H1N1 ထိန်းချုပ်မှု အခြေအနေ တိုးတက်နေကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဘက်က ပြောလာ

ရာသီတုပ်ကွေးရောဂါဖြစ်တဲ့ H1N1 ဖြစ်ပွားမှုကြောင့် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင်လ ၂၈ရက်နေ့အထိ သေဆုံး သူ စုစုပေါင်း ၇၈ ဦးရှိလာပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကူးစက်ရောဂါတိုက်ဖျက် ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဘီဘီစီကိုပြောပါတယ်။

‘ ‘ သေဆုံးသူ ၇၈ ဦးရှိတယ်ဆိုတဲ့ထဲမှာ ရောဂါအခံမရှိဘဲ ရာသီတုပ်ကွေးကြောင့်သေဆုံးတယ်လို့ ပြောလို့ ရ တဲ့သူက ၁၆ယောက်ပဲရှိတယ်။ ကျန်တာက နာတာရှည်လို့ ကျွန်မတို့ သတ်မှတ်တဲ့တခြား ရောဂါနဲ့ တွဲပြီး သေဆုံးတဲ့သူက ၆၂ယောက်ရှိတယ်။ဒါကြောင့် လူသေဆုံးမှုတွေရှိနေတယ်ဆိုပေမယ့် ဒါဟာ ကပ်ရောဂါ အနေ နဲ့ ကြေညာရမယ့်အနေအထားတော့မဟုတ်ဘူး”လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

လက်ရှိမှာ H1N1 ရောဂါပိုးဖြစ်ပွားသူနဲ့ သံသယရှိလူနာဟာ ချင်းပြည်နယ်နဲ့ ရှမ်းအရှေ့ပိုင်းကလွဲလို့ တစ်နိုင်ငံလုံးနီးပါးမှာ ရှိနေတာဖြစ်ပါတယ်။ ဒီထဲကမှ H1N1 သံသယလူနာ ၉၇၀ ဦးကိုစစ်ဆေးရာမှာ ပိုးတွေ့ရှိသူ ၄၀၇ဦးရှိခဲ့ပြီး အဲဒီမှာ သေဆုံးသူ ၇၈ ဦးရှိခဲ့တာဖြစ်ပါတယ်။

ဒီနှစ်မှာ H1N1ရောဂါဟာ ဖြစ်ပွားသူ ၄၀၀ ကျော်မှာ သေဆုံးသူ ၇၈ ဦးရှိနေတဲ့အခြေအနေဖြစ်ပြီး ယခင် h1N1 ကြောင့် လူသေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့ ၂၀၁၇ခုနှစ်မှာတော့ ဖြစ်ပွားသူ တစ်ထောင်ကျော်မှာ ၃၈ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။

‘ ‘ ၂၀၁၇ မှာ ရောဂါဖြစ်ပွားသူ တစ်ထောင်ကျော်မှာ ၃၈ဦးသေဆုံးတယ်လို့ တရားဝင်ထုတ်ပြန်ခဲ့တယ်။ ဒါက h1N1ကြောင့်သေဆုံးရသူ အရေအတွက်ကို သီးသန့်ပြောတာ။ ဒီနှစ်ဆိုရင် h1N1ကြောင့် အဓိက သေ တဲ့သူက ၁၆ဦးပဲရှိတာ။

တခြားရောဂါတွေနဲ့ သေတဲ့သူတွေကိုပါ ထုတ်ပြန်ရတယ်ဆိုတာက မိသားစုဝင် တွေဘာတွေမှာ ဖျားနာတာဘာညာရှိရင် ရောဂါမကူးစက်အောင် ထိန်းချုပ်နိုင်အောင်အတွက် ပွင့်ပွင့် လင်းလင်း ထုတ်ပြန်ရတာဖြစ်တယ်”လို့ လည်း လူသေဆုံးမှုအခြေအနေနဲ့ပတ်သက်ပြီး ဒေါက်တာခင်ခင် ကြီး က ရှင်းပြပါတယ်။

နိုင်ငံတဝန်းလုံးမှာ သေဆုံးသူ ၇၈ ဦးရှိတဲ့ထဲမှာ ရန်ကုန်တိုင်းကရောဂါဖြစ်ပွားမှု အများဆုံးနဲ့သေဆုံးသူ အများဆုံးလည်းဖြစ်ပါတယ်။

