စိတ်ကူးထဲက ကမ္ဘာသစ်တစ်ခုကိုရောက်သွားသလိုခံစားစေရမယ့် နေရာများ
Palmerston Island
Supai Village
Oymyakon
Siwa Oasis
Unicode
လူသားတွေရဲ့ ဖြစ်တည်မှုသမိုင်းမှာ လူသားတွေဟာ ကမ္ဘာကြီးပေါ်မှာ တစ်ခုခုကို သမိုင်းတင်ကျန်နေအောင်လုပ်ခဲ့ကျပါတယ် ။နေရာအသစ်တွေ သမုဒ္ဒရာကြမ်းပြင်က နေ လှိုဏ်ဂူတွေ တွေ့ရှိမှုအထိ လူသားတွေ လုံလစိုက်ထုတ်ရေးသားခဲ့တဲ့ တွေ့ရှိမှုသမိုင်းသစ်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာရဲ့ နေရာအကုန်လုံးကို ရှာဖွေတွေ့ရှိနိုင်ခဲ့တယ်ဆိုလည်း မဆိုလိုပါဘူး ။လူတွေဟာ လေပြင်လေညင်းမဟုတ်တဲ့ အတွက် နေရာတွေအကုန်လုံးဆီရောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ။ ခရီးသွားသလိုမျိုးခြေဆန့်နိုင်မှသာ တချို့တလေကို တွေ့ရှိနိုင်မှာဖြစ်ပါတယ် ။ ဒါပေမယ့် ခေတ်သစ်လူ့အဖွဲ့စည်းမှာတော့ အပေါ်က ကျနော်ပြောခဲ့တဲ့ အကြောင်းတွေဟာ မှားယွင်းလို့လာခဲ့ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ လူဟာ လေပြေလေညှင်းတွေမရောက်ရှိနိုင်တဲ့ နေရာတွေကိုပါ သွားလာရောက်ရှိနိုင်နေပါပြီ ။ အခု ကျနော်တို့ရဲ့ ချစ်လှစွာသော မိတ်ဆွေတွေကို တင်ဆက်ပေးချင်တဲ့ အကြောင်းရာလေးကတော့ ကမ္ဘာကြီးရဲ့ အစွန်းပိုင်းတွေမှာတည်ရှိနေပြီး လူသိနည်းတဲ့ တခြားကမ္ဘာတစ်ခုကိုရောက်သွားသလို ခံစားစေရမယ့် နေရအချို့ပဲဖြစ်ပါတယ် ။
Palmerston Island
Palmerston ကျွန်းကတော့ Pacific သမုဒ္ဒရာထဲမှာ သီခြားတည်ရှိနေပြီး ။နယူးဇီလန် နိုင်ငံရဲ့ အနောက်မြောက်ဘက် မိုင်၂၀၀၀ လောက်မှာ တည်ရှိနေပါတယ်။ နယူးဇီလန်နိုင်ငံရဲ့ အုပ်ချူပ်မှုအောက်က ကျွန်းလေးတစ်ကျွန်းဖြစ်ပါတယ် ။သဲဖြူတွေနဲ့ ဖြစ်တည်နေတဲ့ အဲ့ဒီကျွန်းလေးပေါ်မှာတော့ လူဦးရေအနည်းငယ်သာနေထိုင်ကြပြီး ဈေးဆိုင်တွေ ဈေးတွေ လုံးဝမရှိသလောက်ပါပဲ ။ ဘာကြောင့်လဲဆိုရင် သူတို့ဟာ ပြင်ပကမ္ဘာမှာ အသုံးပြုနေကြတဲ့ ငွေကြေးတွေကို သိပ်အသုံးမပြုကြလို့ပါပဲ ။ ရိက္ခာသဘောၤတွေဟာလည်း အဲ့ဒီကျွန်းလေးကို တစ်နှစ်မှ နှစ်ခာလောက်သာ ရောက်ရှိတတ်ပါတယ် ။သူတို့ဆီကိုသွားရောက်လည်ပတ်ချင်တယ်ဆိုရင်တော့ ၈ရက်လောက်ကြာတဲ့ ရေကြောင်းခရီးစဉ်တစ်ခုကို စီးနင်းပြီး သွားရောက်လည်ပတ်နိုင်ပါတယ် ။ ဒါပေမယ့် အဲ့ဒီကျွန်းလေးကို ရောက်ခဲ့ရင်တော့ ဇိမ်ခံတည်းခိုးစရာတွေမရှိလဲ ဒေသခံတွေရဲ့ အိမ်တွေမှာသာ တည်းခိုခွင့်ရမှဖြစ်ပါတယ် ။အဲ့ဒီကျွန်းလေးနဲ့ ထူးခြား ချက်တွေကတော့ ဘေးပတ်ပတ်လည်မှာ သန္တာကျောက်တန်းတွေ တန်းစီပြီးတည်ရှိတဲ့အပြင် လျှပ်စစ်မီးကို တစ်ရက်၆နာရီသာရပြီး အင်တာနက်ကိုလည်း တစ်ရက်မှ ၄နာရီလောက်သာ အသုံးပြုနိုင်မှာဖြစ်တဲ့အပြင် တယ်လီဖုန်းဆိုရင်လည်း ၂လုံးလောက်သာရှိတယ်လို့သိရပါတယ်။ နည်းပညာတိုးတက်ပြောင်းလဲမှုတွေကြားထဲမှာတော့ ဒီကျွန်းလေးဟာ တခြားကမ္ဘာမှာဖြစ်တည်နေတဲ့ကျွန်းလေးတစ်ကျွန်းလို့တောင် ထင်မိစရာပါပဲနော် ။
Supai Village
