ၾကက္သြန္ျဖဴက ေသြးတြင္းအဆီကို အမွန္တကယ္က်ေစလား

“အခု အန္တီေဆးစစ္တဲ့ ရလဒ္က ႏွစ္ခုက လြဲၿပီး အကုန္ေကာင္းတယ္။ တစ္ခုကေတာ့ ေသြးတြင္း အဆီဓာတ္ျဖစ္တဲ့ Cholestrolေတြ မ်ားေနတာ။ ေနာက္တစ္ခုက အသည္းမွာ နည္းနည္း အဆီဖုံးေနတာ။ အဲႏွစ္ခုပဲ အန္တီ။ အဲဒီေတာ့ အထူးကု ဆရာဝန္ေတြနဲ႔ တိုင္ပင္ၿပီး အဲႏွစ္ခုအတြက္ ကုသလို႔ ရပါတယ္” “အထူးကု ဆရာဝန္နဲ႔ေတာ့ မျပေတာ့ဘူး ေဒါက္တာရယ္။ အန္တီက နယ္က လာတာပါ။ ခုလည္း ရန္ကုန္ေရာက္တုန္း သားက ေဆးစစ္ေပးမယ္ဆိုၿပီး အတင္းေခၚလို႔ စစ္လိုက္တာ။ အဲႏွစ္ခုက ဒီတိုင္း ထားလို႔ေရာ မရဘူးလား။ ဘာေတြ ျဖစ္ႏိုင္သလဲဟင္”

“အန္တီ့အသက္က ၆၅ႏွစ္ေနာ္။ တကယ္ေတာ့ ဒီအသက္အ႐ြယ္ဆိုရင္ ေသြးတြင္း အဆီဓာတ္မ်ားတာ၊ အသည္းအဆီနည္းနည္း ဖုံးတာက ျဖစ္တတ္ပါတယ္။ ျဖစ္တတ္တယ္ဆိုေပမယ့္ ေပါ့လို႔ေတာ့ မရဘူးေပါ့။ ဘာလို႔လဲဆိုေတာ့ အသည္းအဆီဖုံးရာကေန အသည္းေျခာက္တာ၊ အသည္းက အလုပ္မလုပ္ေတာ့တာ ျဖစ္ႏိုင္လို႔ပါ။ ေနာက္ၿပီး ေသြးတြင္းအဆီဓာတ္မ်ားရင္ ေသြးတိုးတာ၊ ေသြးေၾကာက်ဥ္းတာ၊ ႏွလုံးေရာဂါျဖစ္တာ၊ ေလျဖတ္တာ၊ ေလျဖန္းတာေတြက ေနာက္ဆက္တြဲ ျဖစ္ႏိုင္ပါတယ္”

“အန္တီက နယ္ျပန္ရမွာဆိုေတာ့ အထူးကုဆရာဝန္နဲ႔ ရက္ခ်ိန္းက ယူလို႔ မလြယ္ေလာက္ဘူး ေဒါက္တာရဲ႕။ ေဒါက္တာပဲ ေဆးေရးေပးလို႔ မရဘူးလား” “ကြၽန္မက ဒီေဆးစစ္ဌာနရဲ႕ တာဝန္က် ဆရာဝန္မို႔ပါ။ အန္တီသိခ်င္တာ ေဆြးေႏြးခ်င္တာေတြ ေမးလို႔ရပါတယ္။ ေဆးေရးေပးဖို႔ကေတာ့ အထူးကုဆရာဝန္ေတြနဲ႔ ျပသရင္ ပိုေကာင္းမွာပါ” “ေသြးတြင္း အဆီက်ဖို႔ကေလ ေဆးေသာက္မွ ရမွာလား။ အသည္းအဆီဖုံးတာအတြက္ကေရာ ဘာေတြ လုပ္သင့္ေသးလဲ ေဒါက္တာ”

