က်ပ္သိန္း (၁၂၀၀) လိမ္လည္မႈျဖင့္ ေထာင္ဒဏ္တစ္ႏွစ္ က်ခံရမယ့္ ေမသန္းႏု

သာယာေပ်ာ္႐ႊင္ေနတဲ့ မိသားစုဘဝေလးမွာ ေမွ်ာ္လင့္မထားတဲ့ မုန္တိုင္းေတြလည္း ေရာက္လာတတ္ပါတယ္။ ဒါ႐ိုက္တာ စင္ေရာ္ေမာင္ေမာင္နဲ႔ သ႐ုပ္ေဆာင္ ေမသန္းႏုတို႔ရဲ႕ အိမ္ေထာင္ေရးမွာ အဆင္မေျပမႈေတြ ရွိခဲ့ေပမဲ့ သားျဖစ္သူ မင္းသန္႔ေမာင္ေမာင္အတြက္ ႏွစ္ဦးသား ၿငိမ္းခ်မ္းေရး ျပန္ယူထားခဲ့တာ ျဖစ္ပါတယ္။

ဇင္ေယာ္ေမာင္ေမာင္နဲ႔ ခြဲေနၿပီး ေနာက္ပိုင္းမွာေတာ့ ေမသန္းႏုတစ္ေယာက္ ေငြေတြ လိမ္လည္တယ္ဆိုတဲ့ သတင္းထြက္လာၿပီး ပုဒ္မ (၄၂၀) နဲ႔ တရားရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၆ ၊ ဒီဇင္ဘာလက တရားလိုျဖစ္သူ ေဒၚစန္းစန္းျမင့္မွ ေနၿပီး ေဆာက္လုပ္ေရးပိုက္ဆံ က်ပ္သိန္း (၁၂၀၀) လိမ္လည္မႈနဲ႔ ေမသန္းႏုကို တရားစြဲဆိုထားခဲ့တာပါ။တရားရင္ဆိုင္ခဲ့ရတာ (၃) ႏွစ္ေက်ာ္ၾကာျမင့္လာခ်ိန္မွာေတာ့ ရန္ကင္းၿမိဳ႕နယ္ တရား႐ုံးမွေနၿပီး ေမသန္းႏုကို အလုပ္ႏွင့္ေထာင္ဒဏ္ တစ္ႏွစ္ကို ၂၀၂၀ ၊ ဇန္နဝါရီ (၂) ရက္ေန႔မွာ ခ်မွတ္ၿပီး အင္းစိန္အက်ဥ္းေထာင္ကို ပို႔ေဆာင္လိုက္တာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ သားျဖစ္သူ မင္းသန္႔ေမာင္ေမာင္ရဲ႕ “တိမ္ေတြေပၚကပန္း” ႐ုပ္ရွင္ကားႀကီးအတြက္ မိဘႏွစ္ပါးလုံး ပံ့ပိုးမႈေတြ ေပးခဲ့သလို သားေလး ေပ်ာ္႐ႊင္ဖို႔အတြက္ မီဒီယာေတြေရွ႕မွာ ေပ်ာ္ခ်င္ေယာင္ ေဆာင္ခဲ့ရတာ ျဖစ္ပါတယ္။ ပရိသတ္ေတြက စင္ေရာ္ေမာင္ေမာင္ကို ေမသန္းႏုအတြက္ မားမားမတ္မတ္ ရပ္တည္ေပးမလားလို႔ ေမးခြန္းထုတ္ခ်ိန္မွာေတာ့ စင္ေရာ္ေမာင္ေမာင္က ခုလို ေရးသားေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္၏ သားျဖစ္သူအတြက္ သား၏ မိခင္ႏွင့္ ပတ္သက္၍ ရင္ႏွင့္အမွ် သားေရာ ကြၽန္ေတာ္ေရာ ခံစားမိပါသည္။ သို႔ျဖစ္ပါ၍ လိုအပ္ေသာ အခ်ိန္က်မွသာလွ်င္ မီဒီယာမ်ားႏွင့္ ကြၽန္ေတာ္တို႔ သားအဖႏွစ္ေယာက္ ေတြ႕ဆုံမည္ ျဖစ္ပါသည္။ ယခုအခ်ိန္အခါတြင္ သားျဖစ္သူ၏ မိခင္အတြက္ ကြၽန္ေတာ္ အေကာင္းဆုံး ႀကိဳးစားေဆာင္႐ြက္လ်က္ ရွိပါေၾကာင္း အသိေပး ေမတၱာရပ္ခံအပ္ပါသည္။” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။သ႐ုပ္ေဆာင္ မင္းသမီး ေမသန္းႏုတစ္ေယာက္ အာမခံနဲ႔ အျမန္ဆုံး လြတ္ေျမာက္ၿပီး မိခင္တစ္ေယာက္ တာဝန္ေတြ ျပန္လည္ထမ္းေဆာင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Unicode