ဒီစာရင်းထဲမှာပါဝင်တဲ့ နောက်တစ်နေရာကတော့ အမေရိကန်နိုင်ငံ အရီဇိုနားဒေသမှာရှိတဲ့ မြင့်မားတဲ့ချောက်ကမ်းပါးတွေတည်ရှိနေပြီ ခရီးသားတွေ စိတ်အဝင်စားဆုံးနေရာတစ်နေရာဖြစ်တဲ့ ဒေသတစ်ခုရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ Supaiဆိုတဲ့ကျေးရွာလေးပဲဖြစ်ပါတယ် ။ အဲ့ဒီကျေးရွာလေးကိုသွားလည်ချင်တယ်ဆိုရင်တော့ ၈မိုင်လောက် ခရီးကြမ်းနှင်နိုင်နှင် ဒါမှမဟုတ် မြင်းလှည်းစီးပြီးတော့လည်း သွားနိုင်ပါတယ် ။ ကျောက်စိုင်ကျောက်သားနံရံတွေ များပြားလှတာကြောင့် ဟယ်လီကော်ပတာ စီးနိုင်လို့ ဟယ်လီကော်ပတာနဲ့ သွားမယ်ဆိုရင်တောင် အဆင်မပြေနိုင်ပါဘူး ။အဲ့ဒီရွာလေးကို သွားတဲ့လမ်းမှာလည်း Havasupai ချောင်းရိုးတစ်လျှောက်မှာ စိမ်းပြာရောင်ရေတွေနဲ့ ဖြစ်တည်နေတဲ့ လှပတဲ့ ရေတံခွန်တွေကြည့်ရှုခံစားပြီးတော့ သွားရောက်နိုင်တယ်ဆိုတော့ ခရီးလမ်းတစ်လျှောက်မှာ အပန်းဖြေလိုက် သဘာဝအလှတရားတွေကို ခံစားလိုက်နဲ့ သွားလို့ရတယ်လို့ဆိုရပါမယ် ။ အဲ့ဒီကျေးရွာလေးမှာ ရှိတဲ့အိမ်တွေ အဆောက်အအုံတွေကလည်း ကကျောက်စိုင်ကကျောက်သားတွေကို အဓိကထားပြီးဆောက်လုပ်ထားတာပါ ။ အဲ့ဒီဒေသမှာနေထိုင်သူတွေကတော့ အမေရိကန်ပြည်ထောင်စုရဲ့ မူလဇာတိသားတွေဖြစ်တဲ့ Red Indian မျိုးနွယ်ဝင်လူမျိုးတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
Oymyakon
ရုရှားနိုင်ငံရဲ့ဒေသတစ်ခုဖြစ်တဲ့ Oymyakon ဒေသကတော့ အလှတရားကို ခံစားဖို့စိတ်အားထက်သန်သူတွေ အသွားသင့်ဆုံးနေရာတစ်ခုဖြစ်တယ်လို့ပဲ သိရပါတယ် ။ အဲ့ဒီဒေသကတော့ လူတွေအသက်ရှင်နေထိုင်နေတဲ့ ကမ္ဘာ့ပေါ်က အအေးဆုံးနေရာတွေစာရင်းထဲမှာပါဝင်နေပါတယ်။ အဲဒီဒေသရဲ့ ပျှမ်းမျှအပူချိန်ကတော့ အနှုတ်၅၈ ဒီဂရီတစ်ခုရှိတယ်လို့ အဲ့ဒီကိုသွားမယ်ဆိုရင်တော့ မော်စကိုမြို့ကနေ မိုင်၅၆၀ ကျော်ကို လေယာဉ်စီးပြီးသွားရမှာပါ။ အဲ့ဒီနေရာမှာ ရေဆိုတာမျိုးတော့ စိတ်ကူးယဉ်ကြည့်မှာပဲ တွေ့နိုင်ပါလိမ့်မယ် ဘာဖြစ်လို့လဲဆိုရင် အဲ့ဒီမှာရှိတဲ့ အရာအားလုံး အေးခဲနေလို့ပါပဲ ။အဲ့ဒီဒေသမှာတော့ တစ်ရက်ကို ၂၁ နာရီလောက်ကို နေရောင်မြင်ခွင့်မရဖို့ သေချာနေပါပြီ ။
Siwa Oasis
အခုကျနော်တို့ ဖော်ပြသွားမယ့် နေရာလေးတွေကတော့ ကလီယိုပတ်ထရာ ရေချိုးဆိပ်လို့ သမိုင်းတင်ထားရတဲ့ အီဂျစ်နိုင်ငံက အိုအေစစ်ဒေသလေးတစ်ခုပါပဲ ။အဲ့ဒီ အိုအေစစ်လေးရဲ့ နာမည်ကတော့ Siwa အိုအေစစ်ဖြစ်ပါတယ်။ ပုံမှန် သွားလာလည်ပတ်လို့ရတဲ့ နေရာတစ်ခုတော့မဟုတ်ပါဘူး ။ ဘာဖြစ်လို့လဲဆိုရင် ကိုင်ရိုမြို့ကနေ ငါးနာရီကြာကားစီးပြီးမှရောက်နိုင်တဲ့ အနောက်ပိုင်းကန္တာရလွင်ပြင် ကျယ်ကြီးရဲ့ အလယ်မှာတည်ရှိနေလို့ပါပဲ ။ အဲ့ဒီနေရာကို ရောက်သွားရင်လည်း အသားရေလှပါမှုအတွက် အကောင်းဆုံးအထောက်ပံ့တစ်ခုဖြစ်တဲ့ ဆားပျော်ရည်တွေနဲ့ရေချိုးခွင့်ကိုလည်း ရရှိမှာဖြစ်ပါတယ် ။ (တစ်မျိုးတော့တစ်မျိုးပဲနော်) ခရီးလည်းသွားချင်တယ် လှလည်းလှချင်တယ်ဆိုသူတွေအတွက်တော့ တကယ့်နတ်ရေကန်တစ်ခုတည်ရှိနေတဲ့ နေရာလေးတစ်ခုပါပဲ။ တကယ်လို့များ တစ်ခါတစ်ခေါက်လောက် အရောက်သွားနိုင်ခဲ့ရင်တော့ စမ်းသပ်ကြည့်ခဲ့ဖို့မှာပါရစေ။
သုတေသီတွေရှာဖွေဖော်ထုတ်လိုက်တဲ့လွန်ခဲ့တဲ့နှစ်နှစ်ထောင်က ကလီယိုပတ်ထရာရဲ့ ရေမွှေး
