အလိုအပ်ဆုံးနေရာတွေကို အလှူပစ္စည်းတွေပို့ဖို့ ကိုယ်တိုင် ထုပ်ပိုးစီစဉ်နေတဲ့ ချစ်သုဝေ

April 21, 2020 Wadi 0

ချစ်သုဝေနဲ့ လင်းလင်းကတော့ အမြဲတမ်း စိတ်တူသဘောတူနဲ့ အလှူရေစက်လက်နဲ့မကွာ လှူတန်းတတ်ကြတဲ့ မောင်နှံနှစ်ဖော်ဖြစ်ပြီး သမီးလေးနှစ်ယောက်နဲ့ ကိုယ်ပိုင်မိသားစုလေးနဲ့အတူပျော်ရွှင်နေကြတဲ့ ဇနီးမောင်နှံလည်းဖြစ်ပါတယ်။ လက်ရှိ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ Covid-19 ကပ်ရောဂါကြီးထဲမှာ ငွေကြေးတတ်နိုင်သူတွေ ပရိသတ်ချစ်တဲ့ အနုပညာရှင်တွေက တစ်နိုင်တစ်ပိုင်အလှူတွေပြုလုပ်နေကြပြီး ချစ်သုဝေနဲ့ လင်းလင်းကလည်း ခေတ်သစ်ဖောင်ဒေးရှင်းနဲ့အတူ လိုအပ်တာတွေလိုက်လံလှူဒါန်းခဲ့ကြသလို ရပ်ဝေးနေရာတွေ၊အမှန်တကယ်အလိုအပ်ဆုံးဖြစ်နေတဲ့နေရာတွေအထိ ငွေကြေးနဲ့ […]

ဇော်ဝင်းထွဋ်အမေ ကွယ်လွန်တယ် ဆိုတဲ့ သတင်းတွေကို ဖြေရှင်းလိုက်တဲ့ ဝင်းထွဋ်တာရာ

April 21, 2020 Wadi 0

ဝင်းထွဋ်တာရာဟာ ဦးညီထွဋ်ချစ်တဲ့ သမီးဖြစ်ပြီး အဖေဖြစ်သူနဲ့အတူ လက်ပွန်းတတီးနေထိုင်ပြီး ပြုစုစောင့်ရှောက်နေတဲ့ သမီးအလိမ္မာလို့လည်းဆိုနိုင်ပါတယ်။ ဝင်းထွဋ်တာရာက အဖေဖြစ်သူနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုလေးတွေ သတင်းတွေကို သူမရဲ့ လူမှုကွန်ယက်မှာ တင်ပေးလေ့ရှိတာမို့ ဦးညီထွဋ်ရဲ့ ပရိသတ်တွေက သူမ account ကို follow ထားပြီး သတင်းတွေစောင့်ဖတ်နေကြတာလည်းဖြစ်ပါတယ်။ ဝင်းထွဋ်တာရာက မကြာသေးမီက […]

သူများဆီမှာ အလုပ်ဝင်လုပ်ပြီး ရုန်းကန်လာရတဲ့ဘဝကို ရင်ဖွင့်လိုက်တဲ့ နေခြည်ဦး

April 20, 2020 Wadi 0

နေခြည်ဦးဟာ beauty blogger အဖြစ်ကနေ အချိန်တိုအတွင်းမှာ မင်းသမီးတစ်လက်အဖြစ် ကူးပြောင်းလာနိုင်ခဲ့သူဖြစ်ပြီး ချစ်စရာကောင်းတဲ့ သရုပ်ဆောင်မှုလေးတွေနဲ့ ပရိသတ်ကို ဖမ်းစားထားနိုင်ခဲ့သလို ထက်မြက်ပြီး သွက်လက်ချက်ချာတဲ့ ကိုယ်ရည်ကိုယ်သွေးတွေနဲ့ ပရိသတ်တွေရဲ့ လေးစားအားကျမှုတွေကို သိမ်းပိုက်ထားနိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ နေခြည်နဲ့ မိုရီဆာကီဝင်းတို့အတူတူသရုပ်ဆောင်ထားတဲ့ အိပ်မက်တွေမိုးထားတဲ့အိမ် ဇာတ်လမ်းတွဲဟာလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်မှုရခဲ့သလို နေခြည်ဟာ အနုပညာလမ်းကြောင်းပေါ်မှာ […]