” သေဆုံးမှုမြင့်မားတဲ့မြို့နယ်တွေကို ကြည့်ရင် အခြေခံလူတန်းစားအများစုရှိတဲ့ မြို့နယ်တွေကို သွားတွေ့ တယ်။ ဒါတွေဟာ ပြဿနာရှိနိုင်တယ်လို့ ကျွန်တော်ကတော့ယူဆတယ်။ ဥပမာ ဒဂုံမြို့သစ်တောင်ပိုင်း၊ လှိုင်သာယာပေါ့။ အဲဒီမြို့တွေမှာ အများစုက ပျံကျတို့ ကျုးကျော်တို့ တနေ့လုပ်မှ တစ်နေ့စားတွေများပါ တယ်။

ဒီလိုလူတွေက ကျန်းမာရေးပြဿနာဖြစ်တဲ့အခါ လုံလောက်တဲ့အနားယူမှုမပြည့်ဘူး။ လုံလောက်တဲ့ ဆေးဝါးကုသမှုကို မခံယူနိုင်ဘူးဖြစ်နေတာပေါ့။ ဒါကိုသတိပြုဖို့လိုတယ်”လို့ ရန်ကုန်တိုင်းအတွင်း လူသေဆုံးမှုအများဆုံးဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း အထွေထွေရောဂါကု ဆရာဝန် တစ်ဦးဖြစ်တဲ့ဒေါက်တာကျော်သက်စိုးကသုံးသပ်ပြောဆိုပါတယ်။

၇ လတာကာလအတွင်း သေဆုံးသူ ၇၈ ဦးအထိရှိခဲ့ပေမယ့် ရောဂါပိုးတွေ့ရှိသူ အရေအတွက်လည်းကျဆင်း လာနေပြီး မကြာခင် ကာလအတွင်းမှာ ဒီအခြေအနေကို ထိန်းချုပ်နိုင်တော့မှာဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကူးစက်ရောဂါတိုက်ဖျက် ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

‘ ‘ တနည်အားဖြင့် ကျဆင်းပြီလို့ ကြေညာနိုင်မလဲဆိုတော့ တစ်ပတ် နှစ်ပတ်လောက်အတွင်းကြေညာ နိုင်မယ်လို့ ပြောချင်ပါတယ်”လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

ဗစ်တိုရီးယား ပုံကို အများသိအောင် ဖြန့်မယ်လို့ ခြိမ်း​ခြောက်​ခဲ့တဲ့ ​ကျောင်းဆရာ ဝန်ကြီးချုပ်နာမည်ကိုပါ အလွဲသုံးစားလုပ်ခဲ့

လွန်ခဲ့တဲ့ရက်​ပိုင်းအတွင်းက ဗစ်​တိုးရီးယား​လေးကို ရိုင်းပျ​အောက်​တန်းကျစွာ ​စော်​ကားပုတ်​ခတ်​ပြီး အရွယ်မရောက်သေးတဲ့ ကလေး ပုံကို အွန်​လိုင်း​ပေါ် ဖြန့်ပစ်မ​​ယ်လို့ ခြိမ်းခြောက်စော်ကားတဲ့သူ​တစ်​​ယောက်​ရဲ့ ​လုပ်​ရပ်​အတွက်​ Justice For Victoria အဖြစ်​ ရပ်​တည်​ခဲ့ကြတဲ့ ပြည်​သူအများ စိတ်​ဆိုး​ဒေါသထွက်​ခဲ့ကြရပါတယ်​။

သူဟာ ဗစ်​တိုးရီးယား​လေးအမှုကို လိုက်​ပါ​ဆောင်​ရွက်​​နေတဲ့ သက္ကမိုးညိုရဲ့​အ​ကောင့်​မှာ သမီး​လေးကို “ဒီက​လေးမလဲ မုဒိမ်းကျင့်​ခံရ​တော့မှ နာမည်​ကြီး​တော့တာပဲ” လို့ Kha Ma Moe ဆိုတဲ့ အ​ကောင့်​တုနဲ့ လာ​ရောက်​ ​စော်​ကား​ရေးသားသွားတဲ့အပြင်​ကို “ဗစ်​တိုးရီးယားပုံကို ရ​အောင်​ရှာပြီး လိုင်း​ပေါ်ဖြန့်​ပြမယ်​” လို့ ​ယုတ်​မာ​အောက်​တန်းကျပြီး ရုန့်​ရင်းကြမ်းတမ်းစွာ ​ပြောဆို​ရေးသားခဲ့တာဖြစ်​ပါတယ်​။