ကလီယိုပါထရာဆိုတာဟာ ကမ္ဘာ့သမိုင်းတစ်လျှောက်မှာ ဂုဏ်သတင်းကြီးမားတဲ့ ဘုရင်မတစ်ပါးဖြစ်ပြီး သူ့ရဲ့ ရက်ရက်စက်စက်လှတဲ့အလှတရားကြောင့်နာမည်ကျော်ခဲ့သလို သူ့အကြောင်းက ခေတ်အဆက်အဆက်မှာ အိပ်ရာဝင်ပုံပြင်တစ်ပုဒ်အနေနဲ့ ကြားခဲ့ရတယ်ဆိုရင်လည်းမမှားပါဘူး။ သမိုင်းအထောက်အထားတွေနဲ့ သက်ကြီးစကားသက်ငယ်ကြားဆိုသလိုပြောဆိုချက်တွေအရ ကလီယိုပတ်ထရာဟာ လွန်ခဲ့တဲ့နှစ်နှစ်ထောင်လောက်ကတည်းက အခုထိ ခေတ်အဆက်ဆက်လူတွေပုံဖော်ပြောဆိုလာကြသလို ရက်ရက်စက်စက်လှတဲ့ အလှတရားတစ်ခုတည်းကြောင့် နာမည်ကျော်လာပြီး အီဂျစ်တစ်ပြည်လုံးကို အုပ်စိုးနိုင်ခဲ့တာမဟုတ်ပါဘူး။ ပုံပြင်တွေ ဇာတ်လမ်းတွေ ပါးစပ်ရာဇဝင်တွေထဲမှာတော့ ကလီယိုပတ်ထရာဟာ သူမရဲ့ အလှတရားနဲ့ ညှို့ငင်နိုင်စွမ်းကိုအသုံးချပြီး ဘုရင်တွေ စစ်သေနာပတိတွေ စစ်ရေးစစ်ရာမှာ နန်းတွင်းမှာအရေးပါအရာရောက်တဲ့လူတွေကို ဖမ်းစားကာ ရာဇပလ္လင်ပေါ်အရောက်တက်ခဲ့တယ်လို့ဖော်ပြပါရှိပါတယ်။
ဒါပေမယ့် တကယ်တမ်းမှာတော့ ကလီယိုပတ်ထရာဟာ အလှတရားတစ်ခုတည်းနဲ့ အရာအားလုံးကိုပိုင်ဆိုင်သွားတာတော့မဟုတ်ပါဘူး၊ ကလီယိုပတ်ထရာအကြောင်းရှေးခေတ်ပညာရှိတွေရဲ့မှတ်တမ်းမှတ်ရာတွေထဲမှာ ကလီယိုပတ်ထရာဟာ အင်မတန်ညဏ်ကောင်းပြီး အရည်အချင်းရှိတဲ့အမျိုးသမီးဖြစ်တယ်လို့ရေးသားထားကြတာတွေ့ရပါတယ်။ သူမက ဘာသာစကားတွေလည်း ဆယ့်နှစ်မျိုးလောက်ပြောနိုင်ပြီး လောကဓာတ်ပညာတွေကိုကျွမ်းကျင်ပိုင်နိုင်သလို ပါးရည်နပ်ရည်ရှိပြီး ဘယ်အချိန်မှာ ဘာလုပ်ရမယ်၊ဘယ်သူ့ကိုဘယ်လိုအသုံးချရမယ်ဆိုတာကို ကောင်းကောင်းကြီးသိတဲ့သူဖြစ်ပါတယ်တဲ့။ ဒါကြောင့် သူမရဲ့လက်နက်ဟာ လက်ရုံးရည်မဟုတ်ပဲ နှလုံးရည်လို့ခေါ်ရမယ့် ညဏ်ပညာဖြစ်တယ်လို့ ယူဆလို့ရပါတယ်။
အလှဘုရင်မ ကလီယိုပတ်ထရာက ရုပ်ရည်ပိုင်းမှာ အရမ်းကြီးချောမောလှတယ်မဟုတ်ပေမယ့် ဝတ်စားဆင်ယင်မှုပိုင်းမှာ စတိုင်ဒီဇိုင်းကာလာအနေအထားတွေက ဘယ်သူမှမယှဉ်နိုင်ပဲ သူမရဲ့ လှပပြီးထူးခြားတဲ့ ဆံပင်ပုံစံ၊ လက်ဝတ်ရတနာတွေပုလဲကြိုးတွေဆင်မြန်းတဲ့ပုံစံကို အဲဒီခေတ်က လူကုံထံအမျိုးသမီးတိုင်းက လိုက်ပြီးအတုခိုးခဲ့ကြရတယ်လို့လည်း စာပေမှတ်တမ်းမှတ်ရာတွေမှာဖော်ပြထားပါတယ်။ အဲဒီလိုအမျိုးသမီးတော်တော်များများက ပုံစံတူတွေဖြစ်နေပေမယ့် ဘယ်လိုမှလိုက်မတုနိုင်တာတစ်ခုကတော့ ကလီယိုပတ်ထရာဆီကရတဲ့ အမွှေးနံ့သာနံ့ပါ။ ဘုရင်မဆီကရတဲ့မွှေးရနံ့ဟာ တိမ်းမူးဖွယ်ကောင်းလွန်းတာကြောင့် ဘယ်လိုယောက်ျားသားမျိုးကမှ တောင့်ခံနိုင်စွမ်းမရှိခဲ့ဘူးလို့သိရပါတယ်။ အဲဒီအနံ့ကို တစ်ကမ္ဘာလုံးက မိန်းမသားထုကြီးနဲ့ သမိုင်းသုတေသီတွေက စိတ်ဝင်တစား သုတေသနလုပ်ခဲ့ကြပြီး အခုတော့ ကလီယိုပတ်ထရာဘုရင်မအသုံးပြုခဲ့တဲ့ ရေမွှေးကို မြည်းစမ်းကြည့်နိုင်ဖို့အတွက် မျှော်လင့်ချက်ပေါ်လာခဲ့ပါပြီ။
