အၾကမ္းစားဇာတ္ကားထဲမွာ အိျႏၵာေက်ာ္ဇင္နဲ႔အျပိဳင္ သရုပ္ေဆာင္ေနတဲ့ လုလုေအာင္

လုလုေအာင္ ဆိုတာနဲ႔ ခႏၶာကိုယ္ေကာက္ေၾကာင္းအမိုက္စားေတြနဲ႔ ပံုအလန္းေတြ ရိုက္ေလ့ရိွတဲ့ ေခးႀကီးလုဆိုတာကို အားလံုးေသာ အမ်ိဳးသားထုႀကီးကေတာ့ သိၾကၿပီးသားျဖစ္မွာပါ ။ လုလုေအာင္က ပရိသတ္ေတြကို သူရဲ႕မရိုးႏိုင္တဲ့ အလွတရားေတြ ေပၚလြင္တဲ့ ပံုေတြကိုတင္ၿပီး မၾကာၾကာ မွ်ေဝေလ့ရိွပါတယ္။ အဲ့ဒီလို မရိုးႏိုင္တဲ့ အလွေတြ စြဲေဆာင္မႈရိွတဲ့အလွေတြကို ပိုင္ဆိုင္ထားတဲ့ လုလုေအာင္ကို ပရိသတ္ေတြက ေၾကာ္ျငာေမာ္ဒယ္အျဖစ္နဲ႔တင္ မျပီးသြားေစခ်င္ပဲ မင္းသမီးတစ္လက္အျဖစ္ သရုပ္ေဆာင္အလုပ္ကိုပါ လုပ္ကုိင္ေစခ်င္ေနၾကသူေတြလည္း ဒုနဲ႔ေဒးပါ။

အဲဒီလို လုလုေအာင္ကို မင္းသမီးအျဖစ္ျမင္ေစခ်င္ၾကတဲ့ ပရိသတ္ေတြကုိ လုက ဆႏၵျဖည့္ေပးလိုက္ျပန္ပါျပီ။ လုလုေအာင္က မၾကာခင္မွာ သရုပ္ေဆာင္မင္းသမီးတစ္လက္အျဖစ္ ပရိသတ္ေတြေရွ႕ကုိ ေရာက္ရွိလာနုိင္ဖုိ႔အတြက္ ရုပ္ရွင္ဇာတ္ကားေတြ လက္ခံရိုက္ကူးေနျပီျဖစ္သလို အခုဆိုရင္လည္း ပရိသတ္ေတြရင္သပ္ရႈ႕ေမာၾကည့္ရႈရမယ့္ ေနာက္ထပ္ဇာတ္ကားၾကီးတစ္ကားရုိက္ေနတယ္လို႔သိရပါတယ္။ အဲဒီဇာတ္ကားထဲမွာေတာ့ လုက သူ႔ရဲ႕ ခႏၶာကုိယ္ေကာက္ေၾကာင္းအလွကုိ ထင္းထင္းရွင္းရွင္းၾကီးေပၚလြင္ေစမယ့္ ဂါဝန္အေပ်ာ့ေလးနဲ႔ ဆြဲေဆာင္မႈရွိစြာ ရုိက္ကူးေနတာကုိလည္းေတြ႕ရပါတယ္။

လုက သူမရဲ႕ အရမ္းၾကမ္းတဲ့ ဇာတ္ကားၾကီးရိုက္ကူးေနတဲ့ ဇာတ္ဝင္ခန္းဓာတ္ပံုေတြေလးေတြကုိ လူမႈကြြန္ယက္ေပၚမွာ တင္ေပးထားပါတယ္။ အဲဒီဓာတ္ပံုေလးေတြထဲမွာ အိျႏၵာေက်ာ္ဇင္နဲ႔အျပိဳင္သရုပ္ေဆာင္ေနတဲ့ ဇာတ္ဝင္ခန္းကုိလည္းေတြ႕ရပါတယ္။ လုလုေအာင္က အဲဒီဓာတ္ပုံေလးေတြနဲ႔အတူ “ဒိုေလး ဆိုတဲ့ကားႀကီးမာ ခေလးလုစ္ ၾကမ္းထားတယ္ အားေပးမာလား ႐ုံတင္ရင္”လို႔ ေရးထားတာေတြ႕ရပါတယ္။ ပရိသတ္ေတြကေတာ့ လုရဲ႕ဓာတ္ပံုေတြေအာက္မွာ လုကုိ အားေပးဖို႔အသင့္ပဲဆိုတဲ့ comment ေလးေတြမန္႔ထားတာလည္း ေတြ႕ရပါတယ္။

ေျပာခ်င္လြန္းလို႔႔ပရိသတ္ၾကီးေရာ လုကို ခ်စ္ၾကလား။ လုရဲ႕ရုပ္ရွင္ဇာတ္ကားၾကီးေတြရံုတင္ရင္ေရာ အားေပးဖို႔အသင့္ပဲလား။ ေျပာခဲ့ၾကပါဦး။

Unicode

လုလုအောင် ဆိုတာနဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအမိုက်စားတွေနဲ့ ပုံအလန်းတွေ ရိုက်လေ့ရှိတဲ့ ခေးကြီးလုဆိုတာကို အားလုံးသော အမျိုးသားထုကြီးကတော့ သိကြပြီးသားဖြစ်မှာပါ ။ လုလုအောင်က ပရိသတ်တွေကို သူရဲ့မရိုးနိုင်တဲ့ အလှတရားတွေ ပေါ်လွင်တဲ့ ပုံတွေကိုတင်ပြီး မကြာကြာ မျှဝေလေ့ရှိပါတယ်။ အဲ့ဒီလို မရိုးနိုင်တဲ့ အလှတွေ စွဲဆောင်မှုရှိတဲ့အလှတွေကို ပိုင်ဆိုင်ထားတဲ့ လုလုအောင်ကို ပရိသတ်တွေက ကြော်ငြာမော်ဒယ်အဖြစ်နဲ့တင် မပြီးသွားစေချင်ပဲ မင်းသမီးတစ်လက်အဖြစ် သရုပ်ဆောင်အလုပ်ကိုပါ လုပ်ကိုင်စေချင်နေကြသူတွေလည်း ဒုနဲ့ဒေးပါ။

