ဆီးခ်ိဳေရာဂါရွိမရွိ မွန္ကန္စြာ စစ္ေဆးႏိုင္ဖို႔ လုပ္သင့္တဲ့အခ်က္ေတြ

ဆီးခ်ိဳရွိမရွိ သိဖို႔၊ ဆီးခ်ိဳ ထိန္းႏိုင္ျခင္း ရွိမရွိ သိဖို႔အတြက္ ပထမဆုံးအဆင့္က ေသြးတြင္းသၾကားဓာတ္ကို စစ္ေဆးျခင္းျဖစ္ပါတယ္။ အရင္ အခ်ိန္ေတြက ဆီးထဲ သၾကားပါမပါ ခ်က္ၾကည့္ရာမွ ယခုအခါ အလြယ္တကူစစ္ေဆးႏိုင္ေသာ နည္းလမ္းမ်ား ေပၚေပါက္လာေပၿပီ။ ထိုနည္းလမ္းထဲမွ တစ္ခုမွာ ဆီးခ်ိဳတိုင္းစက္ငယ္ေလးအသုံးျပဳျခင္း ျဖစ္ပါသည္။
ထိုစက္ကေလးထုတ္လုပ္ႏိုင္သည့္အတြက္ ဆီးခ်ိဳတစ္ခါ ေဖာက္ဖို႔လိုတိုင္း ေဆးခန္းသြားေရာက္ရန္မလိုေတာ့ဘဲ မိမိအိမ္မွာတင္ အလြယ္တကူ ေဖာက္စစ္ႏိုင္႐ုံမွ်မက မိမိ ဆီးခ်ိဳထိန္းႏိုင္မႏိုင္အျပင္ ေသြးတြင္းသၾကားဓာတ္က်သြားသည္ကိုပင္ သိရွိႏိုင္ပါသည္။

ဤစက္ကေလးကို ဘယ္လိုအသုံးျပဳရပါသနည္း။နည္းမွန္လမ္းမွန္ အသုံးျပဳျခင္းျဖင့္ ေရာဂါပိုးဝင္ေရာက္ျခင္းမွ ကာကြယ္ႏိုင္ျခင္း၊ မွန္ကန္ေသာအေျဖရျခင္း၊ ေသြးတြင္း သၾကားဓာတ္ပမာဏကို ေကာင္းစြာတိုင္းတာႏိုင္ျခင္းစတဲ့ အက်ိဳးေက်းဇူးမ်ား ရမည္ျဖစ္ပါသည္။

တိုင္းတာရန္ လိုအပ္ေသာ အဆင့္ဆင့္မွာ၁။ လက္ကို ဆပ္ျပာ၊ ေရေႏြးေႏြးျဖင့္ စင္ၾကယ္စြာ ေဆးေၾကာပါ။ ထို႔ေနာက္ သန႔္ရွင္းေသာ အဝတ္ေျခာက္ေျခာက္ျဖင့္ သုတ္ပါ။ ေသြးေဖာက္မည့္ေနရာကို အရက္ျပန္သုံးပါက အရက္ျပန္ေျခာက္သည္အထိ ေစာင့္ပါ။၂။ ေသြးေဖာက္မည့္ သန႔္ရွင္းေသာအပ္ကို အပ္ထည့္သည့္ ေဘာပင္ထဲထည့္ပါ။ ေမာင္းတင္ထားပါ။
၃။ ဗူးတြင္းမွ ဆီးခ်ိဳ စစ္သည့္ အျပားေလးကို ထပ္ယူပါ။ ထို႔ေနာက္ ဗူးကို ေသခ်ာစြာ ျပန္ပိတ္ပါ။ မပိတ္ပါက ဗူးတြင္းရွိ ထိုအျပားေလးမ်ား ေရေငြ႕ႏွင့္ ဖုန္မႈန႔္မ်ားေၾကာင့္ ပ်က္စီးတတ္ပါသည္။

ဆီးခ်ိဳေရာဂါရွိမရွိ မွန္ကန္စြာ စစ္ေဆးႏိုင္ဖို႔ လုပ္သင့္တဲ့အခ်က္ေတြ

၄။ ဆီးခ်ိဳစစ္အျပားကို စက္တြင္တပ္၍ စက္ပြင့္လာမလာၾကည့္ပါ။၅။ လက္ထိပ္၏ ေဘးေနရာမွ အပ္ျဖင့္ေဖာက္ပါ။ လက္ထိပ္အလယ္တည့္တည့္မွ မေဖာက္သင့္ပါ။၆။ မိမိေသြးစက္ကို ဆီးခ်ိဳျပားထိပ္ရွိ ေသြးခ်ရမည့္ေနရာတြင္ခ်ပါ။ လက္ႏွင့္ ဆီးခ်ိဳစစ္သည့္အျပား မထိပါေစႏွင့္။ ထို႔ေနာက္ အေျဖကိုေစာင့္ပါ။၇။ ေသြးထြက္ေနေသာလက္ထိပ္ကို သန႔္ရွင္းေသာ ဂြမ္းေျခာက္ျဖင့္ အုပ္ပါ။ ေသြးတိတ္သြားသည္အထိ လက္ထိပ္ကို ဖိထားေပးပါ။

ဤသို႔နည္းလမ္းမွန္ကန္စြာ ေဖာက္ရမည့္ အျပင္ ေအာက္ပါအခ်က္မ်ားကိုပါ သိထားလိုက္နာပါမွ မိမိဆီးခ်ိဳတိုင္းတာမႈ အေျခအေနပိုမိုေကာင္းမြန္မည္ျဖစ္ပါသည္။ ဆီးခ်ိဳတိုင္းရန္ လိုအပ္ေသာ ပစၥည္းမ်ား သင္ႏွင့္တကြ အၿမဲတမ္းရွိေနပါေစ။ ဆီးခ်ိဳစစ္သည့္ အျပားေလးမ်ားဝယ္ယူတိုင္း၊ အသုံးျပဳတိုင္း ရက္လြန္ျဖစ္ေနျခင္း ရွိမရွိ စစ္ေဆးပါ။ ဆီးခ်ိဳေဖာက္စစ္သည့္ အႀကိမ္ကို မိမိျပသသည့္ ဆရာဝန္ၫႊန္ၾကားသည့္အတိုင္းသာ ေဆာင္႐ြက္၍ အႀကိမ္တိုင္းမွ အေျဖမ်ားကို ေသခ်ာစြာ ေရးမွတ္သားထားပါ။

ဆီးခ်ိဳေရာဂါရွိမရွိ မွန္ကန္စြာ စစ္ေဆးႏိုင္ဖို႔ လုပ္သင့္တဲ့အခ်က္ေတြ

မိမိ ဆီးခ်ိဳစစ္ေဆးသည့္ စက္ မွန္ကန္ျခင္းရွိမရွိကို အျခားေသာ စက္မ်ားႏွင့္ ႏႈိင္းယွဥ္စစ္ေဆးၾကည့္ပါ။ ဆရာဝန္ႏွင့္ ရက္ခ်ိန္းသြားျပသည့္အခါ ယူေဆာင္သြား၍ ေဆးခန္းရွိ စက္ႏွင့္ ႏႈိင္းယွဥ္ၾကည့္လွ်င္ ရပါသည္။ ပိုးမဝင္ေစရန္ အထက္ေဖာ္ျပပါနည္းအတိုင္း ေသခ်ာစြာေဖာက္စစ္၍ ေသြးႏွင့္ ထိေတြ႕ထားေသာ အပ္ႏွင့္ အျခားပစၥည္းမ်ားကို အသုံးျပဳၿပီးတိုင္း ေသခ်ာစြာ စနစ္တက်စြန႔္ပစ္ရပါမည္။ယခုေဆာင္းပါးကိုေဒါက္တာဇီဝကမွကူးယူေဖာ္ျပျပီးရီခ်ိဳ(ေဆး ၁)မွေရးသားထားပါသည္

Unicode

ဆီးချိုရှိမရှိ သိဖို့၊ ဆီးချို ထိန်းနိုင်ခြင်း ရှိမရှိ သိဖို့အတွက် ပထမဆုံးအဆင့်က သွေးတွင်းသကြားဓာတ်ကို စစ်ဆေးခြင်းဖြစ်ပါတယ်။ အရင် အချိန်တွေက ဆီးထဲ သကြားပါမပါ ချက်ကြည့်ရာမှ ယခုအခါ အလွယ်တကူစစ်ဆေးနိုင်သော နည်းလမ်းများ ပေါ်ပေါက်လာပေပြီ။ ထိုနည်းလမ်းထဲမှ တစ်ခုမှာ ဆီးချိုတိုင်းစက်ငယ်လေးအသုံးပြုခြင်း ဖြစ်ပါသည်။
ထိုစက်ကလေးထုတ်လုပ်နိုင်သည့်အတွက် ဆီးချိုတစ်ခါ ဖောက်ဖို့လိုတိုင်း ဆေးခန်းသွားရောက်ရန်မလိုတော့ဘဲ မိမိအိမ်မှာတင် အလွယ်တကူ ဖောက်စစ်နိုင်ရုံမျှမက မိမိ ဆီးချိုထိန်းနိုင်မနိုင်အပြင် သွေးတွင်းသကြားဓာတ်ကျသွားသည်ကိုပင် သိရှိနိုင်ပါသည်။

ဤစက်ကလေးကို ဘယ်လိုအသုံးပြုရပါသနည်း။နည်းမှန်လမ်းမှန် အသုံးပြုခြင်းဖြင့် ရောဂါပိုးဝင်ရောက်ခြင်းမှ ကာကွယ်နိုင်ခြင်း၊ မှန်ကန်သောအဖြေရခြင်း၊ သွေးတွင်း သကြားဓာတ်ပမာဏကို ကောင်းစွာတိုင်းတာနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးများ ရမည်ဖြစ်ပါသည်။

တိုင်းတာရန် လိုအပ်သော အဆင့်ဆင့်မှာ၁။ လက်ကို ဆပ်ပြာ၊ ရေနွေးနွေးဖြင့် စင်ကြယ်စွာ ဆေးကြောပါ။ ထို့နောက် သန့်ရှင်းသော အဝတ်ခြောက်ခြောက်ဖြင့် သုတ်ပါ။ သွေးဖောက်မည့်နေရာကို အရက်ပြန်သုံးပါက အရက်ပြန်ခြောက်သည်အထိ စောင့်ပါ။၂။ သွေးဖောက်မည့် သန့်ရှင်းသောအပ်ကို အပ်ထည့်သည့် ဘောပင်ထဲထည့်ပါ။ မောင်းတင်ထားပါ။
၃။ ဗူးတွင်းမှ ဆီးချို စစ်သည့် အပြားလေးကို ထပ်ယူပါ။ ထို့နောက် ဗူးကို သေချာစွာ ပြန်ပိတ်ပါ။ မပိတ်ပါက ဗူးတွင်းရှိ ထိုအပြားလေးများ ရေငွေ့နှင့် ဖုန်မှုန့်များကြောင့် ပျက်စီးတတ်ပါသည်။

၄။ ဆီးချိုစစ်အပြားကို စက်တွင်တပ်၍ စက်ပွင့်လာမလာကြည့်ပါ။၅။ လက်ထိပ်၏ ဘေးနေရာမှ အပ်ဖြင့်ဖောက်ပါ။ လက်ထိပ်အလယ်တည့်တည့်မှ မဖောက်သင့်ပါ။၆။ မိမိသွေးစက်ကို ဆီးချိုပြားထိပ်ရှိ သွေးချရမည့်နေရာတွင်ချပါ။ လက်နှင့် ဆီးချိုစစ်သည့်အပြား မထိပါစေနှင့်။ ထို့နောက် အဖြေကိုစောင့်ပါ။၇။ သွေးထွက်နေသောလက်ထိပ်ကို သန့်ရှင်းသော ဂွမ်းခြောက်ဖြင့် အုပ်ပါ။ သွေးတိတ်သွားသည်အထိ လက်ထိပ်ကို ဖိထားပေးပါ။

ဤသို့နည်းလမ်းမှန်ကန်စွာ ဖောက်ရမည့် အပြင် အောက်ပါအချက်များကိုပါ သိထားလိုက်နာပါမှ မိမိဆီးချိုတိုင်းတာမှု အခြေအနေပိုမိုကောင်းမွန်မည်ဖြစ်ပါသည်။ ဆီးချိုတိုင်းရန် လိုအပ်သော ပစ္စည်းများ သင်နှင့်တကွ အမြဲတမ်းရှိနေပါစေ။ ဆီးချိုစစ်သည့် အပြားလေးများဝယ်ယူတိုင်း၊ အသုံးပြုတိုင်း ရက်လွန်ဖြစ်နေခြင်း ရှိမရှိ စစ်ဆေးပါ။ ဆီးချိုဖောက်စစ်သည့် အကြိမ်ကို မိမိပြသသည့် ဆရာဝန်ညွှန်ကြားသည့်အတိုင်းသာ ဆောင်ရွက်၍ အကြိမ်တိုင်းမှ အဖြေများကို သေချာစွာ ရေးမှတ်သားထားပါ။

မိမိ ဆီးချိုစစ်ဆေးသည့် စက် မှန်ကန်ခြင်းရှိမရှိကို အခြားသော စက်များနှင့် နှိုင်းယှဉ်စစ်ဆေးကြည့်ပါ။ ဆရာဝန်နှင့် ရက်ချိန်းသွားပြသည့်အခါ ယူဆောင်သွား၍ ဆေးခန်းရှိ စက်နှင့် နှိုင်းယှဉ်ကြည့်လျှင် ရပါသည်။ ပိုးမဝင်စေရန် အထက်ဖော်ပြပါနည်းအတိုင်း သေချာစွာဖောက်စစ်၍ သွေးနှင့် ထိတွေ့ထားသော အပ်နှင့် အခြားပစ္စည်းများကို အသုံးပြုပြီးတိုင်း သေချာစွာ စနစ်တကျစွန့်ပစ်ရပါမည်။ယခုဆောင်းပါးကိုဒေါက်တာဇီဝကမှကူးယူဖော်ပြပြီးရီချို(ဆေး ၁)မှရေးသားထားပါသည်