Hawaii University က သုတေသနပညာရှင်တွေက လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်လောက်က အကြွင်းအကျန်တွေ ရှေးဟောင်းပစ္စည်းတွေကို နှစ်နဲ့ချီအောင်သုတေသနပြုနေခဲ့ပြီးနောက်မှာ လွန်ခဲ့တဲ့ BC. 4500 လောက်ကတည်ထောင်ခဲ့တဲ့ အီဂျစ်မြို့ဟောင်း Thmius မှာ Tell Timai excavation project လုပ်နေတဲ့ အချိန်မှာ လွန်ခဲ့တဲ့နှစ်နှစ်ထောင်က အမွှေးနံ့သာတွေ ချက်လုပ်တဲ့ အဆောက်အအုံကြီးတွေရဲ့မြေနေရာတွေကိုတူးဖော်တွေ့ရှိပြီး အဲဒီထဲမှာ ရေမွှေးတွေပြုလုပ်တဲ့အခါ အသုံးပြုခဲ့တဲ့ရှေးဟောင်းပစ္စည်းအချို့ကိုလည်းတူးဖော်ရရှိခဲ့ကြောင်းသိရပါတယ်။ Amphorae လို့ခေါ်တဲ့ ရှေးခေတ်က ခရားတွေထဲမှာ လွန်ခဲ့တဲ့နှစ်နှစ်ထောင်ကျော်တုန်းက ရေမွှေးချက်လုပ်ဖို့အသုံးပြုခဲ့တဲ့ ဓာတ်ပစ္စည်းအကြွင်းအကျန်တွေကို မြေကြီးတွေကြားမှာ ဓာတ်ခွဲကြည့်ပြီး တွေ့ရှိခဲ့ရကြောင်းလည်း history articles တွေမှာဖော်ပြထားပါတယ်။ နှစ်ကာလကြာရှည်လို့ ဓာတ်ပြိုကွဲနေပြီဖြစ်တဲ့ ဓာတုပစ္စည်းအကြွင်းအကျန်တွေကို ကမ္ဘာ့ထိပ်တန်း ဓာတုပညာရှင်တွေက ဓာတ်ခွဲခန်းတွေထဲမှာနာရီတွေချီပြီးကြာအောင် Chemical Analysis လုပ်ပြီး chemical bonds တွေပြန်လည်တည်ဆောက်ပြီးတဲ့နောက်မှာတော့ အဲဒီခေတ်က ကလီယိုပထ်ထရာအသုံးပြုခဲ့တယ်လို့ယူဆရတဲ့ Perfume Formula ကိုဖော်ထုတ်နိုင်ခဲ့ပါပြီ။
ဒီရေမွှေးဟာ အာဖရိကကျွန်းဆွယ်နဲ့ ပင်နီဆူးလားကျွန်းဆွယ်တွေမှာပေါက်ရောက်တဲ့ အပင်တစ်မျိုးရဲ့ သစ်ခေါက်ကနေအခြေခံဖော်စပ်ထားတဲ့ Formula လို့ သိရပြီး ကလီယိုပတ်ထရာအမှန်တကယ်အသုံးပြုခဲ့တဲ့ရေမွှေးဟုတ်မဟုတ်ဆိုတာကတော့ အတည်ပြုချက်တွေပြုလုပ်ရဦးမယ်လို့သိရပါတယ်။ ဒီရေမွှေးကိုစီးပွားဖြစ်ထုတ်ရောင်းဖို့ကတော့ မဖြစ်နိုင်သေးပါဘူးတဲ့။ တကယ်လို့ ထုတ်ရောင်းခဲ့တယ်ဆိုရင်လည်း အင်မတန်ဈေးကြီးမှာသေချာပါတယ်။ ပရိသတ်ကြီးရော ကလီယိုပတ်ထရာဘုရင်မရဲ့ ရေမွှေးကိုသာ ဝယ်ယူမြည်းစမ်းခွင့်ရမယ်ဆိုရင် ဝယ်သုံးဖို့အစီအစဉ်ရှိလား။ ပြောခဲ့ပါဦး။
Unicode
အချိန်နဲ့ ပတ်သက်ပြီး သိပ္ပံဆိုင်ရာ ကွဲလွဲနေတဲ့ ထင်မြင်ယူဆချက်များ
Unicode
အချိန်ဆိုတာ ကျနော်တို့ ကျောင်းသင်ခန်းစာတွေထဲကနေစပြီး အခုချိန်ထိ စကြဝဠာတစ်ခုလုံးရဲ့ အရေးကြီးဆုံး အရာတစ်ခုအနေနဲ့ ဖော်ပြခံထားရဆဲပါ။ နပိုလီယံ စစ်ရှုံးရတဲ့အကြောင်းပြချက်နေစပြီး ကျနော်တို့ရဲ့ နေ့စဉ်ရှင်သန်နေရတဲ့ အကြောင်းရာတွေမှာပါ အချိန်ရဲ့ လွှမ်းမိုးခံရပြီး ခေတ်သစ်ကိုးကွယ်ရာ တစ်ခုလိုတောင်ဖြစ်နေပါပြီ ။ တကယ်တော့ အချိန်ဆိုတာ ကမ္ဘာကြီးရဲ့ ဝင်ရိုးပေါ်မှာ အခြေပြုလည်ပတ်မှုကနေစပြီး ဖြစ်တည်လာတဲ့အရာတစ်ခုရယ်လို့ ဝီကီပီးဒီးယားစမျက်နှာပေါ်မှာ ရေးသားပြုစုထားချက်တွေကို ကျနော်တို့ တွေ့ရှိရမှာ ဖြစ်ပါတယ်။ သမိုင်းမတင်မီ ခေတ်တွေကတည်းက လူတွေဟာ လနဲ့နေကို စံထားပြီး နေနှစ်နဲ့လနှစ်ရယ်လို့ သတ်မှတ်ပြီး စက္ကန့် ၊ နာရီ ၊ ရက်၊ ရက်သတ္တပတ်တွေကို စတင်သတ်မှတ်လာကြပါတယ်။ နေရက်တစ်ရက် ရဲ့ အချိန်ကို နေ့မွန်းတည့်ချိန် နှစ်ချိန်နဲ့စံထားပြီး စတင်သတ်မှတ်ခဲ့တယ်လို့လည်း သိရပါတယ်။ အဲ့ဒီလို သတ်မှတ်မှုတွေကလည်း ရာသီဥတု အခြေအနေပေါ်မူတည်ပြီး ကြာမြင့်မှုတွေဟာ ကွဲပြားလာတာကို လည်း သူတို့တွေ့ရှိခဲ့ကြပါတယ်။ အဲ့တာကြောင့်လည်း နေ့တစ်နေ့ကြာချိန်ကို ၂၄နာရီ ၃မိနစ်နဲ့ ၂၆.၅၅ စက္ကန့်ရယ်လို့ ပျှမ်းမျှသတ်မှတ်ထားခဲ့တာဟာ ဆိုရင်တော့ အခုချိန်ထိပါပဲ ။ ကျနော်တို့နေထိုင်ရာ တိုင်းပြည်တွေပေါ်မှာ မူတည်ပြီးတော့လည်း အချိန်ကာလတွေ ဟာကွဲပြားနေကြတဲ့ အကြောင်းရင်းကလည်း ကွဲပြားတဲ့ လောင်ဂျီတွဒ်မျဉ်းတွေပေါ်မှာပဲ မူတည်နေပါတယ်။ ယနေ့ခေတ်ကြီးထဲမှာတော့ အချိန်နဲ့ ပတ်သက်ပြီး နောက်ထက်ယူဆချက်တွေလည်း ထွက်ရှိလာပါပြီ ။