မ​နေ့ကလဲ သူဟာ Kha Ma Moe အ​ကောင့်​တုကိုပဲ အသုံးပြုပြီး သက္ကမိုးညိုရဲ့ သမီးငယ်​ဖြစ်​သူဓာတ်​ပုံကို အွန်​လိုင်း​ပေါ်တင်ခဲ့ပြန်​ပါတယ်​။ ” ဒုတိယ ဗစ်​တိုးရီးယားလက်​သစ်​ဖြစ်​လာမယ့်​ စပ်​စလူးမ​လေး” လို့ ​ယုတ်​ယုတ်​မာမာ ​ပြောဆို​ရေးသားခဲ့ပြန်​ပါတယ်​။

ဒါ့အပြင်​ကို ဗစ်​တိုးရီးယားကို အ​ကြောင်းပြုပြီး သက္ကမိုးညိုဟာ အလှူ​ငွေ​တွေခိုးသုံး​နေ​ကြောင်း၊ သက္ကမိုးညိုက သူ့ကိုတရားစွဲမယ်​ဆိုရင်​ ရဲစခန်းတင်​မက မ​ကွေးတိုင်း ဝန်​ကြီးချုပ်​နဲ့ပါ ညှိထားပြီးသားဖြစ်​​ကြောင်း အဲ့ဒီ​ကျောင်းဆရာက​ရေးသား​နေတာကိုပါ ​တွေ့ရှိခဲ့ရပြီး –

သက္ကမိုးညိုက မ​ကွေးဝန်​ကြီးချုပ်​ ဦး​အောင်​မိုးညိုကို​မေးမြန်းရာမှာ​တော့ ဝန်ကြီးချုပ်တယောက်ကိုပါ ဆွဲထည့် လိမ်လည်တာသာဖြစ်​​ကြောင်း ဝန်​ကြီးချုပ်​က​ဖြေကြားခဲ့ပြီး ဝန်​ကြီးချုပ်​ကိုယ်​တိုင်​ပါ စိတ်​ဆိုး​ဒေါသထွက်​စရာအထိ ဖြစ်​​ခဲ့ရတာပါ။

သက္ကမိုးညိုက သူ ဘယ်​သူလဲဆိုတာ​ကိုသိရ​အောင်​စုံစမ်း ရှာ​ဖွေ​ဖော်​ထုတ်​ခဲ့ရာမှာ​တော့ သက်ထွဋ်အောင်၊ မကွေးပညာရေးကောလိပ်၊ PPTT 6/19 တန်းပြသင်တန်းဆင်းနေဆဲ ကျောင်းဆရာတစ်​ဦးဖြစ်​တယ်​လို့ အ​ထောက်​အထားသက်​​သေနဲ့တကွ အတိအကျသိခဲ့ရပြီး​နောက်​ –
” သမီးနှစ်ယောက်လုံးကို ယုတ်ယုတ်မာမာ ပြောထားတဲ့သူကို ခွင့်မလွှတ်ပါ။ ​ထောင်​မကျကျ​အောင်​ တရားစွဲဆိုသွားမယ်​” လို့ ဆိုခဲ့ပါတယ်​​။

ဒီ​နေ့မှာ​တော့ မ​ကွေးတိုင်းဝန်​ကြီးချုပ်​က မ​ကွေး ပညာ​ရေး​ကောလိပ်​ ​ကျောင်းအုပ်​ ဆရာမကြီး​ရှေ့​မှောက်​မှာ သက်​ထွဋ်​​အောင် ဆိုသူ ​ကျောင်းဆရာကို ​ခေါ်စစ်​ခဲ့ပါတယ်။