ကိုယ့္မွာ စိတ္ေရာဂါရွိမရွိ ဒီအခ်က္ေတြနဲ႔ ဆန္းစစ္လိုက္ပါ

ဒီေန႔က ခင္ဗ်ားရဲ႕ crushက ခင္ဗ်ားကို အေျဖေပးမယ့္ေန႔ ဆိုပါစို႔။ အေျဖေပးမယ့္ အခ်ိန္မေရာက္ခင္ ရင္ေတြတုန္၊ ေခြၽးေစေတြျပန္၊ ဘာလုပ္လို႔ ဘာကိုင္ရမွန္း မသိျဖစ္ေနမယ္ ထင္ပါတယ္။ ဒါ စိုးရိမ္စိတ္ပါ။ ဒီလို စိုးရိမ္စိတ္က လူတိုင္းမွာ ရွိတတ္ပါတယ္။ အလုပ္အသစ္၊ ပတ္ဝန္းက်င္အသစ္ ေျပာင္းရၿပီဆို “အဆင္ေျပပါ့မလား၊ ဘယ္လို ျပသနာေတြ ႀကဳံရမလဲ”စသျဖင့္လည္း စိတ္ပူတတ္ၾကပါတယ္။ ဒါလည္း စိုးရိမ္စိတ္ပါ။ ဒါက stress ဆိုတဲ့ စိတ္ဖိစီးစရာ အေျခအေန တစ္ခုခုကို စိတ္က ပုံမွန္တုန႔္ျပန္တဲ့ ျဖစ္စဥ္ပါ။ ဒါေၾကာင့္ anxietyဆိုတဲ့ စိုးရိမ္စိတ္က သာမန္လူေတြမွာ ရွိေနက် စိတ္အေျခအေနတစ္ခုပါ။

ဒါေပမယ့္ လူတစ္ေယာက္က ဘာ stressမွ မရွိပါဘဲနဲ႔ အလိုလို စိုးရိမ္ေနတယ္။ အဲဒီစိုးရိမ္စိတ္က အခ်ိန္ကလည္း လနဲ႔ ခ်ီၿပီး ၾကာလာတယ္။ စိုးရိမ္စိတ္ေၾကာင့္ ဘာလုပ္လို႔ လုပ္ရမွန္း မသိလည္း ျဖစ္ေနတယ္။ အိပ္လို႔ေတာင္ မေပ်ာ္ေတာ့ဘူး ျဖစ္လာၿပီဆိုရင္ေတာ့ ဒါစိတ္ပိုင္းဆိုင္ရာ ကေမာက္ကမ ျဖစ္တဲ့ လကၡဏာပါ။ ဒါကို ေရာဂါနာမည္ တပ္မယ္ဆိုရင္ေတာ့ စိုးရိမ္စိတ္လြန္ကဲတဲ့ ျပသနာ (anxiety disorder)ေပါ့။

သူ႔ရဲ႕ေရာဂါလကၡဏာေတြက သူ႔ရဲ႕ေရာဂါလကၡဏာေတြကေတာ့ သာမန္ စိုးရိမ္တဲ့ အခ်ိန္ျဖစ္တတ္တဲ့ ရင္တုန္တာ၊ လက္ဖဝါးမွာ ေခြၽးေစးျပန္တာ၊ လက္တုန္တာေတြ ျဖစ္တတ္ပါတယ္။ ၿပီးေတာ့ ေနာက္ပိုင္းမွာဆို အိပ္မေပ်ာ္တာ၊ အာ႐ုံစိုက္လို႔ မရေတာ့တာ၊ ဆတ္ဆတ္ထိမခံႏိုင္ေအာင္ စိတ္က ဆတ္လာတာေတြ ျဖစ္တတ္ပါေသးတယ္။ ေနာက္ဆက္တြဲ အေနနဲ႔ အလိုလို ႏုံးခ်ိေမာပန္းေနတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။

ကိုယ့္မွာ စိတ္ေရာဂါရွိမရွိ ဒီအခ်က္ေတြနဲ႔ ဆန္းစစ္လိုက္ပါ

အဲသလို လကၡဏာေတြက ေျခာက္လႏွင့္ အထက္ၾကာေနၿပီဆိုရင္ေတာ့ ဒါ စိုးရိမ္စိတ္လြန္ကဲေနတဲ့ လကၡဏာပါပဲ။ဘာေတြေၾကာင့္ အဲသလို ျဖစ္ရသလဲ စိတ္ေရာဂါအေျခအေနတိုင္းက ဘာေၾကာင့္ရယ္လို႔ အတိအက်ဆိုဖို႔ ခက္တတ္ပါတယ္။ ျဖစ္ႏိုင္ေျခမ်ားေစတဲ့ အေၾကာင္းရင္ေတြကိုေတာ့ ေဝငွေပးလိုပါတယ္။ မ်ိဳး႐ိုးလိုက္တာ၊ ငယ္ငယ္တုန္းက စိတ္ဖိစီးစရာ အေၾကာင္းရင္းႀကီးတစ္ခုခု ရွိခဲ့တာ၊ အသက္ႀကီးေတာ့လည္း စိတ္ဖိစီးစရာ အေၾကာင္းတစ္ခုခုက အခ်ိန္အၾကာႀကီး ရွိေနတာ ေတြက စိုးရိမ္စိတ္လြန္ကဲ ေစႏိုင္ပါတယ္။

ဒါ့အျပင္ ေကာ္ဖီ၊ အရက္စတဲ့ အရာေတြကို အမ်ားႀကီးစြဲေသာက္ရင္လည္း စိုးရိမ္စိတ္ေတြက ပိုမိုလြန္ကဲလာတတ္ပါတယ္။စိုးရိမ္စိတ္လြန္ကဲ ေနၿပီဆို ဘာေတြ လုပ္ရမလဲ Anxiety Disorderျဖစ္ၿပီဆိုရင္ေတာ့ စိတ္ေရာဂါအထူးကု ဆရာဝန္ျဖစ္ျဖစ္၊ စိတ္ေရာဂါကု စိတ္ပညာရွင္ေတြနဲ႔ တိုင္ပင္ေဆြးေႏြး သင့္ပါတယ္။ အဲလို တိုင္ပင္ေဆြးေႏြးၿပီး စိုးရိမ္စိတ္လြန္ကဲရျခင္း အေၾကာင္းရင္းကို အတူတကြ ရွာေဖြ ေတြ႕ရွိႏိုင္ပါတယ္။ ဒါ့အျပင္ ေတြးေတာမႈေတြကို လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္ေအာင္လည္း တိုင္ပင္ေဆြးေႏြး ကုသႏိုင္ပါတယ္။

ကိုယ့္မွာ စိတ္ေရာဂါရွိမရွိ ဒီအခ်က္ေတြနဲ႔ ဆန္းစစ္လိုက္ပါ

ေဆးေသာက္သင့္ မေသာက္သင့္ကေတာ့ သက္ဆိုင္ရာ ဆရာဝန္က လူနာအေျခအေနေပၚ မူတည္ၿပီး ဆုံးျဖတ္တတ္ၾကပါတယ္။ လူနာက အိပ္မေပ်ာ္တာ ၾကာၿပီး က်န္းမာေရး ခ်ိဳ႕တဲ့ေနၿပီဆိုရင္ေတာ့ အိပ္ေဆးကို ရက္အနည္းငယ္ေသာက္ရတာမ်ိဳးေတြလည္း ရွိတတ္ပါတယ္။ကိုယ္ကိုယ္တိုင္ကေရာ ဘာေတြ ျပင္ဆင္ရမလဲ အဓိကကေတာ့ စိတ္တည္ၿငိမ္ေအာင္ တရားထိုင္တာ၊ ေယာဂက်င့္တာမ်ိဳးေတြ လုပ္ေပးသင့္ပါတယ္။ ဒါ့အျပင္ ပုံမွန္ေလ့က်င့္ခန္းလုပ္တာ၊ အစားအေသာက္ပုံမွန္စားတာ၊ အိပ္ရာပုံမွန္ဝင္တာေတြ လုပ္သင့္ပါတယ္။ ေကာ္ဖီတို႔၊ အရက္တို႔ကိုလည္း ေရွာင္ၾကဥ္ရမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ ရင္းႏွီးတဲ့ မိတ္ေဆြျဖစ္ျဖစ္၊ မိသားစုဝင္ျဖစ္ျဖစ္ကို မိမိရဲ႕ စိတ္ခံစားခ်က္အေျခအေနကို ရင္ဖြင့္ေျပာဆိုတာေတြလည္း လုပ္သင့္ပါတယ္။အစိုးရဖို႔ ခက္တဲ့ စိတ္အစဥ္မွာ စိုးရိမ္မႈေတြ မလြန္ကဲေစဖို႔ ဆုေတာင္းေပးလိုက္ပါတယ္။ယခုေဆာင္းပါးကိုေဒါက္တာဇီဝကမွ ကူးယူေဖာ္ျပျပီး ေက်း(ေဆး၁)မွ ေရးသားထားပါတယ္။

Unicode

ဒီနေ့က ခင်ဗျားရဲ့ crushက ခင်ဗျားကို အဖြေပေးမယ့်နေ့ ဆိုပါစို့။ အဖြေပေးမယ့် အချိန်မရောက်ခင် ရင်တွေတုန်၊ ချွေးစေတွေပြန်၊ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေမယ် ထင်ပါတယ်။ ဒါ စိုးရိမ်စိတ်ပါ။ ဒီလို စိုးရိမ်စိတ်က လူတိုင်းမှာ ရှိတတ်ပါတယ်။ အလုပ်အသစ်၊ ပတ်ဝန်းကျင်အသစ် ပြောင်းရပြီဆို “အဆင်ပြေပါ့မလား၊ ဘယ်လို ပြသနာတွေ ကြုံရမလဲ”စသဖြင့်လည်း စိတ်ပူတတ်ကြပါတယ်။ ဒါလည်း စိုးရိမ်စိတ်ပါ။ ဒါက stress ဆိုတဲ့ စိတ်ဖိစီးစရာ အခြေအနေ တစ်ခုခုကို စိတ်က ပုံမှန်တုန့်ပြန်တဲ့ ဖြစ်စဉ်ပါ။ ဒါကြောင့် anxietyဆိုတဲ့ စိုးရိမ်စိတ်က သာမန်လူတွေမှာ ရှိနေကျ စိတ်အခြေအနေတစ်ခုပါ။

ဒါပေမယ့် လူတစ်ယောက်က ဘာ stressမှ မရှိပါဘဲနဲ့ အလိုလို စိုးရိမ်နေတယ်။ အဲဒီစိုးရိမ်စိတ်က အချိန်ကလည်း လနဲ့ ချီပြီး ကြာလာတယ်။ စိုးရိမ်စိတ်ကြောင့် ဘာလုပ်လို့ လုပ်ရမှန်း မသိလည်း ဖြစ်နေတယ်။ အိပ်လို့တောင် မပျော်တော့ဘူး ဖြစ်လာပြီဆိုရင်တော့ ဒါစိတ်ပိုင်းဆိုင်ရာ ကမောက်ကမ ဖြစ်တဲ့ လက္ခဏာပါ။ ဒါကို ရောဂါနာမည် တပ်မယ်ဆိုရင်တော့ စိုးရိမ်စိတ်လွန်ကဲတဲ့ ပြသနာ (anxiety disorder)ပေါ့။

သူ့ရဲ့ရောဂါလက္ခဏာတွေက သူ့ရဲ့ရောဂါလက္ခဏာတွေကတော့ သာမန် စိုးရိမ်တဲ့ အချိန်ဖြစ်တတ်တဲ့ ရင်တုန်တာ၊ လက်ဖဝါးမှာ ချွေးစေးပြန်တာ၊ လက်တုန်တာတွေ ဖြစ်တတ်ပါတယ်။ ပြီးတော့ နောက်ပိုင်းမှာဆို အိပ်မပျော်တာ၊ အာရုံစိုက်လို့ မရတော့တာ၊ ဆတ်ဆတ်ထိမခံနိုင်အောင် စိတ်က ဆတ်လာတာတွေ ဖြစ်တတ်ပါသေးတယ်။ နောက်ဆက်တွဲ အနေနဲ့ အလိုလို နုံးချိမောပန်းနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

အဲသလို လက္ခဏာတွေက ခြောက်လနှင့် အထက်ကြာနေပြီဆိုရင်တော့ ဒါ စိုးရိမ်စိတ်လွန်ကဲနေတဲ့ လက္ခဏာပါပဲ။ဘာတွေကြောင့် အဲသလို ဖြစ်ရသလဲ စိတ်ရောဂါအခြေအနေတိုင်းက ဘာကြောင့်ရယ်လို့ အတိအကျဆိုဖို့ ခက်တတ်ပါတယ်။ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်တွေကိုတော့ ဝေငှပေးလိုပါတယ်။ မျိုးရိုးလိုက်တာ၊ ငယ်ငယ်တုန်းက စိတ်ဖိစီးစရာ အကြောင်းရင်းကြီးတစ်ခုခု ရှိခဲ့တာ၊ အသက်ကြီးတော့လည်း စိတ်ဖိစီးစရာ အကြောင်းတစ်ခုခုက အချိန်အကြာကြီး ရှိနေတာ တွေက စိုးရိမ်စိတ်လွန်ကဲ စေနိုင်ပါတယ်။

