ကမၻာ့အခ်မ္းသာဆံုးေဘာလံုးသမားမ်ား

က်ေနာ္တို႔ လူေနမႈဘဝေနထိုင္ျဖတ္သန္းမႈထဲမွာ ကိုယ့္ကုိယ္ကို ေဖ်ာ္ေျဖမႈပံုစံအမ်ိဳးမ်ိဳး႐ိွပါတယ္။ တခိ်ဳ႕ေတြကက် သီခ်င္းနားေထာင္တဲ့သူေတြ႐ိွသလို တခ်ိ႕က်လည္း ႐ုပ္ရွင္ၾကည့္ရတာ၊ စာအုပ္ဖတ္ရတာကို ဝါသနာပါၾကတဲ့သူေတြရိွပါတယ္ ။ ဒါေပမယ့္ ေယာက်္ားေလး အမ်ားစုကေတာ့ ေဘာလံုးပြဲ ၾကည့္ရတာကို ဝါသနာပါၾကသလို ကိုယ္တိုင္လည္း ကိုယ္လက္လႈပ္႐ွားမႈတစ္ခုအေနနဲ႔ ကစားၾကပါတယ္။ အဲ့ဒီေဘာလံုးအားကစားျခင္းကေနလည္း ေၾကးစား ကစားသမားတစ္ေယာက္ ျဖစ္သြားၿပီဆိုရင္ ဝင္ေငြေကာင္းေကာင္းရႏိုင္တဲ့ အေျခေနကိုလည္းေရာက္ရိွလာႏိုင္မွာပါ။ အခုက်ေနာ္တို႔ မိတ္ေဆြေတြကိုတင္ဆက္ေပးခ်င္တဲ့ အေၾကာင္းအရာကေတာ့ က်ေနာ္တို႔ ထင္မထားေလာက္တဲ့ ပမာဏေတြ႐ိွတဲ့ ေငြေၾကးေတြကို ပိုင္ဆိုင္ထားတဲ့ အင္မတန္ ခ်မ္းသာႂကြယ္ဝၾကတဲ့ ေဘာလံုးအားကစားသမားေတြအေၾကာင္းပဲ ျဖစ္ပါတယ္။ သူတို႔ေတြက ဘယ္သူေတြလဲဆိုတာကိုေတာ့ ေအာက္မွာ ဆက္ၿပီး ၾကည့္႐ႈလိုက္ပါဦး ခင္ဗ်ာ ။

၁။ Faiq Bolkiah ( လက္စတာစီးတီး ေဘာလံုးအသင္း)

အသက္၂၁ ႏွစ္သာ႐ိွေသးတဲ့ အေမရိကန္ႏိုင္ငံဖြား ဘရူႏိုင္းႏိုင္ငံရဲ႕ေတာ္ဝင္ေသြးတစ္ေယာက္ျဖစ္တဲ့ Faiq Bolkiah ကိုေတာ့ ပရီးမီးယားလိဂ္ပရိသတ္ေတြ သိပ္စိမ္းမယ္ မထင္ပါဘူး ။ သူက လက္စတာစီးတီးရဲ႕ ကြင္းလယ္ကစားသမားအျဖစ္အခုလက္႐ိွမွာ ကစားေနသူတစ္ေယာက္ျဖစ္ပါတဲ့ အျပင္ ဘရူႏိုင္းႏိုင္ငံ့လက္ေရြးစင္ အသင္းမွာလည္း အဓိကေနရာကေနပါဝင္ ကစားေနရသရသူတစ္ဦးပါ ။ သူရဲ႕ ငယ္ဘဝေတြမွာေတာ့ အာဆင္နယ္၊ ခ်ဲလ္ဆီး ၊ ေဆာက္သမ္တန္ စတဲ့အသင္းေတြမွာ လူငယ္ကစားသမားတစ္ေယာက္အေနနဲ႔ ျဖတ္သန္းခဲ့ဖူးပါတယ္။ သူက တစ္ပတ္လုပ္ခအေမရိကန္ေဒၚလာ ၁၀၀၀ ရၿပီး အခုလက္ရိွမွာေတာ့ သူက ကမၻာ့အခ်မ္းသာဆံုး နံပါ (၁) ေနရာကို အေမရိကန္ေဒၚလာ ၂၀ ဘီလီယံ နဲ႔ ရပ္တည္ေနသူတစ္ေယာက္လည္း ျဖစ္ပါတယ္။

၂။ Cristiano Ronaldo (ဂ်ဴဗင္တပ္စ္)

အသက္ ၃၄ႏွစ္အရြယ္႐ိွတဲ့ မန္ယူပရိသတ္ေတြရဲ႕ တခ်ိန္က အသည္းစြဲ မင္းသားတစ္ပါးျဖစ္ခဲ့ သလို အခုခ်ိန္ထိ ကြင္းတြင္း ကြင္းျပင္ေျခစြမ္းေတြ လွ်မ္းလွ်မ္းေတာက္ေနတဲ့ ကေလးတစ္ေယာက္ရဲ႕ဖခင္ ဒိုေလးကိုေတာ့ အားလံုးသိၾကၿပီး ျဖစ္မွာပါ ။ သူကေတာ့ ၂၀၀၃ ခုႏွစ္မွာ မန္ယူအသင္းကို စတင္ေရာက္ရိွခဲ့ၿပီး ၂၀၀၉ ေဘာလံုးရာသီ အထိမန္ခ်က္စတာၿမိဳ႕ အိုးလ္ထရက္ဖို႔ ကြင္းထဲက ျမက္ခင္းေတြေပၚမွာ ေျပးလႊားခဲ့တသူတစ္ေယာက္ပါ။ အခုလက္ရွိအခ်ိန္မွာေတာ့ အီတီစီရီးေအရဲ႕ ထိပ္တန္းအသင္းတစ္သင္းျဖစ္တဲ့ ဂ်ဳဗင္တပ္စ္အသင္းမွာ ေရာက္ရွိေနတာ ေဘာလံုးတစ္ရာသီေက်ာ္လာခဲ့ပါၿပီ။ အခုသူကေတာ့ ကမၻာ့အခ်မ္းသာဆံုး ေဘာလံုးသမားစာရင္းမွာ ပိုုုင္ဆိုင္မႈ အမရိကန္ေဒၚလာ သန္း၄၅၀ ပိုင္ဆိုင္ထားၿပီး နံပါတ္(၂) ေနရာမွာ ေရာက္ရိွေနသူေတြ လည္းျဖစ္ပါတယ္။

