မြန်မာတစ်ပြည်လုံး H1N1 ရာသီတုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၈၃ ဦးအထိ ရှိနေ

သြဂုတ် ၁ ရက်အထိ H1N1 ရာသီတုပ်ကွေးရောဂါကြောင့်သေဆုံးသူ ၈၃ ဦးအထိ မြင့်တက်လာကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိအချိန်အထိ ဓာတ်ခွဲ စစ်ဆေးသူ ၁၀၃၃ ဦးအထိရှိပြီး ဆေးစစ်ချက် အတည်ပြုချက်များအရ ရောဂါပိုးတွေ့ရှိသူ ၄၃၉ ဦးအထိ ရှိကြောင်းသိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်ခွဲစစ်ဆေးသူ ၅၀၀ ရှိပြီး ရောဂါပိုးတွေ့ရှိသူ ၂၂၆ ဦးရှိကာ သေဆုံးသူ ၆၂ ဦးရှိကြောင်း သိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် ရောဂါ ဖြစ်သူ ၃၆ ဦးရှိကာ ၅ဦးသေဆုံး၊ ကချင်ပြည်နယ် ရောဂါဖြစ်သူ ၂၅ ဦးတွင် ၁ ဦးသေဆုံး၊ ပဲခူးတွင် ရောဂါဖြစ်သူ ၁၉ ဦးတွင် ၅ ဦးသေဆုံး ၊ မကွေးတွင် ရောဂါဖြစ်သူ ၁၇ ဦးတွင် ၂ ဦးသေဆုံး၊ စစ်ကိုင်းတွင် ရောဂါ ဖြစ်သူ ၉ ဦး တွင် ၃ ဦးသေဆုံး၊ မွန်ပြည်နယ်တွင် ရောဂါဖြစ်သူ ၉ ဦးတွင် ၃ ဦးသေဆုံး ၊ ရှမ်း ပြည်နယ်တွင် ရောဂါ ဖြစ်သူ ၅ ဦးတွင် ၁ ဦးသေဆုံး၊ ရခိုင်ပြည်နယ်တွင် ရောဂါဖြစ်သူ ၂၈ ဦးတွင် သေဆုံးသူ ၁ ဦး ရှိကြောင်းသိရပါတယ်။

၇ လတာကာလအတွင်း သေဆုံးသူ ၈၃ ဦးအထိရှိခဲ့ပေမယ့် ရောဂါပိုးတွေ့ရှိသူ အရေအတွက်လည်းကျဆင်း လာနေပြီး မကြာခင် ကာလအတွင်းမှာ ဒီအခြေအနေကို ထိန်းချုပ်နိုင်တော့မှာဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကူးစက်ရောဂါတိုက်ဖျက် ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

သိန်း သုံးထောင်ဆု အပါအဝင် ထုတ်ယူခြင်းမရှိတဲ့ ထီဆုများကို အစိုးရဘဏ္ဍာအဖြစ် သိမ်းမည်

၂၀၁၉ ခုနှစ် သြဂုတ်လ ၃၀ ရက်အထိ ထုတ်ယူဖို့ ကျန်ရှိနေသေးတဲ့ ထီဆု သိန်းသုံးထောင် ဆုအပါအဝင် သိန်းထီဆုတွေ လာရောက်ထုတ်ယူခြင်းမရှိပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူမယ်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက သတင်းထုတ်ပြန်ပါတယ်။

၂၀၁၈ ခုနှစ် စက်တင်ဘာ (၁) ရက်မှာ ဖွင့်လှစ်ခဲ့တဲ့ (၁၈)ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲမှ ရရှိတဲ့ ဆုလက်မှတ် အပါအဝင် ဆုလက်မှတ်ပေါင်း (၉၉၂၁) ဆုကို လက်ရှိအချိန်ထိ တောင်းခံခြင်းမရှိသေးဘူးလို့ သိရပါတယ်။

အဆိုပါဆုရလက်မှတ်တွေကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့ အထိ ရန်ကုန်နဲ့ မန္တလေးမြို့ အောင်ဘာလေသိန်းဆု ဌာနရုံးခွဲတွေကို တင်ပြပြီး ဆုငွေတွေကို တောင်းခံနိုင်တယ်လို့ဆိုပါတယ်။