အချိန်ဟာ ကျနော်တို့ရဲ့ ထင်ယောင်ထင်မှား ဖြစ်စဉ်တစ်ခုလို့လည်း ယူဆချက်တစ်ခု ပေါ်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားကိုယ်တို့ ကြားဖူးနားဝရှိနေတဲ့ ကိစ္စတစ်ခုဖြစ်တဲ့ ညစာ စားပွဲတွေဟာ ခင်ဗျားရဲ့ အမြင်သီးသန့်ဖြစ်နေတတ်တာမျိုးကလည်း အချိန်နဲ့ပတ်သက်ပြီး ထွက်ရှိလာတဲ့ အကြောင်းအရာထဲကတစ်ခုဖြစ်ပါတယ် ။ နောက်ထပ် စိတ်ဝင်စားစရာ အချက်တစ်ချက်လည်းရှိပါသေးတယ် အချိန်ဆိုတာ ဒိုင်မေးရှင်းတစ်ခုပါဆိုတဲ့ အချက်ပါပဲ ။ ကျနော်တို့ အထက်မှာသင်ခဲ့ XYZဆိုတဲ့ ဝင်ရိုးတွေနဲ့ တွက်ချက်ခဲ့ရတဲပုစ္ဆာတွေကို အားလုံးပဲ မှတ်မိကြဦးမယ်ထင်ပါတယ်။ တကယ်တော့ ကျနော်တိုပ ကမ္ဘာကြီးအပါအဝင် အနန္တစကြဝဠာကြီးဟာ အဲ့ဒီ ဝင်ရိုးသုံးခုပေါ်မှာတည်ရှိနေတဲ့ ဒိုင်မေးရှင်းတစ်ခုပါပဲ ။ တကယ်လို့များ အချိန်သာတကယ်မရှိခဲ့ဘူးဆိုရင် ကျနော်တို့ စကြဝဠာကြီးကရော တည်ရှိနေပါ့မလား ။ ဂြိုဟ်တွေ တစ်ဂြိုဟ်ကွာဝေးမှုတိုင်းတာတဲ့ အခါမှာ အလင်းနှစ် ဘယ်လောက်ဆိုတဲ့ အချက်တစ်ချက်လည်း ပါဝင်နေတာကို အားလုံးပဲ သတိထားမိကြမယ်ထင်ပါတယ်။ရူပဗေဒ ဥပဒေသ တွေအရတော့ အချိန်ဟာ ဒိုင်မေးရှင်းတစ်ခုဖြစ်နေတယ်ဆိုတဲ့ အကြောင်းကို သက်သေပြဖို့ အချက်တိတိကျကျ မရှိခဲ့ဘူးလို့ အင်တာနက်စာမျက်နှာတစ်ခုရဲ့ စစ်တမ်းမှာ ဆိုထားပါတယ်။
အိုင်းစတိုင်းရဲ့ဆိုစကားတွေ သီအိုရီတွေကလည်း အချိန်နဲ့ပတ်သက်ပြီး ပြောဆိုခဲ့တဲ့အရာတွေထဲမှာ အချိန်ဟာ အချိန်ကြာလာတာနဲ့အမျှပိုမိုကျယ်ပြန့်လာခဲ့တဲ့ အချက်တစ်ချက်လည်း အပါဝင်ဖြစ်ပါတယ် ။နောက်ပြီး အိုင်းစတိုင်းက နယူတန်ရဲ့ အချိန်နဲ့ ပတ်သက်တဲ့ အယူအဆတစ်ခုကိုလည်း သဘောတူကြောင်းပြောခဲ့ပါသေးတဲ့ အဲ့ဒါကတော့ အချိန်ဟာ ထုထည်ရှိတဲ့ အရာတစ်ခုပါတယ် ။ဘာဖြစ်လို့လည်းဆိုတော့ အရာဝတ္ထုတစ်ခုရဲ့ဖြစ်တည်လာမှုကစပြီး ပျက်သုဉ်းသွားချိန်ထိတိုင်အောင် အချိန်ဟာ ပါဝင်ပတ်သက်နေလို့ပါတဲ့ ။ သူရဲ့ယူဆချက်တွေထဲက အချိန်နဲ့ ပတ်သက်ပြီး အခုချိန်ထိ လူတွေ စိတ်ဝင်စားနေတဲ့ အချက်တစ်ချက်ရှိပါတယ် ။ အဲ့တာကတော့ အလင်းထက် သုံးဆမြန်အောင်သွားနိုင်ရင် အချိန်ခရီးသွားနိုင်တယ်ဆိုတဲ့အချက်ပါပဲ။ တချို့တွေကတော့ ကျနော်တို့လက်ရှိကမ္ဘာကြီးမှာတော့ အချိန်ခရီးသွားဖို့ ကြိုးစားနေကြပြီလို့ ယုံတမ်းစကားတွေ သွားဖူးတဲ့သူတွေရှိတယ်လို့ပြောနေကြတဲ့သူတွေလည်းရှိပါတယ်။ Big Bang ဖြစ်စဉ်ကြီးမဖြစ်ပျက်ခင်တုန်းကတော့ အချိန်ဆိုတာ တကယ်ရှိတဲ့အရာတစ်ခုမဟုတ်ဘူး လို့လည်းပြောထားတာတွေကို တွေ့ရပါတယ်။ ဘာလို့လဲဆိုရင် စကြဝဠာအဖွဲ့အစည်းကြီးဟာ ကိုယ်ဘာသာကို တည်ရှိနေတဲ့ အရာတစ်ခုဖြစ်နေလို့ပါပဲ ဆိုပြီး အင်တာနက်စာမျက်နှာတစ်ခုမှာ ဖော်ပြထားကိုတွေ့ရပါတယ်။ မိတ်ဆွေတို့ရဲ့ အချိန်နဲ့ပတ်သက်ပြီး သိထားတဲ့ အချက်လက်တွေကို လည်းပြန်လည်ဝေမျှသွားပါဦးနော်။
Goliath Birdeater