၃။ Lionel Messi ( ဘာစီလိုနာ)

မာယာဒိုနာလို ဂုရုႀကီးရဲ႕ အစဥ္လာႀကီးမာခဲ့တဲ့ နံပါတ္ေတြကို ဝတ္ဆင္ ကစားခြင့္ရသူတစ္ေယာက္ ျဖစ္သလို ကမၻာ့အရည္ေသြးေကာင္းဆံုး ကစားသမားတစ္ေယာက္ အျဖစ္ရပ္တည္ေနႏိုင္တဲ့ မက္ဆီကေတာ့ ေဘာလံုးနဲ႔ပါရမီကိုတြဲၿပီး ၾကည့္ခ်င္သူေတြ အတြက္ ရသအျပည့္အဝေပးႏိုင္တဲ့သူတစ္ဦးျဖစ္ပါတယ္။ သူကေတာ့ ကလပ္အသင္းျဖစ္တဲ့ ဘာစီလိုနာအသင္းအေပၚမွာလည္း တာဝန္ေက်သလို ႐ုန္းကန္ရခက္ခဲတဲ့ အာဂ်င္တီးနားႏိုင္ငံ လက္ေရြးစင္အသင္းမွာလည္း နိုင္ငံသားတာဝန္ကို ေက်ပြန္တယ္ဆိုတာထက္ပိုေအာင္ ကစားေပးေနသူတစ္ေယာက္ဆိုတာကို လည္းအားလံုးသိၾကၿပီးသားပါ။ ပိုင္ဆိုင္မႈအေမရိကန္ေဒၚလာ သန္း၄၀၀နဲ႔ ကမၻာအခ်မ္းသာဆံုး ေဘာလံုးကစားသမားစာရင္းမွာ နံပါတ္ ၃ ေနရာကိုေရာက္ရိွေနသူတစ္ေယာက္ျဖစ္ပါတယ္။

၄။ Zlatan Ibrahimovic (LA Galaxy)

ဆြီဒင္ႏိုင္ငံ ရဲ႕ ျပယုဂ္တစ္ခုလို႔ေတာင္ ေျပာလို႔ရတဲ့ ေဘာလံုးကစားသမား တစ္ေယာက္ျဖစ္ၿပီး ေဘာလံုးစြမ္းရည္နဲ႔ ႏိုင္လိုစိတ္ျပင္းထန္မႈေတြနဲ႔အတူ ျမက္ခင္းစိမ္းေတြေပၚမွာ အေကာင္းဆံုးလွဳပ္ရွားႏိုင္တဲ့ က်ေနာ္တို႔ရဲ႕ ဇာလ္တန္ႀကီး ကိုေတာ့ အားလံုး ဥေရာပလိဂ္ေတြမွာ ျပန္လည္ ျမင္ေယာင္ခ်င္ေနၾကမယ္ထင္ပါတယ္။ ေလာေလာဆယ္မွာေတာ့ အေမရိကန္ ကလပ္တစ္ခုမွာ ေရာက္ရိွေနတဲ့သူက တပတ္လုပ္ခ အေမရိကန္ေဒၚလာ ၂၆၀၀၀ နဲ႔ သြားေရာက္ ကစားေနတာျဖစ္ပါတယ္။ သူကလည္း ကမၻာ့အခ်မ္းသာဆံုး ေဘာလံုးသမားစာရင္းထဲမွာ ပိုင္ဆိုင္မႈအေမရိကန္ေဒၚလာ သန္း ၁၉၀ နဲ႔ နံပါတ္၄ေနရာမွာေရာက္ရိွေနတာျဖစ္ပါတယ္။

၅။ Neymar(PSG)

ေရာ္နယ္ဒင္ဟို အလြန္ကာလေတြရဲ ႕ ဘရာဇီးလက္ေရြးစင္ အသင္းမွာ ပါရမီစကားသမားတစ္ေယာက္ မ်ားျဖစ္ထြန္းလာၿပီလာရယ္လို႔ အားလံုးေမွ်ာ္လင့္ခဲ့ၾကရတဲ့ တစ္ေယာက္ျဖစ္တဲ့ ေနမာ ကလည္း အခုလက္ရိွ ျပင္သစ္ လီဂူးၿပိဳင္ပြဲရဲ႕ထိပ္တန္းကလပ္ အသင္းတစ္ခုျဖစ္တဲ့ PSG မွာ တပတ္လုပ္ခ အေမရိကန္ေဒၚလာ၇၇၅၀၀၀ ရ႐ိွထားတဲ့ တန္ေၾကးႀကီး ကစားသမားတစ္ေယာက္ ျဖစ္ပါတယ္။ က်ေနာ္တို႔ အခုေဖာ္ျပေပးေနတဲ့ အေၾကာင္းအရာေတြထဲက ကမၻာ့အခ်မ္းသာဆံုး ေဘာလံုးကစားသမား ေတြထဲမွာ ပိုင္ဆိုင္မႈအေမရိကန္ေဒၚလာ ၁၈၅သန္းနဲ႔ နံပါတ္ ၅ေနရာမွာခ်ိတ္ထားတာျဖစ္ပါတယ္။

