ်လိုက်ရင်တော့ ယောကျာ်းလေးတွေက အမြဲတမ်းသန်မာစမြဲပါ။ ခန္ဓာကိုယ်တခုထဲ သန်မာတာ မဟုတ်ပဲ မိန်းကလေးတွေထက် စိတ်ရောကိုယ်ပါ သန်မာကြပါတယ်။ ဒါကလည်း အခြေခံအကျဆုံးထဲက ယောကျာ်းလေးတွေ မိန်းကလေးထက်ပိုကောင်းတဲ့ အချက်ပါပဲ။ ယောကျာ်းလေးတွေကတော့ မိန်းကလေးတွေ မလုပ်နိုင်တဲ့ အလုပ်မှန်သမျှ လုပ်နိုင်ကြပါတယ်။ တချို့တွေမှာတော့ အခက်အခဲ ရှိကောင်းရှိနိုင်ပေမယ့်လည်း အရာတော်တော်များများကိုတော့ လုပ်နိုင်ပါတယ်။ မိန်းကလေးတွေကတော့ တခါတရံမှာ မျက်ရိတ်စက်လေးနဲ့ မျက်ရိတ်ရင်တောင် အတော်လေး ပင်ပန်းတတ်ကြပါတယ်။
ပစ္စည်းတော်တော်များများကို အလွယ်တကူပြင်တတ်ခြင်း
ဒီဖက်ခေတ်ကြီးထဲမှာလည်း အိမ်သုံးလူသုံး စက်ပစ္စည်းတွေကို ပြင်နေကြတာကတော့ အမျိုးသားတွေများပါတယ်။ အမျိုးသားတွေကတော့ သူတို့အတွက် ပစ္စည်းအသစ်အဆန်းတွေ ပျက်ရင်တော့ ပြင်ဖို့က သိပ်မခက်ပါဘူး။ လမ်းညွှန်ချက်တွေနဲ့ ဒါကိုဘယ်လိုပြင် ရမလဲဆိုတာကို သူတို့အနေနဲ့ အလွယ်တကူသိကြပါတယ်။ ဒါကလည်း အမျိုးသမီးတွေထက် သာ တဲ့အချက်တခုပါပဲ။ ဒီလိုမျိုး စက်ပစ္စည်းတခုခုကို ပြင်ဖို့အတွက် နားလည် သဘောပေါက် လွယ်တာကလည်း အမျိုးသားတွေရဲ့ ပင်ကိုယ်ဗီဇတခု ဖြစ်ပါတယ်။
ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေ မရှိခြင်း
ဟုတ်ပါတယ်။ ယောကျာ်းတော်တော်များများကတော့ လွတ်လပ်ပေါ့ပါးကြပြီး သူငယ်ချင်း မိတ်ဆွေတွေကြားမှာ ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေ မရှိကြပါဘူး။ တနည်းအားဖြင့် နည်းကြပါတယ်။ ယောကျာ်းလေးတွေအနေနဲ့ အားလပ်ရက်မျိုးမှာ သူငယ်ချင်းတွေ စု ပြီး သောက်စားမယ်။ စကားလေးတွေ ပြောကြမယ်။ အရမ်းကို စိတ်ထဲမှာ လွတ်လပ်ပေါ့ပါးစွာ တွေးတတ်ကြပါတယ်။ ဒါပေမယ့်လည်း မိန်းကလေးတွေကျတော့ ဒီလိုမျိုး အမြဲဖြစ်မနေကြပါဘူး။ လူချင်းသာနီးပေမယ့်လည်း စိတ်ချင်းမနီးကြတဲ့သူတွေ အများကြီးပါပဲ။ ဒါကလည်း အမျိုးသားတွေ အမျိုးသမီးတွေထက် သာရတဲ့ အချက်တချက် ဖြစ်ပါတယ်။