Giant Huntsman Spider
unicode
မြင်လိုက်တာနဲ့ လိပ်ပြာလွင့်သွားလောက်တဲ့ ကမ္ဘာ့အကြီးဆုံးပင့်ကူများ
လောကကြီးမှာတော့ ကြောက်စရာကောင်းတဲ့ အရာတွေ အများကြီး ရှိပါတယ်။ ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ အရာတွေထဲမှာမှ အကောင်တွေလည်း ပါပါတယ်။ အကောင်တိုင်းနီးပါးကတော့ သူ့ဟာနဲ့သူ ကြောက်စရာကောင်းပြီးသားပါပဲ။ အိမ်မွေးတိရစ္ဆာန် အချို့တောင် အခန်းမသင့်ရင် ကြောက်စရာကောင်းပါတယ်။ နောက်ထပ် ကြောက်စရာအကောင်းဆုံးနဲ့ လူတွေကို ဒုက္ခအပေးဆုံး အကုန်တွေထဲမှာတော့ အင်းဆက်ပိုးမွှားတွေပါဝင်ပါတယ်။ အင်းဆက်ပိုးမွှားတော်တော်များများဟာ မြင်လိုက်တာနဲ့ ကြောက်စရာကောင်းပြီး အဆိပ်တွေကလည်း ပြင်းကြပါတယ်။ ဒီလိုမျိုး အင်းဆက်ပိုးမွှားတွေထဲမှာမှ အယောက်တရာမှာ ၉၀ လောက် ကြောက်ကြတဲ့ အကောင်ကတော့ ပင့်ကူပါပဲ။
ပင့်ကူလို့ ပြောလိုက်တာနဲ့ ခြေထောက်တွေ မျက်လုံးတွေအများကြီးရှိပြီး အဆိပ်ရှိတဲ့ အင်းဆက်အမျိုးအစားထဲမှာ ပါပါတယ်။ သူတို့ရဲ့ ကြောက်စရာကောင်းတဲ့ အစွယ်တွေ ခြေထောက်တွေကြောင့် ပင့်ကူသေးသေးလေးကအစ အကြီးကြီးထိကို ကြောက်စရာကောင်းပါတယ်။ ကမ္ဘာပေါ်မှာတော့ နေရာဒေသအလိုက် ပန်ဝန်းကျင်တွေပေါ် ကွာခြားပြီး တနေရာနဲ့ တနေရာမှာရှိတဲ့ ပင့်ကူတွေကတော့ မတူညီကြပါဘူး။ တချို့ ပင့်ကူကျတော့လည်း သေးသေးလေးနဲ့ အရမ်းအဆိပ်ပြင်းသလို တချို့ပင်ကူတွေကျတော့လည်း အကြီးကြီးနဲ့ ကြက်သီးထစရာကောင်းလှပါတယ်။ ဒါကြောင့် ဒီထဲမှာမှ ကမ္ဘာ့အကြီးဆုံးသော ပင့်ကူတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
Goliath Birdeater
Goliath Birdeater လို့ခေါ်တဲ့ ဒီပင့်ကူအမျိုးအစားကတော့ ကမ္ဘာ့အကြီးဆုံး ပင့်ကူအမျိုးအစား ဖြစ်ပါတယ်။ အလေးချိန်အားဖြင့်တော့ ဒီပင့်ကူတွေဟာ ၁၇၅ ဂရမ်လောက်ရှိပါတယ်။ သူတို့ကတော့ Tarantula မျိုးနွယ်ဝင်ဖြစ်ပါတယ်။ ဒီပင့်ကူကိုက်တာခံရရင်တော့ နှကျယ်ကောင်ကိုက်တဲ့ အတိုင်းခံစားရမှာပါ။ အသက်သေစေတဲ့အထိတော့ မဖြစ်ပါဘူး။ ဒီကောင်ကြီးတွေကတော့ အမွှေးအမြင်ထူတဲ့ ပင့်ကူအမျိုးအစားဖြစ်ပြီး ဒါတွေကိုထိမိရင်တော့ ယားယံတာတွေ ဖြစ်တတ်ပါတယ်။ တောင် အမေရိက မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပြီး ဒီကောင်တွေရဲ့ အရွယ်စားကတော့ ၁၂ လက်မလောက်ထိကို ကြီးပါတယ်။ အမတွေကတော့ အသက် ၂၅ နှစ်ထိ ရှင်နိုင်ပြီး အထီးတွေကတော့ ၆ နှစ်လောက်အထိပဲ ရှင်နိုင်ပါတယ်။ ဒီပင့်ကူတွေကတော့ တခါတလေမှာ ငှက်တွေကို စားသောက်တတ်ပါတယ်။ သူတို့ကိုလည်း ဒေသခံတွေက စားကြတယ်လို့သိရပါတယ်။ ဒီပင့်ကူရဲ့ အရသာကတော့ ပုဇွန်နဲ့ဆင်တယ်လို့ ပြောကြပါတယ်။ (ပုံ အပေါ်)
Giant Huntsman Spider
Giant Huntsman Spider ကတော့ ခြေထောက်တွေတော်တော့်ကို ရှည်ပြီး ကြီးမားလှတဲ့ ပင့်ကူတမျိုးပါ။ အရွယ်အစားအားဖြင့် ၁၂ လက်မကနေ ၁၄ လက်မလောက်ထိရှိပါတယ်။ ဒီပင့်ကူကတော့ ဂဏန်နီးပါးကြီးမားပြီး ဂဏန်းနဲ့လည်း ခပ်ဆင်ဆင်တူပါတယ်။ ဒါပေမယ့် ဒီအကောင်တွေကတော့ ခြေထောက်ကြီးတွေ ပိုရှည်ပါတယ်။ Giant Huntsman Spider ကိုက်ရင်တော့ သင်တို့အနေနဲ့ ဆေးရုံပြေးဖို့လိုပါလိမ့်မယ်။ သူ့အဆိပ်က ပြင်းလို့ပါ။ ဒီအကောင်တွေကိုတော့ လာအိုနိုင်ငံက လှိုဏ်ဂူတွေမှာ တွေ့နိုင်ပြီး ပူတဲ့နေရာတွေမှာ နေထိုင်ပါတယ်။ (ပုံ အောက်)
