ျမင္လိုက္တာနဲ႔ စိတ္ပ်က္စရာေကာင္းတဲ့ ေဘာလံုးဝတ္စံုမ်ား

ေဘာလံုးဝတ္စံုဆိုတာကေတာ့ ကမၻာ့ေပၚက Pro ေဘာလံုးအသင္းေတြအတြက္ ဝင္ေငြရေပါက္တစ္ခုျဖစ္ပါတယ္။ နာမည္ႀကီး ေဘာလံုးအသင္းေတြဟာ Nike , Adidas, New Balance နဲ႔ Puma စတဲ့ အားကစားပစၥည္းကုမၸဏီေတြနဲ႔ အက်ိဳးတူပူးေပါင္းၿပီး တစ္ႏွစ္ကို ဝတ္စံုေပါင္း သန္းနဲ႔ခ်ီၿပီးေရာင္းေနရပါတယ္။ ေဘာလံုးအသင္းတစ္သင္းကို သည္းသည္းလႈပ္အရူးအမူး အားေပးတဲ့ ပရိသတ္တစ္ေယာက္အေနနဲ႔ အဲ့ဒီအသင္းရဲ႕ အိမ္ကြင္းဝတ္စံု အသစ္ထြက္လာမယ္ဆိုရင္ ဘယ္ေလာက္ေစ်းႀကီးႀကီးဝယ္ဖို႔အတြက္ ဝန္မေလးပါဘူး ။ အခုေခတ္ကာလႀကီးမွာေတာ့ ဥေရာပက အသင္းႀကီးေတြဟာ အိမ္ကြင္းဝတ္စံု တစ္ထည္နဲ႔ အေဝးကြင္းဝတ္စံု သံုးစံုကို ႏွစ္တိုင္း သတ္မွတ္ထားၾကပါတယ္။ အဲ့ဒီဝတ္စံုေတြဟာ တစ္ခါတေလမွာေတာ့ အေကာင္းဆံုးျဖစ္ေနတတ္သလို တစ္ခါတေလက်ရင္လည္း အဆိုးဆံုး ဒီဇိုင္းေတြျဖစ္ေနတတ္ပါတယ္ ။အခုက်ေနာ္တို႔ မိတ္ေဆြေတြကို ကမၻာ့ေဘာလံုးသမိုင္းမွာ နာမည္ႀကီး ကလပ္အသင္းေတြရဲက အဆိုရြားဆံုး ေဘာလံုးဝတ္စံုေတြကို ေဖာ္ျပေပးသြားမွာပါျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ (၁၉၉၆)

ပရီးလိဂ္သက္တမ္းတစ္ေလွ်ာက္မွာေတာ့ လူႀကိုက္အနည္းဆံုး ဝတ္စံုတစ္စံုျဖစ္တယ္ဆိုတာကိုေတာ့ ေရြးေကာက္ပြဲေတြလုပ္ၿပီး မဲခြဲဆံုးျဖတ္ေနစရာလိုမယ္မထင္ပါဘူး ။ အဲ့ဒီဝတ္စံု ဝတ္ဆင္ကစားခဲ့တဲ့ ပြဲတခ်ိဳ႕မွာရႈံးပြဲေတြနဲ႔ ေတြ႔ႀကံုခဲ့ရလို႔ ဖာဂီႀကီးတစ္ေယာက္ ေတာ္ေတာ္ေပါက္ကြဲဖူးတယ္လို႔လည္း သိရပါတယ္။ ရွရန္ဂန္တို႔နဲ႔ ဒီလိုဝတ္စံုႀကီးနဲ႔ တြဲၿပီးျမင္ၾကည့္ရတာ သိပ္ၿပီး အဆင္မေျပဘူးထင္ပါတယ္။

နယူးကာဆယ္ (၂၀၀၉/၁၀)

