ဥဳံဖြဇာတ္ကားထဲက အၾကင္နာေပးတဲ့ ဇာတ္ဝင္ခန္း အေၾကာင္း ေျပာျပသြားတဲ့ ခိုင္သင္းၾကည္

ခိုင္သင္းၾကည္ဟာဆိုရင္ သြက္လက္ထက္ျမက္ၿပီး ခ်စ္စရာေကာင္းတဲ့ ပုံစံေလးနဲ႔ လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကတည္းက ပရိသတ္ေတြရဲ႕ႏွလုံးသားကိုအပိုင္သိမ္းထားခဲ့တာပါ။ လက္ရွိမွာ မခိုင္ေလးက သာယာလွပတဲ့မိသားစုဘဝေလးနဲ႔ ခ်စ္ဖို႔ေကာင္းတဲ့ သမီးေခ်ာေလးနဲ႔၊ ဝါသနာပါတဲ့အႏုပညာေတြကိုဆက္တိုက္လုပ္ေနရင္း ေပ်ာ္႐ႊင္စရာဘဝေလးကိုျဖတ္သန္းလ်က္ရွိပါတယ္။ မခိုင္ေလး က မၾကာခင္မွာ ႐ုံတင္ေတာ့မယ့္ ဥဳံဖြ ႐ုပ္ရွင္ဇာတ္ကားႀကီးမွာလည္း ပါဝင္သ႐ုပ္ေဆာင္ထားပါေသးတယ္။ ဥဳံဖြဇာတ္ကားႀကီးဟာဆိုရင္ ေအာင္ရဲလင္း၊ ခိုင္သင္းၾကည္၊မိုးဒီ၊ ကင္းေကာင္အျပင္ ခင္လႈိင္နဲ႔ အျခားေသာ႐ုပ္ရွင္သ႐ုပ္ေဆာင္ေပါင္းမ်ားစြာ ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ပရိသတ္ေတြအတြက္ ဘဝအေမာေတြေျပေစမယ့္ ဟာသဇာတ္ကားေကာင္းတစ္ကားလို႔ဆိုႏိုင္ပါတယ္။ ခိုင္သင္းၾကည္က မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာ ဥဳံဖြ ဇာတ္ကားႀကီး႐ိုက္တုန္းက အမွတ္တရေတြနဲ႔ အနမ္းခန္းေတြ႐ိုက္ရတဲ့အေတြ႕အႀကဳံကိုေျပာျပသြားခဲ့ပါတယ္။

ခိုင္သင္းၾကည္က ဥဳံဖြဇာတ္ကားထဲက ကာ႐ိုက္တာကို “ဥဳံဖြထဲမွာက သူက ျဖစ္ေလ့ျဖစ္ထရွိတဲ့ဟာသမ်ိဳးမဟုတ္ဘူးေပါ့ေနာ္။ ကြဲျပားတဲ့ပုံစံေလးေတြေပါ့။ မခိုင္ဆိုရင္ ဒီထဲမွာက ဘာဘီ႐ုပ္ေလးေတြကို ႐ူးသြပ္တဲ့ အဲ့လိုပုံစံေလးေပါ့ ။ ထူးျခားတယ္ေပါ့ေနာ္ ဒီကားေလးက။ မခိုင္ လုပ္ကြက္ရွိတဲ့ ကာ႐ိုက္တာေလးမွာ ထူးျခားတဲ့ပုံစံေလးကို လုပ္ခြင့္ရတယ္ေပါ့ေနာ္” လို႔ ေျပာျပသြားခဲ့ပါတယ္။

မခိုင္ေလးက ဒီဇာတ္ကားထဲက ဖက္ရွင္ေတြအေၾကာင္းကိုလည္း “ဘာဘီလိုမ်ိဳးဝတ္ရတာဆိုေတာ့ေလ ပုံမွန္ အိမ္ေနရင္းဆိုလည္း ဘာဘီလိုပဲ ဝတ္ေနရတာေလ။ အိမ္ေနရင္းဆိုလည္း ဘာဘီပုံစံေလးနဲ႔ အျပင္ထြက္ရင္လည္း ဘာဘီလိုေလးဝတ္ေနရတာေလ။ အဲ့ဒီထဲက အင္တာနက္မွာ ဘာဘီပုံစံေလးေတြကို download ဆြဲၿပီးေတာ့ ဒီဇိုင္နာေလးေတြက ခ်ဳပ္ေပးထားတာဆိုေတာ့ က်န္မေနခဲ့ဘူးေပါ့ေနာ္။ ပုံမွန္ဝတ္ေနက်ေတြဆိုရင္ေတာ့ ေခတ္ေအာက္ရင္ေအာက္သြားမွာေပါ့”လို႔ ေျဖၾကားထားပါတယ္။

ဥံဳဖြ ရုပ္ရွင္အထူးပြဲမွာ ေတြ႕ရတဲ႔ မခိုင္ေလး

ဥဳံဖြ ဇာတ္ကား ႐ိုက္ကြင္းက အေတြ႕အႀကဳံေတြကိုေတာ့ မခိုင္ေလးက “အဲ့ဒီတုန္းကဆိုရင္ ႐ိုက္ကြင္းမွာလည္း အရမ္းေပ်ာ္စရာေကာင္းတယ္။ ဟာသေတြလုပ္ေနၾကတာေလ။ အေမခ်ိဳတို႔ဘာတို႔ဆိုရင္လည္း အရမ္းေပ်ာ္စရာေကာင္းတယ္”လို႔ေျပာထားၿပီး ဒီဇာတ္ကားထဲမွာက ဦးကင္းေကာာင္ပါေတာ့ ဦးကင္းကိုလည္း သတိရေၾကာင္း “ဦးကင္းမရွိေတာ့တဲ့အခါက်ေတာ့ မခိုင္လည္း ေၾကာ္ျငာေလးေတြျပန္ၾကည့္ရင္ ဦးကင္းကို အရမ္းသတိရတာပဲ။ ဦးကင္းဆိုတာက မခိုင္တို႔နဲ႔ ဇာတ္ကားတင္မကဘူး ေၾကာ္ျငာေတြမွာပါ အရမ္းကိုအတြဲညီခဲ့တဲ့ ဟာသသ႐ုပ္ေဆာင္တစ္ေယာက္ဆိုေတာ့ေလ။
အခုအခ်ိန္မွာေတာ့ အရမ္းသတိရပါတယ္။ ဒီကားေလး႐ုံတင္ခ်ိန္မွာ သူ႔ကိုရွိေစခ်င္တာေပါ့” လို႔ ရင္ဖြင့္ထားပါတယ္။