ဘုရားစာတွေ ရွတ်နေတာထက် မကောင်းတာတွေ မလုပ်ဖို့ လိုတယ် ဆိုတဲ့ နေရွှေသွေးအောင်

April 20, 2020 Wadi 0

နေရွှေသွေးအောင်ဟာဆိုရင် ပရိသတ်တွေမျက်စိရှေ့မှာ ကြီးပြင်းလာခဲ့သူတစ်ဦးဖြစ်ပြီး အနုပညာကို ဝါသနာကြီးသူလည်းဖြစ်ပါတယ်။ ဖိုးလပြည့်က Enrique Iglesias ကို အရူးအမူးအားပေးတဲ့ ပရိသတ်တစ်ဦးဖြစ်သလို Enrique ရဲ့ သီချင်းတွေကို cover song ပြန်ဆိုပြီး MTV တွေပြန်ရိုက်ထားတာကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားပြီး အောင်မြင်မှုရခဲ့ပါတယ်။ ဖိုးလပြည့်က ဘာသာတရားကိုင်းရှိုင်းသူတစ်ဦးလည်းဖြစ်သလို အလှူရေစက်လက်နဲ့မကွာ […]

စိုင်းစိုင်းကို အမြဲတမ်းချစ်နေလို့ရအောင် အိမ်ထောင်မပြုစေချင်ဘူးဆိုတဲ့ အေးမြတ်သူ

April 17, 2020 Wadi 0

အေးမြတ်သူဟာဆိုရင် ချစ်စရာပါးချိုင့်လေးနဲ့ ပရိသတ်တွေရဲ့ နှလုံးသားကိုဖမ်းစားထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ပုရိသတွေအသည်းစွဲကြွေရတဲ့ အပျိုကြီးမမလည်းဖြစ်ပါတယ်။ အေးမြတ်သူက အပျိုကြီးဘဝနဲ့ပဲ စိတ်ချမ်းသာပျော်ရွှင်နေပြီး အချစ်ရေးကိုတော့ ပရိသတ်တွေကို ချပြခြင်းမရှိသေးပါဘူး။ အေးမြတ်သူက စိုင်းစိုင်းနဲ့ ရုပ်ရှင်တွေအတူရိုက်ခဲ့ဖူးပြီး စိုင်းစိုင်းရဲ့ ပရိသတ်တစ်ယောက်လို့လည်း သိရပါတယ်။အေးမြတ်သူက မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ စိုင်းစိုင်းကို အိမ်ထောင်မပြုစေချင်ဘူးလို့ ပြောပြသွားခဲ့ပါတယ်။ အေးမြတ်သူက […]

အိမ်ထောင်ပြုဖို့ အစီအစဉ်မရှိသေးဘူးလို့ ဖွင့်ဟလိုက်တဲ့ ထွန်းထွန်း

April 17, 2020 Wadi 0

ထွန်းထွန်း (Example) ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက် ကတည်းက သီချင်းတွေ များစွာထွက်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝ ရရှိထားသူဖြစ်ပြီး လက်ရှိမှာဆိုရင်လည်း အောင်မြင်တဲ့ မင်းသား တယောက်အဖြစ်ရပ်တည်နေပြီး ပရိသတ်အခိုင် အမာရရှိထားတာ ဖြစ်ပါတယ်။ ထွန်းထွန်းကတော့ အမြဲတမ်းလိုလို တက်တက်ကြွကြွ ပုံစံနဲ့ ရှိနေတတ်ပြီး ပရိသတ်တွေနဲ့လည်း […]