(၁၈) ကြိမ်မြောက် ကျပ် ၅၀၀ တန်ထီမှ ထုတ်ယူခြင်းမရှိသေးတဲ့ ဆုမဲစာရင်းအားလုံးကို မြို့နယ် အခွန် ဦးစီးဌာနမှူး ရုံးအသီးသီးမှာ ဒါမှမဟုတ် အစိုးရ ဝဘ်ဆိုဒ်မှာ ကြေညာထားပါတယ်။

အဆိုပါ ဆုမဲတွေမှာ သိန်း သုံးထောင်ဆု ၁ ဆု၊ သိန်းသုံးရာဆု ၄ ဆု၊ သိန်း တစ်ရာဆု ၃ဆု၊ သိန်းငါးဆယ် ဆုတစ်ဆု ၊ သိန်း သုံးဆယ်ဆု ၄ ဆု၊ ဆယ်သိန်းဆု ၇ ဆု၊ သုံးသိန်းဆု ၂၀ ဆု၊ နှစ်သိန်းဆု ၁၄၇ ဆု တို့ ဖြစ်တယ်လို့သိရပါတယ်။

တစ်နှစ်ပြည့်ပြီး ဆုငွေ လာရောက်ထုတ်ယူခြင်းမရှိတဲ့ ထီဆုတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီးနောက် လစဉ် ထီဆုမဲတွေကို ပြန်လည်တိုးမြှင့်ပေးသွားမယ်လို့လည်း ပြည်တွင်းအခွန်ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ပြောခဲ့ပါတယ်။

City Mall မှာ အောင်မြင်စွာ ကျင်းပခဲ့တဲ့ Mobile Legends ပြိုင်ပွဲ

ဇူလိုင်လ ၂၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ City Mall Mobile Legends ပြိုင်ပွဲမှာတော့ Mega Myanmar အသင်းက အနိုင်ရရှိပြီး ပထမဆုကြေးငွေ ကျပ် ၁၀ သိန်းကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

မြန်မာပြည်တွင်းမှာ ဒီဘက်လပိုင်းမှာတင်ကိုပဲ Esports ပြိုင်ပွဲတွေ တော်တော်များများကို ကျင်းပခဲ့သလို ကျင်းပနေဆဲပြိုင်ပွဲတွေဟာလည်း အများအပြားပါပဲ။ ကျင်းပခဲ့တဲ့ Esports ပြိုင်ပွဲတွေမှာ မိုဘိုင်းပြိုင်ပွဲတွေကတော့ အများစုဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လူဆော့အများဆုံးဖြစ်တဲ့ PUBG Mobile နဲ့ Mobile Legends: Bang Bang တို့ရဲ့ပြိုင်ပွဲတွေက အများဆုံးပါပဲ။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း City Mall Mobile Legends Tournament နာမည်ပေးထားတဲ့ Mobile Legends: Bang Bang ပြိုင်ပွဲတစ်ပွဲကို City Mall စိန်ဂျွန်းမှာ ဇူလိုင်လ ၂၇ ရက်နေ့က ယှဉ်ပြိုင်ဆော့ကစားခဲ့ပါတယ်။ ဆုကြေးအနေနဲ့ ပထမဆု ၁၀ သိန်းကျပ်၊ ဒုတိယဆု ၅ သိန်းကျပ်၊ တတိယဆု ၃ သိန်းကျပ် ဆိုပြီးသတ်မှတ်ထားခဲ့ပါတယ်။

ဆုကြေးကို Win Mobile World ၊ ပြိင်ပွဲအတွက် LED ကို Sense Capital ၊ Network ကို 5BB ၊ Food & Drink ကို Pizza Hut Myanmar နဲ့ Max Power Plus တို့က ပါဝင်ကူညီအားဖြည့်ထားတယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲအတွက် လက်ရည်စစ်ပွဲတွေကိုတော့ ဇူလိုင်လ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တို့မှာ အွန်လိုင်းကနေ ကျင်းပခဲ့ပြီးပါပြီ။