အဲဒီလို လုလုအောင်ကို မင်းသမီးအဖြစ်မြင်စေချင်ကြတဲ့ ပရိသတ်တွေကို လုက ဆန္ဒဖြည့်ပေးလိုက်ပြန်ပါပြီ။ လုလုအောင်က မကြာခင်မှာ သရုပ်ဆောင်မင်းသမီးတစ်လက်အဖြစ် ပရိသတ်တွေရှေ့ကို ရောက်ရှိလာနိုင်ဖို့အတွက် ရုပ်ရှင်ဇာတ်ကားတွေ လက်ခံရိုက်ကူးနေပြီဖြစ်သလို အခုဆိုရင်လည်း ပရိသတ်တွေရင်သပ်ရှု့မောကြည့်ရှုရမယ့် နောက်ထပ်ဇာတ်ကားကြီးတစ်ကားရိုက်နေတယ်လို့သိရပါတယ်။ အဲဒီဇာတ်ကားထဲမှာတော့ လုက သူ့ရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ထင်းထင်းရှင်းရှင်းကြီးပေါ်လွင်စေမယ့် ဂါဝန်အပျော့လေးနဲ့ ဆွဲဆောင်မှုရှိစွာ ရိုက်ကူးနေတာကိုလည်းတွေ့ရပါတယ်။

လုက သူမရဲ့ အရမ်းကြမ်းတဲ့ ဇာတ်ကားကြီးရိုက်ကူးနေတဲ့ ဇာတ်ဝင်ခန်းဓာတ်ပုံတွေလေးတွေကို လူမှုကွန်ယက်ပေါ်မှာ တင်ပေးထားပါတယ်။ အဲဒီဓာတ်ပုံလေးတွေထဲမှာ အိန္ဒြာကျော်ဇင်နဲ့အပြိုင်သရုပ်ဆောင်နေတဲ့ ဇာတ်ဝင်ခန်းကိုလည်းတွေ့ရပါတယ်။ လုလုအောင်က အဲဒီဓာတ်ပုံလေးတွေနဲ့အတူ “ဒိုလေး ဆိုတဲ့ကားကြီးမာ ခလေးလုစ် ကြမ်းထားတယ် အားပေးမာလား ရုံတင်ရင်”လို့ ရေးထားတာတွေ့ရပါတယ်။ ပရိသတ်တွေကတော့ လုရဲ့ဓာတ်ပုံတွေအောက်မှာ လုကို အားပေးဖို့အသင့်ပဲဆိုတဲ့ comment လေးတွေမန့်ထားတာလည်း တွေ့ရပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော လုကို ချစ်ကြလား။ လုရဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေရုံတင်ရင်ရော အားပေးဖို့အသင့်ပဲလား။ ပြောခဲ့ကြပါဦး။

ဟယ္လ္ပင္ကေလးေဆးရံုမွာ ကပ္ေရာဂါကာကြယ္ဖု႔ိ လိုအပ္တာေတြ လွဴဒါန္းခဲ့တဲ့ ဝတ္မႈန္ေရႊရည္

ဝတ္မႈန္ေရႊရည္ဟာ ျမန္မာနုိင္ငံရဲ႕နာမည္အၾကီးဆံုးထိပ္တန္းမင္းသမီးတစ္ဦးလို႔ဆိုနုိင္သလို အခုေနာက္ပို္င္းမွာ ဂ်ပန္နဲ႔ ကိုုရီးယား လို နိုင္ငံေတြမွာပါ ရုပ္ရွင္ေတြသြားေရာက္ရိုက္ကူးျပီးေအာင္ျမင္မႈရေနတဲ့မင္းသမီးတစ္လက္ျဖစ္ပါတယ္။ ကစ္ရဲ႕ လိပ္ျပာစံအိမ္ဇာတ္ကားၾကီးဟာဆိုရင္လည္း ျပည္ပနုိင္ငံေတြမွာပါသြားေရာက္ျပသျခင္းခံရျပီး ေအာင္ျမင္မႈေတြအၾကီးအက်ယ္ရရွိထားသလုိ ကစ္ပါဝင္တဲ့အျခားေသာဇာတ္ကားေတာ္ေတာ္မ်ားမ်ားဟာလည္းနုိင္ငံတကာအသိအမွတ္ျပဳျခင္းခံထားရတယ္ဆိုရင္မမွားပါဘူး။

ကစ္ေလးက မၾကာေသးမီက ပိုင္တံခြန္နဲ႔ အရမ္းကုိရိုျပီးခ်စ္ရတဲ့ အိပ္မက္ျမစ္ဆိုတဲ့ ဇာတ္ကားၾကီးကုိ ရုိက္ကူးထားျပီး ကစ္ပါဝင္တဲ့ တိမ္ေတြေပၚက ပန္း ဇာတ္ကားကလည္း ေအာင္ျမင္မႈအၾကီးအက်ယ္ရရွိထားတာပါ။ လက္ရွိမွာ အနုပညာအလုပ္ေတြဇယ္ဆက္သလိုလုပ္ေနတဲ့ ကစ္္ေလးက ပြဲတက္ေတြဆက္တိုက္ဆိုသလုိ တက္ေနရင္းနဲ႔ ခရီးေတြလည္း ထြက္ေနရတာျဖစ္ပါတယ္။ ကစ္ေလးက အနုပညာအလုပ္ေတြနဲ႔ မအားမလပ္ေပမယ့္ သူ႔ကုိခ်စ္တဲ့ ပရိသတ္ေတြျပည္သူေတြနဲ႔အတူတူ အလွဴအတန္းေတြလုပ္ဖို႔ ကုသိုလ္ေရးေတြျပဳဖို႔ေတာ့ မေမ့တတ္သူတစ္ဦးျဖစ္ပါတယ္။

Photo from 7th Sense Creation

လက္ရွိမွာ ကမၻာနဲ႔အဝွမ္းျဖစ္ပြားေနတဲ့ ေၾကာက္မက္ဖြယ္ ကပ္ေရာဂါၾကီးနဲ႔ ပတ္သက္ျပီးေတာ့ ျမန္မာနုိင္ငံမွာလည္း လူေတြအားလံုးက တတ္အားသမွ် ကာကြယ္ဂရုစိုက္ေနၾကသလို ေဆးရံုေဆးခန္းေတြမွာ ဆရာဝန္ေတြကလည္း ေန႔ညမျပတ္ အျမဲတမ္းအသင့္အေနအထားနဲ႔ ကူးစက္ေရာဂါကာကြယ္မႈေတြျပဳလုပ္ေနၾကတာျဖစ္ပါတယ္။ ပရိသတ္ေတြခ်စ္တဲ့ ကစ္ေလးကလည္း အားလံုးစိုးရိမ္ေၾကာက္လန္႔ေနရတဲ့ ကူးစက္ေရာဂါကုိ ကာကြယ္ဖို႔ တစ္ဖက္တစ္လမ္းကေန အကူအညီေပးလိုက္တာေတြ႕ရပါတယ္။ ကစ္က မၾကာေသးမီက ဟယ္လ္ပင္ကေလးေဆးရံုမွာ ကူးစက္ေရာဂါကုိ ကာကြယ္ဖို႔ လိုအပ္တဲ့ လက္သန္႔ေဆးရည္ေတြနဲ႔ mask ေတြကုိ လံုလံုေလာက္ေလာက္ သြားေရာက္လွဴဒါန္းခဲ့တယ္လို႔ သိရပါတယ္။