သာယာပျော်ရွှင်နေတဲ့ မိသားစုဘဝလေးမှာ မျှော်လင့်မထားတဲ့ မုန်တိုင်းတွေလည်း ရောက်လာတတ်ပါတယ်။ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ သရုပ်ဆောင် မေသန်းနုတို့ရဲ့ အိမ်ထောင်ရေးမှာ အဆင်မပြေမှုတွေ ရှိခဲ့ပေမဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်အတွက် နှစ်ဦးသား ငြိမ်းချမ်းရေး ပြန်ယူထားခဲ့တာ ဖြစ်ပါတယ်။

ဇင်ယော်မောင်မောင်နဲ့ ခွဲနေပြီး နောက်ပိုင်းမှာတော့ မေသန်းနုတစ်ယောက် ငွေတွေ လိမ်လည်တယ်ဆိုတဲ့ သတင်းထွက်လာပြီး ပုဒ်မ (၄၂၀) နဲ့ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ၊ ဒီဇင်ဘာလက တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်မှ နေပြီး ဆောက်လုပ်ရေးပိုက်ဆံ ကျပ်သိန်း (၁၂၀၀) လိမ်လည်မှုနဲ့ မေသန်းနုကို တရားစွဲဆိုထားခဲ့တာပါ။

တရားရင်ဆိုင်ခဲ့ရတာ (၃) နှစ်ကျော်ကြာမြင့်လာချိန်မှာတော့ ရန်ကင်းမြို့နယ် တရားရုံးမှနေပြီး မေသန်းနုကို အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်ကို ၂၀၂၀ ၊ ဇန်နဝါရီ (၂) ရက်နေ့မှာ ချမှတ်ပြီး အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်လိုက်တာ ဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ သားဖြစ်သူ မင်းသန့်မောင်မောင်ရဲ့ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ကားကြီးအတွက် မိဘနှစ်ပါးလုံး ပံ့ပိုးမှုတွေ ပေးခဲ့သလို သားလေး ပျော်ရွှင်ဖို့အတွက် မီဒီယာတွေရှေ့မှာ ပျော်ချင်ယောင် ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ ပရိသတ်တွေက စင်ရော်မောင်မောင်ကို မေသန်းနုအတွက် မားမားမတ်မတ် ရပ်တည်ပေးမလားလို့ မေးခွန်းထုတ်ချိန်မှာတော့ စင်ရော်မောင်မောင်က ခုလို ရေးသားပြောကြားခဲ့ပါတယ်။

“ကျွန်တော်၏ သားဖြစ်သူအတွက် သား၏ မိခင်နှင့် ပတ်သက်၍ ရင်နှင့်အမျှ သားရော ကျွန်တော်ရော ခံစားမိပါသည်။ သို့ဖြစ်ပါ၍ လိုအပ်သော အချိန်ကျမှသာလျှင် မီဒီယာများနှင့် ကျွန်တော်တို့ သားအဖနှစ်ယောက် တွေ့ဆုံမည် ဖြစ်ပါသည်။ ယခုအချိန်အခါတွင် သားဖြစ်သူ၏ မိခင်အတွက် ကျွန်တော် အကောင်းဆုံး ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်း အသိပေး မေတ္တာရပ်ခံအပ်ပါသည်။” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။သရုပ်ဆောင် မင်းသမီး မေသန်းနုတစ်ယောက် အာမခံနဲ့ အမြန်ဆုံး လွတ်မြောက်ပြီး မိခင်တစ်ယောက် တာဝန်တွေ ပြန်လည်ထမ်းဆောင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။