Unicode

ကျနော်တို့ လူနေမှုဘဝနေထိုင်ဖြတ်သန်းမှုထဲမှာ ကိုယ့်ကိုယ်ကို ဖျော်ဖြေမှုပုံစံအမျိုးမျိုးရှိပါတယ်။ တချို့တွေကကျ သီချင်းနားထောင်တဲ့သူတွေရှိသလို တချိ့ကျလည်း ရုပ်ရှင်ကြည့်ရတာ၊ စာအုပ်ဖတ်ရတာကို ဝါသနာပါကြတဲ့သူတွေရှိပါတယ် ။ ဒါပေမယ့် ယောကျ်ားလေး အများစုကတော့ ဘောလုံးပွဲ ကြည့်ရတာကို ဝါသနာပါကြသလို ကိုယ်တိုင်လည်း ကိုယ်လက်လှုပ်ရှားမှုတစ်ခုအနေနဲ့ ကစားကြပါတယ်။ အဲ့ဒီဘောလုံးအားကစားခြင်းကနေလည်း ကြေးစား ကစားသမားတစ်ယောက် ဖြစ်သွားပြီဆိုရင် ဝင်ငွေကောင်းကောင်းရနိုင်တဲ့ အခြေနေကိုလည်းရောက်ရှိလာနိုင်မှာပါ။ အခုကျနော်တို့ မိတ်ဆွေတွေကိုတင်ဆက်ပေးချင်တဲ့ အကြောင်းအရာကတော့ ကျနော်တို့ ထင်မထားလောက်တဲ့ ပမာဏတွေရှိတဲ့ ငွေကြေးတွေကို ပိုင်ဆိုင်ထားတဲ့ အင်မတန် ချမ်းသာကြွယ်ဝကြတဲ့ ဘောလုံးအားကစားသမားတွေအကြောင်းပဲ ဖြစ်ပါတယ်။ သူတို့တွေက ဘယ်သူတွေလဲဆိုတာကိုတော့ အောက်မှာ ဆက်ပြီး ကြည့်ရှုလိုက်ပါဦး ခင်ဗျာ ။

၁။ Faiq Bolkiah ( လက်စတာစီးတီး ဘောလုံးအသင်း)

အသက်၂၁ နှစ်သာရှိသေးတဲ့ အမေရိကန်နိုင်ငံဖွား ဘရူနိုင်းနိုင်ငံရဲ့တော်ဝင်သွေးတစ်ယောက်ဖြစ်တဲ့ Faiq Bolkiah ကိုတော့ ပရီးမီးယားလိဂ်ပရိသတ်တွေ သိပ်စိမ်းမယ် မထင်ပါဘူး ။ သူက လက်စတာစီးတီးရဲ့ ကွင်းလယ်ကစားသမားအဖြစ်အခုလက်ရှိမှာ ကစားနေသူတစ်ယောက်ဖြစ်ပါတဲ့ အပြင် ဘရူနိုင်းနိုင်ငံ့လက်ရွေးစင် အသင်းမှာလည်း အဓိကနေရာကနေပါဝင် ကစားနေရသရသူတစ်ဦးပါ ။ သူရဲ့ ငယ်ဘဝတွေမှာတော့ အာဆင်နယ်၊ ချဲလ်ဆီး ၊ ဆောက်သမ်တန် စတဲ့အသင်းတွေမှာ လူငယ်ကစားသမားတစ်ယောက်အနေနဲ့ ဖြတ်သန်းခဲ့ဖူးပါတယ်။ သူက တစ်ပတ်လုပ်ခအမေရိကန်ဒေါ်လာ ၁၀၀၀ ရပြီး အခုလက်ရှိမှာတော့ သူက ကမ္ဘာ့အချမ်းသာဆုံး နံပါ (၁) နေရာကို အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ နဲ့ ရပ်တည်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

၂။ Cristiano Ronaldo (ဂျူဗင်တပ်စ်)

အသက် ၃၄နှစ်အရွယ်ရှိတဲ့ မန်ယူပရိသတ်တွေရဲ့ တချိန်က အသည်းစွဲ မင်းသားတစ်ပါးဖြစ်ခဲ့ သလို အခုချိန်ထိ ကွင်းတွင်း ကွင်းပြင်ခြေစွမ်းတွေ လျှမ်းလျှမ်းတောက်နေတဲ့ ကလေးတစ်ယောက်ရဲ့ဖခင် ဒိုလေးကိုတော့ အားလုံးသိကြပြီး ဖြစ်မှာပါ ။ သူကတော့ ၂၀၀၃ ခုနှစ်မှာ မန်ယူအသင်းကို စတင်ရောက်ရှိခဲ့ပြီး ၂၀၀၉ ဘောလုံးရာသီ အထိမန်ချက်စတာမြို့ အိုးလ်ထရက်ဖို့ ကွင်းထဲက မြက်ခင်းတွေပေါ်မှာ ပြေးလွှားခဲ့တသူတစ်ယောက်ပါ။ အခုလက်ရှိအချိန်မှာတော့ အီတီစီရီးအေရဲ့ ထိပ်တန်းအသင်းတစ်သင်းဖြစ်တဲ့ ဂျုဗင်တပ်စ်အသင်းမှာ ရောက်ရှိနေတာ ဘောလုံးတစ်ရာသီကျော်လာခဲ့ပါပြီ။ အခုသူကတော့ ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမားစာရင်းမှာ ပိုင်ဆိုင်မှု အမရိကန်ဒေါ်လာ သန်း၄၅၀ ပိုင်ဆိုင်ထားပြီး နံပါတ်(၂) နေရာမှာ ရောက်ရှိနေသူတွေ လည်းဖြစ်ပါတယ်။

၃။ Lionel Messi ( ဘာစီလိုနာ)