ကစ္က သူမရဲ႕ လူမႈကြန္ယက္မွာ အလွဴျပဳေနတဲ့ ဓာတ္ပံုေလးေတြနဲ႔အတူ “ဒီေန႔ ရန္ကုန္ ဟယ္ပင္ ကေလးေဆး႐ုံ မွာလိုအပ္တဲ့ Hand Sanitizer ,mask ေတြ ကေလးေတြအတြက္ အာဟာရ တေန႔တာ အလႉေလးေတြလႉျဖစ္တယ္။က်န္းမာေရးအတြက္ အဖက္ဖက္ကဂ႐ုစိုက္ေနၾကရတဲ့အခ်ိန္မွာ အခုလို အလႉေလးျဖစ္ေအာင္ကူညီေပးၾကတဲ့သူေတြကိုလည္းေက်းဇူးပါ။ကစ္ခ်စ္တဲ့ပရိတ္သတ္ ႀကီးလည္းက်န္းမာေရးကိုအထူးဂ႐ုစိုက္ၾကပါလို႔၊ ကူးစက္ေရာဂါကုိ သြားသတိလာသတိကာကြယ္ၾကဖို႔နဲ႔ က်န္းမာေရးသတိေပးခ်က္ေတြကိုအထူးဂ႐ုျပဳလိုက္နာၾကပါလို႔ေနာ္”လို႕ ေရးသားထားခဲ့တာေတြ႕ရပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးအတြက္ ကစ္ေလးရဲ႕ အလွဴဓာတ္ပံုေတြကုိ ေဖာ္ျပေပးလုိက္ပါတယ္ေနာ္။ ပရိသတ္ၾကီးလည္း ကစ္ေလးရဲ႕ အလွဴဒါနကုိ သာဓုေခၚခဲ့ၾကပါဦး။

Unicode

ဝတ်မှုန်ရွှေရည်ဟာ မြန်မာနိုင်ငံရဲ့နာမည်အကြီးဆုံးထိပ်တန်းမင်းသမီးတစ်ဦးလို့ဆိုနိုင်သလို အခုနောက်ပိုင်းမှာ ဂျပန်နဲ့ ကိုရီးယား လို နိုင်ငံတွေမှာပါ ရုပ်ရှင်တွေသွားရောက်ရိုက်ကူးပြီးအောင်မြင်မှုရနေတဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။ ကစ်ရဲ့ လိပ်ပြာစံအိမ်ဇာတ်ကားကြီးဟာဆိုရင်လည်း ပြည်ပနိုင်ငံတွေမှာပါသွားရောက်ပြသခြင်းခံရပြီး အောင်မြင်မှုတွေအကြီးအကျယ်ရရှိထားသလို ကစ်ပါဝင်တဲ့အခြားသောဇာတ်ကားတော်တော်များများဟာလည်းနိုင်ငံတကာအသိအမှတ်ပြုခြင်းခံထားရတယ်ဆိုရင်မမှားပါဘူး။

ကစ်လေးက မကြာသေးမီက ပိုင်တံခွန်နဲ့ အရမ်းကိုရိုပြီးချစ်ရတဲ့ အိပ်မက်မြစ်ဆိုတဲ့ ဇာတ်ကားကြီးကို ရိုက်ကူးထားပြီး ကစ်ပါဝင်တဲ့ တိမ်တွေပေါ်က ပန်း ဇာတ်ကားကလည်း အောင်မြင်မှုအကြီးအကျယ်ရရှိထားတာပါ။ လက်ရှိမှာ အနုပညာအလုပ်တွေဇယ်ဆက်သလိုလုပ်နေတဲ့ ကစ်လေးက ပွဲတက်တွေဆက်တိုက်ဆိုသလို တက်နေရင်းနဲ့ ခရီးတွေလည်း ထွက်နေရတာဖြစ်ပါတယ်။ ကစ်လေးက အနုပညာအလုပ်တွေနဲ့ မအားမလပ်ပေမယ့် သူ့ကိုချစ်တဲ့ ပရိသတ်တွေပြည်သူတွေနဲ့အတူတူ အလှူအတန်းတွေလုပ်ဖို့ ကုသိုလ်ရေးတွေပြုဖို့တော့ မမေ့တတ်သူတစ်ဦးဖြစ်ပါတယ်။

လက်ရှိမှာ ကမ္ဘာနဲ့အဝှမ်းဖြစ်ပွားနေတဲ့ ကြောက်မက်ဖွယ် ကပ်ရောဂါကြီးနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံမှာလည်း လူတွေအားလုံးက တတ်အားသမျှ ကာကွယ်ဂရုစိုက်နေကြသလို ဆေးရုံဆေးခန်းတွေမှာ ဆရာဝန်တွေကလည်း နေ့ညမပြတ် အမြဲတမ်းအသင့်အနေအထားနဲ့ ကူးစက်ရောဂါကာကွယ်မှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။ ပရိသတ်တွေချစ်တဲ့ ကစ်လေးကလည်း အားလုံးစိုးရိမ်ကြောက်လန့်နေရတဲ့ ကူးစက်ရောဂါကို ကာကွယ်ဖို့ တစ်ဖက်တစ်လမ်းကနေ အကူအညီပေးလိုက်တာတွေ့ရပါတယ်။ ကစ်က မကြာသေးမီက ဟယ်လ်ပင်ကလေးဆေးရုံမှာ ကူးစက်ရောဂါကို ကာကွယ်ဖို့ လိုအပ်တဲ့ လက်သန့်ဆေးရည်တွေနဲ့ mask တွေကို လုံလုံလောက်လောက် သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ကစ်က သူမရဲ့ လူမှုကွန်ယက်မှာ အလှူပြုနေတဲ့ ဓာတ်ပုံလေးတွေနဲ့အတူ “ဒီနေ့ ရန်ကုန် ဟယ်ပင် ကလေးဆေးရုံ မှာလိုအပ်တဲ့ Hand Sanitizer ,mask တွေ ကလေးတွေအတွက် အာဟာရ တနေ့တာ အလှူလေးတွေလှူဖြစ်တယ်။ကျန်းမာရေးအတွက် အဖက်ဖက်ကဂရုစိုက်နေကြရတဲ့အချိန်မှာ အခုလို အလှူလေးဖြစ်အောင်ကူညီပေးကြတဲ့သူတွေကိုလည်းကျေးဇူးပါ။ကစ်ချစ်တဲ့ပရိတ်သတ် ကြီးလည်းကျန်းမာရေးကိုအထူးဂရုစိုက်ကြပါလို့၊ ကူးစက်ရောဂါကို သွားသတိလာသတိကာကွယ်ကြဖို့နဲ့ ကျန်းမာရေးသတိပေးချက်တွေကိုအထူးဂရုပြုလိုက်နာကြပါလို့နော်”လို့ ရေးသားထားခဲ့တာတွေ့ရပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ကစ်လေးရဲ့ အလှူဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးလည်း ကစ်လေးရဲ့ အလှူဒါနကို သာဓုခေါ်ခဲ့ကြပါဦး။