“ေသြးတြင္း အဆီက်ဖို႔က အဆီေလွ်ာ့စားတာ၊ ဟင္းအႏွစ္ေတြ မစားတာ၊ ဆီေၾကာ္ေတြ ေရွာင္တာေတြ လုပ္သင့္ပါတယ္။ ေနာက္ၿပီး ေလ့က်င့္ခန္းလည္း ပုံမွန္လုပ္သင့္ပါတယ္။ အသည္းအဆီဖုံးတာက ေသြးတြင္း အဆီက်လာရင္ ပိုမဆိုးလာတတ္ပါဘူး။ အန္တီအေနနဲ႔က သိပ္လည္း မဝေတာ့ အစားေလးဆင္ျခင္ၿပီး ေလ့က်င့္ခန္းပုံမွန္ လုပ္သင့္ပါတယ္”“တစ္ခုေတာ့ ေမးဦးမယ္ေနာ္ ေဒါက္တာ။ အန္တီတို႔နယ္မွာေတာ့ ၾကက္သြန္ျဖဴဥေလးေတြ ပ်ားရည္နဲ႔ ႏွပ္ၿပီး စားၾကတာ ရွိတယ္။ အဲဒါက အဆီက်တယ္ ေျပာၾကလို႔ေလ။ အဲဒါေရာ ဟုတ္လား”

“ကြၽန္မ အေမလည္း အဲသလို ေမးဖူးလို႔ ၾကက္သြန္ျဖဴနဲ႔ ပတ္သက္တဲ့ စာေတြ ကြၽန္မရွာဖတ္ဖူးတယ္။ ပ်ားရည္နဲ႔ ႏွပ္ႏွပ္၊ မႏွပ္ႏွပ္၊ ၾကက္သြန္ျဖဴက ေသြးေၾကာေတြကို က်ယ္ေစပါတယ္။ ၾကက္သြန္ျဖဴမွာ အယ္လီစင္ (alicin)လို႔ ေခၚတဲ့ ဓာတ္တစ္မ်ိဳးပါတယ္ အန္တီ။ အဲဒီဓာတ္က ေသြးေၾကာေတြကို က်ယ္ေစၿပီး ေသြးတိုးသမားေတြကို ေသြးေပါင္က်ေစပါတယ္။ ဒါေပမယ့္ ေသြးတြင္းအဆီဓာတ္ကိုေတာ့ က်ေစတယ္ဆိုၿပီး ေလ့လာခ်က္ေတြက မေတြ႕ခဲ့ဘူး”“ဒါဆို ၾကက္သြန္ျဖဴက ေသြးတြင္းအဆီဓာတ္မက်ေစဘူးဆိုေတာ့ အဲလိုစားတာ အလကားပဲေပါ့”

“အဲသလိုေတာ့ မဟုတ္ဘူး အန္တီရဲ႕။ ကြၽန္မစာေတြ ေသခ်ာရွာဖတ္ေတာ့ ၾကက္သြန္ျဖဴက အဆီဓာတ္ေတာ့ မခ်ေပးႏိုင္ဘူး။ ဒါေပမယ့္ အဆီဓာတ္မ်ားလို႔ ေသြးေၾကာက်ဥ္းတာကိုေတာ့ ကာကြယ္ေပးတယ္။ ဒီေတာ့ အဆီဓာတ္မ်ားတာရဲ႕ ဆိုးက်ိဳးေတြကိုေတာ့ တစ္မ်ိဳးတစ္ဖုံ ကာကြယ္ေပးႏိုင္တယ္ဆိုတဲ့ သေဘာပဲေပါ့”“အဲဒါေၾကာင့္ ေနမယ္။ အန္တီတို႔ နယ္ဘက္မွာဆို ၾကက္သြန္ျဖဴက တကယ့္ေဆးပဲ။ ေနမေကာင္းျဖစ္ရင္ေတာင္ ၾကက္သြန္ျဖဴ ပ်ားရည္ႏွပ္ေလး စားၿပီး ေနေကာင္းၾကတာ”“ၾကက္သြန္ျဖဴက ေသြးေပါင္က်တာ၊ အဖ်ားျမန္ျမန္ေပ်ာက္ေစတာေတြ ျဖစ္ေစတာေတာ့ အမွန္ပဲ အန္တီ။ ဒါေပမယ့္ အစားမ်ားသြားရင္ေတာ့ ရင္ပူတာ၊ ဗိုက္ေအာင့္တာေတြ ျဖစ္တတ္တယ္”

