ဦးထြန္းလြင္အတြက္ သမီးျဖစ္သူရဲ႕ ေနာက္ဆံုးႏႈတ္ဆက္စာ

မိုးေလဝသႏွင့္ ဇလေဗဒ ပညာရွင္ ေဒါက္တာ ဦးထြန္းလြင္ ကြယ္လြန္သြားျခင္းဟာ ျမန္မာနို္င္ငံရဲ႕ အစားထိုးမရနုိင္တဲ့ ဆံုးရံႈးမႈၾကီးပါ။ ဆရာၾကီးရဲ႔ အခ်ိန္နဲ႔ တစ္ေျပးညီ မိုးေလဝသ သံုးသပ္ခ်က္ေတြကို မွီခိုအားကိုးေနရတဲ့ ပင္လယ္ငါးဖမ္းလုပ္ငန္းလုပ္ကိုင္သူေတြနဲ႔ ေတာင္သူလယ္သမားေတြအတြက္လည္း အားကိုးရာမဲ့သြားရတဲ့ ဝမ္းနည္းစရာျဖစ္ရပ္ၾကီးဆိုရင္မမွားပါဘူး။ တစ္နုိင္ငံလံုးက မိဘျပည္သူလူအမ်ားနဲ႔ ဦးထြန္းလြင္ကုိေလးစားျမတ္နိုးၾကသူေတြဟာ ဦးထြန္းလြင္ရဲ႕စ်ာပနကုိလုိက္ပါပို႔ေဆာင္ခဲ့ၾကပါတယ္။

ဦးထြန္းလြင္ဆံုးပါးသြားျခင္းဟာ တစ္နုိင္ငံလံုးအတြက္ ၾကီးမားတဲ့ ဆံုးရံႈးမႈၾကီးျဖစ္သလို ဦးထြန္းလြြင္ရဲ႕ မိသားစုေတြအတြက္လည္း ေဖာ္မျပတတ္ေအာင္ ယူၾကံဳးမရဝမ္းနည္းေၾကကြဲရတဲ့ျဖစ္ရပ္ၾကီးပါ။ ဦးထြန္းလြင္ရဲ႕ သမီးျဖစ္သူ မျမတ္စုထြန္းလြင္ဟာလည္း ဖခင္ျဖစ္သူကိုဆံုးရံႈးလိုက္ရျခင္းအတြက္ေျဖမဆည္နို္င္ေအာင္ခံစားေနရျပီး သူမရဲ႕ ခံစားခ်က္ေတြ ပူေဆြးဝမ္းနည္းမႈေတြကုိ လူမႈကြန္ယက္မွာ ရင္ဖြင့္ထားတာကုိလည္းေတြ႕ရပါတယ္။

မျမတ္စုထြန္းလြင္က သူမရဲ႕ လူမႈကြန္ယက္မွာ ဦးထြန္းလြင္ကို မဆံုးပါးခင္ေနာက္ဆံုးရိုက္ထားတဲ့ဓာတ္ပံုေလးနဲ႔ ေဖေဖ့အတြက္ ေနာက္ဆံုးစာဆိုျပီးစာေလးတစ္ေစာင္ေရးထားတာေတြ႕ရပါတယ္။

“ေဖေဖ့အတြက္ ေနာက္ဆံုးစာ ၆.၁၁.၂၀၁၉ (ဗုဒၶဟူးေန႔)၊ ငယ္စဥ္ကေလးဘဝ ေဖေဖ ေလယာဥ္ေပၚတက္သြားတိုင္းငါက်န္ခဲ့ၿပီဆိုၿပီးငို ငို ခဲ့ဖူးတယ္…ေနာက္ေတာ့ခဏတာခရီးပဲလို႔ေက်နပ္တတ္ခဲ့တယ္။လူငယ္အရြယ္ေဖေဖ ေဆးရံုတက္တိုင္းငါတို႔ကို ထားသြားရင္ဆိုၿပီးပူေဆြးခဲ့ဖူးတယ္…ခုေတာ့သံသရာခရီး ဆံုဦးမွာပဲလို႔သတိမျပတ္ ဆင္ျခင္မွတ္ေပမယ့္…သံေယာဇဥ္ထု ႀကီးမားလြန္းေတာ့မ်က္ရည္အလိုလို က်က်လာတယ္။ေဖေဖေကာင္းရာသုဂတိလားပါေစ။(မဆံုးခင္ နာရီပိုင္းအလိုေနာက္ဆံုးရိုက္သြားေသာပံုအမွတ္တရ)”

လုိ႔ေရးထားတဲ့စာေလးကုိေၾကကြဲဖြယ္ေတြ႕ရပါတယ္။

 

ဦးထြန္းလြင္ရဲ႕ စ်ာပနကို ဦးေက်ာ္သူေခါင္းေဆာင္တဲ့ နာေရးကူညီမႈအသင္းက ေရေဝးသုႆန္မွာ ခမ္းခမ္းနားနားျပဳလုပ္ေပးခဲ့ျပီး ဦးထြန္းလြင္ရဲ႕ မိသားစုေတြနဲ႔ ျပည္သူေတြေတာ္ေတာ္မ်ားမ်ားက ဦးထြန္းလြင္ရဲ႕ေနာက္ဆံုးခရီးကုိ ေၾကကြဲဝမ္းနည္းစြာလုိက္ပါပို႔ေဆာင္ေပးခဲ့ၾကပါတယ္။ နို္င္ငံအေပၚမွာတာဝန္ေက်လြန္ျပီး စိတ္ထားေကာင္းတဲ့ ဦးထြန္းလြင္တစ္ေယာက္ ေကာင္းရာသုဂတိလားပါေစလို႔ဆုေတာင္းေပးလိုက္ရပါတယ္။