ဇာတ္ကားထဲမွာပါတဲ့ အနမ္းခန္းေတြနဲ႔ ပက္သက္ၿပီးေတာ့လည္း “မနမ္းပါဘူး။ ဒီလိုပါပဲ။ နမ္းလည္း ဘာမွမျဖစ္ပါဘူး။ ကိုယ့္ေမာင္ႏွမေတြဆိုေတာ့ေလ ဒါေတြကေတာ့ ကိုယ့္ေမာင္ႏွမေတြပါပဲ။ တကယ္ေတာ့ မနမ္းပါဘူး၊ နမ္းတဲ့ပုံစံေလးရ္ိုက္လိုက္တာပါ”လို႔ ေျဖၾကားသြားပါတယ္။

ဥံဳဖြ ရုပ္ရွင္အထူးပြဲမွာ ေတြ႕ရတဲ႔ မခိုင္ေလး

ဥဳံဖြဇာတ္ကားႀကီးဟာဆိုရင္ လာမယ့္ 12.3.2020 မွာ ႐ုံတင္ျပသေတာ့မွာျဖစ္ပါတယ္။ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးလည္း မခိုင္ေလးနဲ႔ ေအာင္ရဲလင္းတို႔ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ဥဳံဖြဇာတ္ကားႀကီးကိုသြားေရာက္ၾကည့္ရႉၿပီး ဘဝအေမာေတြေျဖေဖ်ာက္လိုက္ပါလို႔ တိုက္တြန္းလိုက္ပါတယ္။

Unicode

ခိုင်သင်းကြည်ဟာဆိုရင် သွက်လက်ထက်မြက်ပြီး ချစ်စရာကောင်းတဲ့ ပုံစံလေးနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ပရိသတ်တွေရဲ့နှလုံးသားကိုအပိုင်သိမ်းထားခဲ့တာပါ။ လက်ရှိမှာ မခိုင်လေးက သာယာလှပတဲ့မိသားစုဘဝလေးနဲ့ ချစ်ဖို့ကောင်းတဲ့ သမီးချောလေးနဲ့၊ ဝါသနာပါတဲ့အနုပညာတွေကိုဆက်တိုက်လုပ်နေရင်း ပျော်ရွှင်စရာဘဝလေးကိုဖြတ်သန်းလျက်ရှိပါတယ်။ မခိုင်လေး က မကြာခင်မှာ ရုံတင်တော့မယ့် ဥုံဖွ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဥုံဖွဇာတ်ကားကြီးဟာဆိုရင် အောင်ရဲလင်း၊ ခိုင်သင်းကြည်၊မိုးဒီ၊ ကင်းကောင်အပြင် ခင်လှိုင်နဲ့ အခြားသောရုပ်ရှင်သရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေအတွက် ဘဝအမောတွေပြေစေမယ့် ဟာသဇာတ်ကားကောင်းတစ်ကားလို့ဆိုနိုင်ပါတယ်။ ခိုင်သင်းကြည်က မီဒီယာတွေနဲ့ အင်တာဗျူးမှာ ဥုံဖွ ဇာတ်ကားကြီးရိုက်တုန်းက အမှတ်တရတွေနဲ့ အနမ်းခန်းတွေရိုက်ရတဲ့အတွေ့အကြုံကိုပြောပြသွားခဲ့ပါတယ်။

ခိုင်သင်းကြည်က ဥုံဖွဇာတ်ကားထဲက ကာရိုက်တာကို “ဥုံဖွထဲမှာက သူက ဖြစ်လေ့ဖြစ်ထရှိတဲ့ဟာသမျိုးမဟုတ်ဘူးပေါ့နော်။ ကွဲပြားတဲ့ပုံစံလေးတွေပေါ့။ မခိုင်ဆိုရင် ဒီထဲမှာက ဘာဘီရုပ်လေးတွေကို ရူးသွပ်တဲ့ အဲ့လိုပုံစံလေးပေါ့ ။ ထူးခြားတယ်ပေါ့နော် ဒီကားလေးက။ မခိုင် လုပ်ကွက်ရှိတဲ့ ကာရိုက်တာလေးမှာ ထူးခြားတဲ့ပုံစံလေးကို လုပ်ခွင့်ရတယ်ပေါ့နော်” လို့ ပြောပြသွားခဲ့ပါတယ်။

မခိုင်လေးက ဒီဇာတ်ကားထဲက ဖက်ရှင်တွေအကြောင်းကိုလည်း “ဘာဘီလိုမျိုးဝတ်ရတာဆိုတော့လေ ပုံမှန် အိမ်နေရင်းဆိုလည်း ဘာဘီလိုပဲ ဝတ်နေရတာလေ။ အိမ်နေရင်းဆိုလည်း ဘာဘီပုံစံလေးနဲ့ အပြင်ထွက်ရင်လည်း ဘာဘီလိုလေးဝတ်နေရတာလေ။ အဲ့ဒီထဲက အင်တာနက်မှာ ဘာဘီပုံစံလေးတွေကို download ဆွဲပြီးတော့ ဒီဇိုင်နာလေးတွေက ချုပ်ပေးထားတာဆိုတော့ ကျန်မနေခဲ့ဘူးပေါ့နော်။ ပုံမှန်ဝတ်နေကျတွေဆိုရင်တော့ ခေတ်အောက်ရင်အောက်သွားမှာပေါ့”လို့ ဖြေကြားထားပါတယ်။