အဝါေရာင္ဝတ္ဆံုေတြဟာ က်န္တဲ့ အသင္းေတြအတြက္ေတာ့ ျပယုဂ္တစ္ခုျဖစ္ရင္ ျဖစ္ေနပါလိမ့္မယ္ ။ ဥပမာ ဘရာဇီးေဘာလံုးအသင္းဆိုရင္ အဝါေရာင္ဝတ္စံုဟာ သူတို႔ရဲ႕ ေအာင္ျမင္မႈေတြအတြက္ ျပယုဂ္တစ္ခုပါပဲ။ ေဒါ့မြန္႔ဆိုရင္လည္း ေတာက္ေလွ်ာက္ကို အဝါေရာင္ကို သူတို႔ခြဲမရေအာင္ တသားတည္းက်ေနတဲ့အေရာင္တစ္ခုအျဖစ္သတ္မွတ္ထားၿပီး ဝတ္ထားတာပါ ။ ဘာစီလိုနာနဲ႔ လီပါလ္ပူးတို႔ဆိုရင္လည္း အဝါေရာင္ေတြကို ဝတ္ဆင္ဖူးပါတယ္ ။ ဒါေပမယ့္ ဒီနယူးကာဆယ္ဝတ္စံုေလာက္ေတာ့မဆိုးပါဘူး ။

ဘာစီလိုနာ (၂၀၁၂/၁၃)

ဘာစီလိုနာအသင္းကေတာ့ ကမၻာေပၚမွာ ႀကီးက်ယ္ျမင့္ျမတ္တဲ့ ေဘာလံုးအသင္းတစ္သင္းဆိုတာေျပာျပစရာေတာင္လိုမယ္မထင္ပါဘူး။ ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္တုန္းက သူတို႔ဝတ္ဆင္ကစားခဲ့တဲ့ လိမ္ေမၼာ္ေရာင္ အေဝးကြင္းဝတ္စံုကို အားလံုး မွတ္မိၾကဦးမယ္ ထင္ပါတယ္ ။ အဲ့ဒီဝတ္စံုကလည္း တကယ့္ အဆိုးဆံုး ေဘာလံုးဝတ္စံုထဲမွာ ပါဝင္ေနပါတယ္။ေနထြက္လာတဲ့ပံုစံကိုဖန္တီးထားေပမယ့္ အဆင္မေျပပါဘူး ။

အဲဗာတန္ ( ၂၀၁၃)

ပရီးမီးယားလိဂ္ရဲ႕ ျဖတ္မ်ဥ္းလို႔ ေျပာလို႔ရတဲ့ အင္တိုက္အားတိုက္ျဖစ္တဲ့ အဲဗာတန္ရဲ႕ ၂၀၁၃ ရာသီက အေဝးကြင္း ဝတ္စံုကိုမွတ္မိၾကဦးမယ္ထင္ပါတယ္။ တကယ့္ကို အဆင္မေျပဘူးဆိုတာကေတာ့ ျပန္ေတြးၾကည့္ရံုနဲ႔ သိႏိုင္ပါတယ္။ သူတို႔ရဲ႕အဝတ္စံုကုမၸဏီကို Umbro ကေန Le Cop Sportif ကိုေျပာင္းလဲလုိက္တာဟာ အဲဗာတန္ရဲ႕ မဟာအမွားႀကီးတစ္ခုပါပဲ ။

Unicode

ဘောလုံးဝတ်စုံဆိုတာကတော့ ကမ္ဘာ့ပေါ်က Pro ဘောလုံးအသင်းတွေအတွက် ဝင်ငွေရပေါက်တစ်ခုဖြစ်ပါတယ်။ နာမည်ကြီး ဘောလုံးအသင်းတွေဟာ Nike , Adidas, New Balance နဲ့ Puma စတဲ့ အားကစားပစ္စည်းကုမ္ပဏီတွေနဲ့ အကျိုးတူပူးပေါင်းပြီး တစ်နှစ်ကို ဝတ်စုံပေါင်း သန်းနဲ့ချီပြီးရောင်းနေရပါတယ်။ ဘောလုံးအသင်းတစ်သင်းကို သည်းသည်းလှုပ်အရူးအမူး အားပေးတဲ့ ပရိသတ်တစ်ယောက်အနေနဲ့ အဲ့ဒီအသင်းရဲ့ အိမ်ကွင်းဝတ်စုံ အသစ်ထွက်လာမယ်ဆိုရင် ဘယ်လောက်ဈေးကြီးကြီးဝယ်ဖို့အတွက် ဝန်မလေးပါဘူး ။ အခုခေတ်ကာလကြီးမှာတော့ ဥရောပက အသင်းကြီးတွေဟာ အိမ်ကွင်းဝတ်စုံ တစ်ထည်နဲ့ အဝေးကွင်းဝတ်စုံ သုံးစုံကို နှစ်တိုင်း သတ်မှတ်ထားကြပါတယ်။ အဲ့ဒီဝတ်စုံတွေဟာ တစ်ခါတလေမှာတော့ အကောင်းဆုံးဖြစ်နေတတ်သလို တစ်ခါတလေကျရင်လည်း အဆိုးဆုံး ဒီဇိုင်းတွေဖြစ်နေတတ်ပါတယ် ။အခုကျနော်တို့ မိတ်ဆွေတွေကို ကမ္ဘာ့ဘောလုံးသမိုင်းမှာ နာမည်ကြီး ကလပ်အသင်းတွေရဲက အဆိုရွားဆုံး ဘောလုံးဝတ်စုံတွေကို ဖော်ပြပေးသွားမှာပါဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် (၁၉၉၆)