လက်ရည်စစ်ပွဲမှာ အသင်းပေါင်း ၆၄ သင်းကိုသာ လက်ခံခဲ့ပြီး အဲဒီအသင်းတွေထဲကမှ ရလဒ်အကောင်းဆုံး ၈ သင်းသာ City Mall စိန်ဂျွန်းမှာကျင်းပမယ့် ပြိုင်ပွဲကြီးကို တက်ရောက်ခွင့် ရရှိခဲ့တာပဲဖြစ်ပါတယ်။ Final အဆင့်ကို တက်ရောက်သွားနိုင်ခဲ့တဲ့ ၈ သင်းကတော့ –

Mega Myanmar, Trojan Esports, Etrigan နဲ့ Narcos Esports တို့လေးသင်းက ဒီပြိုင်ပွဲရဲ့ နောက်ဆုံးရှင်ကျန်ခဲ့တဲ့ လေးသင်းပါ။ ဆီမီးဖိုင်နယ်နှစ်ပွဲဆော့ပြီးတဲ့အခါမှာတော့ Mega Myanmar နဲ့ Trojan Esports တို့က ပြိုင်ဘက်အသင်းတွေကို အနိုင်ယူပြီး နောက်ဆုံးဗိုလ်လုပွဲကြီးကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

ဗိုလ်လုပွဲဟာ အကြိတ်အနယ်ရှိခဲ့ပြီး Mega Myanmar က Trojan Esports ကို 2:0 ရလဒ်နဲ့ အနိုင်ရခဲ့ကာ ဆုကြေးငွေ ၁၀ သိန်းကျပ်ကို ပိုင်ဆိုင်သွားခဲ့ပြီး Trojan Esports ကတော့ ဒုတိယဆု ၅ သိန်းကျပ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ တစ်ဖက်က တတိယလုပွဲမှာလည်း Narcos Esports ကပြိုင်ဘက်အသင်း Etrigan ကို 2:0 နဲ့ အနိုင်ရယူကာ တတိယဆု ဆုကြေးငွေ ၃ သိန်းကျပ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။

၆ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေ ထီပေါက်စဉ် အပြည့်အစုံ

သိန်း ၁ သောင်းခွဲ

  • မ ၇၁၄၂၉၁

သိန်း ၁ သောင်း

  • ကက ၉၈၆၅၄၅

သိန်း ၅ ထောင်

  • ဎ ၃၁၂၀၇၅
  • င ၆၄၈၄၉၆

သိန်း ၂ ထောင်

  • င ၈၄၁၁၂၇
  • န ၈၂၈၇၆၁
  • ဓ ၆၃၂၄၅၀

သိန်း ၁ ထောင်

  • ဎ ၃၁၈၉၄၉
  • ဋ ၉၄၄၉၈၀
  • ည ၅၄၇၃၈၆
  • အ ၃၃၉၉၈၁
  • ဆ ၈၂၅၀၆၈

ဝေဝေဆာဆာ ပဒေသာ ကျပ် ၃ သိန်းဆုမဲများ

  • ဓ ၁၁၁၇၆ (ဓ ၁၁၇၆၀ မှ ဓ ၁၁၁၇၆၉ ထိ)
  • ဂ ၂၅၂၃၃ (ဂ၂၅၂၃၃၀ မွ ဂ ၂၅၂၃၃၉ ထိ)
  • ဟ ၆၁၆၂၅ (ဟ ၆၁၆၂၅၀ မွ ဟ ၆၁၆၂၅၉ ထိ)
  • ဇ ၃၀၈၇၂ (ဇ ၃၀၈၇၂၀ မွ ဇ ၃၀၈၇၂၉ ထိ)
  • ဘ ၅၁၁၀၁ (ဘ ၅၁၁၀၁၀ မွ ဘ ၅၁၁၀၁၉ ထိ)
  • ကက ၇၄၄၂၃ (ကက ၇၄၄၂၃၀ မွ ကက ၇၄၄၂၃၉ ထိ)
  • ကဂ ၇၄၅၃၁ (ကဂ ၇၄၅၃၁၀ မွ ကဂ ၇၄၅၃၁၉ ထိ)
  • န ၆၆၉၆၅ (န ၆၆၉၆၅၀ မွ န ၆၆၉၆၅၉ ထိ)
  • ယ ၁၆၀၆၄ (ယ ၁၆၀၆၄၀ မွ ယ ၁၆၀၆၄၉ ထိ)
  • င ၅၈၈၄၉ (င ၅၈၈၄၉၀ မွ င ၅၈၈၄၉၉ ထိ)
  • ဠ ၇၂၀၇၄ (ဠ ၇၂၀၇၄၀ မွ ဠ ၇၂၀၇၄၉ ထိ)
  • ဏ ၁၉၃၈၇ (ဏ ၁၉၃၈၇၀ မွ ဏ ၁၉၃၈၇၉ ထိ)
  • ဟ ၃၀၉၈၅ (ဟ ၃၀၉၈၅၀ မွ ဟ ၃၀၉၈၅၉ ထိ)
  • င ၃၇၇၂၈ (င ၃၇၇၂၈၀ မွ င ၃၇၇၂၈၉ ထိ)
  • က ၈၃၈၄၉ (က ၈၃၈၄၉၀ မွ က ၈၃၈၄၉၉ ထိ)