ဥုံဖွ ဇာတ်ကား ရိုက်ကွင်းက အတွေ့အကြုံတွေကိုတော့ မခိုင်လေးက “အဲ့ဒီတုန်းကဆိုရင် ရိုက်ကွင်းမှာလည်း အရမ်းပျော်စရာကောင်းတယ်။ ဟာသတွေလုပ်နေကြတာလေ။ အမေချိုတို့ဘာတို့ဆိုရင်လည်း အရမ်းပျော်စရာကောင်းတယ်”လို့ပြောထားပြီး ဒီဇာတ်ကားထဲမှာက ဦးကင်းကောာင်ပါတော့ ဦးကင်းကိုလည်း သတိရကြောင်း “ဦးကင်းမရှိတော့တဲ့အခါကျတော့ မခိုင်လည်း ကြော်ငြာလေးတွေပြန်ကြည့်ရင် ဦးကင်းကို အရမ်းသတိရတာပဲ။ ဦးကင်းဆိုတာက မခိုင်တို့နဲ့ ဇာတ်ကားတင်မကဘူး ကြော်ငြာတွေမှာပါ အရမ်းကိုအတွဲညီခဲ့တဲ့ ဟာသသရုပ်ဆောင်တစ်ယောက်ဆိုတော့လေ။
အခုအချိန်မှာတော့ အရမ်းသတိရပါတယ်။ ဒီကားလေးရုံတင်ချိန်မှာ သူ့ကိုရှိစေချင်တာပေါ့” လို့ ရင်ဖွင့်ထားပါတယ်။

ဇာတ်ကားထဲမှာပါတဲ့ အနမ်းခန်းတွေနဲ့ ပက်သက်ပြီးတော့လည်း “မနမ်းပါဘူး။ ဒီလိုပါပဲ။ နမ်းလည်း ဘာမှမဖြစ်ပါဘူး။ ကိုယ့်မောင်နှမတွေဆိုတော့လေ ဒါတွေကတော့ ကိုယ့်မောင်နှမတွေပါပဲ။ တကယ်တော့ မနမ်းပါဘူး၊ နမ်းတဲ့ပုံစံလေးရ်ိုက်လိုက်တာပါ”လို့ ဖြေကြားသွားပါတယ်။

ဥုံဖွဇာတ်ကားကြီးဟာဆိုရင် လာမယ့် 12.3.2020 မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ပြောချင်လွန်းလို့ပရိသတ်ကြီးလည်း မခိုင်လေးနဲ့ အောင်ရဲလင်းတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဥုံဖွဇာတ်ကားကြီးကိုသွားရောက်ကြည့်ရှူပြီး ဘဝအမောတွေဖြေဖျောက်လိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

က်ပ္သိန္း (၁၂၀၀) လိမ္လည္မႈျဖင့္ ေထာင္ဒဏ္တစ္ႏွစ္ က်ခံရမယ့္ ေမသန္းႏု

သာယာေပ်ာ္႐ႊင္ေနတဲ့ မိသားစုဘဝေလးမွာ ေမွ်ာ္လင့္မထားတဲ့ မုန္တိုင္းေတြလည္း ေရာက္လာတတ္ပါတယ္။ ဒါ႐ိုက္တာ စင္ေရာ္ေမာင္ေမာင္နဲ႔ သ႐ုပ္ေဆာင္ ေမသန္းႏုတို႔ရဲ႕ အိမ္ေထာင္ေရးမွာ အဆင္မေျပမႈေတြ ရွိခဲ့ေပမဲ့ သားျဖစ္သူ မင္းသန္႔ေမာင္ေမာင္အတြက္ ႏွစ္ဦးသား ၿငိမ္းခ်မ္းေရး ျပန္ယူထားခဲ့တာ ျဖစ္ပါတယ္။

ဇင္ေယာ္ေမာင္ေမာင္နဲ႔ ခြဲေနၿပီး ေနာက္ပိုင္းမွာေတာ့ ေမသန္းႏုတစ္ေယာက္ ေငြေတြ လိမ္လည္တယ္ဆိုတဲ့ သတင္းထြက္လာၿပီး ပုဒ္မ (၄၂၀) နဲ႔ တရားရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၆ ၊ ဒီဇင္ဘာလက တရားလိုျဖစ္သူ ေဒၚစန္းစန္းျမင့္မွ ေနၿပီး ေဆာက္လုပ္ေရးပိုက္ဆံ က်ပ္သိန္း (၁၂၀၀) လိမ္လည္မႈနဲ႔ ေမသန္းႏုကို တရားစြဲဆိုထားခဲ့တာပါ။တရားရင္ဆိုင္ခဲ့ရတာ (၃) ႏွစ္ေက်ာ္ၾကာျမင့္လာခ်ိန္မွာေတာ့ ရန္ကင္းၿမိဳ႕နယ္ တရား႐ုံးမွေနၿပီး ေမသန္းႏုကို အလုပ္ႏွင့္ေထာင္ဒဏ္ တစ္ႏွစ္ကို ၂၀၂၀ ၊ ဇန္နဝါရီ (၂) ရက္ေန႔မွာ ခ်မွတ္ၿပီး အင္းစိန္အက်ဥ္းေထာင္ကို ပို႔ေဆာင္လိုက္တာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ သားျဖစ္သူ မင္းသန္႔ေမာင္ေမာင္ရဲ႕ “တိမ္ေတြေပၚကပန္း” ႐ုပ္ရွင္ကားႀကီးအတြက္ မိဘႏွစ္ပါးလုံး ပံ့ပိုးမႈေတြ ေပးခဲ့သလို သားေလး ေပ်ာ္႐ႊင္ဖို႔အတြက္ မီဒီယာေတြေရွ႕မွာ ေပ်ာ္ခ်င္ေယာင္ ေဆာင္ခဲ့ရတာ ျဖစ္ပါတယ္။ ပရိသတ္ေတြက စင္ေရာ္ေမာင္ေမာင္ကို ေမသန္းႏုအတြက္ မားမားမတ္မတ္ ရပ္တည္ေပးမလားလို႔ ေမးခြန္းထုတ္ခ်ိန္မွာေတာ့ စင္ေရာ္ေမာင္ေမာင္က ခုလို ေရးသားေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္၏ သားျဖစ္သူအတြက္ သား၏ မိခင္ႏွင့္ ပတ္သက္၍ ရင္ႏွင့္အမွ် သားေရာ ကြၽန္ေတာ္ေရာ ခံစားမိပါသည္။ သို႔ျဖစ္ပါ၍ လိုအပ္ေသာ အခ်ိန္က်မွသာလွ်င္ မီဒီယာမ်ားႏွင့္ ကြၽန္ေတာ္တို႔ သားအဖႏွစ္ေယာက္ ေတြ႕ဆုံမည္ ျဖစ္ပါသည္။ ယခုအခ်ိန္အခါတြင္ သားျဖစ္သူ၏ မိခင္အတြက္ ကြၽန္ေတာ္ အေကာင္းဆုံး ႀကိဳးစားေဆာင္႐ြက္လ်က္ ရွိပါေၾကာင္း အသိေပး ေမတၱာရပ္ခံအပ္ပါသည္။” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။သ႐ုပ္ေဆာင္ မင္းသမီး ေမသန္းႏုတစ္ေယာက္ အာမခံနဲ႔ အျမန္ဆုံး လြတ္ေျမာက္ၿပီး မိခင္တစ္ေယာက္ တာဝန္ေတြ ျပန္လည္ထမ္းေဆာင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Unicode