ဒါ့အပြင် ကော်ဖီ၊ အရက်စတဲ့ အရာတွေကို အများကြီးစွဲသောက်ရင်လည်း စိုးရိမ်စိတ်တွေက ပိုမိုလွန်ကဲလာတတ်ပါတယ်။စိုးရိမ်စိတ်လွန်ကဲ နေပြီဆို ဘာတွေ လုပ်ရမလဲ Anxiety Disorderဖြစ်ပြီဆိုရင်တော့ စိတ်ရောဂါအထူးကု ဆရာဝန်ဖြစ်ဖြစ်၊ စိတ်ရောဂါကု စိတ်ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေး သင့်ပါတယ်။ အဲလို တိုင်ပင်ဆွေးနွေးပြီး စိုးရိမ်စိတ်လွန်ကဲရခြင်း အကြောင်းရင်းကို အတူတကွ ရှာဖွေ တွေ့ရှိနိုင်ပါတယ်။ ဒါ့အပြင် တွေးတောမှုတွေကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင်လည်း တိုင်ပင်ဆွေးနွေး ကုသနိုင်ပါတယ်။

ဆေးသောက်သင့် မသောက်သင့်ကတော့ သက်ဆိုင်ရာ ဆရာဝန်က လူနာအခြေအနေပေါ် မူတည်ပြီး ဆုံးဖြတ်တတ်ကြပါတယ်။ လူနာက အိပ်မပျော်တာ ကြာပြီး ကျန်းမာရေး ချို့တဲ့နေပြီဆိုရင်တော့ အိပ်ဆေးကို ရက်အနည်းငယ်သောက်ရတာမျိုးတွေလည်း ရှိတတ်ပါတယ်။ကိုယ်ကိုယ်တိုင်ကရော ဘာတွေ ပြင်ဆင်ရမလဲ အဓိကကတော့ စိတ်တည်ငြိမ်အောင် တရားထိုင်တာ၊ ယောဂကျင့်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် ပုံမှန်လေ့ကျင့်ခန်းလုပ်တာ၊ အစားအသောက်ပုံမှန်စားတာ၊ အိပ်ရာပုံမှန်ဝင်တာတွေ လုပ်သင့်ပါတယ်။ ကော်ဖီတို့၊ အရက်တို့ကိုလည်း ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရင်းနှီးတဲ့ မိတ်ဆွေဖြစ်ဖြစ်၊ မိသားစုဝင်ဖြစ်ဖြစ်ကို မိမိရဲ့ စိတ်ခံစားချက်အခြေအနေကို ရင်ဖွင့်ပြောဆိုတာတွေလည်း လုပ်သင့်ပါတယ်။အစိုးရဖို့ ခက်တဲ့ စိတ်အစဉ်မှာ စိုးရိမ်မှုတွေ မလွန်ကဲစေဖို့ ဆုတောင်းပေးလိုက်ပါတယ်။ယခုဆောင်းပါးကိုဒေါက်တာဇီဝကမှ ကူးယူဖော်ပြပြီး ကျေး(ဆေး၁)မှ ရေးသားထားပါတယ်။

 

အသည္းေရာင္အသားဝါ ဘီပိုးအေၾကာင္း သိထားသင့္တဲ့ အခ်က္ေတြ

အသည္းေရာင္အသားဝါေရာဂါသည္ ျမန္မာႏိုင္ငံတြင္ အျဖစ္မ်ားေသာ ေရာဂါတစ္ခုျဖစ္သည္။ ျဖစ္ပြားေစေသာ ပိုးအမ်ိဳးမ်ိဳးရွိသည့္အနက္ ဘီပိုးသည္ ပတ္ဝန္းက်င္တြင္ အေတြ႕ရအမ်ားဆုံးျဖစ္သည္။ ကူးစက္လြယ္ေသာ ေရာဂါလည္းျဖစ္သည့္အေလ်ာက္ တစ္ေန႔တစ္ျခားေပါမ်ားလာသည္။ ယခုေဆာင္းပါးတြင္ ဘီပိုးႏွင့္ ပတ္သက္သည့္ အေျခခံအေၾကာင္းအရာမ်ားကို တင္ျပသြားမည္ျဖစ္ပါသည္။

အသည္းေရာင္အသားဝါပိုး ဘယ္ႏွစ္မ်ိဳးရွိသလဲ။ A,B,C,D,E ငါးမ်ိဳးရွိသည္။ အမ်ိဳးအစားေပၚမူတည္၍ ကူးစက္လမ္းေၾကာင္း ကြဲျပားသည္။ A ႏွင့္ E သည္ အစားအေသာက္၊ေရ မွတစ္ဆင့္ ကူးစက္တတ္သည္။ B ႏွင့္ C သည္ ေသြး စသည္တို႔မွ ကူးစက္သည္။ D ပိုးသည္ B ပိုးရွိသူမ်ားတြင္ ျဖစ္တတ္သည္။

အသည္းေရာင္အသားဝါဘီပိုးက ဘယ္လိုကူးစက္တတ္လဲ။ ကူးစက္လြယ္ေသာ ေရာဂါျဖစ္သည္။ ေသြး၊ ခႏၶာကိုယ္မွထြက္ေသာ အရည္တို႔မွ ကူးစက္တတ္သည္။ အသုံးအေဆာင္မ်ားအတူသုံးစြဲျခင္း၊ နမ္းရႈပ္ျခင္းတို႔မွ မကူးစက္ႏိုင္ပါ။ ႏွာေခ် ၊ေခ်ာင္းဆိုးျခင္း၊ မိခင္ႏို႔တိုက္ေကြၽးျခင္းမွလည္း မကူးစက္ႏိုင္ပါ။ ေရာဂါကူးစက္ခံရၿပီး ၃လၾကာသည္အထိ ေရာဂါလကၡဏာမျပတတ္ပါ။ လကၡဏာမျပေသာ္လည္း အျခားသူမ်ားကို ေရာဂါကူးစက္ႏိုင္ပါသည္။

အသည္းေရာင္အသားဝါ ဘီပိုးအေၾကာင္း သိထားသင့္တဲ့ အခ်က္ေတြ

ဘယ္လိုနည္းလမ္းေတြနဲ႔ ကူးစက္ႏိုင္တာလဲ။အဓိကနည္းလမ္းေတြကေတာ့ ေရာဂါပိုးရွိေသာေသြးသြင္းမိျခင္း၊ ေသြးကို ေပါက္ၿပဲဒဏ္ရာရွိေသာ လက္ျဖင့္ထိမိျခင္း၊ ေရာဂါပိုးရွိေသာ မိခင္မွ ကေလးကို ေမြးဖြားခ်ိန္တြင္ ကူးစက္ႏိုင္ျခင္း၊ ေရာဂါပိုးရွိသူမ်ားႏွင့္ ေဆးထိုးအပ္မွ်ေဝသုံးစြဲျခင္း၊ ေရာဂါပိုးရွိသူ ထိုးထားေသာအပ္ျဖင့္ ထိုးမိျခင္း၊ ေရာဂါပိုးရွိသူႏွင့္ အကာအကြယ္မဲ့ လိင္ဆက္ဆံျခင္း၊ မုတ္ဆိတ္ရိတ္ဓား အစရွိသည့္ ကိရိယာမ်ားကို မွ်ေဝသုံးႃစြဲခင္း တို႔မွ တစ္ဆင့္ ကူးစက္ႏိုင္ပါတယ္။ဘယ္လိုလူေတြမွာ ကူးစက္ႏိုင္ေခ်မ်ားတာလဲ။ေသြးေဖာက္ျခင္း၊ ေဆးထိုးျခင္း စသည္တို႔လုပ္ကိုင္ၾကရေသာ က်န္းမာေရးဝန္ထမ္းမ်ား၊ လိင္တူဆက္ဆံသူမ်ား၊ မူးယစ္ေဆးသုံးစြဲသူမ်ား၊ အသည္းေရာင္ေရာဂါ နာတာရွည္ျဖစ္ေနသူမ်ား၊ ေက်ာက္ကပ္ေရာဂါ နာတာရွည္ျဖစ္ေနသူမ်ား၊ အသည္းေရာင္အသားဝါဘီပိုး အျဖစ္မ်ားေသာ ေနရာမ်ားသို႔ မၾကာခဏသြားေရာက္ရသူမ်ား

ေရာဂါလကၡဏာေတြကေရာ။ေရာဂါပိုးဝင္ၿပီး လႏွင့္ခ်ီ ၍ လကၡဏာမျပပဲေနတတ္ပါတယ္။ အေတြ႕ရမ်ားတဲ့ လကၡဏာေတြကေတာ့ အသား ဝါျခင္း၊ မ်က္လုံး ဆီး ဝါျခင္း၊ ကိုယ္လက္ကိုက္ခဲျခင္း၊ ဖ်ားျခင္း၊ အစားေသာက္ပ်က္ျခင္း၊ ဗိုက္ေအာင့္ျခင္း၊ မအီမသာျဖစ္ျခင္း၊ အစားပ်က္ၿပီး ပင္ပန္းလြယ္ျခင္း တို႔ျဖစ္တတ္ပါတယ္။ဒီလကၡဏာေတြဟာ သာမန္ေနမေကာင္းရင္ျဖစ္တာေတြနဲ႔ ဆင္တူေနတာေၾကာင့္ အေလးမထားပဲေနတတ္ပါတယ္။ အကယ္၍ နာတာရွည္ခံစားေနရၿပီဆိုရင္ေတာ့ ဘီပိုးရွိမရွိ စစ္ေဆးသင့္ပါတယ္။

အသည္းေရာင္အသားဝါ ဘီပိုးအေၾကာင္း သိထားသင့္တဲ့ အခ်က္ေတြ

ဘီပိုးရွိမရွိ ဘယ္လိုသိႏိုင္မလဲ။ ဘီပိုးအခြံ (HBs Ag) ကိုစစ္လို႔ရတဲ့ ေဆးစစ္တံေလးေတြနဲ႔ စစ္ေဆးႏိုင္ပါတယ္။ ဘီပိုးရွိမရွိ အေျဖခ်က္ခ်င္းသိႏိုင္ပါတယ္။ အကယ္၍မ်ား ရွိေနတယ္ဆိုရင္ေတာ့ ေနာက္ထပ္စစ္ေဆးမႈေတြ ျပဳလုပ္ဖို႔ လိုအပ္ပါလိမ့္မယ္။ဘီပိုးရွိရင္ ဘာေတြျဖစ္ႏိုင္သလဲ။ လတ္တေလာဝင္တဲ့ ဘီပိုးကေတာ့ ႀကီးႀကီးမားမား အႏၲရာယ္မေပးႏိုင္ပါဘူး။ အကယ္၍ ဘီပိုးရွိေနတာ ၾကာၿပီဆိုရင္ေတာ့ အသည္းကို ထိခိုက္မႈေတြျဖစ္ႏိုင္ပါတယ္။ အသည္းေရာင္အသားဝါ D ပိုးဝင္ႏိုင္ေခ်လည္း ျမင့္လာပါတယ္။

ေနာက္ဆုံး အသည္းေျခာက္တာေတြ၊ အသည္းကင္ဆာေတြအထိ ျဖစ္ႏိုင္ပါတယ္။ဘီပိုးကုတယ္ဆိုတာဘာလဲ။ ဘီပိုးအေကာင္ HBV DNA ကို ေပ်ာက္ေအာင္ကုသျခင္းျဖစ္ပါတယ္။ Bပိုး အခြံ HBsAg မေပ်ာက္ပါဘူး။ ဒါေၾကာင့္ အျမန္ေဆးစစ္တံကို လက္ရွိျဖစ္ပြားေနတာလား၊ အရင္က ျဖစ္ခဲ့ဖူးတာလားဆိုၿပီး ခြဲျခားရာမွာ အသုံးျပဳလို႔ မရပါဘူး။ဘီပိုးေသေဆးဆိုတာဘာလဲ။ ထိုးေဆး၊ ေသာက္ေဆးႏွစ္မ်ိဳးရွိပါတယ္။ ထိုးေဆးတစ္ႏွစ္ထိုးၿပီးေနာက္ ေသာက္ေဆးဆက္ေသာက္ရပါတယ္။ ေသာက္ေဆးကာလ တိတိက်က် မသတ္မွတ္ထားပါ။ ႏွစ္ႏွင့္ခ်ီ၍ ေသာက္သုံးရတတ္ပါတယ္။

ဘီပိုးကို ကာကြယ္လို႔ရလား။ကာကြယ္ေဆးရွိပါတယ္။ ဘီပိုးရွိမရွိ စစ္ေဆးၿပီးရင္ ကာကြယ္ေဆးထိုးလို႔ရပါတယ္။ အမ်ိဳးအစားေပၚမူတည္ၿပီး သုံးႀကိမ္ထိုးရပါတယ္။ ေဆးသုံးႀကိမ္ျပည့္ၿပီး တစ္လမွ သုံးလအၾကာတြင္ ေဆးေအာင္မေအာင္ Ab ျပန္စစ္သင့္ပါတယ္။ Ab နည္းေနရင္ ကာကြယ္ေဆးထပ္ထိုးသင့္ပါတယ္။ဒီအခ်က္ေတြကေတာ့ အသည္းေရာင္အသားဝါ ဘီပိုးနဲ႔ပတ္သက္ၿပီး သိသင့္တဲ့ အခ်က္ေတြပဲျဖစ္ပါတယ္။ ဒီေရာဂါရွိတာကို အရမ္းေၾကာက္ဖို႔မလိုသလို ဘာကုသမႈမွမလုပ္ပဲ ေနလို႔လည္း မရပါဘူး။ သက္ဆိုင္ရာ ကြၽမ္းက်င္သူေတြနဲ႔တိုင္ပင္ၿပီး ကုသမႈခံယူရင္ ေပ်ာက္ကင္းႏိုင္ပါတယ္။အားလုံးပဲ က်န္းမာခ်မ္းသာၾကပါေစ။ယခုေဆာင္းပါးကိုေဒါက္တာဇီဝကမွကူးယူေဖာ္ျပျပီး ခန႔္ (ေဆး ၂) မွေရးသားထားပါသည္။