ဝေဝေဆာဆာ ပဒေသာ ကျပ်၂ သိန်းဆုမဲများ

  • ဒ ၂၆၅၄ (ဒ ၂၆၅၄၀၀ မှ ဒ ၂၆၅၄၉၉ ထိ)
  • စ ၁၈၇၈ (စ ၁၈၇၈၀၀ မှ စ ၁၈၇၈၉၉ ထိ)
  • ခ ၇၅၄၄ (ခ ၇၅၄၄၀၀ မှ ခ ၇၅၄၄၉၉ ထိ)
  • င ၄၆၇၆ (င ၄၆၇၆၀၀ မှ င ၄၆၇၆၉၉ ထိ)
  • လ ၃၉၆၃ (လ ၃၉၆၃၀၀ မှ လ ၃၉၆၃၉၉ ထိ)
  • ခ ၇၆၅၈ (ခ ၇၆၅၈၀၀ မှ ခ ၇၆၅၈၉၉ ထိ)
  • အ ၉၇၉၇ ( အ ၉၇၉၇၀၀ မှ အ ၉၇၉၇၉၉ ထိ)
  • လ ၂၁၈၄ ( လ ၂၁၈၄၀၀ မှ လ ၂၁၈၄၉၉ ထိ)
  • က ၄၂၉၉ ( က ၄၂၉၉၀၀ မှ က ၄၂၉၉၉၉ ထိ)
  • ဂ ၉၃၆၂ ( ဂ ၉၃၆၂၀၀ မှ ဂ ၉၃၆၂၉၉ ထိ)
  • ဟ ၇၂၇၇ ( ဟ ၇၂၇၇၀၀ မှ ဟ ၇၂၇၇၉၉ ထိ)
  • ဇ ၇၇၇၃ ( ဇ ၇၇၇၃၀၀ မှ ဇ ၇၇၇၃၉၉ ထိ)
  • န ၄၂၀၅ ( န ၄၂၀၅၀၀ မှ န ၄၂၀၅၉၉ ထိ)
  • ဃ ၉၅၆၅ ( ဃ ၉၅၆၅၀၀ မှ ဃ ၉၅၆၅၉၉ ထိ)
  • ပ ၄၄၉၁ ( ပ ၄၄၉၁၀၀ မှ ပ ၄၄၉၁၉၉ ထိ)