“အန္တီ့သားကေတာ့ ၾကက္သြန္ျဖဴကို လုံးဝမႀကိဳက္ပါဘူး။ နံလို႔တဲ့ေလ”“ၾကက္သြန္ျဖဴက ကိုယ္နံ႔ကိုပါ ဆိုးေစေတာ့ လူငယ္ေတြေတာ့ သိပ္မစားၾကဘူး အန္တီရဲ႕”“ဒါဆို ေသြးတြင္း အဆီဓာတ္က်ေအာင္ အဆီေရွာင္၊ ေလ့က်င့္ခန္း လုပ္လိုက္မယ္ ေဒါက္တာ။ အခုမ်ားေနတဲ့ အဆီဓာတ္ရဲ႕ ဆိုးက်ိဳးေတြ မျဖစ္ေအာင္ ၾကက္သြန္ျဖဴေလးပါ စားလိုက္မယ္”“ပဲႏို႔တို႔၊ ဂ်င္းတို႔၊ ဗီတာမင္ ဘီပါတဲ့ အားေဆးေတြကလည္း ေသြးတြင္းအဆီဓာတ္ကို က်ေစတယ္လို႔ တခ်ိဳ႕ေတြ႕ရွိခ်က္ေတြက ေျပာတယ္ အန္တီ။

အန္တီအခ်ိန္ရရင္ေတာ့ ေသြးတြင္းအဆီဓာတ္ခ်တဲ့ ေဆးေတြကို ဆရာဝန္ႀကီးေတြနဲ႔ တိုင္ပင္ၿပီး ေသာက္လို႔လည္း ရတယ္။ အဓိကကေတာ့ အစားအေသာက္ဆင္ျခင္ၿပီး ေလ့က်င့္ခန္းလုပ္တာကေတာ့ အေျခခံလိုအပ္ခ်က္ေတြပဲေပါ့ အန္တီ”“ေက်းဇူးပဲ ေဒါက္တာေရ။ အခ်ိန္ကေတာ့ မရဘူးရယ္။ ဒီညကားနဲ႔ နယ္ျပန္ရမွာမို႔ေလ။ အဲဒါဆို သြားလိုက္ဦးမယ္ေနာ္ ေဒါက္တာ”။ယခုေဆာင္းပါးကို ေဒါက္တာဇီဝကမွ ကူးယူေဖာ္ျပျပီး ေက်း(ေဆး၁)မွ ေရးသားထားပါသည္။

Unicode

“အခု အန်တီဆေးစစ်တဲ့ ရလဒ်က နှစ်ခုက လွဲပြီး အကုန်ကောင်းတယ်။ တစ်ခုကတော့ သွေးတွင်း အဆီဓာတ်ဖြစ်တဲ့ Cholestrolတွေ များနေတာ။ နောက်တစ်ခုက အသည်းမှာ နည်းနည်း အဆီဖုံးနေတာ။ အဲနှစ်ခုပဲ အန်တီ။ အဲဒီတော့ အထူးကု ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး အဲနှစ်ခုအတွက် ကုသလို့ ရပါတယ်” “အထူးကု ဆရာဝန်နဲ့တော့ မပြတော့ဘူး ဒေါက်တာရယ်။ အန်တီက နယ်က လာတာပါ။ ခုလည်း ရန်ကုန်ရောက်တုန်း သားက ဆေးစစ်ပေးမယ်ဆိုပြီး အတင်းခေါ်လို့ စစ်လိုက်တာ။ အဲနှစ်ခုက ဒီတိုင်း ထားလို့ရော မရဘူးလား။ ဘာတွေ ဖြစ်နိုင်သလဲဟင်”