Unicode

အသည်းရောင်အသားဝါရောဂါသည် မြန်မာနိုင်ငံတွင် အဖြစ်များသော ရောဂါတစ်ခုဖြစ်သည်။ ဖြစ်ပွားစေသော ပိုးအမျိုးမျိုးရှိသည့်အနက် ဘီပိုးသည် ပတ်ဝန်းကျင်တွင် အတွေ့ရအများဆုံးဖြစ်သည်။ ကူးစက်လွယ်သော ရောဂါလည်းဖြစ်သည့်အလျောက် တစ်နေ့တစ်ခြားပေါများလာသည်။ ယခုဆောင်းပါးတွင် ဘီပိုးနှင့် ပတ်သက်သည့် အခြေခံအကြောင်းအရာများကို တင်ပြသွားမည်ဖြစ်ပါသည်။

အသည်းရောင်အသားဝါပိုး ဘယ်နှစ်မျိုးရှိသလဲ။ A,B,C,D,E ငါးမျိုးရှိသည်။ အမျိုးအစားပေါ်မူတည်၍ ကူးစက်လမ်းကြောင်း ကွဲပြားသည်။ A နှင့် E သည် အစားအသောက်၊ရေ မှတစ်ဆင့် ကူးစက်တတ်သည်။ B နှင့် C သည် သွေး စသည်တို့မှ ကူးစက်သည်။ D ပိုးသည် B ပိုးရှိသူများတွင် ဖြစ်တတ်သည်။

အသည်းရောင်အသားဝါဘီပိုးက ဘယ်လိုကူးစက်တတ်လဲ။ ကူးစက်လွယ်သော ရောဂါဖြစ်သည်။ သွေး၊ ခန္ဓာကိုယ်မှထွက်သော အရည်တို့မှ ကူးစက်တတ်သည်။ အသုံးအဆောင်များအတူသုံးစွဲခြင်း၊ နမ်းရှုပ်ခြင်းတို့မှ မကူးစက်နိုင်ပါ။ နှာချေ ၊ချောင်းဆိုးခြင်း၊ မိခင်နို့တိုက်ကျွေးခြင်းမှလည်း မကူးစက်နိုင်ပါ။ ရောဂါကူးစက်ခံရပြီး ၃လကြာသည်အထိ ရောဂါလက္ခဏာမပြတတ်ပါ။ လက္ခဏာမပြသော်လည်း အခြားသူများကို ရောဂါကူးစက်နိုင်ပါသည်။

ဘယ်လိုနည်းလမ်းတွေနဲ့ ကူးစက်နိုင်တာလဲ။အဓိကနည်းလမ်းတွေကတော့ ရောဂါပိုးရှိသောသွေးသွင်းမိခြင်း၊ သွေးကို ပေါက်ပြဲဒဏ်ရာရှိသော လက်ဖြင့်ထိမိခြင်း၊ ရောဂါပိုးရှိသော မိခင်မှ ကလေးကို မွေးဖွားချိန်တွင် ကူးစက်နိုင်ခြင်း၊ ရောဂါပိုးရှိသူများနှင့် ဆေးထိုးအပ်မျှဝေသုံးစွဲခြင်း၊ ရောဂါပိုးရှိသူ ထိုးထားသောအပ်ဖြင့် ထိုးမိခြင်း၊ ရောဂါပိုးရှိသူနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ မုတ်ဆိတ်ရိတ်ဓား အစရှိသည့် ကိရိယာများကို မျှဝေသုံးစြွဲခင်း တို့မှ တစ်ဆင့် ကူးစက်နိုင်ပါတယ်။ဘယ်လိုလူတွေမှာ ကူးစက်နိုင်ချေများတာလဲ။သွေးဖောက်ခြင်း၊ ဆေးထိုးခြင်း စသည်တို့လုပ်ကိုင်ကြရသော ကျန်းမာရေးဝန်ထမ်းများ၊ လိင်တူဆက်ဆံသူများ၊ မူးယစ်ဆေးသုံးစွဲသူများ၊ အသည်းရောင်ရောဂါ နာတာရှည်ဖြစ်နေသူများ၊ ကျောက်ကပ်ရောဂါ နာတာရှည်ဖြစ်နေသူများ၊ အသည်းရောင်အသားဝါဘီပိုး အဖြစ်များသော နေရာများသို့ မကြာခဏသွားရောက်ရသူများ

ရောဂါလက္ခဏာတွေကရော။ရောဂါပိုးဝင်ပြီး လနှင့်ချီ ၍ လက္ခဏာမပြပဲနေတတ်ပါတယ်။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့ အသား ဝါခြင်း၊ မျက်လုံး ဆီး ဝါခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ဖျားခြင်း၊ အစားသောက်ပျက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အစားပျက်ပြီး ပင်ပန်းလွယ်ခြင်း တို့ဖြစ်တတ်ပါတယ်။ဒီလက္ခဏာတွေဟာ သာမန်နေမကောင်းရင်ဖြစ်တာတွေနဲ့ ဆင်တူနေတာကြောင့် အလေးမထားပဲနေတတ်ပါတယ်။ အကယ်၍ နာတာရှည်ခံစားနေရပြီဆိုရင်တော့ ဘီပိုးရှိမရှိ စစ်ဆေးသင့်ပါတယ်။

ဘီပိုးရှိမရှိ ဘယ်လိုသိနိုင်မလဲ။ ဘီပိုးအခွံ (HBs Ag) ကိုစစ်လို့ရတဲ့ ဆေးစစ်တံလေးတွေနဲ့ စစ်ဆေးနိုင်ပါတယ်။ ဘီပိုးရှိမရှိ အဖြေချက်ချင်းသိနိုင်ပါတယ်။ အကယ်၍များ ရှိနေတယ်ဆိုရင်တော့ နောက်ထပ်စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ဘီပိုးရှိရင် ဘာတွေဖြစ်နိုင်သလဲ။ လတ်တလောဝင်တဲ့ ဘီပိုးကတော့ ကြီးကြီးမားမား အန္တရာယ်မပေးနိုင်ပါဘူး။ အကယ်၍ ဘီပိုးရှိနေတာ ကြာပြီဆိုရင်တော့ အသည်းကို ထိခိုက်မှုတွေဖြစ်နိုင်ပါတယ်။ အသည်းရောင်အသားဝါ D ပိုးဝင်နိုင်ချေလည်း မြင့်လာပါတယ်။

နောက်ဆုံး အသည်းခြောက်တာတွေ၊ အသည်းကင်ဆာတွေအထိ ဖြစ်နိုင်ပါတယ်။ဘီပိုးကုတယ်ဆိုတာဘာလဲ။ ဘီပိုးအကောင် HBV DNA ကို ပျောက်အောင်ကုသခြင်းဖြစ်ပါတယ်။ Bပိုး အခွံ HBsAg မပျောက်ပါဘူး။ ဒါကြောင့် အမြန်ဆေးစစ်တံကို လက်ရှိဖြစ်ပွားနေတာလား၊ အရင်က ဖြစ်ခဲ့ဖူးတာလားဆိုပြီး ခွဲခြားရာမှာ အသုံးပြုလို့ မရပါဘူး။ဘီပိုးသေဆေးဆိုတာဘာလဲ။ ထိုးဆေး၊ သောက်ဆေးနှစ်မျိုးရှိပါတယ်။ ထိုးဆေးတစ်နှစ်ထိုးပြီးနောက် သောက်ဆေးဆက်သောက်ရပါတယ်။ သောက်ဆေးကာလ တိတိကျကျ မသတ်မှတ်ထားပါ။ နှစ်နှင့်ချီ၍ သောက်သုံးရတတ်ပါတယ်။

ဘီပိုးကို ကာကွယ်လို့ရလား။ကာကွယ်ဆေးရှိပါတယ်။ ဘီပိုးရှိမရှိ စစ်ဆေးပြီးရင် ကာကွယ်ဆေးထိုးလို့ရပါတယ်။ အမျိုးအစားပေါ်မူတည်ပြီး သုံးကြိမ်ထိုးရပါတယ်။ ဆေးသုံးကြိမ်ပြည့်ပြီး တစ်လမှ သုံးလအကြာတွင် ဆေးအောင်မအောင် Ab ပြန်စစ်သင့်ပါတယ်။ Ab နည်းနေရင် ကာကွယ်ဆေးထပ်ထိုးသင့်ပါတယ်။ဒီအချက်တွေကတော့ အသည်းရောင်အသားဝါ ဘီပိုးနဲ့ပတ်သက်ပြီး သိသင့်တဲ့ အချက်တွေပဲဖြစ်ပါတယ်။ ဒီရောဂါရှိတာကို အရမ်းကြောက်ဖို့မလိုသလို ဘာကုသမှုမှမလုပ်ပဲ နေလို့လည်း မရပါဘူး။ သက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့တိုင်ပင်ပြီး ကုသမှုခံယူရင် ပျောက်ကင်းနိုင်ပါတယ်။အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ။ယခုဆောင်းပါးကိုဒေါက်တာဇီဝကမှကူးယူဖော်ပြပြီး ခန့် (ဆေး ၂) မှရေးသားထားပါသည်။

၂၀.၁.၂၀၂၀ မွ ၂၆.၁.၂၀၂၀အထိ ေျပာခ်င္လြန္းလို႔ တစ္ပတ္စာေဗဒင္ေဟာစာတမ္း

ေဗဒင္လကၡဏာပညာေတြဆိုတာက ဘုရားရွင္္လက္ထက္ကတည္းက ရွိခဲ့တဲ့အရာေတြျဖစ္ျပီးလူေတြရဲ႕ ၾကိဳတင္မျမင္နုိင္တဲ့ကံတရားကိုတြက္ခ်က္ခန္႔မွန္းပံုေဖာ္ျပီး မလုပ္သင့္တာမလုပ္ရေအာင္၊ အညံ့ေတြပေပ်ာက္ေအာင္၊ ၾကံတိုင္းေအာင္္ေဆာင္တိုင္းေျမာက္ေအာင္ တစ္ဖက္တစ္လမ္းက ကူညီေပးေနတဲ့ပညာရပ္တစ္ပါးျဖစ္ပါတယ္။ ေဗဒင္ၾကိဳက္တဲ့ပရိသတ္ၾကီးအတြက္ေရာ ေဗဒင္ေတြကုိ ေဆာင္ရန္ေရွာင္ရန္ေလာက္သာဖတ္ပါတယ္ဆိုတဲ့သူေတြအတြက္ေရာေျပာခ်င္လြန္းလို႔ရဲ႕ တစ္ပတ္စာေဗဒင္ေဟာစာတမ္းက႑ကို တင္ဆက္ေပးလိုက္ပါတယ္။

Aries (March 21- April 19)

March လ 21 ကေန April 19 ရက္အတြင္းေမြးဖြားတဲ့ Aries ရာသီဖြားေတြအတြက္ေတာ့ ဒီရက္ပိုင္းမွာ သည္းခံဖို႔ခက္ခဲတဲ့ စိတ္ရႈပ္စရာေတြနဲ႔ၾကံဳရမယ္။ ကုိယ္မွန္တယ္ထင္ရာကုိပဲ ေခါင္းမာမာနဲ႔ ဆုပ္ကိုင္ထားမိေနမယ္။ ကုိုယ္နဲ႔ သိပ္မရင္းနွီးတဲ့ လူေတြနဲ႔ ပတ္သက္မိရာကေနတစ္ဆင့္ ေငြကုန္လူပန္းျဖစ္မယ္။ ရင္းနွီးျမဳပ္နွံမႈေတြမလုပ္သင့္ဘူး။ အခုအခ်ိ္န္ဟာ ဘဝမွာ လမ္းေၾကာင္းေျပာင္းသင့္တဲ့အခ်ိန္ျဖစ္ေနျပီး အရင္ကတည္းက ၾကံစည္စိတ္ကူးထားတာေတြကုိ အေကာင္အထည္ေဖာ္သင့္တဲ့အခ်ိန္ျဖစ္တယ္။ အခ်စ္ေရးမွာေတာ့ တည္ျငိမ္သင့္တဲ့အေျခအေနတစ္ခုကိုေရာက္ေနလင့္ကစား မတည္ျငိမ္နုိင္ပဲျဖစ္ေနမယ္။ ခရီးသြားလာသင့္တဲ့အခ်ိန္အခါေကာင္းမွာ က်ေရာက္ေနတယ္။

Taurus (April 20 -May 20)