သက်​ထွဋ်​​အောင်​က သူနဲ့ ဝန်ကြီးချုပ်​ နဲ့ ညှိနှိုင်း​ထားပြီးသားဆိုပြီး ရေးထားတာ သူ ဖြစ်ကြောင်း၊ အမှန်​တကယ်​​တော့ ဝန်​ကြီးချုပ်​နဲ့ အရင်​က ​တွေ့ဖူး၊ မြင်​ဖူးခြင်းမရှိသလို ခင်​မင်​ရင်းနှီးပြီး ​ပြောဆို​ဆွေး​နွေးခဲ့ဖူးခြင်းမရှိ​ကြောင်း ဝန်​ခံသွားခဲ့ပါတယ်​။

ဒီဖြစ်​ရပ်​ကို – ” ဒါ ဝန်ကြီးချုပ် နာမည်ကို အလွဲသုံးစား လုပ်တဲ့အတွက်ပါ ကျန်တာလည်း ပေါ်အောင်ဖော်မှာပါ။ စိတ်ချပါ သမီးလေးတွေကို နောက်ထပ် ဘယ်သူမှ မထိပါးစေရပါ” လို့ သက္ကမိုးညိုက ​ဖေ့စ်​ဘွတ်​ခ်​​မှာ ရှင်းပြသွားခဲ့တယ်​။

Source: EFIL-AlinnMyay(အလင်းမြေ)၊ သက္ကမိုးညို

သားဖြစ်သူ ပိုင်ဇေရဲထွန်း တို့ ဇနီးမောင်နှံကို ယုံကြည်ခဲ့မိလို့ ဒုက္ခရောက်နေကြတဲ့ မိဘများ

သာယာပြီး အားကျဖွယ်ကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ပိုင်ဇေရဲထွန်းတို့ မိသားစုဟာ အရမ်းကို ပျော်စရာကောင်းတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဇနီးချောလေးကို ပိုင်ဆိုင်ထားတဲ့ ပိုင်ဇေရဲထွန်းတို့ စုံတွဲဟာ လတ်တလောမှာတော့ ထိုင်းနိုင်ငံမှာသွားရောက် အပန်းဖြေအနားယူနေပါတယ်။

ဒီနေ့မှာတော့ စိတ်မကောင်းစွာနဲ့ပဲ ပိုင်ဇေရဲထွန်း ဇနီးမောင်နှံနဲ့ပတ်သက်ပြီး မိဘနှစ်ဦးရဲ့ ရင်တွင်းခံစားချက်များရေးသားထားတဲ့ စာစုလေးမှာ လူမှုစာမျက်နှာပေါ်မှ တစ်ဆင့်ပြန့်နှံ့ခဲ့တာပဲဖြစ်ပါတယ်။

ဖခင်ဖြစ်သူ ဦးရဲထွန်း ကိုယ်တိုင်ရေးသားထားပြီး သားဖြစ်တဲ့ ပိုင်ဇေရဲထွန်းကို Tag တွဲရေးသားခဲ့ တာပဲဖြစ်ပါတယ်။ အသက်အရွယ်အိုမင်းကာ စိတ်မကောင်းခြင်းများစွာဖြစ်နေတဲ့ မိဘနှစ်ပါးရဲ့ ခံစားချက်တွေကို ဖော်ပြပေးလိုက်ပါတယ်…

“သားပိုင်ဇေနဲ့ သမီး သဲသဲ မင်းတို့ငွေကြေးအခက်အခဲ လိုအပ်နေတဲ့အချိန် ချစ်တဲ့စိတ် ယုံကြည်တဲ့စိတ်တွေနဲ့ အိမ်ဂရန်တွေထုပ်ပေးခဲ့မိလို့အခု ကမ္ဘောဇဘဏ်က တရားစွဲတဲ့အတွက် အသက် ၇၆ နှစ် မစွမ်းမသန် အဖေအိုကြီးနဲ့ နှလုံးရောဂါ သယ် ၇၂ နှစ်ရွယ် မိခင်ကြီးတို့. ကိုယ် ဘာမှ မကျုးလွန်ရဘဲ တရားရုံး သွားနေကြရပြီ. ရင်ထဲ တော်တော် စိတ်မကောင်းဖြစ်ရတယ်. လုပ်ရက်လိုက်တာ ကလေးရယ်. . ကာယဒုက္ခ-စိတ္တဒုက္ခ ဝဋ်ကြွေးတွေပြေ ကြေပါစေ ” လို့ဖခင်ဖြစ်သူက ရေးသားထားခဲ့တာဖြစ်ပါတယ်။