သာယာပျော်ရွှင်နေတဲ့ မိသားစုဘဝလေးမှာ မျှော်လင့်မထားတဲ့ မုန်တိုင်းတွေလည်း ရောက်လာတတ်ပါတယ်။ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ သရုပ်ဆောင် မေသန်းနုတို့ရဲ့ အိမ်ထောင်ရေးမှာ အဆင်မပြေမှုတွေ ရှိခဲ့ပေမဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်အတွက် နှစ်ဦးသား ငြိမ်းချမ်းရေး ပြန်ယူထားခဲ့တာ ဖြစ်ပါတယ်။

ဇင်ယော်မောင်မောင်နဲ့ ခွဲနေပြီး နောက်ပိုင်းမှာတော့ မေသန်းနုတစ်ယောက် ငွေတွေ လိမ်လည်တယ်ဆိုတဲ့ သတင်းထွက်လာပြီး ပုဒ်မ (၄၂၀) နဲ့ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ၊ ဒီဇင်ဘာလက တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်မှ နေပြီး ဆောက်လုပ်ရေးပိုက်ဆံ ကျပ်သိန်း (၁၂၀၀) လိမ်လည်မှုနဲ့ မေသန်းနုကို တရားစွဲဆိုထားခဲ့တာပါ။

တရားရင်ဆိုင်ခဲ့ရတာ (၃) နှစ်ကျော်ကြာမြင့်လာချိန်မှာတော့ ရန်ကင်းမြို့နယ် တရားရုံးမှနေပြီး မေသန်းနုကို အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်ကို ၂၀၂၀ ၊ ဇန်နဝါရီ (၂) ရက်နေ့မှာ ချမှတ်ပြီး အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်လိုက်တာ ဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ သားဖြစ်သူ မင်းသန့်မောင်မောင်ရဲ့ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ကားကြီးအတွက် မိဘနှစ်ပါးလုံး ပံ့ပိုးမှုတွေ ပေးခဲ့သလို သားလေး ပျော်ရွှင်ဖို့အတွက် မီဒီယာတွေရှေ့မှာ ပျော်ချင်ယောင် ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ ပရိသတ်တွေက စင်ရော်မောင်မောင်ကို မေသန်းနုအတွက် မားမားမတ်မတ် ရပ်တည်ပေးမလားလို့ မေးခွန်းထုတ်ချိန်မှာတော့ စင်ရော်မောင်မောင်က ခုလို ရေးသားပြောကြားခဲ့ပါတယ်။

“ကျွန်တော်၏ သားဖြစ်သူအတွက် သား၏ မိခင်နှင့် ပတ်သက်၍ ရင်နှင့်အမျှ သားရော ကျွန်တော်ရော ခံစားမိပါသည်။ သို့ဖြစ်ပါ၍ လိုအပ်သော အချိန်ကျမှသာလျှင် မီဒီယာများနှင့် ကျွန်တော်တို့ သားအဖနှစ်ယောက် တွေ့ဆုံမည် ဖြစ်ပါသည်။ ယခုအချိန်အခါတွင် သားဖြစ်သူ၏ မိခင်အတွက် ကျွန်တော် အကောင်းဆုံး ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်း အသိပေး မေတ္တာရပ်ခံအပ်ပါသည်။” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။သရုပ်ဆောင် မင်းသမီး မေသန်းနုတစ်ယောက် အာမခံနဲ့ အမြန်ဆုံး လွတ်မြောက်ပြီး မိခင်တစ်ယောက် တာဝန်တွေ ပြန်လည်ထမ်းဆောင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဦးထြန္းလြင္အတြက္ သမီးျဖစ္သူရဲ႕ ေနာက္ဆံုးႏႈတ္ဆက္စာ

မိုးေလဝသႏွင့္ ဇလေဗဒ ပညာရွင္ ေဒါက္တာ ဦးထြန္းလြင္ ကြယ္လြန္သြားျခင္းဟာ ျမန္မာနို္င္ငံရဲ႕ အစားထိုးမရနုိင္တဲ့ ဆံုးရံႈးမႈၾကီးပါ။ ဆရာၾကီးရဲ႔ အခ်ိန္နဲ႔ တစ္ေျပးညီ မိုးေလဝသ သံုးသပ္ခ်က္ေတြကို မွီခိုအားကိုးေနရတဲ့ ပင္လယ္ငါးဖမ္းလုပ္ငန္းလုပ္ကိုင္သူေတြနဲ႔ ေတာင္သူလယ္သမားေတြအတြက္လည္း အားကိုးရာမဲ့သြားရတဲ့ ဝမ္းနည္းစရာျဖစ္ရပ္ၾကီးဆိုရင္မမွားပါဘူး။ တစ္နုိင္ငံလံုးက မိဘျပည္သူလူအမ်ားနဲ႔ ဦးထြန္းလြင္ကုိေလးစားျမတ္နိုးၾကသူေတြဟာ ဦးထြန္းလြင္ရဲ႕စ်ာပနကုိလုိက္ပါပို႔ေဆာင္ခဲ့ၾကပါတယ္။