Taurus ရာသီဖြားေတြဟာအခုအခ်ိန္မွာ ကမၻာသစ္တစ္ခုလို ကုိယ့္ကုိေျပာင္းလဲပစ္နုိင္တဲ့ အသိုင္းအဝိုင္းထဲကုိေရာက္သြားဖို႔ရွိတယ္။ အလုပ္မွာ အခက္အခဲေတြရွိနုိင္လင့္ကစား အခုထက္နည္းနည္းပိုျပီး သည္းခံၾကိဳးစားမယ္ဆိုရင္ အရာရာအဆင္ေျပသြားမွာျဖစ္တယ္။ ေဘးကလူေတြ သူမ်ားေတြအတြက္ ေငြေရးေၾကးေရးနဲ႔ပတ္သက္ျပီး အာမမခံမိေစဖို႔ သတိထားပါ။ အဲဒီလိုအာမခံမိရာကေန ဒုကၡအၾကီးအက်ယ္ေရာက္နိုင္တယ္။ အေျခအေနကုိ ေဝဖန္ပိုင္းျခားနုိင္တဲ့ စိတ္က သင္သြားရာလမ္းတစ္ေလွ်ာက္ အကူအညီေပးေနမွာျဖစ္တယ္။ ဒီရက္ပုိင္းက ဆုေတာင္းျပည့္ေနမယ့္ကာလျဖစ္လို႔ ကုုသုိလ္မ်ားမ်ားလုပ္ျပီး ယံုၾကည္ကုိးကြယ္ရာမွာ လုိရာဆုေတာင္းသင့္တယ္။ အခ်စ္ေရးမွာေတာ့ ခံစားခ်က္ေတြအင္အားၾကီးျပီး အခ်စ္စိတ္အားၾကီးေနမယ့္ ကာလျဖစ္လို႔ ကုိယ့္ကုိယ္ကုိယ္ေတာင္ အံ့ၾသေနရမယ္။ ဒီရက္ပုိင္းမွာ ခရီးသြားလာမယ္ဆိုရင္ေတာ့ အေရးၾကီးတဲ့ စာရြက္စာတမ္းေတြကို အထူးဂရုစုိက္သင့္တယ္။

Gemini (May 21 – Jun 20)

အခုရက္ပိုင္းေတြမွာ Gemini ဖြားေတြအတြက္ စိတ္ရွည္းသည္းခံရမယ့္ ကာလပါ။ စိတ္ရွည္ျခင္းနဲ႔ ထင္မွတ္မထားေလာက္တဲ့ အက်ိဳးေက်းဇူးေတြ ကံေကာင္းမႈေတြ လက္ေဆာင္ရနုိင္တယ္။ မလိုလားအပ္တဲ့ သေဘာထားကြဲလြဲျခင္းေတြကေန ေရွာင္ရွားပါ။ အရင္ကတည္းက စိတ္ကူးၾကံစည္ထားတာေတြကို အေကာင္အထည္ေဖာ္သင့္တဲ့ကာလျဖစ္ျပီး လက္ရွိအေကာင္အထည္ေဖာ္ေနတဲ့အၾကံအစည္ေတြ ေအာင္ျမင္မယ့္ ကာလမွာ က်ေရာက္ေနတယ္။ အခ်စ္ေရးမွာေတာ့ ေပ်ာ္စရာေကာင္းေနမွာျဖစ္ျပီး အနားမွာ ျဖစ္ေနသမွ်ကုိ အေကာင္းျမင္စိတ္ေတြနဲ႔ ၾကည့္မိေနမွာျဖစ္တယ္။ ခရီးသြားဖို႔သင့္ေတာ္တဲ့အခ်ိန္ကာလမဟုတ္ဘူး။ ဒီရက္ပုိင္းမွာ shopping ထြက္တာကအစ ေန႔စဥ္ေက်ာင္းေတြရံုးေတြသြားတာကုိ သြားေနက်လမ္းမဟုတ္ပဲ အျခားလမ္းေတြကေနသြားသင့္တယ္။

Cancer (Jun 21- July 22)

Cancer ရာသီဖြားေတြကေတာ့ ဒီရက္ပိုင္းမွာ ကုုိယ္လုပ္နိုင္တဲ့အလုပ္ကုိ ေသခ်ာသိျပီး လုပ္ေဆာင္ျခင္းနဲ႔ ေအာင္ျမင္မႈေတြရရွိနုိင္မွာျဖစ္တယ္။ စိတ္ဖိစီးမႈေတြနဲ႔ ၾကံဳေတြ႕ရခိ်န္မွာ စိတ္ဓာတ္က်ေနမယ့္အစား ကုိယ့္စိတ္ကုိနုိင္ေအာင္ထိန္းျပီး လုပ္စရာရွိတာဆက္လုပ္ပါ။ ကုိယ္လုိခ်င္တဲ့ ေအာင္ျမင္မႈဆီေရာက္ဖို႔ ေရြးခ်ယ္ရမယ့္လမ္းကုိ ေတြေဝေနတတ္တယ္။ အရင္းနွီးဆံုးသူငယ္ခ်င္းေတြဆီက surprise လက္ေဆာင္ေတြရတတ္တယ္။ ရင္းနွီးျမဳပ္နွံမႈနဲ႔ဆက္စပ္တဲ့ လုပ္ငန္းလုပ္ကုိင္သူေတြ ေအာင္ျမင္မႈရရွိေနတတ္တယ္။ အခ်စ္ေရးမွာေတာ့ ကုိယ့္ခံစားခ်က္ေတြကုိ တစ္ဖက္လူသိေအာင္ ဖြင့္ေျပာသင့္တဲ့အခ်ိ္န္ေကာင္းပါ။ ခရီးသြားလာသင့္တဲ့အခ်ိန္အခါေကာင္းမွာ က်ေရာက္ေနတယ္။

Leo (Jul 23 – August 22)

Leo ရာသီဖြားေတြအေနနဲ႔ အခုရက္ပိုင္းမွာ အခက္အခဲေတြနဲ႔ ၾကံဳေတြ႕ရမယ္။ စိတ္ေအးေအးထားျပီး စိတ္ရွည္သည္းခံျခင္းနဲ႔ အခက္အခဲေတြကုိ ေက်ာ္လႊားနို္င္မယ္။ ကုိယ္နွစ္သက္သေဘာက်တဲ့လူက ကုိယ့္အတြက္ ဒုကၡေရာက္ေစမယ့္ အၾကံဥာဏ္ေတြေပးလာနုိင္တာမို႔ နွလံုးသားအလိုမလိုက္ပဲ ဦးေနွာက္နဲ႔ ေသခ်ာေဝဖန္ပိုင္းျခားရမယ့္ကာလျဖစ္တယ္။ ဘဝအတြက္ အေရးပါတဲ့အေျပာင္းအလဲေတြန႔ဲ ၾကံဳေတြ႕ရနိုင္တယ္။ အခ်စ္ေရးမွာေတာ့ ေပ်ာ္စရာေကာင္းေနမယ့္ကာလျဖစ္တယ္။ စိတ္ပိုင္းဆိုင္ေရာ ရုပ္ပုိင္းဆိုင္ရာပါ ပုိမိုေကာင္းမြန္လာမယ့္ ကာလအပိုင္းအျခားမွာ က်ေရာက္ေနတယ္။

Virgo (Aug 23 – September 22)

Virgo ရာသီဖြားေတြအတြက္ အခုလတ္တေလာမွာ စိတ္ကူးၾကံစည္ထားတဲ့ အလုပ္ေတြမွာ အခက္အခဲေတြေပၚေပါက္ျပီး က်ရံႈးနုိင္ေခ်မ်ားလို႔ ေသခ်ာသတိထားလုပ္ေဆာင္သင့္တယ္။ ဘဝကိုေျပာင္းလဲသြားေစမယ့္ သတင္းဆိုးေတြနဲ႔ ရင္ဆိုင္ၾကံဳေတြ႕ရနုိင္လို႔ စိတ္ခုိင္ခိုင္ထားဖို႔ လိုအပ္တယ္။ စီးပြားေရးမွာေတာ့ ေအာင္ျမင္ေနျပီး ေငြဝင္ၾကမ္းေနမယ့္ ကာလျဖစ္တယ္။ ၾကံစည္ထားတဲ့အစီအစဥ္ေတြ ေနွာင့္ေနွးၾကန္႔ၾကာနုိ္င္ျပီး အဲဒါကပဲ ပုိေကာင္းဖို႔ျဖစ္လာမယ္။ အခ်စ္ေရးမွာေတာ့ ကေတာက္ကဆေတြျဖစ္ေနမယ္။ စိတ္ထဲမွာ လြန္ဆြဲေနရမယ့္ ကာလျဖစ္တယ္။ ခရီးသြားလာဖို႔ သင့္ေတာ္တဲ့အခ်ိန္ကာလေကာင္းမွာက်ေရာက္ေနတယ္။

Libra (September 23 – October 22)

Libra ေတြအတြက္ကေတာ့ ဒီရက္ပိုင္းမွာ ကုိယ့္အားကုိယ္ကုိးျပီး ေအာင္ျမင္နို္င္မယ္။ စိတ္ရွည္သည္းခံရမယ့္ ကာလျဖစ္တယ္။ မလိုလားအပ္တဲ့ ျငင္းခုန္ရျခင္းေတြနဲ႔ ၾကံဳရနို္င္လို႔ ေရွာင္ရွားသင့္တယ္။ အလုပ္နဲ႔ပတ္သက္တဲ့ ေတြ႕ဆံုေျပာဆိုရျခင္းေတြမွာ ေအာင္ျမင္မယ္။ အေကာင္းဘက္ကုိသြားတဲ့ ေျပာင္းလဲျခင္းေတြနဲ႔ ၾကံဳရမယ္။ အခ်စ္ေရးမွာေတာ့ ကုိ္ယ့္ရဲ႕အခ်စ္ကုိဖြင့္ေျပာဖို႔ မဝံ့မရဲျဖစ္ေနမယ္။ ခ်စ္သူရွိျပီးသားသူေတြက ခ်စ္သူနဲ႔ ကုိယ္နဲ႔ၾကားမွာ တံတိုင္းတစ္ခုျခားသလိုျဖစ္ေနမယ္။ ကုိယ့္ရဲ႕ ေပါ့ဆမႈေၾကာင့္ ေငြေၾကးဆံုးရံႈးရနုိင္ေခ်ရွိလို႔ သတိထားသင့္တယ္။ ခရီးသြားလာသင့္တဲ့အခ်ိန္အခါေကာင္းမွာက်ေရာက္ေနတယ္။

Scorpio (October 23 – November 21)

Scorpio ရာသီဖြားေတြအေနနဲ႔ အခုတေလာမွာ လုပ္ငန္းခြင္မွာ ေအာင္ျမင္မႈရေနမွာျဖစ္ျပီး အဲဒီေအာင္ျမင္မႈနဲ႔အတူ မနာလိုခံရျခင္းေတြပါ ပါလာမွာျဖစ္တယ္။ အေရးတၾကီးခ်မွတ္ရမယ့္ ဆံုးျဖတ္ခ်က္ေတြကုိ ခ်မွတ္သင့္တဲ့အခ်ိန္ကာလမဟုတ္ေသးဘူး။ အမွားအယြင္းေတြလုပ္မိေနမွာျဖစ္ျပီး အဲဒီအမွားေတြေၾကာင့္ ကုိယ့္ကုိယ္ကုိယ္စိတ္ညစ္ေနရမယ္။ အနီးအနားက လူေတြက သူတို႔ရဲ႕အၾကံအစည္ေအာင္ျမင္ဖို႔ သင့္ကုိလာျပီးျမဴဆြယ္ျဖားေယာင္းတာေတြနဲ႔ ၾကံဳရနုိင္လို႔ သတိထားသင့္တယ္။ ဘဝအတြက္ပုိေကာင္းတဲ့အေျပာင္းအလဲေတြျဖစ္လာမယ္။ ဘဝမွာ အက်ိဳးမေပး၊နာက်င္မႈေတြပဲေပးတဲ့ လူေတြကုိဖယ္ထုတ္ရမယ့္အခ်ိ္န္ပါ။ ခရီးသြားလာျခင္းက သင့္စိတ္ကုိၾကည္လင္ျပီး စိတ္ဖိစီးမႈေတြေျပေလ်ာ့သြားေစမွာ ျဖစ္လို႔ အပန္းေျဖခရီးထြက္သင့္တဲ့အခ်ိန္ကာလမွာ က်ေရာက္ေနတယ္။

Sagittarius (November 22 – December 21)

လက္ရွိအခ်ိန္မွာေတာ့ ကုိယ္ခ်မွတ္ထားတဲ့ စည္းကမ္းေတြကုိ ကုိယ္တိုင္ပဲ ျပန္ခ်ိဳးေဖာက္မိေနတတ္လို႔ စိတ္တည္ျငိ္မ္ေအာင္ ထိန္းသင့္တဲ့ကာလျဖစ္တယ္။ အေျခအေနတုိင္းမွာ လိုက္ေလ်ာညီေထြေနတတ္ျခင္းက သင့္ကုိေအာင္ျမင္မႈရေစမယ္။ ရိုးသားၾကိဳးစားျပီး ကုိုယ္ယံုၾကည္ရာကုိ ဆြဲကုိင္ထားျခင္းနဲ႔ ရန္သူေတြ မလိုသူေတြကုိ ေအာင္ျမင္နုိင္မယ္။ စီးပြားေရးမွာ ေငြေၾကးဆံုးရံႈးရျခင္းေတြနဲ႔ ၾကံဳရတတ္လုိ႔ သတိထားသင့္တယ္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူမရွိသူေတြက ကုိယ္ခ်စ္တဲ့သူကုိ ဖြင့္ေျပာသင့္တဲ့အခ်ိန္အခါေကာင္းျဖစ္ျပီး ခ်စ္သူရွိတဲ့သူေတြကေတာ့ ခ်စ္သူနဲ႔ အနာဂတ္အစီအစဥ္ေတြ တိုင္ပင္ေဆြးေႏြးျပီး သာယာတဲ့အခ်စ္ေရးကုိ ပုိင္ဆိုင္နုိင္ေနမွာျဖစ္တယ္။

Capricorn (December 22 – Jan 19)