မာယာဒိုနာလို ဂုရုကြီးရဲ့ အစဉ်လာကြီးမာခဲ့တဲ့ နံပါတ်တွေကို ဝတ်ဆင် ကစားခွင့်ရသူတစ်ယောက် ဖြစ်သလို ကမ္ဘာ့အရည်သွေးကောင်းဆုံး ကစားသမားတစ်ယောက် အဖြစ်ရပ်တည်နေနိုင်တဲ့ မက်ဆီကတော့ ဘောလုံးနဲ့ပါရမီကိုတွဲပြီး ကြည့်ချင်သူတွေ အတွက် ရသအပြည့်အဝပေးနိုင်တဲ့သူတစ်ဦးဖြစ်ပါတယ်။ သူကတော့ ကလပ်အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းအပေါ်မှာလည်း တာဝန်ကျေသလို ရုန်းကန်ရခက်ခဲတဲ့ အာဂျင်တီးနားနိုင်ငံ လက်ရွေးစင်အသင်းမှာလည်း နိုင်ငံသားတာဝန်ကို ကျေပွန်တယ်ဆိုတာထက်ပိုအောင် ကစားပေးနေသူတစ်ယောက်ဆိုတာကို လည်းအားလုံးသိကြပြီးသားပါ။ ပိုင်ဆိုင်မှုအမေရိကန်ဒေါ်လာ သန်း၄၀၀နဲ့ ကမ္ဘာအချမ်းသာဆုံး ဘောလုံးကစားသမားစာရင်းမှာ နံပါတ် ၃ နေရာကိုရောက်ရှိနေသူတစ်ယောက်ဖြစ်ပါတယ်။

၄။ Zlatan Ibrahimovic (LA Galaxy)

ဆွီဒင်နိုင်ငံ ရဲ့ ပြယုဂ်တစ်ခုလို့တောင် ပြောလို့ရတဲ့ ဘောလုံးကစားသမား တစ်ယောက်ဖြစ်ပြီး ဘောလုံးစွမ်းရည်နဲ့ နိုင်လိုစိတ်ပြင်းထန်မှုတွေနဲ့အတူ မြက်ခင်းစိမ်းတွေပေါ်မှာ အကောင်းဆုံးလှုပ်ရှားနိုင်တဲ့ ကျနော်တို့ရဲ့ ဇာလ်တန်ကြီး ကိုတော့ အားလုံး ဥရောပလိဂ်တွေမှာ ပြန်လည် မြင်ယောင်ချင်နေကြမယ်ထင်ပါတယ်။ လောလောဆယ်မှာတော့ အမေရိကန် ကလပ်တစ်ခုမှာ ရောက်ရှိနေတဲ့သူက တပတ်လုပ်ခ အမေရိကန်ဒေါ်လာ ၂၆၀၀၀ နဲ့ သွားရောက် ကစားနေတာဖြစ်ပါတယ်။ သူကလည်း ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမားစာရင်းထဲမှာ ပိုင်ဆိုင်မှုအမေရိကန်ဒေါ်လာ သန်း ၁၉၀ နဲ့ နံပါတ်၄နေရာမှာရောက်ရှိနေတာဖြစ်ပါတယ်။

၅။ Neymar(PSG)

ရော်နယ်ဒင်ဟို အလွန်ကာလတွေရဲ့ ဘရာဇီးလက်ရွေးစင် အသင်းမှာ ပါရမီစကားသမားတစ်ယောက် များဖြစ်ထွန်းလာပြီလာရယ်လို့ အားလုံးမျှော်လင့်ခဲ့ကြရတဲ့ တစ်ယောက်ဖြစ်တဲ့ နေမာ ကလည်း အခုလက်ရှိ ပြင်သစ် လီဂူးပြိုင်ပွဲရဲ့ထိပ်တန်းကလပ် အသင်းတစ်ခုဖြစ်တဲ့ PSG မှာ တပတ်လုပ်ခ အမေရိကန်ဒေါ်လာ၇၇၅၀၀၀ ရရှိထားတဲ့ တန်ကြေးကြီး ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ ကျနော်တို့ အခုဖော်ပြပေးနေတဲ့ အကြောင်းအရာတွေထဲက ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးကစားသမား တွေထဲမှာ ပိုင်ဆိုင်မှုအမေရိကန်ဒေါ်လာ ၁၈၅သန်းနဲ့ နံပါတ် ၅နေရာမှာချိတ်ထားတာဖြစ်ပါတယ်။

အသက္ ၂၂ ႏွစ္ေအာက္ ကမာၻ႔အေကာင္းဆံုး လူငယ္ကစားသမားမ်ား

ယခုေနာက္ပိုင္းႏွစ္ေတြမွာေတာ့ ေဘာလံုးေလာကမွာေတာ့ ကစားသမား အေျပာင္းအေရႊ႔ေစ်းကြက္ေတြကေတာ့ အရမ္းကိုၾကီးမားလာျပီး ေငြေၾကးေတြလည္း ေဖာင္းပြလာတာကို ေတြ႔ရမွာပါ။ ဒါေၾကာင့္ အသင္းၾကီး ေတာ္ေတာ္မ်ားမ်ားကေတာ့ နာမည္ၾကီး ကစားသမားေတြကို ေစ်းအၾကီးၾကီးေပးျပီး ဝယ္ယူမယ့္အစား လူငယ္ကစားသမားေတြကိုသာ မ်က္စိေတာက္ေထာက္ၾကည့္ခဲ့ၾကျပီး ေျမေတာင္ေျမာက္ေပးခဲ့ၾကပါတယ္။ တခ်ိဳ႔ေသာ လူငယ္ကစားသမားေတြကေတာ့ ပါရမီရွိၾကျပီး အေရာင္တင္ရင္ တင္သလို ေျခစြမ္းေတြ ေတာက္ပလာတာကို ေတြ႔ရပါတယ္။ ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္၊ အက္သလက္တီကို မက္ဒရစ္၊ ပီအက္စ္ဂ်ီ နဲ႔ ဂ်ဴဗင္တပ္စ္ အစရွိတဲ့ အသင္းၾကီးေတြမွာေတာ့ တကယ့္ကို လူငယ္ၾကယ္ပြင့္ေတြမ်ားစြာ ေတြ႔ရပါတယ္။ လက္ရွိခ်ိန္မွာေတာ့ Ousmane Dembele, Frenkie De Jong, Joao Felix, Marcus Rashford, Kai Havertz, Kylian Mbappe အစရွိတဲ့ လူငယ္ကစားသမားေတြကေတာ့ ေျခစြမ္းအေတာက္ပဆံုး ျဖစ္ေနျပီး ေစ်းကြက္မွာလည္း တန္ေၾကးျမင့္ ကစားသမားေတြ ျဖစ္ေနပါျပီ။ ဒါေၾကာင့္ ဒီတေခါက္ေဖာ္ျပေပးခ်င္တာကေတာ့ အသက္ ၂၂ ႏွစ္ေအာက္ ေျခစြမ္းအေတာက္ပဆံုးေသာ လူငယ္ ကစားသမားေတြကို ေဖာ္ျပေပး လိုက္ပါတယ္။