အပြင်သွားမယ့်အခါ အချိန်နည်းနည်းပဲ ပေးရခြင်း
ဒါကလည်း ယောကျာ်းလေးတွေအနေနဲ့ မိန်းကလေးတွေထက် များစွာသာထက် အချက်ပါပဲ။ အမျိုးသားတွေအနေနဲ့ အပြင်သွားတဲ့အချိန်မှာ မိတ်ကပ်လိမ်းစရာမလိုပါဘူး။ ဆံပင်အတွက်များစွာ အချိန်မပေးရပါဘူး။ အထူးသဖြင့်တော့ အဝတ်အစားဝတ်တဲ့အချိန်မှာ ရွေးချယ်စရာတွေများမနေတာကလည်း အချိန်ကို တော်တော်သက်သာစေပါတယ်။ အမျိုးသမီးတွေ အပြင်သွားဖို့ အနည်းဆုံး နာရီဝက်လောက်ကြာတတ်ပေမယ့်လည်း အမျိုးသားတွေကတော့ အများဆုံးမှ ၁၅ မိနစ်လောက်သာကြာကြမယ် ထင်ပါတယ်။ ဒီအချက်လေးကတော့ အမျိုးသမီးတွေထက်စာရင် အမျိုးသားတွေသာနေရတဲ့ အကြောင်းရင်း တခုလည်း ဖြစ်ပါတယ်။
ကလေးလေး ရဖို့အတွက် လွယ်ကူခြင်း
အမျိုးသားတွေအနေနဲ့ လောကကြီးထဲကို သူ့တို့ရဲ့ မျိုးဆက် ပူတူးတူးလေးတွေ လောကကြီးထဲရောက်လာဖို့ ပြုလုပ်ချိန်ဟာ ၃ မိနစ်လောက်ပဲကြာပါတယ်။ ဒါပြီးရင်တော့ ကလေးပြုလုပ်တဲ့ သူတို့လုပ်ငန်းတာဝန်ပြီးဆုံးပါပြီ။ ဒါပေမယ့်လည်း အမျိုးသမီးတွေကတော့ ကလေးလေးရဖို့အတွက် ၉ လ လောက် ဒုက္ခခံရပါတယ်။ ပြီးတော့မှ ကလေးလေးက လောကထဲကို ရောက်လာတာပါ။ ဒီကိစ္စကြီးမှာ အမျိုးသားတွေကတော့ အမျိုးသမီးတွေထက် အပြတ်အသက်ကို သာလွန်နေတာပါ။
အလွန်တရာကြွယ်ဝသူတွေရဲ့ ပြန်မထွက်ချင်စရာ သန့်စင်ခန်းအလန်းကြီးတွေ
Unicode
ငွေကြေးပြည့်စုံကြွယ်ဝသူတွေအတွက်တော့ သန့်စင်ခန်းတွေဟာလည်း စိတ်လက်ကြည်သာစရာ ခမ်းခမ်းနားနားတည်ဆောက်ထားတဲ့ နေရာတွေပါပဲ။ သူတို့ရဲ့သန့်စင်ခန်းတွေကို ဝင်ပြီးရင် ပြန်မထွက်ချင်လောက်အောင် ဆွဲဆောင်မှုရှိတဲ့ လူချမ်းသာတို့ရဲ့ သန့်စင်ခန်းအလန်းကြီးတွေကို ဖော်ပြပေးပါရစေ။
၁. ဒီသန့်စင်ခန်းကတော့ အိမ်တစ်လုံးစာလောက်ကို ရှိပါတယ်။ လိုအပ်တဲ့ သန့်စင်ခန်းသုံး ပစ္စည်းတွေအပြင် အလှစိုက်သစ်ပင်၊ ပန်းချီကားနဲ့ ပိုစတာတွေ၊ အကောင်းစားကော်ဇောတွေနဲ့ ကြယ်ငါးပွင့် ဟိုတယ်အလား ခမ်းနားသပ်ရပ်တဲ့ ပြင်ဆင်မှုကို မြင်ရမှာပါ။