ဒီရက္ပိုင္္းမွာေတာ့ ကုိယ္နဲ႔သိပ္မရင္းနွီးတဲ့သူေတြနဲ႔ ေတြ႕ဆံုမႈေတြမျပဳလုပ္သင့္ဘူး။ ပ်င္းေနမယ့္အစား အလုပ္ၾကိဳးစားရေတာ့မယ့္ကာလပါ။ အနာဂတ္အၾကံအစည္ေတြၾကိဳတင္ခ်မွတ္သင့္တဲ့ အခ်ိန္အပုိင္းအျခားမွာ က်ေရာက္ေနျပီး စိတ္ရွည္သည္းခံျခင္းနဲ႔ အခက္အခဲေတြကုိေအာင္ျမင္နုိင္မွာျဖစ္တယ္။ အလုပ္နဲ႔ပတ္သက္တဲ့ ေတြ႕ဆံုေျပာဆိုရျခင္းေတြမွာ ေအာင္ျမင္မႈရမယ္။အခ်စ္ေရးမွာေတာ့ တစ္ေယာက္ထက္ပုိတဲ့အခ်စ္ေရးေတြနဲ႔ ၾကံဳေတြ႕ေနရတတ္တယ္။ ခ်စ္သူနဲ႔ ေပ်ာ္ရႊင္ၾကည္နူးေနမယ့္ကာလျဖစ္တယ္။ ခရီးသြားလာသင့္တဲ့အခ်ိန္အခါေကာင္းမွာ က်ေရာက္ေနတယ္။

Aquarius (January 20 – February 18)

Aquarius ေတြကေတာ့ အခုရက္ပိုင္းမွာ အရာအားလံုးကုိ ေလာေလာေလာေလာနဲ႔ လုပ္မိေနမယ္။ အေလာတၾကီးလုပ္ေဆာင္ေနတာေၾကာင့္ အျမဲတမ္း စိတ္ေမာေနရမယ္။ အလုပ္နဲ႔ပတ္သက္ျပီး အသံုးဝင္မယ့္ အုိင္ဒီယာေကာင္းေတြၾကံစည္စိတ္ကူးနိုင္မယ္။ ေငြေရးေၾကးေရးနဲ႔ပတ္သက္ျပီီး မေမွ်ာ္လင့္ထားတဲ့ ဝင္ေငြအပုိေတြရမယ္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူနဲ႔ သေဘာထားေတြကြဲလြဲျပီး အထင္လြဲမွားတာေလးေတြနဲ႔ ရင္ဆိုင္ရမယ္။ ကေတာက္ကဆေတြျဖစ္နုိင္ေခ်ရွိတယ္။ ခရီးသြားလာသင့္တဲ့အခ်ိန္ကာလျဖစ္တဲ့အတြက္ အပန္းေျဖခရီးေလးေတြထြက္သင့္တယ္။

Pieces (February 19 – March 20)

လက္ရွိအခ်ိန္မွာေတာ့ ကုိယ့္ကုိယ္ကုိယ္ ယံုၾကည္မႈေလ်ာ့နည္းေနသလိုျဖစ္တတ္တယ္။ မေရရာမေသခ်ာမႈေတြျဖစ္ေနမယ္။ အခ်ိန္ေတြအၾကာၾကီးေရႊ႕လာခဲ့တဲ့မိသားစုျပႆနာအခ်ိဳ႕ကို ေျဖရွင္းရဖို႔ရွိမယ္။ စိတ္ရွည္သည္းခံျခင္းနဲ႔အခက္အခဲေတြကုိေက်ာ္လႊားနိုင္မွာျဖစ္တယ္။ ကုိယ့္စိတ္အၾကံအစည္ေတြ အနာဂတ္အစီအစဥ္ေတြကုိ ကုိယ္ခ်စ္တဲ့သူေတြက ဂရုမစိုက္တာေတြ ပလစ္ေနတာေတြေၾကာင့္ ေဒါသထြက္ရမယ္။အခ်စ္ေရးမွာေတာ့ ခ်စ္သူရွိတဲ့သူေတြက ခ်စ္သူကုိ တာဝန္ယူရဖို႔ျဖစ္လာနုိင္သလို အျပီးတိုင္လမ္းခြဲရတာမ်ိဳးလည္းၾကံဳလာနိုင္တဲ့အစြန္းနွစ္ဖက္မွာရွိေနတယ္။ လိမ္မာပါးနပ္စြာ ရင္ဆိုင္ဆံုးျဖတ္သင့္တယ္။ ခရီးသြားလာသင့္တဲ့အခ်ိန္အခါေကာင္းမွာက်ေရာက္ေနတယ္။ အလုပ္နဲ႔သြားရတဲ့ခရီးေတြေအာင္ျမင္မယ္။ ကားေမာင္းရာမွာေတာ့ သတိထားသင့္တယ္။

အခုေဖာ္ျပသြားတာေတြကေတာ့ ေျပာခ်င္လြန္းလို႔ရဲ႕ တစ္ပတ္စာေဗဒင္ေဟာစာတမ္းျဖစ္ပါတယ္။ေဟာစာတမ္းရဲ႕ေဖာ္ျပခ်က္ေတြနဲ႔ ကုိယ့္ရာသီခြင္နဲ႔ကုိက္ရဲ႕လားဆိုတာလည္း ဖတ္ရႈျပီးေျပာခဲ့ၾကပါဦး။ ေနာက္အပတ္ေတြမွာလည္းတစ္ပတ္စာေဗဒင္ေဟာစာတမ္းေတြကုိ တင္ဆက္ေပးသြားမွာျဖစ္လို႔ ေစာင့္ေမွ်ာ္ဖတ္ရႈၾကပါဦး။

Unicode

၂၀.၁.၂၀၂၀ မှ ၂၆.၁.၂၀၂၀အထိ ပြောချင်လွန်းလို့ တစ်ပတ်စာဗေဒင်ဟောစာတမ်း

ဗေဒင်လက္ခဏာပညာတွေဆိုတာက ဘုရားရှင်လက်ထက်ကတည်းက ရှိခဲ့တဲ့အရာတွေဖြစ်ပြီးလူတွေရဲ့ ကြိုတင်မမြင်နိုင်တဲ့ကံတရားကိုတွက်ချက်ခန့်မှန်းပုံဖော်ပြီး မလုပ်သင့်တာမလုပ်ရအောင်၊ အညံ့တွေပပျောက်အောင်၊ ကြံတိုင်းအောင်ဆောင်တိုင်းမြောက်အောင် တစ်ဖက်တစ်လမ်းက ကူညီပေးနေတဲ့ပညာရပ်တစ်ပါးဖြစ်ပါတယ်။ ဗေဒင်ကြိုက်တဲ့ပရိသတ်ကြီးအတွက်ရော ဗေဒင်တွေကို ဆောင်ရန်ရှောင်ရန်လောက်သာဖတ်ပါတယ်ဆိုတဲ့သူတွေအတွက်ရောပြောချင်လွန်းလို့ရဲ့ တစ်ပတ်စာဗေဒင်ဟောစာတမ်းကဏ္ဍကို တင်ဆက်ပေးလိုက်ပါတယ်။

Aries (March 21- April 19)

March လ 21 ကနေ April 19 ရက်အတွင်းမွေးဖွားတဲ့ Aries ရာသီဖွားတွေအတွက်တော့ ဒီရက်ပိုင်းမှာ သည်းခံဖို့ခက်ခဲတဲ့ စိတ်ရှုပ်စရာတွေနဲ့ကြုံရမယ်။ ကိုယ်မှန်တယ်ထင်ရာကိုပဲ ခေါင်းမာမာနဲ့ ဆုပ်ကိုင်ထားမိနေမယ်။ ကိုယ်နဲ့ သိပ်မရင်းနှီးတဲ့ လူတွေနဲ့ ပတ်သက်မိရာကနေတစ်ဆင့် ငွေကုန်လူပန်းဖြစ်မယ်။ ရင်းနှီးမြုပ်နှံမှုတွေမလုပ်သင့်ဘူး။ အခုအချိန်ဟာ ဘဝမှာ လမ်းကြောင်းပြောင်းသင့်တဲ့အချိန်ဖြစ်နေပြီး အရင်ကတည်းက ကြံစည်စိတ်ကူးထားတာတွေကို အကောင်အထည်ဖော်သင့်တဲ့အချိန်ဖြစ်တယ်။ အချစ်ရေးမှာတော့ တည်ငြိမ်သင့်တဲ့အခြေအနေတစ်ခုကိုရောက်နေလင့်ကစား မတည်ငြိမ်နိုင်ပဲဖြစ်နေမယ်။ ခရီးသွားလာသင့်တဲ့အချိန်အခါကောင်းမှာ ကျရောက်နေတယ်။

Taurus (April 20 -May 20)

Taurus ရာသီဖွားတွေဟာအခုအချိန်မှာ ကမ္ဘာသစ်တစ်ခုလို ကိုယ့်ကိုပြောင်းလဲပစ်နိုင်တဲ့ အသိုင်းအဝိုင်းထဲကိုရောက်သွားဖို့ရှိတယ်။ အလုပ်မှာ အခက်အခဲတွေရှိနိုင်လင့်ကစား အခုထက်နည်းနည်းပိုပြီး သည်းခံကြိုးစားမယ်ဆိုရင် အရာရာအဆင်ပြေသွားမှာဖြစ်တယ်။ ဘေးကလူတွေ သူများတွေအတွက် ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး အာမမခံမိစေဖို့ သတိထားပါ။ အဲဒီလိုအာမခံမိရာကနေ ဒုက္ခအကြီးအကျယ်ရောက်နိုင်တယ်။ အခြေအနေကို ဝေဖန်ပိုင်းခြားနိုင်တဲ့ စိတ်က သင်သွားရာလမ်းတစ်လျှောက် အကူအညီပေးနေမှာဖြစ်တယ်။ ဒီရက်ပိုင်းက ဆုတောင်းပြည့်နေမယ့်ကာလဖြစ်လို့ ကုသိုလ်များများလုပ်ပြီး ယုံကြည်ကိုးကွယ်ရာမှာ လိုရာဆုတောင်းသင့်တယ်။ အချစ်ရေးမှာတော့ ခံစားချက်တွေအင်အားကြီးပြီး အချစ်စိတ်အားကြီးနေမယ့် ကာလဖြစ်လို့ ကိုယ့်ကိုယ်ကိုယ်တောင် အံ့သြနေရမယ်။ ဒီရက်ပိုင်းမှာ ခရီးသွားလာမယ်ဆိုရင်တော့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို အထူးဂရုစိုက်သင့်တယ်။

Gemini (May 21 – Jun 20)

အခုရက်ပိုင်းတွေမှာ Gemini ဖွားတွေအတွက် စိတ်ရှည်းသည်းခံရမယ့် ကာလပါ။ စိတ်ရှည်ခြင်းနဲ့ ထင်မှတ်မထားလောက်တဲ့ အကျိုးကျေးဇူးတွေ ကံကောင်းမှုတွေ လက်ဆောင်ရနိုင်တယ်။ မလိုလားအပ်တဲ့ သဘောထားကွဲလွဲခြင်းတွေကနေ ရှောင်ရှားပါ။ အရင်ကတည်းက စိတ်ကူးကြံစည်ထားတာတွေကို အကောင်အထည်ဖော်သင့်တဲ့ကာလဖြစ်ပြီး လက်ရှိအကောင်အထည်ဖော်နေတဲ့အကြံအစည်တွေ အောင်မြင်မယ့် ကာလမှာ ကျရောက်နေတယ်။ အချစ်ရေးမှာတော့ ပျော်စရာကောင်းနေမှာဖြစ်ပြီး အနားမှာ ဖြစ်နေသမျှကို အကောင်းမြင်စိတ်တွေနဲ့ ကြည့်မိနေမှာဖြစ်တယ်။ ခရီးသွားဖို့သင့်တော်တဲ့အချိန်ကာလမဟုတ်ဘူး။ ဒီရက်ပိုင်းမှာ shopping ထွက်တာကအစ နေ့စဉ်ကျောင်းတွေရုံးတွေသွားတာကို သွားနေကျလမ်းမဟုတ်ပဲ အခြားလမ်းတွေကနေသွားသင့်တယ်။

Cancer (Jun 21- July 22)

Cancer ရာသီဖွားတွေကတော့ ဒီရက်ပိုင်းမှာ ကိုယ်လုပ်နိုင်တဲ့အလုပ်ကို သေချာသိပြီး လုပ်ဆောင်ခြင်းနဲ့ အောင်မြင်မှုတွေရရှိနိုင်မှာဖြစ်တယ်။ စိတ်ဖိစီးမှုတွေနဲ့ ကြုံတွေ့ရချိန်မှာ စိတ်ဓာတ်ကျနေမယ့်အစား ကိုယ့်စိတ်ကိုနိုင်အောင်ထိန်းပြီး လုပ်စရာရှိတာဆက်လုပ်ပါ။ ကိုယ်လိုချင်တဲ့ အောင်မြင်မှုဆီရောက်ဖို့ ရွေးချယ်ရမယ့်လမ်းကို တွေဝေနေတတ်တယ်။ အရင်းနှီးဆုံးသူငယ်ချင်းတွေဆီက surprise လက်ဆောင်တွေရတတ်တယ်။ ရင်းနှီးမြုပ်နှံမှုနဲ့ဆက်စပ်တဲ့ လုပ်ငန်းလုပ်ကိုင်သူတွေ အောင်မြင်မှုရရှိနေတတ်တယ်။ အချစ်ရေးမှာတော့ ကိုယ့်ခံစားချက်တွေကို တစ်ဖက်လူသိအောင် ဖွင့်ပြောသင့်တဲ့အချိန်ကောင်းပါ။ ခရီးသွားလာသင့်တဲ့အချိန်အခါကောင်းမှာ ကျရောက်နေတယ်။