အဆိုပါပို့စ်တင်ပြီး မကြာမီမှာပဲ သားဖြစ်သူ ပိုင်ဇေရဲထွန်းက Tag တွဲထားတာကို ဖြုတ်ခဲ့ပြီး ချွေးမဖြစ်သူကလည်း ပြန်လည်တုန့်ပြန်တဲ့ စာသား တင်ခဲ့ပါတယ်။ ဒါပေမယ့် များမကြာမီပဲ ပြန်ဖျက်သွားခဲ့ပါတယ်။

ပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံဟာ သူတို့ရဲ့ လူမှုအကောင့်တွေမှာ ကောမန့် ပိတ်ခဲ့တာပဲဖြစ်ပါတယ်။

ဘက်ထရီခြောက် အဟောင်းမှုန့်များနဲ့ ပြုလုပ်ထားတဲ့ ကော်ဖီမှုန့််များဖမ်းမိ

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ဒါနန်း ပြည်နယ်က မိသားစုတစ်စုဟာ စားသုံးသူတွေကို ဒုက္ခရောက်စေမယ့် ဆိုးရွားသော ကော်ဖီများ ထုတ်လုပ်လျက်ရှိတာကို ပြည်နယ်ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိရပါတယ်။ ပိုင်ရှင်ဖြစ်သူ Nguyen Thi Loan ရဲ့ ကော်ဖီထုတ်လုပ်ရေးလုပ်ငန်းကို အိမ်နီးနားချင်းတွေရဲ့ သတင်းပေးမှုအရ ပြီးခဲ့တဲ့ တနင်္လာနေ့က ရဲတွေက ၀င်ရောက်စစ်ဆေးခဲ့တာပါ။

ဒီလိုစစ်ဆေးခဲ့ရာမှာ ပြုလုပ်ပြီးသား ကော်ဖီ တန်ချိန်ပေါင်း များစွာနဲ့ အတူ ၊ ဘက်ထရီခြောက် အဟောင်းတွေက ထုတ်လုပ်ထားတဲ့ အမည်းရောင်အမှုန့် ၃၅ ကီလိုဂရမ် အပြင် ရေပုံးနဲ့ ထည့်ထားတဲ့ မည်းညစ်နေတဲ့ရေ ၁၀ ကီလိုဂရမ် ခန့်ကို တွေ့ရှိခဲ့ကြ ပါတယ်။

ထပ်မံ စစ်ဆေးတဲ့အခါမှာတော့ ဒီ ဘက်ထရီခြောက်အမှုန့်တွေနဲ့ မည်းညစ်နေတဲ့ရေတွေကို ကော်ဖီထုတ်လုပ်မှုမှာ ထည့်သုံးတယ် ဆိုတာ သိလိုက်ရပါတယ်။ ဒါကြောင့် ပြည်နယ်ရဲဌာနက ကော်ဖီထုတ်လုပ်သူကို အင်္ဂါနေ့မှာ တရားစွဲဆိုရန် အမှုဖွင့်ခဲ့ပါတယ်။

ပိုင်ရှင်ဖြစ်သူ လွမ်က ဈေးကွက်မှာ ပယ်ချခံထားရတဲ့ ကော်ဖီစေ့များကို ဈေးပေါပေါဖြင့် အမြောက်အများ ၀ယ်ယူကာ ဘက်ထရီခြောက်အမှုန့် ၊
ကော်ဖီရောင် ဆိုးဆေးတို့ဖြင့် ကြိတ်ထောင်း ပေါင်းစပ်ကာ ကော်ဖီများကို ထုတ်လုပ်ခဲ့တယ်လို့ ၀န်ခံပြောကြားခဲ့ပါတယ်။ ရဲတွေ နဲ့ အခြား တာဝန်ရှိသူတွေ သူမရဲ့ အလုပ်ရုံကို ၀င်ရောက်စစ်ဆေး တဲ့အခါ အထက်ပါအန္တရာယ်ဖြစ်စေသော ပစ္စည်းများအပြင် ထုတ်လုပ်ပြီးသားကော်ဖီ ၁၂ တန် ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