၂. သူ့ရဲ့ အလှဆင်ထားချက်ကလည်း ဧည့်ခန်းထဲရောက်နေသလား ထင်ရအောင်ပါပဲ။ ရေချိုးသန့်စင်မယ့် နေရာကို အတက်မှာ လုံးဝန်းတဲ့ ကျောက်ခဲလေးတွေ ချထားပေးပုံကလည်း အပန်းဖြေဥယျာဉ်ထဲမှာ လမ်းလျှောက်ရမလို ထင်ချင်စရာဖြစ်ပါတယ်။ ရှင်းလင်းကျယ်ဝန်းပြီး အပေါ်က မီးဆိုင်းကလည်း ထူးခြားတဲ့ အသွင်ပါပဲ။
၃. အောက်ခြေကို မမြင်နိုင်လောက်အောင် ဖောက်ထွင်းထားတဲ့ ကျွင်းကြီးအပေါ်တည့်တည့်မှာ ကိစ္စရှင်းရတာ ရိုလာကိုစတာ စီးရသလို နေမှာပဲ တွေးမိလောက်ပါတယ်။ အိမ်သာရဲ့အောက်တည့်တည့်မှာ သူများနဲ့မတူတဲ့ ရသကို ပေးနိုင်ဖို့ ငွေဘယ်လောက်တောင် လွှင့်ပစ်လိုက်ရတယ်ဆိုတာ ပိုင်ရှင်ကိုယ်တိုင်ပဲ သိမှာပါ။
၄. ဒီအခန်းရဲ့ထူးခြားချက်က ရေသုတ်ပုဝါကို ယူရမယ့်လမ်းက နည်းနည်းဝေးနေတာပါ။ ဒါ့ကြောင့် အဖိုးကြီးလှတဲ့ ကြမ်းပြင်ပေါ်မှာ ရေစက်တွေက စိုရွှဲနေမှာဖြစ်ပါတယ်။ ဒါ့အပြင် ရေပန်းဘေးမှာ လိုက်ကာနဲ့ မှန် တစ်ခုခုနဲ့လည်း မကာထားတာကြောင့် ဒီလိုတမင်ဖြစ်အောင် လုပ်ယူထားတာလို့ ယူဆရတယ်။ ရေချိုးရင် ပတ်ပတ်လည်မှာလည်း ရေစက်တွေ ပြန့်ကျဲစိုစွတ်နေတာကို ကြိုက်တတ်တဲ့ သူဌေးတစ်ယောက်လို့ ထင်ရပါတယ်။
၅. ဗီရိုအကောင်းစားတစ်လုံးနဲ့ စားပွဲတစ်ခုတောင် ထည့်ထားရလောက်အောင် အဆမတန်ကျယ်ဝန်းနေတဲ့ သန့်စင်ခန်းပါ။ အရာအားလုံးဟာ မြင်ရုံနဲ့ဈေးကြီးမယ်မှန်း သိသာနေတဲ့ ပစ္စည်းတွေသာ သုံးစွဲထားတာကြောင့် ရေနံသူဌေးတွေရဲ့ ပိုင်ဆိုင်မှုတစ်ခုလို့တောင် ထင်ချင်စရာဖြစ်ပါတယ်။
၆. လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုသလိုပါပဲ။ ဒီရေချိုးခန်းကတော့ သမာရိုးကျ ရေပန်းတွေကို တွေ့ရမှာ မဟုတ်ဘဲ၊ ဟောလိဝုဒ်ကားတွေထဲမှာ မိုးရွာသလို မျက်နှာကျက်အပေါ်ကနေ ဖြန်းချပေးမယ့် ရေပန်းတွေကို မြင်ရမှာပါ။ တကယ့်ကို အားကျစရာ ဆင်ယင်မှုတစ်ခုပါပဲ။
ပိုက်ဆံတွေ ထားစရာမရှိအောင် ရှိလာတဲ့အချိန်ကျရင် သူတို့လိုမျိုး စိတ်ကူးကောင်းကောင်းနဲ့ အိမ်တစ်လုံးလောက် ကျယ်ဝန်းတဲ့ သန့်စင်ခန်းတွေကို အလှဆင်ဖို့ စဉ်းစားဖူးရဲ့လား။