ဝေဝေဆာဆာ ပဒေသာ ကျပ် ၁ သိန်းဆုမဲများ

  • ဗ ၆၈၅ ( ဗ ၆၈၅၀၀၀ မှ ဗ ၆၈၅၉၉၉ ထိ)
  • စ ၇၃၁ ( စ ၇၃၁၀၀၀ မှ စ ၇၃၁၉၉၉ ထိ)
  • ဋ ၁၁၁ ( ဋ ၁၁၁၀၀၀ မှ ဋ ၁၁၁၉၉၉ ထိ)
  • ကဂ ၈၈၀ ( ကဂ ၈၈၀၀၀၀ မှ ကဂ ၈၈၀၉၉၉ ထိ)
  • သ ၅၈၄ ( သ ၅၈၄၀၀၀ မှ သ ၅၈၄၉၉၉ ထိ)
  • ဟ ၉၉၂ ( ဟ ၉၉၂၀၀၀ မှ ဟ ၉၉၂၉၉၉ ထိ)
  • ဂ ၉၀၃ ( ဂ ၉၀၃၀၀၀ မှ ဂ ၉၀၃၉၉၉ ထိ)
  • င ၉၀၅ ( င ၉၀၅၀၀၀ မှ င ၉၀၅၉၉၉ ထိ)
  • ဃ ၁၄၁ ( ဃ ၁၄၁၀၀၀ မှ ဃ ၁၄၁၉၉၉ ထိ)
  • ယ ၅၅၂ ( ယ၅၅၂၀၀၀ မှ ယ ၅၅၂၉၉၉ ထိ)
  • ယ ၂၂၅ ( ယ ၂၂၅၀၀၀ မှ ယ ၂၂၅၉၉၉ ထိ)
  • ဝ ၃၂၀ ( ဝ ၃၂၀၀၀၀ မှ ဝ ၃၂၀၉၉၉ ထိ)
  • ထ ၄၅၇ ( ထ ၄၅၇၀၀၀ မှ ထ ၄၅၇၉၉၉ ထိ)
  • ရ ၇၆၆ ( ရ ၇၆၆၀၀၀ မှ ရ ၇၆၆၉၉၉ ထိ)
  • ဋ ၇၇၄ ( ဋ ၇၇၄၀၀၀ မှ ဋ ၇၇၄၉၉၉ ထိ)
  • န ၁၂၄ ( န ၁၂၄၀၀၀ မှ န ၁၂၄၉၉၉ ထိ)
  • ဎ ၆၂၀ ( ဎ ၆၂၀၀၀၀ မှ ဎ ၆၂၀၉၉၉ ထိ)
  • ပ ၇၁၃ ( ပ ၇၁၃၀၀၀ မှ ပ ၇၁၃၉၉၉ ထိ)

ဝေဝေဆာဆာ ပဒေသာ ကျပ် ၅ သောင်းဆုမဲများ

  • ဗ ၇၈ ( ဗ ၇၈၀၀၀၀ မှ ဗ ၇၈၉၉၉၉ ထိ)
  • ဝ ၉၁ ( ဝ ၉၁၀၀၀၀ မှ ဝ ၉၁၉၉၉၉ ထိ)
  • ည ၄၃ ( ည ၄၃၀၀၀၀ မှ ည ၄၃၉၉၉၉ ထိ)
  • ဆ ၈၆ ( ဆ ၈၆၀၀၀၀ မှ ဆ ၈၆၉၉၉၉ ထိ)
  • တ ၅၂ ( တ ၅၂၀၀၀၀ မှ တ ၅၂၉၉၉၉ ထိ)
  • က ၁၈ ( က ၁၈၀၀၀၀ မှ က ၁၈၉၉၉၉ ထိ)
  • လ ၃၅ ( လ ၃၅၀၀၀ မှ လ ၃၅၉၉၉၉ ထိ)
  • လ ၁၆ ( လ ၁၆၀၀၀၀ မှ လ ၁၆၉၉၉၉ ထိ)

ထီပေါက်စဉ် မပြီးသေးပါ … အချိန်နှင့်တပြေးညီ ထည့်သွင်း ဖော်ပြ ပေးနေပါသည်။ ထီပေါက်စဉ် live ကို တိုက်ရိုတ် ကြည့်ရှု့နိုင်ပါသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ် ၁၁၈ လမ်းတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုအား CID က ကိုင်တွယ်စုံစမ်းနေ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မင်္ဂလာညွှန့်ရပ်ကွက်၊ အမှတ် (၇၉/၄၁) ၄ လွှာတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုအား မှုခင်းသတင်းတပ်ဖွဲ့ (CID) မှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရင်းမြစ်တခုမှ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၃၀ ရက်နေ့မနက် ၄ နာရီကျော်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာတောင်ညွန့်ရပ်ကွက်၊ ၁၁၈ လမ်းထိပ်၊ အမှတ်(၇၉/၄၁) (၄)လွှာ တိုက်ခန်းအား လူတဦးက ဖောက်ထွင်းဝင်ရောက်စဉ် အိမ်ရှင်များနိုးလာသည့်အတွက် ၎င်းက အိမ်ရှင်များကိုဓားဖြင့်ထိုးကာ ပစ္စည်များလုယူထွက်ပြေးခဲ့ရာ အိမ်ရှင်အမျိုးသားမှာ ရရရှိသည့်ဓားဒဏ်ရာများဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ ဇနီးဖြစ်သူမှာ ကျောကုန်းတွင် ဓါးဒဏ်ရာများ(စိုးရိမ်ရ) ရရှိခဲ့ခြင်းဖြစ်သည်။