Unicode

မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ဦးထွန်းလွင် ကွယ်လွန်သွားခြင်းဟာ မြန်မာနိုင်ငံရဲ့ အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုကြီးပါ။ ဆရာကြီးရဲ့ အချိန်နဲ့ တစ်ပြေးညီ မိုးလေဝသ သုံးသပ်ချက်တွေကို မှီခိုအားကိုးနေရတဲ့ ပင်လယ်ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ တောင်သူလယ်သမားတွေအတွက်လည်း အားကိုးရာမဲ့သွားရတဲ့ ဝမ်းနည်းစရာဖြစ်ရပ်ကြီးဆိုရင်မမှားပါဘူး။ တစ်နိုင်ငံလုံးက မိဘပြည်သူလူအများနဲ့ ဦးထွန်းလွင်ကိုလေးစားမြတ်နိုးကြသူတွေဟာ ဦးထွန်းလွင်ရဲ့ဈာပနကိုလိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

ဦးထွန်းလွင်ဆုံးပါးသွားခြင်းဟာ တစ်နိုင်ငံလုံးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးဖြစ်သလို ဦးထွန်းလွင်ရဲ့ မိသားစုတွေအတွက်လည်း ဖော်မပြတတ်အောင် ယူကြုံးမရဝမ်းနည်းကြေကွဲရတဲ့ဖြစ်ရပ်ကြီးပါ။ ဦးထွန်းလွင်ရဲ့ သမီးဖြစ်သူ မမြတ်စုထွန်းလွင်ဟာလည်း ဖခင်ဖြစ်သူကိုဆုံးရှုံးလိုက်ရခြင်းအတွက်ဖြေမဆည်နိုင်အောင်ခံစားနေရပြီး သူမရဲ့ ခံစားချက်တွေ ပူဆွေးဝမ်းနည်းမှုတွေကို လူမှုကွန်ယက်မှာ ရင်ဖွင့်ထားတာကိုလည်းတွေ့ရပါတယ်။

မမြတ်စုထွန်းလွင်က သူမရဲ့ လူမှုကွန်ယက်မှာ ဦးထွန်းလွင်ကို မဆုံးပါးခင်နောက်ဆုံးရိုက်ထားတဲ့ဓာတ်ပုံလေးနဲ့ ဖေဖေ့အတွက် နောက်ဆုံးစာဆိုပြီးစာလေးတစ်စောင်ရေးထားတာတွေ့ရပါတယ်။ “ဖေဖေ့အတွက် နောက်ဆုံးစာ ၆.၁၁.၂၀၁၉ (ဗုဒ္ဓဟူးနေ့)၊ ငယ်စဉ်ကလေးဘဝ ဖေဖေ လေယာဉ်ပေါ်တက်သွားတိုင်းငါကျန်ခဲ့ပြီဆိုပြီးငို ငို ခဲ့ဖူးတယ်…နောက်တော့ခဏတာခရီးပဲလို့ကျေနပ်တတ်ခဲ့တယ်။လူငယ်အရွယ်ဖေဖေ ဆေးရုံတက်တိုင်းငါတို့ကို ထားသွားရင်ဆိုပြီးပူဆွေးခဲ့ဖူးတယ်…ခုတော့သံသရာခရီး ဆုံဦးမှာပဲလို့သတိမပြတ် ဆင်ခြင်မှတ်ပေမယ့်…သံယောဇဉ်ထု ကြီးမားလွန်းတော့မျက်ရည်အလိုလို ကျကျလာတယ်။ဖေဖေကောင်းရာသုဂတိလားပါစေ။(မဆုံးခင် နာရီပိုင်းအလိုနောက်ဆုံးရိုက်သွားသောပုံအမှတ်တရ)”

လို့ရေးထားတဲ့စာလေးကိုကြေကွဲဖွယ်တွေ့ရပါတယ်။

ဦးထွန်းလွင်ရဲ့ ဈာပနကို ဦးကျော်သူခေါင်းဆောင်တဲ့ နာရေးကူညီမှုအသင်းက ရေဝေးသုဿန်မှာ ခမ်းခမ်းနားနားပြုလုပ်ပေးခဲ့ပြီး ဦးထွန်းလွင်ရဲ့ မိသားစုတွေနဲ့ ပြည်သူတွေတော်တော်များများက ဦးထွန်းလွင်ရဲ့နောက်ဆုံးခရီးကို ကြေကွဲဝမ်းနည်းစွာလိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။ နိုင်ငံအပေါ်မှာတာဝန်ကျေလွန်ပြီး စိတ်ထားကောင်းတဲ့ ဦးထွန်းလွင်တစ်ယောက် ကောင်းရာသုဂတိလားပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။