Brazilian Salmon Pink Birdeater
Brazilian Salmon Pink Birdeater ဆိုတဲ့ ပင့်ကူအမျိုးအစားကတော့ ကမ္ဘာပေါ်မှာ တတိယ အကြီးဆုံး ပင့်ကူမျိုးစိတ်ပါ။ ဒီကောင်ကြီးတွေကိုတော့ ဘရာဇီးနိုင်ငံ အရှေ့ပိုင်းတွေမှာ တွေ့ရတတ်ပါတယ်။ အရွယ်အစားကတော့ ၁၁ လက်မလောက်ရှိပါတယ်။ Brazilian Salmon Pink Birdeater ပင့်ကူတွေမှာတော့ အထီးတွေဟာ အမတွေထက် ခြေထောက်တွေ ပိုရှည်သလို အမတွေကတော့ အထီးတွေထက် အလေးချိန်ပိုကြီးပါတယ်။ ဒီကောင်တွေကတော့ အဆိပ်အရမ်းမရှိတာကြောင့် အိမ်မွေးတိရစ္ဆာန်လိုမျိုးမွေးမြူကြတာတွေတော့ တွေ့ရပါတယ်။ ဒီကောင်ကိုက်တာကတော့ ကြောင်တကောင်ကိုက်တာနဲ့ ဆင်တူပါတယ်။ ဥရောပနိုင်ငံတွေမှာတော့ ဒီကောင်ကို မွေးတာဟာ ခေတ်စားပါတယ်။ ဘရာဇီးသစ်တောထဲကနေဖမ်းပြီးတော့ အိမ်နီးချင်းနိုင်ငံတွေကို တင်သွင်းတာ ဖြစ်ပါတယ်။ (ပုံ အပေါ်)
Grammostola Anthracina
Grammostola Anthracina ပင့်ကူတွေကတော့ တောင်အမေရိက နိုင်ငံကနေ တွေ့ရှိထားတဲ့ ကြီးမားတဲ့ ပင့်ကူမျိုးနွယ်ဖြစ်ပါတယ်။ သူကလည်း အိမ်မွေးတိရစ္ဆာန်ဖြစ်ပြီး ဖန်လောင်အိမ်ထဲမှာ မွေးကြပါတယ်။ ဒါပေမယ့်လည်း ဒီအကောင်ကိုက်တာကိုတော့ သွားခံလို့မရပါဘူး။ Grammostola Anthracina ကိုက်ရင် ဘယ်လိုခံစားရလဲဆိုတော့ လူတယောက်က Crickets တုတ်နဲ့ ကြွက်တကောင်ကို ရိုက်တဲ့ ခံစားချက်မျိုး ခံစားရမှာပါ။ ပြောရရင်တော့ အရမ်းကိုနာမှာပါ။ ဒီကောင်တွေကတော့ အသက် ၂၀ လောက်ထိရှင်နိုင်ပါတယ်။ ဥရုဂွေး၊ ပါရာဂွေး၊ ဘရာဇီး၊ အာဂျင်တီးနား အစရှိတဲ့ နိုင်ငံတွေမှာ တွေ့ရတတ်ပါတယ်။ (ပုံ အောက်)
ဖခင်ဖြစ်သူရဲ့လွမ်းမောစရာအမှတ်တရဓာတ်ပုံလေးကိုပြန်တင်လိုက်တဲ့ Paul Walker ရဲ့ သမီး
သမီးတစ်ယောက်အတွက် အဖေတစ်ယောက်ကို ဆုံရှုံးလိုက်ရခြင်းက အမြဲတမ်း ဘယ်တော့မှမလွယ်ကူခဲ့ပါဘူး။ အဖေနဲ့ရင်းနှီးရင်ရင်းနှီးခဲ့သလောက်၊ Daddy’s Girl ဖြစ်ခဲ့ပြီး အဖေဖြစ်သူရဲ့ လိုလေသေးမရှိအလိုလိုက်စောင့်ရှောက်ခြင်းခံခဲ့ရတဲ့ သမီးမျိုးဆိုရင် နာကျင်မှုကပိုနက်ရှိုင်းပြီး ပိုလို့ဆိုးရွားပါတယ်။ အထူးသဖြင့် ကိုယ့်အဖေဖြစ်သူက တစ်ကမ္ဘာလုံးက ဝိုင်းချစ်တာခံရတဲ့ အနုပညာရှင်တစ်ဦး၊တန်ဖိုးမဖြတ်နိုင်တဲ့ လူတော်လူကောင်းတစ်ဦးဆိုရင်တော့ အဲဒီလိုအဖေမျိုးကို ဆုံရှုံးလိုက်ရတဲ့ ခံစားချက်ကို တွေးသာကြည့်ကြပါတော့။ အဲဒီလို တစ်ကမ္ဘာလုံးက ဝိုင်းချစ်ရတဲ့ အဖေဖြစ်သူကို ဆုံးရှုံးထားရတဲ့ Paul Walker ရဲ့ သမီးလေး Meadow Walker ဟာ ဖခင်ဖြစ်သူကို အစဉ်အမြဲလွမ်းဆွတ်နေတတ်ပြီး အဖေနဲ့အတူတူရိုက်ထားတဲ့ အမှတ်တရဓာတ်ပုံလေးတွေကို သူမရဲ့ Instagram account မှာ တင်လေ့ရှိပါတယ်။