ေဆးရံုေတြမွာ ျဖန္႔ေဝဖို႔ PPE အစံု (၁၀၀) လွဴဒါန္းလိုက္တဲ့ စမုိင္းလ္

စမိုင္းလ္ကေတာ့ ခ်စ္စရာေကာင္းတဲ့ သမီးေလး နွစ္ေယာက္ကုိ ပိုင္ဆိုင္ထားၿပီး သမီးေလးေတြကလည္း လက္႐ွိခ်ိန္မွာ ကတည္းက အားေပးတဲ့ ပရိသတ္ေတြ ႐ွိေနတာ ျဖစ္ပါတယ္။စမုိင္းလ္တို႔ မိသားစုေလးက ခရီးေတြလည္း မၾကာခဏ သြားတတ္သလို သြားတဲ့ခရီးတိုင္းမွာ အလန္းစား ဓာတ္ပံုေလးေတြ ရိုက္တတ္တဲ့ စမုိင္းလ္ကုိ ပရိသတ္ေတြ အကုန္လံုးက အားက်ေနရတယ္ ဆိုရင္လည္း မမွားပါဘူး။ စမုိင္းလ္တို႔ ဇနီးေမာင္နွံေလးက တစ္ေယာက္နဲ႔တစ္ေယာက္ ေႏြးေထြးစြာ ခ်စ္ျမတ္နုိးၾကသူေတြ ျဖစ္ျပီး စမုိင္းလ္က တစ္နိုင္ငံလံုးက အမ်ိဳးသမီးေတြ အားက်ရေအာင္ကုိ ခင္ပြန္းက ေပ်ာ္ေအာင္ထားျပီး ခ်စ္ေပးတာ ခံရသူလည္း ျဖစ္ပါတယ္။

စမုိင္းလ္ဟာ ဘာသာတရားကိုင္းရိႈင္းသူလည္းျဖစ္သလုိ အလွဴေရစက္လက္နဲ႔မကြာဆိုသလို အလွဴဒါန ရက္ေရာလွသူလည္းျဖစ္ပါတယ္။ စမုိင္းလ္က မၾကာေသးမီက လူေထာင့္ငါးရာကုိ ေရႊတိဂံု က်ိဳက္ထီးရိုး အဓိဌာန္ ပို႔ျပီး ကုသိုလ္ယူခဲ့ပါေသးတယ္။ ဒါ့အျပင္ စမုိ္င္းလ္တို႔မိသားစုေလးက ၾကံဳရင္ၾကံဳသလုိ အမ်ိဳးမ်ိဳးေသာအလွဴဒါနေတြျပဳေလ့ရွိတဲ့ ကုသိုလ္ေတြနဲ႔ ထံုမႊမ္းထားတဲ့ မိသားစုေလးလို႔လည္းဆိုနိုင္ပါတယ္။အခုလည္း စမုိင္းလ္က နတ္လူသာဓုေခၚစရာ ေနာက္ထပ္ အလွဴတစ္ခု ထပ္လုပ္လိုက္ျပန္ပါျပီ။ တစ္ေန႔တစ္ေန႔ ဘယ္အရပ္မွာ ဘာလွဴရမလဲလို႔ အျမဲလိုလိုစဥ္းစားေနတတ္တဲ့ စမိုင္းလ္က လက္ရွိ တစ္ကမၻာလံုးကုိ ဒုကၡေပးေနတဲ့ ကူးစက္ေရာဂါနဲ႔ ပတ္သက္ျပီး ေဆးရံုေဆးခန္းေတြကုိအကူအညီေပးတဲ့အေနနဲ႔ အလိုအပ္ဆံုး အလွဴတစ္ခုကုိ ျပဳလုိက္တာပါ။ အဲဒါကေတာ့ ေဆးရံုေတြအတြက္ PPE အစံု (၁၀၀)ကုိရက္ရက္ေရာေရာ လွဴဒါန္းလိုက္ျခင္းပဲ ျဖစ္ပါတယ္။

စမုိင္းလ္ရဲ႕ အလွဴကုိ facebook အသံုးျပဳသူတစ္ဦးက လူမႈကြန္ယက္မွာ “ခ်စ္ခင္ရတဲ့ သ႐ုပ္ေဆာင္မင္းသမီး မစမိုင္းလ္မွေဆး႐ုံမ်ားသို႔ ျဖန္႔ေဝရန္ PPE အစုံ(၁၀၀) စာ လႉဒါန္းပါတယ္။ အလႉရွင္အစ္မတို႔မိသားစု က်န္းမာ၊ခ်မ္းသာ၊ ေအးျမၾကပါေစ”လို႔ တင္ထားခဲ့ျပီး အဲဒီပုိ႔စ္ေလးကုိ စမုိင္းလ္က ျပန္ share ထားခဲ့တာပါ။ စမို္င္းလ္ရဲ႕ပိုစ့္ေအာက္မွာ ပရိသတ္ေတြက မြန္ျမတ္တဲ့အလွဴအတြက္ သာဓုေခၚထားၾကတာကုိလည္း ေတြ႕ရပါတယ္။ မၾကာေသးမီကလည္း စမုိင္းလ္တို႔မိသားစုက သစ္တံခါးဆရာေတာ္ဘုရားၾကီး အိမ္ကုိၾကြလာခိုက္ အနုပညာေၾကးထဲကေန သိန္းသံုးဆယ္လွဴဒါန္းခဲ့ပါေသးတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ စမုိင္းလ္တို႔မိသားစုကုိ ခ်စ္ၾကလား။ စမုိင္းလ္ရဲ႕ေနာက္ထပ္အနုပညာလႈပ္ရွားမႈေတြကုိေရာ အားေပးၾကမွာလား။ စမိုင္းလ္ရဲ႕ အလွဴကုိလည္း သာဓုေခၚခဲ့ၾကပါဦး။