Frenkie De Jong

ဘာစီလိုနာေခၚယူလိုက္တဲ့ ေအဂ်က္ၾကယ္ပြင့္ ကစားသမား De Jong ကေတာ့ အသက္ ၂၂ ႏွစ္ပဲ ရွိပါေသးတယ္။ ဒါေပမယ့္လည္း ေအဂ်က္အသင္းနဲ႔ အတူ ေတာက္ပတဲ့ ေျခစြမ္းကို ျပသခဲ့တာေၾကာင့္ အသင္းၾကီးေတြရဲ့ မ်က္စက်ခဲ့ရတဲ့ ကစားသမား တေယာက္ျဖစ္လာခဲ့ပါတယ္။ ကြင္းလယ္မွာ ေဘာလံုးျဖန္႔တာ ထိန္းခ်ဳပ္တာေတြ အျပစ္ေျပာစရာမရွိတဲ့ De Jong ကေတာ့ သူ႔ရဲ့ Passing Skill, Dribbling Skill ေတြေၾကာင့္လည္း ဘာစီလိုနာ ဂႏၱဝင္ကစားသမား အင္နီေယစတာ တက္သစ္လို႔ေတာင္ ႏႈိင္းယွဥ္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ေဘာလံုးရာသီမွာေတာ့ ေအဂ်က္အသင္းနဲ႔အတူ De Jong ကေတာ့ ရီးရဲလ္မက္ဒရစ္္၊ ဂ်ဳဗင္တပ္စ္ စတဲ့ အသင္းၾကီးေတြကို ခ်န္ပီယံလိဂ္မွာ ျဖဳတ္ခ်ခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဘာစီလိုနာအသင္းကေတာ့ De Jong ကို ေျပာင္းေရႊ႔ေၾကး ယူရို ၇၅ သန္းနဲ႔ ၅ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာ ျဖစ္ပါတယ္။

Trent Alexandar-Arnold

လီဗာပူးလ္နည္းျပျဖစ္တဲ့ ကေလ့ာပ္ကေတာ့ လီဗာပူးလ္အသင္းကို တခ်ိန္ကလို ဥေရာပမွာ အရမ္းအင္အားေတာင့္တင္းျပီး ျပိဳင္ဖက္ေတြ ရွိန္ေလာက္တဲ့ အသင္းအျဖစ္ ပံုသြင္းခဲ့ျပီးပါျပီ။ ဒီလိုမ်ိဳး ကေလာ့ပ္ရဲ့ နည္းဗ်ဴဟာေတြထဲမွာ အရမ္းတိုးတက္လာတဲ့ ကစားသမားျဖစ္တဲ့ ေတာင္ပံကစားသမားေလး အာႏိုးကေတာ့ လက္ရွိမွာ ထိပ္တန္းကစားသမားေတြ ေၾကာက္ရတဲ့ ေနာက္ခံကစားသမားေလး တေယာက္ျဖစ္ေနပါျပီ။ အသက္ ၂၀ သာ ရွိေသးတဲ့ အာႏိုးကေတာ့ ေရွ႔တန္းေလာက္ထိကို လိုက္ပါကစားႏိုင္ျပီး ခံစစ္တိုက္စစ္ မွ်ေအာင္ ကစားေပးတတ္တဲ့ ကစားသမားေလး ျဖစ္ပါတယ္။ အာႏိုးကေတာ့ လြန္ခဲ့တဲ့ ၂၀၁၇-၁၈ ေဘာလံုးရာသီမွာေတာ့ လီဗာပူးလ္ရဲ့ အဓိက ေနာက္ခံကစားသမား ကလိုင္း ဒဏ္ရာရရွိခဲ့တာေၾကာင့္ လူစားထိုးဝင္ေရာက္ကစားခဲ့ျပီး သူ႔ရဲ့ ေျခစြမ္းကို ျပသခဲ့တာေၾကာင့္ ကေလ့ာပ္ရဲ့ ဦးစားေပးျခင္းကိုခံခဲ့ရျပီး ပရိသတ္ေတြ လက္ခံမႈကိုလည္း အျပည့္အဝ ရရွိခဲ့တာ ျဖစ္ပါတယ္။ ျပီးခဲ့တ့ဲ ေဘာလံုးရာသီမွာလည္း လီဗာပူးအသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားၾကီးကို ရရွိခဲ့ပါေသးတယ္။

Ousmane Dembele

ဒမ္ဘီလီရဲ့ ေတာက္ပတဲ့ ေျခစြမ္းကိုေတာ့ ေတာ္ေတာ္မ်ားမ်ားလည္း အဓိကပြဲစဥ္ေတြမွာ ျမင္ဖူးၾကမယ္ ထင္ပါတယ္။ ငယ္ငယ္ရြယ္ရြယ္နဲ႔ ပါရမီရွိတဲ့ ကစားသမား ျဖစ္တာေၾကာင့္ ဘာစီလိုနာအသင္းကေတာ့ ေဒ့ါမြန္ကေနျပီးေတာ့ ၂၀၁၇-၁၈ ေဘာလံုးရာသီမွာေတာ့ ယူရို ၁၀၅ သန္းနဲ႔ ေခၚယူခဲ့တာ ျဖစ္ပါတယ္။ အသက္ ၂၁ ႏွစ္အရြယ္ရွိျပီျဖစ္တဲ့ ဒမ္ဘီလီရဲ့ ေျခစြမ္းေၾကာင့္ အနာဂတ္ရဲ့ Balloon d’Or ဆုရွင္လို႔ေတာင္ သတ္မွတ္ထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒမ္ဘီလီကေတာ့ ဒဏ္ရာျပသာနာေတြကို မၾကာခဏဆိုသလို ရင္ဆိုင္ေနရတဲ့ ကစားသမားျဖစ္တာေၾကာင့္ သူ႔အတြက္ နစ္နာမႈလို႔ေတာင္ ေျပာလို႔ရပါတယ္။ သူ႔ရဲ ့ေဘာလံုးထိန္းခ်ဳပ္စြမ္းရည္နဲ႔ အလိမ္အေခါက္ စြမ္းရည္ကေတာ့ တကယ့္ကို စူပါစတား တေယာက္လိုပါပဲ။ သူကေတာ့ ျပီးခဲ့တဲ့ ကမာၻ႔ဖလားမွာေတာ့ ျပင္သစ္အသင္းနဲ႔ ပူးေပါင္းႏိုင္ခဲ့ျပီး ကမာၻ႔ဖလားကိုလည္း ရရွိခဲ့ပါေသးတယ္။