ဦးထြန္းလြင္ဆံုးပါးသြားျခင္းဟာ တစ္နုိင္ငံလံုးအတြက္ ၾကီးမားတဲ့ ဆံုးရံႈးမႈၾကီးျဖစ္သလို ဦးထြန္းလြြင္ရဲ႕ မိသားစုေတြအတြက္လည္း ေဖာ္မျပတတ္ေအာင္ ယူၾကံဳးမရဝမ္းနည္းေၾကကြဲရတဲ့ျဖစ္ရပ္ၾကီးပါ။ ဦးထြန္းလြင္ရဲ႕ သမီးျဖစ္သူ မျမတ္စုထြန္းလြင္ဟာလည္း ဖခင္ျဖစ္သူကိုဆံုးရံႈးလိုက္ရျခင္းအတြက္ေျဖမဆည္နို္င္ေအာင္ခံစားေနရျပီး သူမရဲ႕ ခံစားခ်က္ေတြ ပူေဆြးဝမ္းနည္းမႈေတြကုိ လူမႈကြန္ယက္မွာ ရင္ဖြင့္ထားတာကုိလည္းေတြ႕ရပါတယ္။

မျမတ္စုထြန္းလြင္က သူမရဲ႕ လူမႈကြန္ယက္မွာ ဦးထြန္းလြင္ကို မဆံုးပါးခင္ေနာက္ဆံုးရိုက္ထားတဲ့ဓာတ္ပံုေလးနဲ႔ ေဖေဖ့အတြက္ ေနာက္ဆံုးစာဆိုျပီးစာေလးတစ္ေစာင္ေရးထားတာေတြ႕ရပါတယ္။

“ေဖေဖ့အတြက္ ေနာက္ဆံုးစာ ၆.၁၁.၂၀၁၉ (ဗုဒၶဟူးေန႔)၊ ငယ္စဥ္ကေလးဘဝ ေဖေဖ ေလယာဥ္ေပၚတက္သြားတိုင္းငါက်န္ခဲ့ၿပီဆိုၿပီးငို ငို ခဲ့ဖူးတယ္…ေနာက္ေတာ့ခဏတာခရီးပဲလို႔ေက်နပ္တတ္ခဲ့တယ္။လူငယ္အရြယ္ေဖေဖ ေဆးရံုတက္တိုင္းငါတို႔ကို ထားသြားရင္ဆိုၿပီးပူေဆြးခဲ့ဖူးတယ္…ခုေတာ့သံသရာခရီး ဆံုဦးမွာပဲလို႔သတိမျပတ္ ဆင္ျခင္မွတ္ေပမယ့္…သံေယာဇဥ္ထု ႀကီးမားလြန္းေတာ့မ်က္ရည္အလိုလို က်က်လာတယ္။ေဖေဖေကာင္းရာသုဂတိလားပါေစ။(မဆံုးခင္ နာရီပိုင္းအလိုေနာက္ဆံုးရိုက္သြားေသာပံုအမွတ္တရ)”

လုိ႔ေရးထားတဲ့စာေလးကုိေၾကကြဲဖြယ္ေတြ႕ရပါတယ္။

 

ဦးထြန္းလြင္ရဲ႕ စ်ာပနကို ဦးေက်ာ္သူေခါင္းေဆာင္တဲ့ နာေရးကူညီမႈအသင္းက ေရေဝးသုႆန္မွာ ခမ္းခမ္းနားနားျပဳလုပ္ေပးခဲ့ျပီး ဦးထြန္းလြင္ရဲ႕ မိသားစုေတြနဲ႔ ျပည္သူေတြေတာ္ေတာ္မ်ားမ်ားက ဦးထြန္းလြင္ရဲ႕ေနာက္ဆံုးခရီးကုိ ေၾကကြဲဝမ္းနည္းစြာလုိက္ပါပို႔ေဆာင္ေပးခဲ့ၾကပါတယ္။ နို္င္ငံအေပၚမွာတာဝန္ေက်လြန္ျပီး စိတ္ထားေကာင္းတဲ့ ဦးထြန္းလြင္တစ္ေယာက္ ေကာင္းရာသုဂတိလားပါေစလို႔ဆုေတာင္းေပးလိုက္ရပါတယ္။

Unicode

မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ဦးထွန်းလွင် ကွယ်လွန်သွားခြင်းဟာ မြန်မာနိုင်ငံရဲ့ အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုကြီးပါ။ ဆရာကြီးရဲ့ အချိန်နဲ့ တစ်ပြေးညီ မိုးလေဝသ သုံးသပ်ချက်တွေကို မှီခိုအားကိုးနေရတဲ့ ပင်လယ်ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ တောင်သူလယ်သမားတွေအတွက်လည်း အားကိုးရာမဲ့သွားရတဲ့ ဝမ်းနည်းစရာဖြစ်ရပ်ကြီးဆိုရင်မမှားပါဘူး။ တစ်နိုင်ငံလုံးက မိဘပြည်သူလူအများနဲ့ ဦးထွန်းလွင်ကိုလေးစားမြတ်နိုးကြသူတွေဟာ ဦးထွန်းလွင်ရဲ့ဈာပနကိုလိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

ဦးထွန်းလွင်ဆုံးပါးသွားခြင်းဟာ တစ်နိုင်ငံလုံးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးဖြစ်သလို ဦးထွန်းလွင်ရဲ့ မိသားစုတွေအတွက်လည်း ဖော်မပြတတ်အောင် ယူကြုံးမရဝမ်းနည်းကြေကွဲရတဲ့ဖြစ်ရပ်ကြီးပါ။ ဦးထွန်းလွင်ရဲ့ သမီးဖြစ်သူ မမြတ်စုထွန်းလွင်ဟာလည်း ဖခင်ဖြစ်သူကိုဆုံးရှုံးလိုက်ရခြင်းအတွက်ဖြေမဆည်နိုင်အောင်ခံစားနေရပြီး သူမရဲ့ ခံစားချက်တွေ ပူဆွေးဝမ်းနည်းမှုတွေကို လူမှုကွန်ယက်မှာ ရင်ဖွင့်ထားတာကိုလည်းတွေ့ရပါတယ်။