Unicode

စမိုင်းလ်ကတော့ ချစ်စရာကောင်းတဲ့ သမီးလေး နှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး သမီးလေးတွေကလည်း လက်ရှိချိန်မှာ ကတည်းက အားပေးတဲ့ ပရိသတ်တွေ ရှိနေတာ ဖြစ်ပါတယ်။စမိုင်းလ်တို့ မိသားစုလေးက ခရီးတွေလည်း မကြာခဏ သွားတတ်သလို သွားတဲ့ခရီးတိုင်းမှာ အလန်းစား ဓာတ်ပုံလေးတွေ ရိုက်တတ်တဲ့ စမိုင်းလ်ကို ပရိသတ်တွေ အကုန်လုံးက အားကျနေရတယ် ဆိုရင်လည်း မမှားပါဘူး။ စမိုင်းလ်တို့ ဇနီးမောင်နှံလေးက တစ်ယောက်နဲ့တစ်ယောက် နွေးထွေးစွာ ချစ်မြတ်နိုးကြသူတွေ ဖြစ်ပြီး စမိုင်းလ်က တစ်နိုင်ငံလုံးက အမျိုးသမီးတွေ အားကျရအောင်ကို ခင်ပွန်းက ပျော်အောင်ထားပြီး ချစ်ပေးတာ ခံရသူလည်း ဖြစ်ပါတယ်။

စမိုင်းလ်ဟာ ဘာသာတရားကိုင်းရှိုင်းသူလည်းဖြစ်သလို အလှူရေစက်လက်နဲ့မကွာဆိုသလို အလှူဒါန ရက်ရောလှသူလည်းဖြစ်ပါတယ်။ စမိုင်းလ်က မကြာသေးမီက လူထောင့်ငါးရာကို ရွှေတိဂုံ ကျိုက်ထီးရိုး အဓိဌာန် ပို့ပြီး ကုသိုလ်ယူခဲ့ပါသေးတယ်။ ဒါ့အပြင် စမိုင်းလ်တို့မိသားစုလေးက ကြုံရင်ကြုံသလို အမျိုးမျိုးသောအလှူဒါနတွေပြုလေ့ရှိတဲ့ ကုသိုလ်တွေနဲ့ ထုံမွှမ်းထားတဲ့ မိသားစုလေးလို့လည်းဆိုနိုင်ပါတယ်။အခုလည်း စမိုင်းလ်က နတ်လူသာဓုခေါ်စရာ နောက်ထပ် အလှူတစ်ခု ထပ်လုပ်လိုက်ပြန်ပါပြီ။ တစ်နေ့တစ်နေ့ ဘယ်အရပ်မှာ ဘာလှူရမလဲလို့ အမြဲလိုလိုစဉ်းစားနေတတ်တဲ့ စမိုင်းလ်က လက်ရှိ တစ်ကမ္ဘာလုံးကို ဒုက္ခပေးနေတဲ့ ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး ဆေးရုံဆေးခန်းတွေကိုအကူအညီပေးတဲ့အနေနဲ့ အလိုအပ်ဆုံး အလှူတစ်ခုကို ပြုလိုက်တာပါ။ အဲဒါကတော့ ဆေးရုံတွေအတွက် PPE အစုံ (၁၀၀)ကိုရက်ရက်ရောရော လှူဒါန်းလိုက်ခြင်းပဲ ဖြစ်ပါတယ်။

စမိုင်းလ်ရဲ့ အလှူကို facebook အသုံးပြုသူတစ်ဦးက လူမှုကွန်ယက်မှာ “ချစ်ခင်ရတဲ့ သရုပ်ဆောင်မင်းသမီး မစမိုင်းလ်မှ ဆေးရုံများသို့ ဖြန့်ဝေရန် PPE အစုံ(၁၀၀) စာ လှူဒါန်းပါတယ်။ အလှူရှင်အစ်မတို့မိသားစု ကျန်းမာ၊ချမ်းသာ၊ အေးမြကြပါစေ”လို့ တင်ထားခဲ့ပြီး အဲဒီပို့စ်လေးကို စမိုင်းလ်က ပြန် share ထားခဲ့တာပါ။ စမိုင်းလ်ရဲ့ပိုစ့်အောက်မှာ ပရိသတ်တွေက မွန်မြတ်တဲ့အလှူအတွက် သာဓုခေါ်ထားကြတာကိုလည်း တွေ့ရပါတယ်။ မကြာသေးမီကလည်း စမိုင်းလ်တို့မိသားစုက သစ်တံခါးဆရာတော်ဘုရားကြီး အိမ်ကိုကြွလာခိုက် အနုပညာကြေးထဲကနေ သိန်းသုံးဆယ်လှူဒါန်းခဲ့ပါသေးတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော စမိုင်းလ်တို့မိသားစုကို ချစ်ကြလား။ စမိုင်းလ်ရဲ့နောက်ထပ်အနုပညာလှုပ်ရှားမှုတွေကိုရော အားပေးကြမှာလား။ စမိုင်းလ်ရဲ့ အလှူကိုလည်း သာဓုခေါ်ခဲ့ကြပါဦး။

ဘန္ေကာက္မွာ မ်က္စိသြားေရာက္ခြဲစိတ္ခဲ့တဲ့ ပတ္ထရစ္ရွာ

ပတ္ထရစ္ရွာဟာ ဟိုးလြန္ခဲ့တဲ့နွစ္ေတြကတည္း က ေအာင္ျမင္ေနတဲ့ ေမာ္ဒယ္သရုပ္ေဆာင္တစ္ဦးျဖစ္ျပီးထုိင္းမေလးေတြလို ေခ်ာေမာလြန္းတာေၾကာင့္ ပုရိသေတြရင္ထဲမွာ အသည္းစြဲျဖစ္ရတဲ့ သရုပ္ေဆာင္တစ္ဦးလည္းျဖစ္ပါတယ္။ရွာရွာက ေတြ႕ကရာဇာတ္ကားေတြကုိမရိုက္တတ္ပဲ ဇာတ္ကားေတြကုိ ေသခ်ာေရြးခ်ယ္စီစစ္ျပီးရိုက္တတ္သူျဖစ္တာေၾကာင့္ ပရိသတ္ေတြနဲ႔ ထိေတြ႕မႈနည္းေပမယ့္လည္း ပရိသတ္ေတြက ရွာရွာ့ဇာတ္ကားေတြကုိ ေစာင့္ေမွ်ာ္ၾကည့္ရႈအားေပးၾကျပီး ရွာရွာ့ကုိခ်စ္ေပးၾကတာေတြ႕ရပါတယ္။