Paul Walker ဟာ တစ်ကမ္ဘာလုံးကပရိသတ်တွေချစ်ရတဲ့ မင်းသားကြီးဖြစ်ပြီး တော်တန်ရုံမင်းသားတွေရိုက်ကူးနိုင်ဖို့ခက်ခဲတဲ့ ဇာတ်ရုပ်တွေကို သူမတူတဲ့သရုပ်ဆောင်မှုတွေနဲ့ ရိုက်ကူးနိုင်ခဲ့သူပါ။ Fast and Furious ဇာတ်ကားတွေမှာ ပရိသတ်တွေရဲ့အားပေးမှုတွေတခဲနက်ရခဲ့တဲ့ နာမည်ကျော်မင်းသားကြီး Paul Walker ဟာမိန်းမကိစ္စအရှုပ်အရှင်းရယ်လို့ မကြားရပဲ သူ့အချိန်တွေကိုသမီးဖြစ်သူအတွက် ပေးထားခဲ့တာဖြစ်ပြီး မိသားစုနဲ့သာပျော်တတ်တဲ့ အေးချမ်းပြီး နွေးထွေးတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ဒီနှစ် November 30 ရက်နေ့ဆိုရင် Paul Walker ကားမတော်တဆမှုနဲ့ဆုံးပါးသွားတာ ခြောက်နှစ်ပြည့်တော့မှာဖြစ်ပြီး ပရိသတ်တွေနဲ့ ချစ်ခင်ရင်းနှီးရသူတွေကလည်း Paul ကို လွမ်းဆွတ်နေကြဆဲပါ။
ဖခင်ဖြစ်သူ ဒီလောကကြီးထဲက ထွက်သွားခဲ့ချိန်တုန်းက ဘာမှမသိတတ်သေးတဲ့ ဆယ်နှစ်ကျော်ရုံသာရှိသေးတဲ့ သမီးလေး Meadow Rain Walker ဟာဆိုရင် အခုအချိန်မှာ အသက်နှစ်ဆယ်လှသွေးကြွယ်တဲ့အရွယ်ဖြစ်နေပြီး အဖေ့မျက်လုံးတွေမျက်ခုံးတွေနဲ့ လှပချောမောမှုတွေကို အမွေဆက်ခံရထားတဲ့ သမီးချောလေးဖြစ်နေပါပြီ။ Paul တစ်ယောက် သူ့သမီးချောလေးဘယ်လောက်တောင်လှပစွာကြီးပြင်းလာသလဲဆိုတာမမြင်လိုက်ရတာ တကယ်ကို ဝမ်းနည်းစရာပါပဲ။ Meadow က သူမအဖေရဲ့ ကြည်နူးစရာဓာတ်ပုံလေးကို မကြာမီကမှ Instagram မှာတင်ထားခဲ့ပြီး တစ်ကမ္ဘာလုံးက ပရိသတ်တွေကို သူမအဖေ ဘယ်လောက်ချောခဲ့တယ်၊ငြိမ်းချမ်းပြီးချစ်ဖို့ကောင်းတဲ့လူသားတစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာကို အမှတ်ရစေခဲ့ပါတယ်။ Meadow က Paul Walker ရဲ့ ပရိသတ်တွေတစ်ခါမှမမြင်ဖူးတဲ့ ဓာတ်ပုံလေးကိုတင်ထားခဲ့တာပါ။ အဲဒီဓာတ်ပုံလေးထဲမှာ Paul က ရေကန်ကျယ်ကြီးထဲမှာ ချစ်စရာကောင်းတဲ့ ဝက်ကြီးနဲ့ မျက်နှာချင်းဆိုင်ရပ်နေပြီး စကားစမြည်ပြောနေတဲ့ပုံနဲ့ ပြုံးရယ်နေတာတွေ့ရပါတယ်။
ဒီဓာတ်ပုံဟာ ကမ္ဘာတစ်ဝှမ်းလုံးကလူတွေကို ရိုးသားအေးဆေးပြီးချစ်ဖို့ကောင်းတဲ့ တိရစ္ဆာန်တွေကိုချစ်တတ်တဲ့ Paul ကို ပြင်းပြင်းထန်ထန်လွမ်းဆွတ်သတိရသွားစေခဲ့ပြီး Paul နဲ့အတူတူအလုပ်လုပ်ခဲ့ဖူးတဲ့ နာမည်ကျော်အနုပညာရှင်တွေက အဲဒီ ပို့စ်အောက်မှာ တဖွဲဖွဲ comment တွေလာပေးခဲ့ကြပါတယ်။ Paul သရုပ်ဆောင်ခဲ့ဖူးတဲ့ Fast and Furious ဇာတ်ကားတွေရဲ့ spin off အနေနဲ့ ထွက်တဲ့ Hobbs and Shaw ဇာတ်ကားကတော့ လောလောဆယ် ရုံတင်နေပြီဖြစ်ပြီး The Rock Dwayne Johnson က သရုပ်ဆောင်ထားပါတယ်။
Meadow ဟာ လက်ရှိမှာ သူမရဲ့အဖေနာမည်နဲ့ Paul Walker Foundation တစ်ခုထောင်ထားပြီး ပရဟိတလုပ်ငန်းတွေလုပ်ကိုင်နေသလိုတစ်ဖက်ကလည်း ပညာရေးဘက်ကိုအာရုံစိုက်ပြီးကျောင်းပြီးအောင်တက်နေတယ်လို့သိရပါတယ်။ ပရိသတ်တွေက သူမကို အဖေ့ခြေရာနင်းပြီး သရုပ်ဆောင်တစ်ဦးလုပ်စေချင်နေကြပေမယ့် သူမက လောလောဆယ်တော့ သရုပ်ဆောင်လုပ်ချင်စိတ်မရှိသေးပါဘူး။ Meadow ဟာ Hollywood သရုပ်ဆောင်တွေတော်တော်များများနဲ့ရင်းနှီးသလို Justin Bieber နဲ့လည်းရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်တယ်လို့သိရပါတယ်။
ပရိသတ်ကြီးရော Meadow ကို ချစ်ကြလား။ Meadow ကို Paul Walker လိုပဲ သရုပ်ဆောင်လုပ်စေချင်ကြလား။ သရုပ်ဆောင်လုပ်မယ်ဆိုရင်ရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။
Unicode