မမြတ်စုထွန်းလွင်က သူမရဲ့ လူမှုကွန်ယက်မှာ ဦးထွန်းလွင်ကို မဆုံးပါးခင်နောက်ဆုံးရိုက်ထားတဲ့ဓာတ်ပုံလေးနဲ့ ဖေဖေ့အတွက် နောက်ဆုံးစာဆိုပြီးစာလေးတစ်စောင်ရေးထားတာတွေ့ရပါတယ်။ “ဖေဖေ့အတွက် နောက်ဆုံးစာ ၆.၁၁.၂၀၁၉ (ဗုဒ္ဓဟူးနေ့)၊ ငယ်စဉ်ကလေးဘဝ ဖေဖေ လေယာဉ်ပေါ်တက်သွားတိုင်းငါကျန်ခဲ့ပြီဆိုပြီးငို ငို ခဲ့ဖူးတယ်…နောက်တော့ခဏတာခရီးပဲလို့ကျေနပ်တတ်ခဲ့တယ်။လူငယ်အရွယ်ဖေဖေ ဆေးရုံတက်တိုင်းငါတို့ကို ထားသွားရင်ဆိုပြီးပူဆွေးခဲ့ဖူးတယ်…ခုတော့သံသရာခရီး ဆုံဦးမှာပဲလို့သတိမပြတ် ဆင်ခြင်မှတ်ပေမယ့်…သံယောဇဉ်ထု ကြီးမားလွန်းတော့မျက်ရည်အလိုလို ကျကျလာတယ်။ဖေဖေကောင်းရာသုဂတိလားပါစေ။(မဆုံးခင် နာရီပိုင်းအလိုနောက်ဆုံးရိုက်သွားသောပုံအမှတ်တရ)”

လို့ရေးထားတဲ့စာလေးကိုကြေကွဲဖွယ်တွေ့ရပါတယ်။

ဦးထွန်းလွင်ရဲ့ ဈာပနကို ဦးကျော်သူခေါင်းဆောင်တဲ့ နာရေးကူညီမှုအသင်းက ရေဝေးသုဿန်မှာ ခမ်းခမ်းနားနားပြုလုပ်ပေးခဲ့ပြီး ဦးထွန်းလွင်ရဲ့ မိသားစုတွေနဲ့ ပြည်သူတွေတော်တော်များများက ဦးထွန်းလွင်ရဲ့နောက်ဆုံးခရီးကို ကြေကွဲဝမ်းနည်းစွာလိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။ နိုင်ငံအပေါ်မှာတာဝန်ကျေလွန်ပြီး စိတ်ထားကောင်းတဲ့ ဦးထွန်းလွင်တစ်ယောက် ကောင်းရာသုဂတိလားပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။

ဦးထြန္းလြင္ကြယ္လြန္ေၾကာင္း က်န္ရစ္သူ မိသားစု အသိေပး

ဆရာႀကီး ဦးထြန္းလြင္ကြယ္လြန္သြားခဲ့ပါၿပီ။ ကြယ္လြန္သြားေၾကာင္းကိုေတာ့ ဆရာႀကီးရဲ႕ အေေ ကာင့္ကေန က်န္ရစ္သူ မိသားစုေတြက အသိေပး ထားခဲ့ပါတယ္။ ဒီေန႔ ညေန ၆နာရီ ၅၇ မိနစ္မွာ ကြယ္လြန္သြားခဲ့တယ္လို႔ သိရပါတယ္။

က်န္ရစ္သူမိသားစုကေတာ့” Dr. ထြန္းလြင္ညေန ၆နာရီ ၅၇မိနစ္တြင္
ကြယ္လြန္အနိစၥေရာက္ပါသည္။ မိသားစုဝင္မ်ား လတ္တေလာလက္ခံစကားမေျပာႏိုင္ေသးသည္ကို နားလည္ေပးပါရန္ ေမတၱာရပ္ခံအပ္ပါသည္။ အေသးစိတ္အစီအစဥ္မ်ားကိုထပ္မံေၾကညာေပးပါမည္။ – က်န္ရစ္သူမိသားစု” ဆိုျပီး ဆရာၾကီးရဲ႕ အေကာင္႔ကေန တင္ထားခဲ႔တာပါ။

ဆရာၾကီး ဦးထြန္းလင္ကြယ္လြန္တယ္ဆိုျပီး ေကာလာဟလေတြ မၾကာေသးခင္ကေလည္း သတင္းထြက္လာခဲ႔ျပီး ဆရာၾကီးက သူသက္သာေၾကာင္းကို အားလံုးသိေအာင္ အခုလို  ေျပာျပခဲ႔ပါေသးတယ္။ “အားလုံးပဲ က်န္းမာေတာ္မူၾကပါစခင္ဗ်ာ။
က်ေနာ္ ဘာမွမျဖစ္ပါဘူး။ အေျခအေနေကာင္းပါတယ္၊။ ေဆး႐ုံမွာအရင္ေန႔ေတြကထက္ပိုၿပီးသက္သာလာပါၿပီ။ တကူးတကစိတ္ပူေပးၾကသူေတြ အားလုံးကိုေက်းဇူးတင္ပါတယ္။ ေကာလဟာလေတြကို မယုံၾကဖို႔တိုက္တြန္းခ်င္ပါတယ္” အဲ႔ဒီေနာက္မွာေတာ႔ အားလံုးကလည္း ဆရာၾကီး ျပန္သက္သာလာဖို႔ကိုပဲ ဝိုင္းဝန္း ဆုေတာင္းေနခဲ႔ၾကတာပါ။

ဒါေပမယ္႔ ဒီေန႔ညေနမွာေတာ႔ ဆရာၾကီး ကြယ္လြန္သြားခဲ႔ပါျပီ။ မန္မာႏိုင္ငံအတြက္ တကယ္႔ကို တန္ဖိုးထားစရာ ပညာရွင္တစ္ဦး ျဖစ္တဲ႔ ဆရာၾကီး ဦးထြန္းလြင္က သူခ်စ္တဲ႔ ျမန္မာႏိုင္ငံကို ထားရစ္ခဲ႔ပါျပီ။

