သိန်း ထောင်ကျော်တန် ကျောက် အောင်သွားတဲ့ အဆိုတော် လင်းလင်း

အဆိုတော် လင်းလင်းက သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ ပရိသတ်တွေကိုအသိပေးလိုက်တဲ့ သတင်းကောင်းတစ်ခုကတော့ အဆိုတော် လင်းလင်းဟာ သူ့ရဲ့ သူငယ်ချင်းတွေနဲ့ စပ်တူ တရားဝင်အခွန်ဆောင်ပြီး ကျောက်လော့ဒ် နှစ်လော့ဒ်ကို အရင်းအနှီးမတည်ကာဝယ်ယူခဲ့ရာမှာ အဲ့ဒီကျောက်တုံးတွေက ကျောက် အောင်သွားခဲ့လို့ပါပဲ။

အဲ့ဒီ ကျောက်အောင်သွားတဲ့ အဖိုးတန်ကျောက်တွေဟာ သိန်းထောင်ကျော် တန်ဖိုးရှိတယ်လို့သိရပြီး အခြား မဖြတ်ကြည့်ရသေးတဲ့ ကျောက်တုံးတွေ လဲ ကျန်သေးကြောင်းပြောပြခဲ့တာပါ။ ၀မ်းသာအားရနဲ့ သူရဲ့ချစ်ဇနီးဖြစ်တဲ့ ချစ်သုဝေကိုလည်း အရမ်းချစ်တယ်ဆိုပြီး ပြောထားခဲ့တာပါ။

ဒီလိုမျိုး ကျောက်အောင်သွားခဲ့တာဟာ သူ့အတွက်တော့ နဂိုလုပ်နေတဲ့အလှူအတန်းတွေထက် ပိုပြီး လှူဒါန်းမှုတွေလုပ်နိုင်လာတာထက် ပိုပြီး မဆန်းကြယ်ဘူးလို့လဲ ပြောပြခဲ့ပါတယ်။ သေချာတာကတော့ သူတို့မိသားစုလေးရဲ့ ခေတ်သစ်ဖောင်ဒေးရှင်းလေးကနေ အခုထပ်ပိုတဲ့ လှူဒါန်း ကူညီမှုတွေပြုလုပ်လာနိုင်ပြီး ပိုပြီး လူအများကို ကူညီလာနိုင်တော့မှာအသေအချာပါပဲ။

ဒီအကြောင်းအပြည့်အစုံကို အဆိုတော်လင်းလင်းက –

” အပေါင်းအသင်းဆိုရင် မိသားစုလိုပေါင်းတက်တဲ့ ကိုယ့်အတွက် မိသားစုဆန်တဲ့ အပေါင်းအသင်းတွေဟာ နှစ်ကာလများစွာ တွဲပါလာကြတာပေါ့။ တရားဝင်အခွန်ဆောင်ပြီး ကျောက်လော့ဒ်နှစ်လောဒ်ကို သူတို့က ပြိုင်ယူချင်တယ်။ ကိုယ်ကလဲ ဘာမှနားမလည်သော်လဲ ယုံကြည်မှုနဲ့ မ,တည် ပေးတယ်။ ဟော အခု အက်ဒစ်မလုပ်ထားတဲ့ ပုံတွေသာရှုစားကြည့်ပါတော့။

ကျွန်တော့်အတွက်တော့ လိုတာထပ်ပိုရှိလာတဲ့ အသပြာတွေကို နဂိုအလှူအတန်းတွေထပ် ပိုပြီးလှူနိုင်တာပါဘဲ။ အဲဒီထပ် ပိုပြီးမဆန်းကြယ် :)))) ဘာဘဲပြောပြော ချစ်ဇနီးလေးကိုလဲ အရမ်းချစ်တယ်(ဟင် ဘာမှလဲမဆိုင်ဘူး ဟိဟိ)

သိန်းထောင်ပိုင်းတွေလို့တော့ ပြောတာဘဲ :))))) ဘာမှမလုပ်ရသေးတဲ့ အတုံးတွေလဲ အများကြီးကျန်သေး ပျော်စရာမင်္ဂလာပါဘဲ :))))) ” ဆိုပြီး သူ့အကောင့်မှာ ရေးသားထားပါတယ်။

အဆိုတော်လင်းလင်းရဲ့ ၀မ်းသာစရာသတင်းလေးကို အလင်းမြေပရိသတ်ကြီးပါ ၀ိုင်းပြီးပျော်ပေးနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။