ရွာရွာက မၾကာေသးမီက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ ရိုက္ဖုိ႔လြတ္သြားတဲ့ ရုပ္ရွင္ဇာတ္ကားေတြအေၾကာင္းေျပာျပရင္း အခ်ိဳ႕သူေတြက အနုပညာေၾကးကုိ ငါးသိန္းဆယ္သိန္းပိုျပီး သက္သာတဲ့ေနာက္ကုိ လိုက္သြားၾကတယ္လို႔လည္း ရင္ဖြင့္ထားခဲ့ပါေသးတယ္။ ရွာရွာက သူမရဲ႕အနုပညာလႈပ္ရွားမႈေတြနဲ႔ ခ်စ္စရာေကာင္းတဲ့ ဓာတ္ပံုေလးေတြကုိ သူမရဲ႕ ပရိသတ္ေတြအတြက္ လူမႈကြန္ယက္ေပၚမွာတင္ေပးေလ့ရွိသူလည္းျဖစ္ပါတယ္။ မၾကာေသးမီကေတာ့ ရွာရွာရဲ႕ ပရိသတ္ေတြအတြက္ စိုးရိမ္စရာကိစၥေလးတစ္ခုျဖစ္သြားခဲ့ပါေသးတယ္။ အဲဒါကေတာ့ ရွာရွာက မ်က္လံုးတစ္ဖက္ကို ဘန္ေကာက္က ေဆးရံုမွာ သြားေရာက္ခြဲစိတ္ခဲ့တာပါ။ ရွာရွာက သူမရဲ႕ လူမႈကြန္ယက္ေပၚကေနတစ္ဆင့္ ပရိသတ္ေတြကို မ်က္လံုးသြားခြဲစိတ္ေတာ့မယ့္အေၾကာင္းအသိေပးထားခဲ့ျပီး ခြဲစိတ္ျပီးေတာ့လည္း ခြဲစိတ္မႈအဆင္ေျပေခ်ာေမြ႕ေၾကာင္း post ေလးတစ္ခုတင္ထားေပးခဲ့ပါတယ္။

ရွာရွာက မ်က္လံုးမခြဲခင္ ဓာတ္ပံုေလးေတြနဲ႔အတူ “Better VISION for a Better LIFE မ်က္စိခြဲစိတ္ကုသမႈခံယူဖို႔အတြက္ Vejthani ေဆး႐ုံႀကီးမွာေရာက္ေနၿပီ Feeling ကေတာ့ဘယ္လိုေျပာရမလဲ…ထုံေဆးနဲ႔ပဲခြဲတာျဖစ္တဲ့အတြက္ေၾကာင့္နည္းနည္းေတာ့ nervous ျဖစ္ေနတယ္”လို႔ ေျပာျပထားျပီး ခြဲစိတ္မႈျပီးသြားတဲ့ေနာက္မွာ “Operation successfully completed ေၾကာက္ေနခဲ့ေပမယ့္ တကယ္တမ္းခြဲစိတ္ေတာ့အခ်ိန္က ၁၅ မိနစ္ေလာက္ပဲၾကာတယ္”လို႔ေျပာျပထားခဲ့ပါတယ္။ ခြဲစိတ္မႈေအာင္ျမင္စြာျပီးဆံုးေၾကာင္း သိရေတာ့မွသာ ရွာရွာ့ကုိစိတ္ပူေနတဲ့ ပရိသတ္ေတြလည္း စိတ္သက္သာရာရသြားခဲ့တာပါ။ ပရိသတ္ေတြက ရွာရွာ့ရဲ႕ဓာတ္ပံုေလးေအာက္မွာ ရွာရွာ့ကို မ်က္လံုးအျမန္ဆံုးျပန္လည္ေကာင္းမြန္ပါေစလို႔ ဆုေတာင္းေပးေနၾကတာလည္းေတြ႕ရပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ပတ္ထရစ္ရွာကုိခ်စ္ၾကလား။ ရွာရွာ့ရဲ႕ေနာက္ထပ္ထြက္ရွိလာမယ့္ ရုပ္ရွင္ဇာတ္ကားေတြကုိေရာ အားေပးၾကည့္ရႈဖို႔အသင့္ပဲလား။ ေျပာခဲ့ၾကပါဦး။

Unicode

ပတ်ထရစ်ရှာဟာ ဟိုးလွန်ခဲ့တဲ့နှစ်တွေကတည်း က အောင်မြင်နေတဲ့ မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်ပြီးထိုင်းမလေးတွေလို ချောမောလွန်းတာကြောင့် ပုရိသတွေရင်ထဲမှာ အသည်းစွဲဖြစ်ရတဲ့ သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ရှာရှာက တွေ့ကရာဇာတ်ကားတွေကိုမရိုက်တတ်ပဲ ဇာတ်ကားတွေကို သေချာရွေးချယ်စီစစ်ပြီးရိုက်တတ်သူဖြစ်တာကြောင့် ပရိသတ်တွေနဲ့ ထိတွေ့မှုနည်းပေမယ့်လည်း ပရိသတ်တွေက ရှာရှာ့ဇာတ်ကားတွေကို စောင့်မျှော်ကြည့်ရှုအားပေးကြပြီး ရှာရှာ့ကိုချစ်ပေးကြတာတွေ့ရပါတယ်။

ရှာရှာက မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ ရိုက်ဖို့လွတ်သွားတဲ့ ရုပ်ရှင်ဇာတ်ကားတွေအကြောင်းပြောပြရင်း အချို့သူတွေက အနုပညာကြေးကို ငါးသိန်းဆယ်သိန်းပိုပြီး သက်သာတဲ့နောက်ကို လိုက်သွားကြတယ်လို့လည်း ရင်ဖွင့်ထားခဲ့ပါသေးတယ်။ ရှာရှာက သူမရဲ့အနုပညာလှုပ်ရှားမှုတွေနဲ့ ချစ်စရာကောင်းတဲ့ ဓာတ်ပုံလေးတွေကို သူမရဲ့ ပရိသတ်တွေအတွက် လူမှုကွန်ယက်ပေါ်မှာတင်ပေးလေ့ရှိသူလည်းဖြစ်ပါတယ်။ မကြာသေးမီကတော့ ရှာရှာရဲ့ ပရိသတ်တွေအတွက် စိုးရိမ်စရာကိစ္စလေးတစ်ခုဖြစ်သွားခဲ့ပါသေးတယ်။ အဲဒါကတော့ ရှာရှာက မျက်လုံးတစ်ဖက်ကို ဘန်ကောက်က ဆေးရုံမှာ သွားရောက်ခွဲစိတ်ခဲ့တာပါ။ ရှာရှာက သူမရဲ့ လူမှုကွန်ယက်ပေါ်ကနေတစ်ဆင့် ပရိသတ်တွေကို မျက်လုံးသွားခွဲစိတ်တော့မယ့်အကြောင်းအသိပေးထားခဲ့ပြီး ခွဲစိတ်ပြီးတော့လည်း ခွဲစိတ်မှုအဆင်ပြေချောမွေ့ကြောင်း post လေးတစ်ခုတင်ထားပေးခဲ့ပါတယ်။