ဆရာၾကီး ေကာင္းရာမြန္ရာမွာ ျငိမ္းခ်မ္းေစဖို႔ ဆုေတာင္းေပးရင္း …။

Unicode

ဆရာကြီး ဦးထွန်းလွင်ကွယ်လွန်သွားခဲ့ပါပြီ။ ကွယ်လွန်သွားကြောင်းကိုတော့ ဆရာကြီးရဲ့ အေေ ကာင့်ကနေ ကျန်ရစ်သူ မိသားစုတွေက အသိပေး ထားခဲ့ပါတယ်။ ဒီနေ့ ညနေ ၆နာရီ ၅၇ မိနစ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

ကျန်ရစ်သူမိသားစုကတော့” Dr. ထွန်းလွင်ညနေ ၆နာရီ ၅၇မိနစ်တွင်
ကွယ်လွန်အနိစ္စရောက်ပါသည်။ မိသားစုဝင်များ လတ်တလောလက်ခံစကားမပြောနိုင်သေးသည်ကို နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ အသေးစိတ်အစီအစဉ်များကိုထပ်မံကြေညာပေးပါမည်။ – ကျန်ရစ်သူမိသားစု” ဆိုပြီး ဆရာကြီးရဲ့ အကောင့်ကနေ တင်ထားခဲ့တာပါ။

ဆရာကြီး ဦးထွန်းလင်ကွယ်လွန်တယ်ဆိုပြီး ကောလာဟလတွေ မကြာသေးခင်ကလေည်း သတင်းထွက်လာခဲ့ပြီး ဆရာကြီးက သူသက်သာကြောင်းကို အားလုံးသိအောင် အခုလို  ပြောပြခဲ့ပါသေးတယ်။ “အားလုံးပဲ ကျန်းမာတော်မူကြပါစခင်ဗျာ။
ကျနော် ဘာမှမဖြစ်ပါဘူး။ အခြေအနေကောင်းပါတယ်၊။ ဆေးရုံမှာအရင်နေ့တွေကထက်ပိုပြီးသက်သာလာပါပြီ။ တကူးတကစိတ်ပူပေးကြသူတွေ အားလုံးကိုကျေးဇူးတင်ပါတယ်။ ကောလဟာလတွေကို မယုံကြဖို့တိုက်တွန်းချင်ပါတယ်” အဲ့ဒီနောက်မှာတော့ အားလုံးကလည်း ဆရာကြီး ပြန်သက်သာလာဖို့ကိုပဲ ဝိုင်းဝန်း ဆုတောင်းနေခဲ့ကြတာပါ။

ဒါပေမယ့် ဒီနေ့ညနေမှာတော့ ဆရာကြီး ကွယ်လွန်သွားခဲ့ပါပြီ။ မန်မာနိုင်ငံအတွက် တကယ့်ကို တန်ဖိုးထားစရာ ပညာရှင်တစ်ဦး ဖြစ်တဲ့ ဆရာကြီး ဦးထွန်းလွင်က သူချစ်တဲ့ မြန်မာနိုင်ငံကို ထားရစ်ခဲ့ပါပြီ။

ဆရာကြီး ကောင်းရာမွန်ရာမှာ ငြိမ်းချမ်းစေဖို့ ဆုတောင်းပေးရင်း …။

ပထမ႐ုံတင္ရက္မွာပဲ ႐ုံျပည့္႐ုံလွ်ံအားေပးျခင္းခံလိုက္ရတဲ့ ခ်ိဳး႐ုပ္ ႐ုပ္ရွင္

႐ုပ္ရွင္ခ်စ္ပရိသတ္ေတြ အတြက္ သတင္းေကာင္းေလးတစ္ခုကို ပါးခ်င္ပါတယ္။ ျမင့္ျမတ္ နဲ႔ အိေခ်ာပိုတို႔ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ခ်ိဳး႐ုပ္႐ုပ္ရွင္ဇာတ္ကားႀကီးကေတာ့ အခုဆိုရင္ ႐ုံေတြေပၚကို ေရာက္ရွိေနပါၿပီ။ Trailer မွာကတည္းက ပရိသတ္ေတြစိတ္ဝင္စားမႈကိုရွိခဲ့ၿပီး ရက္ပိုင္းအတြင္းမွာပဲ Trailer ကိုဝင္ေရာက္ၾကည့္ရႈသူ ၅သန္းေက်ာ္ အထိ ပိုင္ဆိုင္ထားႏိုင္တဲ့ စံခ်ိန္ေကာင္းတစ္ခုကိုလည္းရရွိထားပါတယ္။ Trailer မွာေတာ့ က်ေနာ္တို႔ ျမင္ေတြ႕ေနေလ့ရွိတဲ့ ျမန္မာႏိုင္ငံရဲ႕ ေက်းလက္ေဒသတစ္ေနရာ က ညီအစ္ကိုႏွစ္ေယာက္ရဲ႕ သံေယာဇဥ္ဖြဲ႕ဇာတ္ကားေလးဆိုတာ သိသာလွပါတယ္။ ခ်ိဳး႐ုပ္ရွင္ကေတာ့ ဒါ႐ိုက္တာ ခင္လႈိင္(ဉာဏ္ႀကီးရွင္) က႐ိုက္ကူးထားၿပီး ဟာသ ဒရမ္မာ အမ်ိဳးအစားျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါေၾကာင့္ ရယ္စရာ ေပ်ာ္စရာ လြမ္းေမာစရာ ရသစုံကို တစ္ဝႀကီးခံစားရမွာ အေသအခ်ာပါပဲ။

