နှစ်သစ်မှာ ထီပေါက်ပြီး အမေ့အတွက် လှူပေးမယ်ဆိုတဲ့ ရဲလေးမ





Unicode

မြန်မာ့ရုပ်ရှင် လောကမှာ ဗီဒီယိုတွေ ခေတ်စားတဲ့ ကာလတွင် ရုပ်ရှင်ကားတိုင်းမှာ ပါဝင် သရုပ်ဆောင် နေရတဲ့ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် ရဲလေးမ ကိုတော့ တော်တော် များများလည်း သိကြမယ် ထင်ပါတယ်။ မိန်းမလျာ ကာရိုက်တာနဲ့ အခြား ကာရိုက်တာ မျိုးစုံကို အံ့ဝင်တဲ့ သရုပ်ဆောင် ရဲလေးမ ကတော့ လက်ရှိချိန်မှာ အနုပညာ လှုပ်ရှားမှုတွေကို လုပ်ကိုင်ရင်း တဖက်မှာလည်း ရဲလေးမ မုန့်ဟင်းခါး ဆိုပြီးတော့ ကိုယ်ပိုင် မုန့်ဟင်းခါးဆိုင်လေး ဖွင့်ပြီးတော့ ရောင်းချနေတာ ဖြစ်ပါတယ်။

ရဲလေးမ ကတော့ လက်ရှိချိန်မှာ ဗီဒီယို ခေတ် ပျက်သွားတာကြောင့် အလုပ်ပါးလာတာကြောင့်လည်း အခြားသော စီးပွားရေး လုပ်ကိုင်ပြီး ဝင်ငွေရှာနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရဲလေးမ ကတော့ အမြဲတမ်း လိုလို ပရိသတ်တွေကို စိတ်ချမ်းသာအောင် ထားတာကြောင့်လည်း သူ့ကို အားပေးတဲ့ ပရိသတ်တွေ အခိုင်အမာ ရှိနေတာ ဖြစ်ပါတယ်။

စိတ်ထားကောင်းတဲ့ ရဲလေးမ တယောက်ကတော့ လက်ရှိချိန်မှာလည်း သူ့အနေနဲ့ ကံကောင်းမှုတွေ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ ရဲလေးမ တယောက်ကတော့ နှစ်သစ်မှာ ကံကောင်းခြင်းတွေ စီးလို့ကြိုနေတာ ဖြစ်ပါတယ်။ ရဲလေးမကတော့ ထီ ဒုတိယအကြိမ် ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းလေးကိုတော့ ရဲလေးမက“မန်းလေးပြန်ရောက်ရောက်ခြင်း ထီထိုးထားတာ တွက်ဝင်တယ်တဲ့ သုံးဆောင်တွဲပါ ဒုတိယအကြိမ် မြောက်ပေါက်ခြင်းပါ အမေ့အတွက် ရည်စူးပြီးလှူမယ် ဘာပဲဖြစ်ဖြစ် နှစ်သစ်မှာ ကံကောင်းတယ် သုံးဆောင်ဆိုတော့ တစ်သိန်းခွဲပါ” ဆိုပြီးတော့ တင်ထားတာ ဖြစ်ပါတယ်။

ရဲလေးမကတော့ ထီ ၁ သိန်းခွဲ ပေါက်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ အမေ အတွက် ရည်စူးပြီး လှူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ရဲလေးမ တယောက်ကတော့ နှစ်သစ်မှာ ကံကောင်းခဲ့ပါပြီ။ ပြောချင်လွန်းလို့ ပရိသတ်ကြီးထဲမှာရော နှစ်သစ်မှာ ကံကောင်းတဲ့ သူတွေ ရှိကြလား။