ရှာရှာက မျက်လုံးမခွဲခင် ဓာတ်ပုံလေးတွေနဲ့အတူ “Better VISION for a Better LIFE မျက်စိခွဲစိတ်ကုသမှုခံယူဖို့အတွက် Vejthani ဆေးရုံကြီးမှာရောက်နေပြီ Feeling ကတော့ဘယ်လိုပြောရမလဲ…ထုံဆေးနဲ့ပဲခွဲတာဖြစ်တဲ့အတွက်ကြောင့်နည်းနည်းတော့ nervous ဖြစ်နေတယ်”လို့ ပြောပြထားပြီး ခွဲစိတ်မှုပြီးသွားတဲ့နောက်မှာ “Operation successfully completed ကြောက်နေခဲ့ပေမယ့် တကယ်တမ်းခွဲစိတ်တော့အချိန်က ၁၅ မိနစ်လောက်ပဲကြာတယ်”လို့ပြောပြထားခဲ့ပါတယ်။ ခွဲစိတ်မှုအောင်မြင်စွာပြီးဆုံးကြောင်း သိရတော့မှသာ ရှာရှာ့ကိုစိတ်ပူနေတဲ့ ပရိသတ်တွေလည်း စိတ်သက်သာရာရသွားခဲ့တာပါ။ ပရိသတ်တွေက ရှာရှာ့ရဲ့ဓာတ်ပုံလေးအောက်မှာ ရှာရှာ့ကို မျက်လုံးအမြန်ဆုံးပြန်လည်ကောင်းမွန်ပါစေလို့ ဆုတောင်းပေးနေကြတာလည်းတွေ့ရပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ပတ်ထရစ်ရှာကိုချစ်ကြလား။ ရှာရှာ့ရဲ့နောက်ထပ်ထွက်ရှိလာမယ့် ရုပ်ရှင်ဇာတ်ကားတွေကိုရော အားပေးကြည့်ရှုဖို့အသင့်ပဲလား။ ပြောခဲ့ကြပါဦး။

အိပ္မက္ျမစ္ထဲက ပိုင္တံခြန္ရဲ႕သရုပ္ေဆာင္ခ်က္ေတြကုိ ထုတ္ျပလိုက္တဲ့ ဒါရိုက္တာကုိေပါက္

ပိုင္တံခြန္ကေတာ့ လက္႐ွိမွာ ျမန္မာႏိုင္ငံတြင္သာမက အျခားေသာ အိမ္နီးခ်င္း ႏို္င္ငံေတြမွာလည္း အားေပးမႈကို ရ႐ွိထားၿပီး ထိုင္းနုို္င္ငံမွာဆုိရင္လည္း ပရိသတ္အခိုင္အမာရရွိထားတဲ့ ေအာင္ျမင္ေနတဲ့ အႏုပညာ႐ွင္ တေယာက္လည္း ျဖစ္ပါတယ္။ ပိုင္တံခြန္ကေတာ့သူ႔ရဲ႕ ပရိသတ္ေတြအတြက္ အျမဲ သူ႔ရဲ႕ အမိုက္စား ဓာတ္ပံုေလးေတြ ဗီဒီယုိေလးေတြ ကုိသူ႔ရဲ႕လူမႈကြန္ယက္မွာ တင္ေပးေလ့ရွိျပီး ပရိသတ္ေတြရဲ႕အသည္းကုိညိွဳ႕ယူတတ္သူပါ။ထုိင္းနို္င္ငံမွာ ပရိသတ္အခိုင္အမာရထားျပီး ထုိင္းတစ္နို္င္ငံလံုးရဲ႕ တခဲနက္အားေပးမႈေတြရထားတဲ့ ပိုင္တံခြန္က ထုိင္းနဲ႔ ျမန္မာကုိ သြားလုိက္လာလိုက္နဲ႔အနုပညာလုပ္ငန္းေတြလုပ္ေဆာင္ေနသူပါ။

ပိုင္တံခြန္က သူ႔ရဲ႕ ပထမဆံုးရုပ္ရွင္ဇာတ္ကားၾကီးကို ျမန္မာနိုင္္ငံရဲ႕ထိပ္တန္းမင္းသမီးဝတ္မႈန္ေရႊရည္နဲ႔ အတူတူတြဲဖက္သရုပ္ေဆာင္ထားခဲ့ျပီး အဲဒီဇာတ္ကားၾကီးကေတာ့ အိပ္မက္ျမစ္လို႔ အမည္ရပါတယ္။ အိပ္မက္ျမစ္ဇာတ္ကားၾကီးရိုက္ကူးေနစဥ္အတြင္းမွာ ဒါရိုက္တာ ကိုေပါက္က ပိုင္တံခြန္ကုိ ကုိယ္ဖိရင္ဖိသင္ၾကားျပသေပးျပီး အေကာင္းဆံုးရုိက္ကူးထားခဲ့သလုိ ပုိင္တံခြန္ကလည္း ဇာတ္ကားထဲကုိ စိတ္နွစ္ျပီး အပီအျပင္ၾကိဳးစားခဲ့တယ္လို႔ သိရပါတယ္။ ဒါရုိက္တာကုိေပါက္က အရင္တစ္ခါက သူ႔ရဲ႕ လူမႈကြန္ယက္ ရိုက္ကြင္းမွာ ပုိင္တံခြန္ကုိ ေသခ်ာသင္ၾကားျပသေပးေနတဲ့ ဓာတ္ပံုေလးေတြတင္ထားခဲ့ပါေသးတယ္။

