ယနေ့ည နောက်ဆုံးရအပြောင်းအရွှေ့နှင့် ဘောလုံးသတင်းထူးများ

မန်ယူတိုက်စစ်မှူး လူကာကူကို အင်တာမီလန် အပြင် နာပိုလီအသင်းကပါခေါ်ယူဖို့ အပြိုင် ချိတ်ဆက်လာတယ်လို့ အီတလီသတင်းများမှာ ဖော်ပြ သွားခဲ့ပါတယ်။ နာပိုလီဟာ လူကာကူကို အိုးထရက်ဖို့ဒ်ကနေ ခေါ်ယူနိုင်ဖို့ ယူရိုသန်း (၇၀)နဲ့ စတင်ကမ်းလှမ်းသွားဖို့ ရှိတယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြင်သစ်သား နှစ်ဦး ဖြစ်တဲ့ ပေါ့ဘာနဲ့ အမ်ဘာပေးတို့ကို ဒီနွေမှာ တပြိုင်နက် ခေါ်ယူဖို့ ကြံရွယ်နေဆဲ ဖြစ်တယ် သိရပါတယ်။

ပီအက်စ်ဂျီ ကြယ်ပွင့် ကစားသမား အမ်ဘတ်ပီဟာ ရီးရဲလ်နဲ့ ဇီဒန်းရဲ့ ဖိအားပေးမှုကြောင့် အသင်းထံ ပြောင်းရွှေ့ခွင့်တင်ခဲ့ပြီ ဖြစ်ကြောင်း စပိန်သတင်းများမှာ ဖော်ပြလာပါတယ်။

မန်ယူအသင်းဟာ ကာလရှည် စောင့်ကြည့်နေခဲ့တဲ့ နာပိုလီမှ ဗဟိုခံစစ်မှူး ကူလီဘိုင်လေ အတွက် ပေါင် ၈၄ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ အီတလီသတင်းများမှာ ပါရှိလာပါတယ်။

အက်သလက်တီကိုမက်ဒရစ်ဟာ ချဲလ်ဆီးမှ ဘယ်နောက်ခံလူ မားကို့စ်အလွန်ဆိုကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး စပိန်သား ဟာ လာမယ့် သောကြာနေ့မှာ မက်ဒရစ်ဆီ သွားရောက်ကာ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

မန်ယူအသင်း ပစ်မှတ်ထားနေတဲ့ နောဝှစ်ခ်ျကြယ်ပွင့် ဘန်ဂေါ့ဖရေးကို ခေါ်ယူဖို့ စပါးအသင်းက အပြိုင် ချိတ်ဆက် လာပါတယ်။ အသက် (၂၁)နှစ် အရွယ် ကွင်းလယ်ကစားသမား ဘန်ဂေါ့ဖရေးဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်မှာ နောဝှစ်ခ်ျကို ပရီးမီးယားလိဂ်ဆီ တန်း ပြန်တက်အောင် ကူညီ ခြေစွမ်းပြခဲ့သူပါ။

ချဲလ်ဆီးအသင်းဟာ လူငယ် တိုက်စစ်ျွှူး အိုဒွိုင်းကို တစ်ပတ် လုပ်ခ ပေါင် ၁သိန်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အိုဒွိုင်းကို ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူလိုနေပေမယ့် ကစားသမားရဲ့ဒဏ်ရာအနေအထားက အဟန့်အတား ဖြစ်နေတယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းဟာ ကွင်းလယ်ကစားသမား ဖေဘီယန်ဒက်ဖ်ကို ပေါင်(၁၅)သန်းဝန်းကျင်နဲ့ လက်လွှတ်သွားချင်နေတယ်လို့ သိရပါပါတယ်။ မန်စီးတီးမှာ နောက်ခံလူတစ်ဦးအဖြစ် အသုံးတော်ခံနေတဲ့ အင်္ဂလန်သား ဒက်ဖ်ဟာ ဒီနှစ်ပိုင်းမှာတော့ လူငယ်ကစားသမားလေး ဇင်ချန်ကိုကြောင့် နေရာမရ ဖြစ်နေပါတယ်။

အာဆင်နယ်အသင်းဟာ ဂျာမန်ကလပ် RB လိုက်ဘ်ဇစ်အသင်းရဲ့ ခံစစ်မှူး ဒါယော့အူပါမီကာနို ကို ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီဟာ ဘာစီလိုနာခံစစ်မှူး အမ်တီတီထက် ဈေးပိုပေါမယ့် အဆိုပါ အသက်(၂၀)နှစ်အရွယ် ခံစစ်မှူးလေးကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။