Jadan Sancho

အဂၤလန္ကစားသမား ျဖစ္တဲ့ ဆန္ခ်ိဳ ကေတာ့ အနာဂတ္မွာ ေတာက္ပလာမယ့္ လူငယ္ကစားသမား အျဖစ္ သတ္မွတ္ျခင္း ခံထားရတာ ျဖစ္ပါတယ္။ အသက္ ၁၉ ႏွစ္သာ ရွိေသးေပမယ့္လည္း ျပီးခဲ့တဲ့ ေဘာလံုးရာသီမွာေတာ့ ေဒါ့မြန္အသင္းနဲ႔ အတူ ေတာက္ပလာတာေၾကာင့္ လူေတြသတိထားမိလာၾကတာ ျဖစ္ပါတယ္။ ျပီးခ့ဲတဲ့ ရာသီမွာေတာ့ ဆန္ခ်ိဳ ဟာ ေဒါ့မြန္အသင္းအတြက္ ၁၃ ဂုိးသြင္းခဲ့ျပီး ၁၉ ဂိုးဖန္တီးေပးခဲ့ပါတယ္။ သူ႔အတြက္ အေကာင္းဆံုး ရာသီတခုျဖစ္ခဲ့ျပီး တိုးတက္ဖို႔အလာအလားေကာင္း မ်ားစြာကုိ ဖန္တီးႏိုင္ခဲ့ပါတယ္။ လက္ရွိမွာေတာ့ သူ႔ကို ဥေရာပအသင္းၾကီးေတြက စိတ္ဝင္စားေနၾကျပီး ေနာက္ပိုင္းႏွစ္ေတြမွာေတာ့ အသင္းၾကီးတသင္းသင္းကို ေရာက္ဖို႔ရွိေနပါတယ္။

Kylian Mbappe

တျခားျဂိဳလ္ကလာတဲ့ ကစားသမားလို႔ေတာင္ တင္စားခံထားရတဲ့ အသက္ ၂၀ သာရွိေသးတဲ့ အမ္ဘတ္ပီ ကေတာ့ ျပီးခဲ့တဲ့ ကမာၻ႔ဖလားမွာလည္း ျပင္သစ္အသင္းအတြက္ ကမာၻ႔ဖလားဆုၾကီးကို ရယူေပးသြားခဲ့ျပီး အေကာင္းဆံုး လူငယ္ကစားသမားဆုကိုလည္း ရရွိခဲ့ပါတယ္။ စီေရာ္နယ္ဒိုနဲ႔ မက္ဆီျပီးတဲ့ ေနာက္မွာေတ့ာ ကမာၻ႔အေကာင္းဆံုး ကစားသမား တေယာက္လည္း ျဖစ္ပါတယ္။ ဖီဖာကလည္း ကမာၻ႔အေကာင္းဆံုး လူငယ္ကစားသမားလို႔ သတ္မွတ္ခံထားရတဲ့ အမ္ဘတ္ပီ ကေတာ့ လက္ရွိမွာ ပီအက္စ္ဂ်ီအသင္းမွာ ကစားေနျပီး ကမာၻ႕အေကာင္းဆံုး တိုက္စစ္ကစားသမားေတြ ျဖစ္တဲ့ ကာဗာနီ၊ ေနမာ တို႔နဲ႔ တဲြဖက္ကစားေနတာ ျဖစ္ပါတယ္။

Unicode

အသက် ၂၂ နှစ်အောက် ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားများ

ယခုနောက်ပိုင်းနှစ်တွေမှာတော့ ဘောလုံးလောကမှာတော့ ကစားသမား အပြောင်းအရွှေ့စျေးကွက်တွေကတော့ အရမ်းကိုကြီးမားလာပြီး ငွေကြေးတွေလည်း ဖောင်းပွလာတာကို တွေ့ရမှာပါ။ ဒါကြောင့် အသင်းကြီး တော်တော်များများကတော့ နာမည်ကြီး ကစားသမားတွေကို စျေးအကြီးကြီးပေးပြီး ဝယ်ယူမယ့်အစား လူငယ်ကစားသမားတွေကိုသာ မျက်စိတောက်ထောက်ကြည့်ခဲ့ကြပြီး မြေတောင်မြောက်ပေးခဲ့ကြပါတယ်။ တချို့သော လူငယ်ကစားသမားတွေကတော့ ပါရမီရှိကြပြီး အရောင်တင်ရင် တင်သလို ခြေစွမ်းတွေ တောက်ပလာတာကို တွေ့ရပါတယ်။ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ အက်သလက်တီကို မက်ဒရစ်၊ ပီအက်စ်ဂျီ နဲ့ ဂျူဗင်တပ်စ် အစရှိတဲ့ အသင်းကြီးတွေမှာတော့ တကယ့်ကို လူငယ်ကြယ်ပွင့်တွေများစွာ တွေ့ရပါတယ်။ လက်ရှိချိန်မှာတော့ Ousmane Dembele, Frenkie De Jong, Joao Felix, Marcus Rashford, Kai Havertz, Kylian Mbappe အစရှိတဲ့ လူငယ်ကစားသမားတွေကတော့ ခြေစွမ်းအတောက်ပဆုံး ဖြစ်နေပြီး စျေးကွက်မှာလည်း တန်ကြေးမြင့် ကစားသမားတွေ ဖြစ်နေပါပြီ။ ဒါကြောင့် ဒီတခေါက်ဖော်ပြပေးချင်တာကတော့ အသက် ၂၂ နှစ်အောက် ခြေစွမ်းအတောက်ပဆုံးသော လူငယ် ကစားသမားတွေကို ဖော်ပြပေး လိုက်ပါတယ်။