အခုတစ္ခါလည္းဒါရုိက္တာကုိေပါက္က အိပ္မက္ျမစ္ကုိ ေစာင့္ေမွ်ာ္ေနၾကတဲ့ ပရိသတ္ၾကီး စိတ္လႈပ္ရွားရေအာင္ ထပ္လုပ္လုိက္ျပန္ပါျပီ။ အဲဒါကေတာ့ ကုိေပါက္က သူ႔ရဲ႕ လူမႈကြန္ယက္မွာ အိပ္မက္ျမစ္ဇာတ္ကားထဲမွာ အပီအျပင္ၾကိဳးစားျပီးသရုပ္ေဆာင္ထားတဲ့ ပိုင္တံခြန္ရဲ႕ ဓာတ္ပံုေလးေတြကုိခ်ျပလာခဲ့တာပါ။ ကုိေပါက္က ပိုင္တံခြန္ရဲ႕ ဓာတ္ပံုေလးေတြနဲ႔အတူ “အိပ္မက္ျမစ္တစ္စင္း ပရိသတ္ထံ စီးဆင္းဖို႔ အဆင္သင့္ပါ”လို႔ေရးထားခဲ့တာပါ။ ပရိသတ္ေတြက ဒါရိုက္တာကုိေပါက္ရဲ႕ ပို႔စ္ေလးေအာက္မွာ အိပ္မက္ျမစ္ကုိ ေမွ်ာ္ေနျပီလို႔ ေရးထားခဲ့ၾကျပီး ပုိင္တံခြန္ကုိယ္တိုင္ကလည္း “ဆရာေရ ၾကည့္ခ်င္တယ္”လို႔ comment ေရးထားတာေတြ႕ရပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ပိုင္တံခြန္ကုိအားေပးၾကလား ။ပုိင္တံခြန္နဲ႔ ဝတ္မႈန္ေရႊရည္ရဲ႕ အိပ္မက္ျမစ္ဇာတ္ကားကုိ ၾကည့္ခ်င္ေနၾကျပီလား။ အိပ္မက္ျမစ္ ရံုတင္ရင္ေရာ သြားေရာက္ၾကည့္ရႈ႕အားေပးၾကမွာလား။ ေျပာခဲ့ၾကပါဦး။

Unicode

ပိုင်တံခွန်ကတော့ လက်ရှိမှာ မြန်မာနိုင်ငံတွင်သာမက အခြားသော အိမ်နီးချင်း နိုင်ငံတွေမှာလည်း အားပေးမှုကို ရရှိထားပြီး ထိုင်းနိုင်ငံမှာဆိုရင်လည်း ပရိသတ်အခိုင်အမာရရှိထားတဲ့ အောင်မြင်နေတဲ့ အနုပညာရှင် တယောက်လည်း ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့သူ့ရဲ့ ပရိသတ်တွေအတွက် အမြဲ သူ့ရဲ့ အမိုက်စား ဓာတ်ပုံလေးတွေ ဗီဒီယိုလေးတွေ ကိုသူ့ရဲ့လူမှုကွန်ယက်မှာ တင်ပေးလေ့ရှိပြီး ပရိသတ်တွေရဲ့အသည်းကိုညှို့ယူတတ်သူပါ။ထိုင်းနိုင်ငံမှာ ပရိသတ်အခိုင်အမာရထားပြီး ထိုင်းတစ်နိုင်ငံလုံးရဲ့ တခဲနက်အားပေးမှုတွေရထားတဲ့ ပိုင်တံခွန်က ထိုင်းနဲ့ မြန်မာကို သွားလိုက်လာလိုက်နဲ့အနုပညာလုပ်ငန်းတွေလုပ်ဆောင်နေသူပါ။

ပိုင်တံခွန်က သူ့ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးကို မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးဝတ်မှုန်ရွှေရည်နဲ့ အတူတူတွဲဖက်သရုပ်ဆောင်ထားခဲ့ပြီး အဲဒီဇာတ်ကားကြီးကတော့ အိပ်မက်မြစ်လို့ အမည်ရပါတယ်။ အိပ်မက်မြစ်ဇာတ်ကားကြီးရိုက်ကူးနေစဉ်အတွင်းမှာ ဒါရိုက်တာ ကိုပေါက်က ပိုင်တံခွန်ကို ကိုယ်ဖိရင်ဖိသင်ကြားပြသပေးပြီး အကောင်းဆုံးရိုက်ကူးထားခဲ့သလို ပိုင်တံခွန်ကလည်း ဇာတ်ကားထဲကို စိတ်နှစ်ပြီး အပီအပြင်ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ ဒါရိုက်တာကိုပေါက်က အရင်တစ်ခါက သူ့ရဲ့ လူမှုကွန်ယက် ရိုက်ကွင်းမှာ ပိုင်တံခွန်ကို သေချာသင်ကြားပြသပေးနေတဲ့ ဓာတ်ပုံလေးတွေတင်ထားခဲ့ပါသေးတယ်။

အခုတစ်ခါလည်းဒါရိုက်တာကိုပေါက်က အိပ်မက်မြစ်ကို စောင့်မျှော်နေကြတဲ့ ပရိသတ်ကြီး စိတ်လှုပ်ရှားရအောင် ထပ်လုပ်လိုက်ပြန်ပါပြီ။ အဲဒါကတော့ ကိုပေါက်က သူ့ရဲ့ လူမှုကွန်ယက်မှာ အိပ်မက်မြစ်ဇာတ်ကားထဲမှာ အပီအပြင်ကြိုးစားပြီးသရုပ်ဆောင်ထားတဲ့ ပိုင်တံခွန်ရဲ့ ဓာတ်ပုံလေးတွေကိုချပြလာခဲ့တာပါ။ ကိုပေါက်က ပိုင်တံခွန်ရဲ့ ဓာတ်ပုံလေးတွေနဲ့အတူ “အိပ်မက်မြစ်တစ်စင်း ပရိသတ်ထံ စီးဆင်းဖို့ အဆင်သင့်ပါ”လို့ရေးထားခဲ့တာပါ။ ပရိသတ်တွေက ဒါရိုက်တာကိုပေါက်ရဲ့ ပို့စ်လေးအောက်မှာ အိပ်မက်မြစ်ကို မျှော်နေပြီလို့ ရေးထားခဲ့ကြပြီး ပိုင်တံခွန်ကိုယ်တိုင်ကလည်း “ဆရာရေ ကြည့်ချင်တယ်”လို့ comment ရေးထားတာတွေ့ရပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ပိုင်တံခွန်ကိုအားပေးကြလား ။ပိုင်တံခွန်နဲ့ ဝတ်မှုန်ရွှေရည်ရဲ့ အိပ်မက်မြစ်ဇာတ်ကားကို ကြည့်ချင်နေကြပြီလား။ အိပ်မက်မြစ် ရုံတင်ရင်ရော သွားရောက်ကြည့်ရှု့အားပေးကြမှာလား။ ပြောခဲ့ကြပါဦး။