Leo (Jul 23 – August 22)

Leo ရာသီဖွားတွေအနေနဲ့ အခုရက်ပိုင်းမှာ အခက်အခဲတွေနဲ့ ကြုံတွေ့ရမယ်။ စိတ်အေးအေးထားပြီး စိတ်ရှည်သည်းခံခြင်းနဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်မယ်။ ကိုယ်နှစ်သက်သဘောကျတဲ့လူက ကိုယ့်အတွက် ဒုက္ခရောက်စေမယ့် အကြံဉာဏ်တွေပေးလာနိုင်တာမို့ နှလုံးသားအလိုမလိုက်ပဲ ဦးနှောက်နဲ့ သေချာဝေဖန်ပိုင်းခြားရမယ့်ကာလဖြစ်တယ်။ ဘဝအတွက် အရေးပါတဲ့အပြောင်းအလဲတွေနဲ့ ကြုံတွေ့ရနိုင်တယ်။ အချစ်ရေးမှာတော့ ပျော်စရာကောင်းနေမယ့်ကာလဖြစ်တယ်။ စိတ်ပိုင်းဆိုင်ရော ရုပ်ပိုင်းဆိုင်ရာပါ ပိုမိုကောင်းမွန်လာမယ့် ကာလအပိုင်းအခြားမှာ ကျရောက်နေတယ်။

Virgo (Aug 23 – September 22)

Virgo ရာသီဖွားတွေအတွက် အခုလတ်တလောမှာ စိတ်ကူးကြံစည်ထားတဲ့ အလုပ်တွေမှာ အခက်အခဲတွေပေါ်ပေါက်ပြီး ကျရှုံးနိုင်ချေများလို့ သေချာသတိထားလုပ်ဆောင်သင့်တယ်။ ဘဝကိုပြောင်းလဲသွားစေမယ့် သတင်းဆိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရနိုင်လို့ စိတ်ခိုင်ခိုင်ထားဖို့ လိုအပ်တယ်။ စီးပွားရေးမှာတော့ အောင်မြင်နေပြီး ငွေဝင်ကြမ်းနေမယ့် ကာလဖြစ်တယ်။ ကြံစည်ထားတဲ့အစီအစဉ်တွေ နှောင့်နှေးကြန့်ကြာနိုင်ပြီး အဲဒါကပဲ ပိုကောင်းဖို့ဖြစ်လာမယ်။ အချစ်ရေးမှာတော့ ကတောက်ကဆတွေဖြစ်နေမယ်။ စိတ်ထဲမှာ လွန်ဆွဲနေရမယ့် ကာလဖြစ်တယ်။ ခရီးသွားလာဖို့ သင့်တော်တဲ့အချိန်ကာလကောင်းမှာကျရောက်နေတယ်။

Libra (September 23 – October 22)

Libra တွေအတွက်ကတော့ ဒီရက်ပိုင်းမှာ ကိုယ့်အားကိုယ်ကိုးပြီး အောင်မြင်နိုင်မယ်။ စိတ်ရှည်သည်းခံရမယ့် ကာလဖြစ်တယ်။ မလိုလားအပ်တဲ့ ငြင်းခုန်ရခြင်းတွေနဲ့ ကြုံရနိုင်လို့ ရှောင်ရှားသင့်တယ်။ အလုပ်နဲ့ပတ်သက်တဲ့ တွေ့ဆုံပြောဆိုရခြင်းတွေမှာ အောင်မြင်မယ်။ အကောင်းဘက်ကိုသွားတဲ့ ပြောင်းလဲခြင်းတွေနဲ့ ကြုံရမယ်။ အချစ်ရေးမှာတော့ ကိုယ့်ရဲ့အချစ်ကိုဖွင့်ပြောဖို့ မဝံ့မရဲဖြစ်နေမယ်။ ချစ်သူရှိပြီးသားသူတွေက ချစ်သူနဲ့ ကိုယ်နဲ့ကြားမှာ တံတိုင်းတစ်ခုခြားသလိုဖြစ်နေမယ်။ ကိုယ့်ရဲ့ ပေါ့ဆမှုကြောင့် ငွေကြေးဆုံးရှုံးရနိုင်ချေရှိလို့ သတိထားသင့်တယ်။ ခရီးသွားလာသင့်တဲ့အချိန်အခါကောင်းမှာကျရောက်နေတယ်။

Scorpio (October 23 – November 21)

Scorpio ရာသီဖွားတွေအနေနဲ့ အခုတလောမှာ လုပ်ငန်းခွင်မှာ အောင်မြင်မှုရနေမှာဖြစ်ပြီး အဲဒီအောင်မြင်မှုနဲ့အတူ မနာလိုခံရခြင်းတွေပါ ပါလာမှာဖြစ်တယ်။ အရေးတကြီးချမှတ်ရမယ့် ဆုံးဖြတ်ချက်တွေကို ချမှတ်သင့်တဲ့အချိန်ကာလမဟုတ်သေးဘူး။ အမှားအယွင်းတွေလုပ်မိနေမှာဖြစ်ပြီး အဲဒီအမှားတွေကြောင့် ကိုယ့်ကိုယ်ကိုယ်စိတ်ညစ်နေရမယ်။ အနီးအနားက လူတွေက သူတို့ရဲ့အကြံအစည်အောင်မြင်ဖို့ သင့်ကိုလာပြီးမြူဆွယ်ဖြားယောင်းတာတွေနဲ့ ကြုံရနိုင်လို့ သတိထားသင့်တယ်။ ဘဝအတွက်ပိုကောင်းတဲ့အပြောင်းအလဲတွေဖြစ်လာမယ်။ ဘဝမှာ အကျိုးမပေး၊နာကျင်မှုတွေပဲပေးတဲ့ လူတွေကိုဖယ်ထုတ်ရမယ့်အချိန်ပါ။ ခရီးသွားလာခြင်းက သင့်စိတ်ကိုကြည်လင်ပြီး စိတ်ဖိစီးမှုတွေပြေလျော့သွားစေမှာ ဖြစ်လို့ အပန်းဖြေခရီးထွက်သင့်တဲ့အချိန်ကာလမှာ ကျရောက်နေတယ်။

Sagittarius (November 22 – December 21)

လက်ရှိအချိန်မှာတော့ ကိုယ်ချမှတ်ထားတဲ့ စည်းကမ်းတွေကို ကိုယ်တိုင်ပဲ ပြန်ချိုးဖောက်မိနေတတ်လို့ စိတ်တည်ငြိမ်အောင် ထိန်းသင့်တဲ့ကာလဖြစ်တယ်။ အခြေအနေတိုင်းမှာ လိုက်လျောညီထွေနေတတ်ခြင်းက သင့်ကိုအောင်မြင်မှုရစေမယ်။ ရိုးသားကြိုးစားပြီး ကိုယ်ယုံကြည်ရာကို ဆွဲကိုင်ထားခြင်းနဲ့ ရန်သူတွေ မလိုသူတွေကို အောင်မြင်နိုင်မယ်။ စီးပွားရေးမှာ ငွေကြေးဆုံးရှုံးရခြင်းတွေနဲ့ ကြုံရတတ်လို့ သတိထားသင့်တယ်။ အချစ်ရေးမှာတော့ ချစ်သူမရှိသူတွေက ကိုယ်ချစ်တဲ့သူကို ဖွင့်ပြောသင့်တဲ့အချိန်အခါကောင်းဖြစ်ပြီး ချစ်သူရှိတဲ့သူတွေကတော့ ချစ်သူနဲ့ အနာဂတ်အစီအစဉ်တွေ တိုင်ပင်ဆွေးနွေးပြီး သာယာတဲ့အချစ်ရေးကို ပိုင်ဆိုင်နိုင်နေမှာဖြစ်တယ်။

Capricorn (December 22 – Jan 19)

ဒီရက်ပိုင်းမှာတော့ ကိုယ်နဲ့သိပ်မရင်းနှီးတဲ့သူတွေနဲ့ တွေ့ဆုံမှုတွေမပြုလုပ်သင့်ဘူး။ ပျင်းနေမယ့်အစား အလုပ်ကြိုးစားရတော့မယ့်ကာလပါ။ အနာဂတ်အကြံအစည်တွေကြိုတင်ချမှတ်သင့်တဲ့ အချိန်အပိုင်းအခြားမှာ ကျရောက်နေပြီး စိတ်ရှည်သည်းခံခြင်းနဲ့ အခက်အခဲတွေကိုအောင်မြင်နိုင်မှာဖြစ်တယ်။ အလုပ်နဲ့ပတ်သက်တဲ့ တွေ့ဆုံပြောဆိုရခြင်းတွေမှာ အောင်မြင်မှုရမယ်။အချစ်ရေးမှာတော့ တစ်ယောက်ထက်ပိုတဲ့အချစ်ရေးတွေနဲ့ ကြုံတွေ့နေရတတ်တယ်။ ချစ်သူနဲ့ ပျော်ရွှင်ကြည်နူးနေမယ့်ကာလဖြစ်တယ်။ ခရီးသွားလာသင့်တဲ့အချိန်အခါကောင်းမှာ ကျရောက်နေတယ်။

Aquarius (January 20 – February 18)

Aquarius တွေကတော့ အခုရက်ပိုင်းမှာ အရာအားလုံးကို လောလောလောလောနဲ့ လုပ်မိနေမယ်။ အလောတကြီးလုပ်ဆောင်နေတာကြောင့် အမြဲတမ်း စိတ်မောနေရမယ်။ အလုပ်နဲ့ပတ်သက်ပြီး အသုံးဝင်မယ့် အိုင်ဒီယာကောင်းတွေကြံစည်စိတ်ကူးနိုင်မယ်။ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး မမျှော်လင့်ထားတဲ့ ဝင်ငွေအပိုတွေရမယ်။ အချစ်ရေးမှာတော့ ချစ်သူနဲ့ သဘောထားတွေကွဲလွဲပြီး အထင်လွဲမှားတာလေးတွေနဲ့ ရင်ဆိုင်ရမယ်။ ကတောက်ကဆတွေဖြစ်နိုင်ချေရှိတယ်။ ခရီးသွားလာသင့်တဲ့အချိန်ကာလဖြစ်တဲ့အတွက် အပန်းဖြေခရီးလေးတွေထွက်သင့်တယ်။

Pieces (February 19 – March 20)

လက်ရှိအချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျော့နည်းနေသလိုဖြစ်တတ်တယ်။ မရေရာမသေချာမှုတွေဖြစ်နေမယ်။ အချိန်တွေအကြာကြီးရွှေ့လာခဲ့တဲ့မိသားစုပြဿနာအချို့ကို ဖြေရှင်းရဖို့ရှိမယ်။ စိတ်ရှည်သည်းခံခြင်းနဲ့အခက်အခဲတွေကိုကျော်လွှားနိုင်မှာဖြစ်တယ်။ ကိုယ့်စိတ်အကြံအစည်တွေ အနာဂတ်အစီအစဉ်တွေကို ကိုယ်ချစ်တဲ့သူတွေက ဂရုမစိုက်တာတွေ ပလစ်နေတာတွေကြောင့် ဒေါသထွက်ရမယ်။အချစ်ရေးမှာတော့ ချစ်သူရှိတဲ့သူတွေက ချစ်သူကို တာဝန်ယူရဖို့ဖြစ်လာနိုင်သလို အပြီးတိုင်လမ်းခွဲရတာမျိုးလည်းကြုံလာနိုင်တဲ့အစွန်းနှစ်ဖက်မှာရှိနေတယ်။ လိမ်မာပါးနပ်စွာ ရင်ဆိုင်ဆုံးဖြတ်သင့်တယ်။ ခရီးသွားလာသင့်တဲ့အချိန်အခါကောင်းမှာကျရောက်နေတယ်။ အလုပ်နဲ့သွားရတဲ့ခရီးတွေအောင်မြင်မယ်။ ကားမောင်းရာမှာတော့ သတိထားသင့်တယ်။

အခုဖော်ပြသွားတာတွေကတော့ ပြောချင်လွန်းလို့ရဲ့ တစ်ပတ်စာဗေဒင်ဟောစာတမ်းဖြစ်ပါတယ်။ဟောစာတမ်းရဲ့ဖော်ပြချက်တွေနဲ့ ကိုယ့်ရာသီခွင်နဲ့ကိုက်ရဲ့လားဆိုတာလည်း ဖတ်ရှုပြီးပြောခဲ့ကြပါဦး။ နောက်အပတ်တွေမှာလည်းတစ်ပတ်စာဗေဒင်ဟောစာတမ်းတွေကို တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုကြပါဦး။

ေျခေခါက္လဲတဲ့အခါ ခ်က္ခ်င္းသက္သာေအာင္ လုပ္သင့္တဲ့အခ်က္ေတြ

ဒီတခါ ေဒါက္တာလင္း ေျပာျပမွာကေတာ့ အျဖစ္မ်ားတတ္တဲ့ ထိခိုက္ဒဏ္ရာ တစ္မ်ိဳးျဖစ္တဲ့ ေျခေခါက္လဲတဲ့ အေၾကာင္းပဲ ျဖစ္ပါတယ္။ ေျခေခါက္လဲတာဟာ ကေလးေတြမွာ အျဖစ္မ်ားသလို လူႀကီးေတြမွာလဲ သတိမထားမိရင္ ျဖစ္ျဖစ္၊ ၾကမ္းျပင္ မညီတာပဲ ျဖစ္ျဖစ္ေၾကာင့္ ေျခေခါက္လဲတတ္ပါတယ္။ အခ်ိဳ႕ ခန႔္မွန္းတာကေတာ့ ကမာၻေပၚမွာ တရက္ကို လူေပါင္း ႏွစ္သိန္းခြဲေလာက္ ေျခေခါက္လဲေနၾကပါတယ္တဲ့။ အမ်ားအားျဖင့္ေတာ့ ေျခေခါက္လဲတယ္သာေျပာတာပါ။ တကယ္ေတာ့ မလဲပါဘူး။ ဟန္ခ်က္နဲနဲ ပ်က္မယ္၊ ဆစ္ကနဲ တခ်က္ေလာက္ နာၿပီးရင္ ျပန္ေကာင္းသြားၿပီး ကိုယ္သြားမယ့္လမ္း ဆက္သြားၾကတာပဲမလား။ တစ္ခါတစ္ေလ ကိုယ္လဲမလို ျဖစ္တာ ျမင္တဲ့သူရွိရင္လည္း အရွက္ေျပရယ္ျပၿပီး ဆက္သြားတာပဲေလ ေနာ္။