Frenkie De Jong
ဘာစီလိုနာခေါ်ယူလိုက်တဲ့ အေဂျက်ကြယ်ပွင့် ကစားသမား De Jong ကတော့ အသက် ၂၂ နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့်လည်း အေဂျက်အသင်းနဲ့ အတူ တောက်ပတဲ့ ခြေစွမ်းကို ပြသခဲ့တာကြောင့် အသင်းကြီးတွေရဲ့ မျက်စကျခဲ့ရတဲ့ ကစားသမား တယောက်ဖြစ်လာခဲ့ပါတယ်။ ကွင်းလယ်မှာ ဘောလုံးဖြန့်တာ ထိန်းချုပ်တာတွေ အပြစ်ပြောစရာမရှိတဲ့ De Jong ကတော့ သူ့ရဲ့ Passing Skill, Dribbling Skill တွေကြောင့်လည်း ဘာစီလိုနာ ဂန္တဝင်ကစားသမား အင်နီယေစတာ တက်သစ်လို့တောင် နှိုင်းယှဉ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့ အေဂျက်အသင်းနဲ့အတူ De Jong ကတော့ ရီးရဲလ်မက်ဒရစ််၊ ဂျုဗင်တပ်စ် စတဲ့ အသင်းကြီးတွေကို ချန်ပီယံလိဂ်မှာ ဖြုတ်ချခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာအသင်းကတော့ De Jong ကို ပြောင်းရွှေ့ကြေး ယူရို ရ၅ သန်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

Trent Alexandar-Arnold
လီဗာပူးလ်နည်းပြဖြစ်တဲ့ ကလေ့ာပ်ကတော့ လီဗာပူးလ်အသင်းကို တချိန်ကလို ဥရောပမှာ အရမ်းအင်အားတောင့်တင်းပြီး ပြိုင်ဖက်တွေ ရှိန်လောက်တဲ့ အသင်းအဖြစ် ပုံသွင်းခဲ့ပြီးပါပြီ။ ဒီလိုမျိုး ကလော့ပ်ရဲ့ နည်းဗျူဟာတွေထဲမှာ အရမ်းတိုးတက်လာတဲ့ ကစားသမားဖြစ်တဲ့ တောင်ပံကစားသမားလေး အာနိုးကတော့ လက်ရှိမှာ ထိပ်တန်းကစားသမားတွေ ကြောက်ရတဲ့ နောက်ခံကစားသမားလေး တယောက်ဖြစ်နေပါပြီ။ အသက် ၂၀ သာ ရှိသေးတဲ့ အာနိုးကတော့ ရှေ့တန်းလောက်ထိကို လိုက်ပါကစားနိုင်ပြီး ခံစစ်တိုက်စစ် မျှအောင် ကစားပေးတတ်တဲ့ ကစားသမားလေး ဖြစ်ပါတယ်။ အာနိုးကတော့ လွန်ခဲ့တဲ့ ၂၀၁၇-၁၈ ဘောလုံးရာသီမှာတော့ လီဗာပူးလ်ရဲ့ အဓိက နောက်ခံကစားသမား ကလိုင်း ဒဏ်ရာရရှိခဲ့တာကြောင့် လူစားထိုးဝင်ရောက်ကစားခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကို ပြသခဲ့တာကြောင့် ကလေ့ာပ်ရဲ့ ဦးစားပေးခြင်းကိုခံခဲ့ရပြီး ပရိသတ်တွေ လက်ခံမှုကိုလည်း အပြည့်အဝ ရရှိခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကြီးကို ရရှိခဲ့ပါသေးတယ်။

Ousmane Dembele
ဒမ်ဘီလီရဲ့ တောက်ပတဲ့ ခြေစွမ်းကိုတော့ တော်တော်များများလည်း အဓိကပွဲစဉ်တွေမှာ မြင်ဖူးကြမယ် ထင်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ပါရမီရှိတဲ့ ကစားသမား ဖြစ်တာကြောင့် ဘာစီလိုနာအသင်းကတော့ ဒေ့ါမွန်ကနေပြီးတော့ ၂၀၁၇-၁၈ ဘောလုံးရာသီမှာတော့ ယူရို ၁၀၅ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒမ်ဘီလီရဲ့ ခြေစွမ်းကြောင့် အနာဂတ်ရဲ့ Balloon d’Or ဆုရှင်လို့တောင် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒမ်ဘီလီကတော့ ဒဏ်ရာပြသာနာတွေကို မကြာခဏဆိုသလို ရင်ဆိုင်နေရတဲ့ ကစားသမားဖြစ်တာကြောင့် သူ့အတွက် နစ်နာမှုလို့တောင် ပြောလို့ရပါတယ်။ သူ့ရဲ ့ဘောလုံးထိန်းချုပ်စွမ်းရည်နဲ့ အလိမ်အခေါက် စွမ်းရည်ကတော့ တကယ့်ကို စူပါစတား တယောက်လိုပါပဲ။ သူကတော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာတော့ ပြင်သစ်အသင်းနဲ့ ပူးပေါင်းနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားကိုလည်း ရရှိခဲ့ပါသေးတယ်။