“အန်တီ့အသက်က ၆၅နှစ်နော်။ တကယ်တော့ ဒီအသက်အရွယ်ဆိုရင် သွေးတွင်း အဆီဓာတ်များတာ၊ အသည်းအဆီနည်းနည်း ဖုံးတာက ဖြစ်တတ်ပါတယ်။ ဖြစ်တတ်တယ်ဆိုပေမယ့် ပေါ့လို့တော့ မရဘူးပေါ့။ ဘာလို့လဲဆိုတော့ အသည်းအဆီဖုံးရာကနေ အသည်းခြောက်တာ၊ အသည်းက အလုပ်မလုပ်တော့တာ ဖြစ်နိုင်လို့ပါ။ နောက်ပြီး သွေးတွင်းအဆီဓာတ်များရင် သွေးတိုးတာ၊ သွေးကြောကျဉ်းတာ၊ နှလုံးရောဂါဖြစ်တာ၊ လေဖြတ်တာ၊ လေဖြန်းတာတွေက နောက်ဆက်တွဲ ဖြစ်နိုင်ပါတယ်”

“အန်တီက နယ်ပြန်ရမှာဆိုတော့ အထူးကုဆရာဝန်နဲ့ ရက်ချိန်းက ယူလို့ မလွယ်လောက်ဘူး ဒေါက်တာရဲ့။ ဒေါက်တာပဲ ဆေးရေးပေးလို့ မရဘူးလား” “ကျွန်မက ဒီဆေးစစ်ဌာနရဲ့ တာဝန်ကျ ဆရာဝန်မို့ပါ။ အန်တီသိချင်တာ ဆွေးနွေးချင်တာတွေ မေးလို့ရပါတယ်။ ဆေးရေးပေးဖို့ကတော့ အထူးကုဆရာဝန်တွေနဲ့ ပြသရင် ပိုကောင်းမှာပါ” “သွေးတွင်း အဆီကျဖို့ကလေ ဆေးသောက်မှ ရမှာလား။ အသည်းအဆီဖုံးတာအတွက်ကရော ဘာတွေ လုပ်သင့်သေးလဲ ဒေါက်တာ”

“သွေးတွင်း အဆီကျဖို့က အဆီလျှော့စားတာ၊ ဟင်းအနှစ်တွေ မစားတာ၊ ဆီကြော်တွေ ရှောင်တာတွေ လုပ်သင့်ပါတယ်။ နောက်ပြီး လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်သင့်ပါတယ်။ အသည်းအဆီဖုံးတာက သွေးတွင်း အဆီကျလာရင် ပိုမဆိုးလာတတ်ပါဘူး။ အန်တီအနေနဲ့က သိပ်လည်း မဝတော့ အစားလေးဆင်ခြင်ပြီး လေ့ကျင့်ခန်းပုံမှန် လုပ်သင့်ပါတယ်”“တစ်ခုတော့ မေးဦးမယ်နော် ဒေါက်တာ။ အန်တီတို့နယ်မှာတော့ ကြက်သွန်ဖြူဥလေးတွေ ပျားရည်နဲ့ နှပ်ပြီး စားကြတာ ရှိတယ်။ အဲဒါက အဆီကျတယ် ပြောကြလို့လေ။ အဲဒါရော ဟုတ်လား”

“ကျွန်မ အမေလည်း အဲသလို မေးဖူးလို့ ကြက်သွန်ဖြူနဲ့ ပတ်သက်တဲ့ စာတွေ ကျွန်မရှာဖတ်ဖူးတယ်။ ပျားရည်နဲ့ နှပ်နှပ်၊ မနှပ်နှပ်၊ ကြက်သွန်ဖြူက သွေးကြောတွေကို ကျယ်စေပါတယ်။ ကြက်သွန်ဖြူမှာ အယ်လီစင် (alicin)လို့ ခေါ်တဲ့ ဓာတ်တစ်မျိုးပါတယ် အန်တီ။ အဲဒီဓာတ်က သွေးကြောတွေကို ကျယ်စေပြီး သွေးတိုးသမားတွေကို သွေးပေါင်ကျစေပါတယ်။ ဒါပေမယ့် သွေးတွင်းအဆီဓာတ်ကိုတော့ ကျစေတယ်ဆိုပြီး လေ့လာချက်တွေက မတွေ့ခဲ့ဘူး”“ဒါဆို ကြက်သွန်ဖြူက သွေးတွင်းအဆီဓာတ်မကျစေဘူးဆိုတော့ အဲလိုစားတာ အလကားပဲပေါ့”