ေျခေခါက္လဲတာကိုပဲ ကံမေကာင္းတဲ့ အခါမ်ိဳးနဲ႔ တိုက္ဆိုင္သြားတဲ့အခါ က်ေတာ့လည္း မေထာက္ႏိုင္ေလာက္ေအာင္နာၿပီး ေျခက်င္းဝတ္ တစ္ခုလုံးနာတာပဲမလား။ အဲဒါဟာ ေျခေခါက္လဲတဲ့အခါ ေျခက်င္းဝတ္အျပင္ဘက္က အ႐ြတ္ေတြ ဒဏ္ရာရတာ မ်ားသြားလို႔ပါတဲ့။ အဲလိုဒဏ္ရာရတာကို ေသခ်ာ မကုသဘူးဆိုရင္ေတာ့ နာတာရွည္ ျပႆနာေတြလည္း ျဖစ္ေစႏိုင္ပါတယ္တဲ့။ အထူးသျဖင့္ ေျခေခါက္လဲၿပီးတဲ့ေနာက္မွာ ေျခက်င္းဝတ္လည္သြားတဲ့ သူေတြမွာဆို ပိုၿပီး ဒဏ္ျဖစ္ေစပါတယ္။ အကယ္၍ သင္သာ ေျခေခါက္လဲၿပီး ေျခက်င္းဝတ္ လည္သြားတယ္လို႔ သံသယ ရွိေနပါက ဆရာဝန္နဲ႔ ျပသတိုင္ပင္ပါလို႔ အႀကံျပဳလိုပါတယ္။

ေျခေခါက္လဲတဲ့အခါ ခ်က္ခ်င္းသက္သာေအာင္ လုပ္သင့္တဲ့အခ်က္ေတြ

ဆရာဝန္အေနနဲ႔ ဓာတ္မွန္႐ိုက္တာအျပင္ အျခားလိုအပ္တဲ့ စစ္ေဆးမႈ႕ေတြက္ု ျပဳလုပ္ေပးၿပီးေနာက္ အ႐ြတ္ထိခိုက္မႈ႕နဲ႔ အ႐ိုးထိခိုက္ျခင္း ရွိမရွိကို ခြဲျခားအတည္ျပဳေပးပါလိမ့္မယ္။ အဆိုပါ ခြဲျခားမႈတြင္ ေျခက်င္းဝတ္လည္ျခင္း၏ အဆင့္ခြဲျခားမႈ ျဖစ္ေသာ ၁ (အႏုစား)၊ ၂(သာမန္)၊ ၃(ျပင္းထန္) ဟူ၍ ၃ မ်ိဳးခြဲျခားထားပါသည္။ ေရာဂါလကၡဏာမ်ားမွာ ျဖစ္ေသာ ေျခက်င္းဝတ္တြင္ နီရဲေရာင္ရမ္းျခင္း၊ ေျခေထာက္ေထာက္ၿပီး လမ္းမေလ်ာက္ႏိုင္ေလာက္ေအာင္ နာက်င္ျခင္း၊ ေသြးေျခဥ ညိဳမဲစြဲျခင္းႏွင့္ ေျခက်င္းဝတ္ ပုံစံမမွန္ျခင္း စသည့္ လကၡဏာမ်ားကို ေတြ႕ရႏိုင္ပါသည္။

ကုသရာတြင္ လိုအပ္ပါက အ႐ိုးအထူးကုမ်ား၊ ျပန္လည္သန္စြမ္းေရး ပညာရွင္မ်ား၊ ကြၽမ္းက်င္သူမ်ား၊ လိုအပ္ပါက (ကေလးလူနာ ျဖစ္ပါက) ကေလးအထူးကု ဆရာဝန္မ်ား၊ ေမ့ေဆးဆရာဝန္မ်ား စသည္ျဖင့္ လိုအပ္သလို စုေပါင္း ညႇိႏႈိင္းၿပီး ကုသမႈ႕ ေပးပါလိမ့္မည္။
ေျခေခါက္လဲပါက ေအာက္ပါကုသမႈ႕မ်ားကို အိမ္တြင္လုပ္ေဆာင္ႏိုင္ပါသည္။
ေရာင္ရမ္းေနေသာ အခ်ိန္တြင္ ေရခဲကပ္ႏိုင္ပါသည္။ ေရခဲကပ္ပါကသတိျပဳရန္မ်ားမွာ အသားကို တိုက္႐ိုက္ထိၿပီး မကပ္ရန္၊ မိနစ္ ၂၀ ကပ္ၿပီးတိုင္း ခဏနားေပးရန္ ျဖစ္ပါသည္။

ေျခေခါက္လဲတဲ့အခါ ခ်က္ခ်င္းသက္သာေအာင္ လုပ္သင့္တဲ့အခ်က္ေတြ

ေျခေထာက္ကို အနားေပးရန္။ အထူးသျဖင့္ လမ္းေလ်ာက္ျခင္းကို ေရွာင္ၾကဥ္ရန္။ ေျခက်င္းဝတ္ကို တတ္ႏိုင္သ၍ ၿငိမ္ၿငိမ္ထားရန္ လိုအပ္ပါသည္။ ထိုင္နားပါက ေျခေထာက္ခ်ထားျခင္းထက္ ေျခေထာက္ကို အနည္းငယ္ ျမင့္ေသာ ေနရာတြင္ (ဥပမာ ေျခတင္ခုံျဖင့္) တင္ထားသင့္ပါသည္။ အေရးႀကီးဆုံး အခ်က္မွာ မသက္သာပါက ေဆး႐ုံေဆးခန္းမ်ားတြင္ ကြၽမ္းက်င္သူမ်ားႏွင့္ ျပသရန္ျဖစ္ၿပီး ႐ိုးရာ အႏွိပ္သည္မ်ား၊ ႐ိုးရာအေၾကာျပင္ကုသမႈ႕မ်ားကို ေရွာင္ၾကဥ္ရန္ ျဖစ္ပါတယ္။ယခုေဆာင္းပါးကို ေဒါက္တာဇီဝကမွ ကူးယူေဖာ္ျပျပီး ေဒါက္တာလင္းမွေရးသားထားပါတယ္။

Unicode

ဒီတခါ ဒေါက်တာလင်း ပြောပြမှာကတော့ အဖြစ်များတတ်တဲ့ ထိခိုက်ဒဏ်ရာ တစ်မျိုးဖြစ်တဲ့ ခြေခေါက်လဲတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ခြေခေါက်လဲတာဟာ ကလေးတွေမှာ အဖြစ်များသလို လူကြီးတွေမှာလဲ သတိမထားမိရင် ဖြစ်ဖြစ်၊ ကြမ်းပြင် မညီတာပဲ ဖြစ်ဖြစ်ကြောင့် ခြေခေါက်လဲတတ်ပါတယ်။ အချို့ ခန့်မှန်းတာကတော့ ကမ္ဘာပေါ်မှာ တရက်ကို လူပေါင်း နှစ်သိန်းခွဲလောက် ခြေခေါက်လဲနေကြပါတယ်တဲ့။ အများအားဖြင့်တော့ ခြေခေါက်လဲတယ်သာပြောတာပါ။ တကယ်တော့ မလဲပါဘူး။ ဟန်ချက်နဲနဲ ပျက်မယ်၊ ဆစ်ကနဲ တချက်လောက် နာပြီးရင် ပြန်ကောင်းသွားပြီး ကိုယ်သွားမယ့်လမ်း ဆက်သွားကြတာပဲမလား။ တစ်ခါတစ်လေ ကိုယ်လဲမလို ဖြစ်တာ မြင်တဲ့သူရှိရင်လည်း အရှက်ပြေရယ်ပြပြီး ဆက်သွားတာပဲလေ နော်။

ခြေခေါက်လဲတာကိုပဲ ကံမကောင်းတဲ့ အခါမျိုးနဲ့ တိုက်ဆိုင်သွားတဲ့အခါ ကျတော့လည်း မထောက်နိုင်လောက်အောင်နာပြီး ခြေကျင်းဝတ် တစ်ခုလုံးနာတာပဲမလား။ အဲဒါဟာ ခြေခေါက်လဲတဲ့အခါ ခြေကျင်းဝတ်အပြင်ဘက်က အရွတ်တွေ ဒဏ်ရာရတာ များသွားလို့ပါတဲ့။ အဲလိုဒဏ်ရာရတာကို သေချာ မကုသဘူးဆိုရင်တော့ နာတာရှည် ပြဿနာတွေလည်း ဖြစ်စေနိုင်ပါတယ်တဲ့။ အထူးသဖြင့် ခြေခေါက်လဲပြီးတဲ့နောက်မှာ ခြေကျင်းဝတ်လည်သွားတဲ့ သူတွေမှာဆို ပိုပြီး ဒဏ်ဖြစ်စေပါတယ်။ အကယ်၍ သင်သာ ခြေခေါက်လဲပြီး ခြေကျင်းဝတ် လည်သွားတယ်လို့ သံသယ ရှိနေပါက ဆရာဝန်နဲ့ ပြသတိုင်ပင်ပါလို့ အကြံပြုလိုပါတယ်။

ဆရာဝန်အနေနဲ့ ဓာတ်မှန်ရိုက်တာအပြင် အခြားလိုအပ်တဲ့ စစ်ဆေးမှု့တွေက်ု ပြုလုပ်ပေးပြီးနောက် အရွတ်ထိခိုက်မှု့နဲ့ အရိုးထိခိုက်ခြင်း ရှိမရှိကို ခွဲခြားအတည်ပြုပေးပါလိမ့်မယ်။ အဆိုပါ ခွဲခြားမှုတွင် ခြေကျင်းဝတ်လည်ခြင်း၏ အဆင့်ခွဲခြားမှု ဖြစ်သော ၁ (အနုစား)၊ ၂(သာမန်)၊ ၃(ပြင်းထန်) ဟူ၍ ၃ မျိုးခွဲခြားထားပါသည်။ ရောဂါလက္ခဏာများမှာ ဖြစ်သော ခြေကျင်းဝတ်တွင် နီရဲရောင်ရမ်းခြင်း၊ ခြေထောက်ထောက်ပြီး လမ်းမလျောက်နိုင်လောက်အောင် နာကျင်ခြင်း၊ သွေးခြေဥ ညိုမဲစွဲခြင်းနှင့် ခြေကျင်းဝတ် ပုံစံမမှန်ခြင်း စသည့် လက္ခဏာများကို တွေ့ရနိုင်ပါသည်။

ကုသရာတွင် လိုအပ်ပါက အရိုးအထူးကုများ၊ ပြန်လည်သန်စွမ်းရေး ပညာရှင်များ၊ ကျွမ်းကျင်သူများ၊ လိုအပ်ပါက (ကလေးလူနာ ဖြစ်ပါက) ကလေးအထူးကု ဆရာဝန်များ၊ မေ့ဆေးဆရာဝန်များ စသည်ဖြင့် လိုအပ်သလို စုပေါင်း ညှိနှိုင်းပြီး ကုသမှု့ ပေးပါလိမ့်မည်။
ခြေခေါက်လဲပါက အောက်ပါကုသမှု့များကို အိမ်တွင်လုပ်ဆောင်နိုင်ပါသည်။
ရောင်ရမ်းနေသော အချိန်တွင် ရေခဲကပ်နိုင်ပါသည်။ ရေခဲကပ်ပါကသတိပြုရန်များမှာ အသားကို တိုက်ရိုက်ထိပြီး မကပ်ရန်၊ မိနစ် ၂၀ ကပ်ပြီးတိုင်း ခဏနားပေးရန် ဖြစ်ပါသည်။

ခြေထောက်ကို အနားပေးရန်။ အထူးသဖြင့် လမ်းလျောက်ခြင်းကို ရှောင်ကြဉ်ရန်။ ခြေကျင်းဝတ်ကို တတ်နိုင်သ၍ ငြိမ်ငြိမ်ထားရန် လိုအပ်ပါသည်။ ထိုင်နားပါက ခြေထောက်ချထားခြင်းထက် ခြေထောက်ကို အနည်းငယ် မြင့်သော နေရာတွင် (ဥပမာ ခြေတင်ခုံဖြင့်) တင်ထားသင့်ပါသည်။ အရေးကြီးဆုံး အချက်မှာ မသက်သာပါက ဆေးရုံဆေးခန်းများတွင် ကျွမ်းကျင်သူများနှင့် ပြသရန်ဖြစ်ပြီး ရိုးရာ အနှိပ်သည်များ၊ ရိုးရာအကြောပြင်ကုသမှု့များကို ရှောင်ကြဉ်ရန် ဖြစ်ပါတယ်။ယခုဆောင်းပါးကို ဒေါက်တာဇီဝကမှ ကူးယူဖော်ပြပြီး ဒေါက်တာလင်းမှရေးသားထားပါတယ်။