သီချင်းသစ်ရေးပြီးရင် ရင်ခုန်သူလေးတွေကို ဆိုပြနေကျဆိုတဲ့ စိုင်းစိုင်း

April 17, 2020 Wadi 0

စိုင်းစိုင်းဟာ မြန်မာနိုင်ငံက အအောင်မြင်ဆုံး အနုပညာရှင်တွေထဲက တယောက်ဖြစ်တဲ့ အဆိုတော်မင်းသားတစ်ဦးဖြစ်ပြီး မြန်မာသာမက ကမ္ဘာကပါသိတဲ့အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ စိုင်းစိုင်း တယောက်ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေလောက်ကလည်းက တဟုန်ထိုးအောင်မြင်လာခဲ့ပြီး လက်ရှိချိန်ထိကို အောင်မြင်မှုကိုထိန်းသိမ်းထားနိုင်သူပါ။ စိုင်းစိုင်းကတော့ အသက်ကြီးလာပေမယ့်လည်း အရွယ်တင်နုပျိုနေတာကြောင့် လက်ရှိချိန်ထိကို နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်အားပေးတာ ခံနေရတာလည်းဖြစ်ပါတယ်။ စိုင်းစိုင်းကတော့ သူ့ပရိသတ်တွေအတွက် နှစ်တိုင်းလည်း […]

အချို့က အနုပညာကြေးသက်သာတဲ့နောက်ကို လိုက်ကြတယ်ဆိုတဲ့ ပတ်ထရစ်ရှာ

April 17, 2020 Wadi 0

ပတ်ထရစ်ရှာဟာ ဟိုးလွန်ခဲ့တဲ့နှစ်တွေကတည်းက အောင်မြင်နေတဲ့ မော်ဒယ်သရုပ်ဆောင်တစ်ဦး ဖြစ်ပြီးထိုင်းမလေးတွေလို ချောမောလွန်းတာကြောင့် ပုရိသတွေရင်ထဲမှာ အသည်းစွဲဖြစ်ရတဲ့ သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ ပတ်ထရစ်ရှာဟာ ဇာတ်ကားတွေရိုက်ရာမှာလည်း သေချာစိစစ်ရွေးချယ်ပြီးရိုက်ကူးတတ်တဲ့ သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ ရှာရှာက မကြာသေးမီက မီဒီယာတွေနဲ့ အင်တာဗျူးမှာ အချို့တွေက အနုပညာကြေးငါးသိန်းဆယ်သိန်းသက်သာတာကို ရွေးကြတယ်လို့ ရင်ဖွင့်လာခဲ့ပါတယ်။ ရှာရှာက ဒီရက်ပိုင်းမှာ ရိုက်ဖို့လွတ်သွားတဲ့ ဇာတ်ကားတွေရှိကြောင်း […]

ဝေဖန်တိုက်ခိုက်နေကြတာတွေနဲ့ပတ်သက်ပြီး တုံ့ပြန်လိုက်တဲ့ နေဒွေး

April 17, 2020 Wadi 0

နေဒွေးဟာဆိုရင် ဟိုးအရင်နှစ်တွေကတည်းက ပရိသတ်တွေအားပေးတာခံရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး အခုထိ အောင်မြင်မှုကိုထိန်းထားနိုင်သလို အနုပညာအလုပ်တွေတစိုက်မတ်မတ်လုပ်နေတဲ့ မင်းသားတစ်လက်ဆိုရင်လည်းမမှားပါဘူး။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်ကစပြီးနေဒွေးနဲ့ ပတ်သက်တဲ့ ကောလလဟတွေက ပရိသတ်တွေကြားထဲမှာ ပျံ့နှံ့ခဲ့တာကြောင့် ဝေဖန်မှုတွေအများအပြားခံခဲ့ရပါသေးတယ်။ နေဒွေးက မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ သူ့ကို ဝေဖန်တိုက်ခိုက်နေကြတာတွေအပေါ် သဘောထားကို ပြောပြသွားခဲ့ပါတယ်။ နေဒွေးက ဝေဖန်တိုက်ခိုက်တာတွေကို စိတ်ညစ်ဖို့အချိန်ကိုမရှိဘူးလို့ “ဒါက […]