“ဖြစ်စဉ်ကတော့ ည ၂ နာရီနဲ့၊ ၃ နာရီကြားမှာ သေတယ်လို့သိရတယ်။ ကျောမှာ ဓားဒဏ်ရာအပြည့်နဲ့ မနက် ၆ နာရီလောက်ကျတော့ တာဝန်ရှိပုဂ္ဂိုလ်တွေက သွားတယ်ပေါ့နော်။ သွားပြီး တံခါးကိုခေါက်တော့ သေဆုံးတဲ့သူရဲ့အမျိုးသမီးက တံခါးကိုဖွင့်ပေးတယ်။ အဲ့ဒီ တခါးဖွင့်ပေးတဲ့အမျိုးသမီးမှာလဲ ဒဏ်ရာရတယ်။ ဆေးရုံးတက်ရောက်ကုသနေတယ်။ အဲဒီနေ့က CID က လာစစ်တယ်။ လက်ဗွေလာယူသွားတယ်လို့တော့သိရတယ်”ဟု သတင်းရင်းမြစ်တခုက ပြောသည်။

သေဆုံးသူမှာ ကိုနိုင်ထွန်းအောင်(၃၄)နှစ်ဖြစ်ပြီး ဇနီးဖြစ်သူ မစန္ဒာလှိုင်(၃၁)နှစ်မှာ ရရှိသည့်ဒဏ်ရာများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ခွဲစိတ်ကုသမှုခံယူလျှက်ရှိသည်။ လက်ရှိအချိန်တွင် ၄င်းတို့၏ကလေးအား အဘိုး၊ အဘွားများက စောင့်ရှောက်ထားကြောင်း သိရသည်။

“ဖြစ်တဲ့ညက အော်သံဟစ်သံတွေတော့ အဲဒီအခန်းကကြားတယ်။ ဒါပေမယ့် ဘယ်သူမှသွားမကြည့်ကြဘူး။ မနက်ကျမှ တာဝန်ရှိသူတွေ သွားမှသိရတာ။ သူခိုးက၀င်ခိုးချိန် အိမ်ရှင်တွေနိုးလို့ ဓားနဲ့ထိုးပြေးတယ်လို့တော့ သိရတာပဲ”ဟု အမှတ် ၁၁၈ လမ်းနေသူတဦးက ပြောသည်။

အဆိုပါအမှုအား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း(ပ)၅၄၅ /၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၂၆ (လူသတ်မှု/ ထက်သောလက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်းနှင့် အမှုဖြစ်ပွားရသည့် အကြောင်းအရင်းအား ဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်း ဇူလိုင် ၃၁ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင်၂၉ ရက်ကလည်း လှိုင်သာယာ၊ ပေါ်ဆန်းမွှေး (၄) လမ်းရှိ အိမ်တအိမ်တွင် လူတဦးကကျူးကျော်ဝင်ရောက်ကာ အိမ်ရှင် လင်မယားအား ဓားဖြင့်ထိုးသည့်အတွက် အိမ်ရှင်အမျိုးသမီးမှာ နေရာတွင်သေဆုံးခဲ့ပြီး အမျိုးသားဖြစ်သူမှာ ရန်ကုန်ဆေးရုံကြီးတွင် အရေးပေါ်တက်ရောက်ကုသလျှက်ရှိသည်။

ယင်းဖြစ်စဉ်တွင် အိမ်ရှင်၏သမီးဖြစ်သူက တရားခံအား အနီးရှိမီးပူဖြင့် ရိုက်နှက်ပြီး ရဲလက်သို့အပ်နိုင်ခဲ့ကြောင်း သိရသည်။

TCM