ကော်ဖီမှုန့်များကို ဓာတ်ခွဲခန်းမှာ စစ်ဆေးစေခဲ့ရာမှာတော့ ဓာတုဗေဒ ကျွမ်းကျင်ပညာရှင် တွဲဖက်ပါမောက္ခ Tran Hong Con က ကော်ဖီမှုန့် များတွင် လူကို အန္တရာယ်ဖြစ်စေသော ဓာတ်များပါရှိပြီး ၊ ထိုပါရှိသည့် Manganese dioxide သည် ရေတစ်လီတာတွင် ၀.၅ မီလီဂရမ် ပါရုံမျှဖြင့် လူကို အဆိပ်ဖြစ်စေကြောင်း ၊ ယခုမှာမှု အမြောက်အများ ပါဝင်နေသည့် အတွက် လူတွေကို အသက်အန္တရာယ် ဖြစ်စေနိုင်သည် အထိ ဆိုးရွားကြောင်း ဆိုပါတယ်။

ဒါ့အပြင် ဒီကော်ဖီမှုန့်တွေမှာ ခဲ ၊ ပြဒါး ၊ ဇင့် ၊ အာဆင်းနစ် နဲ့ အခြား အဆိပ်ဖြစ်စေမယ့် ဒြပ်စင်တွေပါဝင်နေပြီး ဒီဒြပ်တွေကြောင့် စားသုံးမိ
သူရဲ့ ဦးနှောက် ၊ ကျောက်ကပ် ၊ နှလုံးသွေးကြော လည်ပတ်မှုစနစ် နဲ့ မျိုးပွားမှုဆိုင်ရာစနစ်တွေကို ဆိုးရွားစွာ ပျက်စီးစေနိုင်တယ်လို့
ဗီယက်နမ် အမျိုးသား အဟာရဆိုင်ရာ သင်တန်းကျောင်းမှ အဟာရ ကျွမ်းကျင်ပညာရှင်တစ်ယောက်က ဆိုပါတယ်။

ပိုင်ရှင်ဖြစ်သူ လွမ်ရဲ့ပြောဆိုချက်အရ သူမအလုပ်ရုံမှ ထုတ်လုပ်တဲ့ ကော်ဖီမှုန့်တွေကို ၂၀၁၈ အစပိုင်းကတည်းက ဈေးကွက်အတွင်းသို့
ဖြန့်ဖြူးခဲ့ပြီး ဖြစ်ကြောင်း ၊ ဒီ ၄လအတွင်းမှာတင် အဲဒီကော်ဖီမှုန့် ၃ တန်ခန့်ကို ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ ထိုကော်ဖီမှုန့်
တွေကို ဘယ်ဈေးကွက် ကနေ တစ်ဆင့် ဘယ်နိုင်ငံတွေကို ရောက်ရှိ သွားသလဲဆိုတာကတော့ စစ်ဆေးနေဆဲပါ။

သတင်းမှာ ဒီကော်ဖီမှုန့်ရဲ့ brand ကို မဖော်ပြထားတာကြောင့် မြန်မာကိုလည်း ဒီကော်ဖီမှုန့်တွေ ရောက်မရောက် ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။

ဒါကြောင့် ကော်ဖီမှုန့်တွေ ၀ယ်သောက်တဲ့အခါမှာ ဘာတံဆိပ်မှန်း မသိတဲ့ ၊ အလွန် ဈေးပေါစွာနဲ့ ရနေတဲ့ ကော်ဖီမှုန့်တွေကို ရှောင်ကြပါ။
သိရှိပြီး တရားဝင် ခွင့်ပြုထားတဲ့ တံဆိပ်တွေကိုသာ သောက်သုံးကြပါ။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်စားပြီး အဆိပ်တွေကို မ၀ယ်စားမိစေဖို့
သုတဇုန် မိတ်ဆွေများအတွက် ဒီသတင်းလေးကို မျှဝေလိုက်ပါတယ်ခင်ဗျာ။