“အဲသလိုတော့ မဟုတ်ဘူး အန်တီရဲ့။ ကျွန်မစာတွေ သေချာရှာဖတ်တော့ ကြက်သွန်ဖြူက အဆီဓာတ်တော့ မချပေးနိုင်ဘူး။ ဒါပေမယ့် အဆီဓာတ်များလို့ သွေးကြောကျဉ်းတာကိုတော့ ကာကွယ်ပေးတယ်။ ဒီတော့ အဆီဓာတ်များတာရဲ့ ဆိုးကျိုးတွေကိုတော့ တစ်မျိုးတစ်ဖုံ ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ သဘောပဲပေါ့”“အဲဒါကြောင့် နေမယ်။ အန်တီတို့ နယ်ဘက်မှာဆို ကြက်သွန်ဖြူက တကယ့်ဆေးပဲ။ နေမကောင်းဖြစ်ရင်တောင် ကြက်သွန်ဖြူ ပျားရည်နှပ်လေး စားပြီး နေကောင်းကြတာ”“ကြက်သွန်ဖြူက သွေးပေါင်ကျတာ၊ အဖျားမြန်မြန်ပျောက်စေတာတွေ ဖြစ်စေတာတော့ အမှန်ပဲ အန်တီ။ ဒါပေမယ့် အစားများသွားရင်တော့ ရင်ပူတာ၊ ဗိုက်အောင့်တာတွေ ဖြစ်တတ်တယ်”

“အန်တီ့သားကတော့ ကြက်သွန်ဖြူကို လုံးဝမကြိုက်ပါဘူး။ နံလို့တဲ့လေ”“ကြက်သွန်ဖြူက ကိုယ်နံ့ကိုပါ ဆိုးစေတော့ လူငယ်တွေတော့ သိပ်မစားကြဘူး အန်တီရဲ့”“ဒါဆို သွေးတွင်း အဆီဓာတ်ကျအောင် အဆီရှောင်၊ လေ့ကျင့်ခန်း လုပ်လိုက်မယ် ဒေါက်တာ။ အခုများနေတဲ့ အဆီဓာတ်ရဲ့ ဆိုးကျိုးတွေ မဖြစ်အောင် ကြက်သွန်ဖြူလေးပါ စားလိုက်မယ်”“ပဲနို့တို့၊ ဂျင်းတို့၊ ဗီတာမင် ဘီပါတဲ့ အားဆေးတွေကလည်း သွေးတွင်းအဆီဓာတ်ကို ကျစေတယ်လို့ တချို့တွေ့ရှိချက်တွေက ပြောတယ် အန်တီ။

အန်တီအချိန်ရရင်တော့ သွေးတွင်းအဆီဓာတ်ချတဲ့ ဆေးတွေကို ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ပြီး သောက်လို့လည်း ရတယ်။ အဓိကကတော့ အစားအသောက်ဆင်ခြင်ပြီး လေ့ကျင့်ခန်းလုပ်တာကတော့ အခြေခံလိုအပ်ချက်တွေပဲပေါ့ အန်တီ”“ကျေးဇူးပဲ ဒေါက်တာရေ။ အချိန်ကတော့ မရဘူးရယ်။ ဒီညကားနဲ့ နယ်ပြန်ရမှာမို့လေ။ အဲဒါဆို သွားလိုက်ဦးမယ်နော် ဒေါက်တာ”။ယခုဆောင်းပါးကို ဒေါက်တာဇီဝကမှ ကူးယူဖော်ပြပြီး ကျေး(ဆေး၁)မှ ရေးသားထားပါသည်။