Jadan Sancho
အင်္ဂလန်ကစားသမား ဖြစ်တဲ့ ဆန်ချို ကတော့ အနာဂတ်မှာ တောက်ပလာမယ့် လူငယ်ကစားသမား အဖြစ် သတ်မှတ်ခြင်း ခံထားရတာ ဖြစ်ပါတယ်။ အသက် ၁၉ နှစ်သာ ရှိသေးပေမယ့်လည်း ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ ဒေါ့မွန်အသင်းနဲ့ အတူ တောက်ပလာတာကြောင့် လူတွေသတိထားမိလာကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာတော့ ဆန်ချို ဟာ ဒေါ့မွန်အသင်းအတွက် ၁၃ ဂိုးသွင်းခဲ့ပြီး ၁၉ ဂိုးဖန်တီးပေးခဲ့ပါတယ်။ သူ့အတွက် အကောင်းဆုံး ရာသီတခုဖြစ်ခဲ့ပြီး တိုးတက်ဖို့အလာအလားကောင်း များစွာကို ဖန်တီးနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ သူ့ကို ဥရောပအသင်းကြီးတွေက စိတ်ဝင်စားနေကြပြီး နောက်ပိုင်းနှစ်တွေမှာတော့ အသင်းကြီးတသင်းသင်းကို ရောက်ဖို့ရှိနေပါတယ်။

Kylian Mbappe
တခြားဂြိုလ်ကလာတဲ့ ကစားသမားလို့တောင် တင်စားခံထားရတဲ့ အသက် ၂၀ သာရှိသေးတဲ့ အမ်ဘတ်ပီ ကတော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာလည်း ပြင်သစ်အသင်းအတွက် ကမ္ဘာ့ဖလားဆုကြီးကို ရယူပေးသွားခဲ့ပြီး အကောင်းဆုံး လူငယ်ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။ စီရော်နယ်ဒိုနဲ့ မက်ဆီပြီးတဲ့ နောက်မှာတေ့ာ ကမ္ဘာ့အကောင်းဆုံး ကစားသမား တယောက်လည်း ဖြစ်ပါတယ်။ ဖီဖာကလည်း ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားလို့ သတ်မှတ်ခံထားရတဲ့ အမ်ဘတ်ပီ ကတော့ လက်ရှိမှာ ပီအက်စ်ဂျီအသင်းမှာ ကစားနေပြီး ကမ္ဘာ့အကောင်းဆုံး တိုက်စစ်ကစားသမားတွေ ဖြစ်တဲ့ ကာဗာနီ၊ နေမာ တို့နဲ့ တွဲဖက်ကစားနေတာ ဖြစ်ပါတယ်။

ပထမဆံုး ရင္ေသြး သားဦးေလး ပိုင္ဆိုင္ခဲ့ျပီျဖစ္တဲ့ ေအာင္သူနဲ႔ ပုိးအိအိခန္႔

ဒီကေန႔ ဇူလုိင္လ ၂၀ ရက္ေန႔မွာေတာ့ ျမန္မာလက္ေရြးစင္ ေဘာလံုးသမား ေအာင္သူရဲ႕ ဇနီးျဖစ္သူ ပုိးအိအိခန္႔ဟာ သူတို႔ရဲ႕ သားဦးေလးကုိ ေအာင္ျမင္စြာ ေမြးဖြားလုိက္ႏိုင္ပါၿပီ။

သရုပ္ေဆာင္ ပုိးအိအိခန္႔ဟာ ဇူလုိင္လ ၂၀ ရက္ေန႔ မနက္ပုိင္းက ထုိင္းႏုိင္ငံ ဘန္ေကာင္ၿမိဳ႕မွာ ပထမဆုံးရင္ေသြးေလး ကုိ ေအာင္ျမင္စြာ ေမြးဖြားလိုက္ၿပီလုိ႔ သိရပါတယ္။

ဇူလုိင္လ ၂၀ ရက္ေန႔ ေန႔လယ္ ၁၂ နာရီက ျမန္မာေဘာလံုးအသင္း အားေပးသူမ်ားအဖြဲ႔ျဖစ္တဲ့ Myanmar Football 12th Players facebook Page မွာ

” အာင္သူ ႏွင့္ ပိုးအိအိခန္႔ တို႔ သားဦးရတနာေလးကို မေန႔က ၁၉ ဂ်ဴလိုင္တြင္ ေအာင္ျမင္စြာေမြးဖြားခဲ့ပါၿပီ။ Congratulations Aung Thu & Poe Ei, MF12-/-Thanks to Ko Tay Zar (MF12_Thailand) for Photo’’ ဆုိၿပီးေတာ့ ေရးသား ဂုဏ္ျပဳထားတာ ေတြ႔ရပါတယ္။

ေအာင္သူဟာ ျမန္မာ့ဂုဏ္ေဆာင္ ေဘာလံုးသမားတစ္ေယာက္ျဖစ္ၿပီး မိန္းကေလး ပရိသတ္မ်ားရဲ႕ အားေပးမႈ ရရွိိထားသူ ျဖစ္သလို ပိုးအိအိခန္႕ဟာလည္း ေယာက်္ားေလးပရိသတ္မ်ားရဲ႕ အားေပးမႈ အခိုင္အမာရရွိထားတဲ့ သရုပ္ေဆာင္ တစ္ေယာက္ပါ။ ေအာင္သူနဲ႔ ပိုးအိအိခန္႔ တုိ႔ရဲ႕ မိသားစု ဓါတ္ပုံေလးကုိလည္း ပူးတြဲ ေဖာ္ျပခဲ့ပါေသးတယ္။

ေအာင္သူနဲ႕ ပိုးအိအိခန္႕တို႕ဟာ လက္ထပ္ထားတာ (၉)လၾကာၿပီးမွာ မဂၤလာပြဲကို ျပဳလုပ္က်င္းပခဲ့တာ ျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္ ေမလ ၃၁ ရက္ေန႔ဟာ သူတုိ႔ ႏွစ္ဦး အတြက္ အိမ္ေထာင္သက္တမ္း ၁ ႏွစ္ျပည့္ၿပီးခဲ့တာျဖစ္ပါတယ္။