ဒီႏွစ္ထဲမွာ ႐ုံတင္႐ုပ္ရွင္ေတြၾကားထဲမွာဆိုရင္ေတာ့ ဒီလိုဇာတ္ကားေလးမ်ိဳးကို သြားမၾကည့္တဲ့သူေတြကေတာ့ တကယ္ကို ေခတ္ေနာက္က်က်န္ခဲ့မယ္ဆိုၿပီးေတာ့ေတာင္ ေျပာလို႔ရႏိုင္ေလာက္တဲ့အေနထားပါပဲ။ စူစူေလးရဲ႕ ပရိသတ္ေတြ ျမင့္ျမတ္ရဲ႕ အႏုပညာအစြမ္းျပခ်က္ေတြကိုမွ ၾကည့္ခ်င္ျမင္ခ်င္တဲ့သူေတြအတြက္ကေတာ့ တကယ္ကိုသြားၾကည့္ရင္တန္မယ့္ဇာတ္ကားေလးျဖစ္မွာပါ။

ပထမဆုံး႐ုံတင္ရက္မွာပဲ အခုလို႐ုံျပည့္႐ုံလွ်ံအားေပးမႈကို ခံခဲ့ရတယ္ဆိုတာ တကယ္ကို ေကာင္းမြန္လွတဲ့လမ္းစေလးျဖစ္ၿပီး လာမယ့္ ႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲႀကီးမွာလည္း တကယ္ေကာင္းမြန္တဲ့ စံခ်ိန္ေတြ ရရွိဦးမလာဆိုတာကလည္း တကယ္ကို ရင္ခုန္စရာ ေမွ်ာ္လင့္ခ်က္ေလးေတြပါပဲ ။ ခ်ိဳး႐ုပ္ ႐ုပ္ရွင္ကိုေတာ့ ဒီေန႔ ( ၁၇ ၊ ၁၀ ၊ ၂၀၁၉ ) ကေနစၿပီး ျမန္မာႏိုင္ငံအႏွံ႔မွာ ႐ုံတင္ေနပါၿပီေနာ္။ တကယ္ေကာင္းတဲ့ဇာတ္လမ္းေလးမို႔သြားၾကည့္ျဖစ္ေအာင္ ၾကည့္ၾကပါ့ဦး ။ တကယ္လို႔ ၾကည့္ၿပီးသြားရင္လည္း ဘယ္လိုခံစားရလဲဆိုတဲ့ ခံစားခ်က္ေလးေတြကို ျပန္လည္ ေဝမွ်ေပးသြားၾကပါဦးေနာ္ ။

Unicode

ရုပ်ရှင်ချစ်ပရိသတ်တွေ အတွက် သတင်းကောင်းလေးတစ်ခုကို ပါးချင်ပါတယ်။ မြင့်မြတ် နဲ့ အိချောပိုတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ချိုးရုပ်ရုပ်ရှင်ဇာတ်ကားကြီးကတော့ အခုဆိုရင် ရုံတွေပေါ်ကို ရောက်ရှိနေပါပြီ။ Trailer မှာကတည်းက ပရိသတ်တွေစိတ်ဝင်စားမှုကိုရှိခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ Trailer ကိုဝင်ရောက်ကြည့်ရှုသူ ၅သန်းကျော် အထိ ပိုင်ဆိုင်ထားနိုင်တဲ့ စံချိန်ကောင်းတစ်ခုကိုလည်းရရှိထားပါတယ်။ Trailer မှာတော့ ကျနော်တို့ မြင်တွေ့နေလေ့ရှိတဲ့ မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသတစ်နေရာ က ညီအစ်ကိုနှစ်ယောက်ရဲ့ သံယောဇဉ်ဖွဲ့ဇာတ်ကားလေးဆိုတာ သိသာလှပါတယ်။ ချိုးရုပ်ရှင်ကတော့ ဒါရိုက်တာ ခင်လှိုင်(ဉာဏ်ကြီးရှင်) ကရိုက်ကူးထားပြီး ဟာသ ဒရမ်မာ အမျိုးအစားဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ရယ်စရာ ပျော်စရာ လွမ်းမောစရာ ရသစုံကို တစ်ဝကြီးခံစားရမှာ အသေအချာပါပဲ။

ဒီနှစ်ထဲမှာ ရုံတင်ရုပ်ရှင်တွေကြားထဲမှာဆိုရင်တော့ ဒီလိုဇာတ်ကားလေးမျိုးကို သွားမကြည့်တဲ့သူတွေကတော့ တကယ်ကို ခေတ်နောက်ကျကျန်ခဲ့မယ်ဆိုပြီးတော့တောင် ပြောလို့ရနိုင်လောက်တဲ့အနေထားပါပဲ။ စူစူလေးရဲ့ ပရိသတ်တွေ မြင့်မြတ်ရဲ့ အနုပညာအစွမ်းပြချက်တွေကိုမှ ကြည့်ချင်မြင်ချင်တဲ့သူတွေအတွက်ကတော့ တကယ်ကိုသွားကြည့်ရင်တန်မယ့်ဇာတ်ကားလေးဖြစ်မှာပါ။

ပထမဆုံးရုံတင်ရက်မှာပဲ အခုလိုရုံပြည့်ရုံလျှံအားပေးမှုကို ခံခဲ့ရတယ်ဆိုတာ တကယ်ကို ကောင်းမွန်လှတဲ့လမ်းစလေးဖြစ်ပြီး လာမယ့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးမှာလည်း တကယ်ကောင်းမွန်တဲ့ စံချိန်တွေ ရရှိဦးမလာဆိုတာကလည်း တကယ်ကို ရင်ခုန်စရာ မျှော်လင့်ချက်လေးတွေပါပဲ ။ ချိုးရုပ် ရုပ်ရှင်ကိုတော့ ဒီနေ့ ( ၁၇ ၊ ၁၀ ၊ ၂၀၁၉ ) ကနေစပြီး မြန်မာနိုင်ငံအနှံ့မှာ ရုံတင်နေပါပြီနော်။ တကယ်ကောင်းတဲ့ဇာတ်လမ်းလေးမို့သွားကြည့်ဖြစ်အောင် ကြည့်ကြပါ့ဦး ။ တကယ်လို့ ကြည့်ပြီးသွားရင်လည်း ဘယ်လိုခံစားရလဲဆိုတဲ့ ခံစားချက်လေးတွေကို ပြန်လည် ဝေမျှပေးသွားကြပါဦးနော် ။