ပရီးလိဂ်သက်တမ်းတစ်လျှောက်မှာတော့ လူကြိုက်အနည်းဆုံး ဝတ်စုံတစ်စုံဖြစ်တယ်ဆိုတာကိုတော့ ရွေးကောက်ပွဲတွေလုပ်ပြီး မဲခွဲဆုံးဖြတ်နေစရာလိုမယ်မထင်ပါဘူး ။ အဲ့ဒီဝတ်စုံ ဝတ်ဆင်ကစားခဲ့တဲ့ ပွဲတချို့မှာရှုံးပွဲတွေနဲ့ တွေ့ကြုံခဲ့ရလို့ ဖာဂီကြီးတစ်ယောက် တော်တော်ပေါက်ကွဲဖူးတယ်လို့လည်း သိရပါတယ်။ ရှရန်ဂန်တို့နဲ့ ဒီလိုဝတ်စုံကြီးနဲ့ တွဲပြီးမြင်ကြည့်ရတာ သိပ်ပြီး အဆင်မပြေဘူးထင်ပါတယ်။

နယူးကာဆယ် (၂၀၀၉/၁၀)

အဝါရောင်ဝတ်ဆုံတွေဟာ ကျန်တဲ့ အသင်းတွေအတွက်တော့ ပြယုဂ်တစ်ခုဖြစ်ရင် ဖြစ်နေပါလိမ့်မယ် ။ ဥပမာ ဘရာဇီးဘောလုံးအသင်းဆိုရင် အဝါရောင်ဝတ်စုံဟာ သူတို့ရဲ့ အောင်မြင်မှုတွေအတွက် ပြယုဂ်တစ်ခုပါပဲ။ ဒေါ့မွန့်ဆိုရင်လည်း တောက်လျှောက်ကို အဝါရောင်ကို သူတို့ခွဲမရအောင် တသားတည်းကျနေတဲ့အရောင်တစ်ခုအဖြစ်သတ်မှတ်ထားပြီး ဝတ်ထားတာပါ ။ ဘာစီလိုနာနဲ့ လီပါလ်ပူးတို့ဆိုရင်လည်း အဝါရောင်တွေကို ဝတ်ဆင်ဖူးပါတယ် ။ ဒါပေမယ့် ဒီနယူးကာဆယ်ဝတ်စုံလောက်တော့မဆိုးပါဘူး ။

ဘာစီလိုနာ (၂၀၁၂/၁၃)

ဘာစီလိုနာအသင်းကတော့ ကမ္ဘာပေါ်မှာ ကြီးကျယ်မြင့်မြတ်တဲ့ ဘောလုံးအသင်းတစ်သင်းဆိုတာပြောပြစရာတောင်လိုမယ်မထင်ပါဘူး။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက သူတို့ဝတ်ဆင်ကစားခဲ့တဲ့ လိမ်မ္မော်ရောင် အဝေးကွင်းဝတ်စုံကို အားလုံး မှတ်မိကြဦးမယ် ထင်ပါတယ် ။ အဲ့ဒီဝတ်စုံကလည်း တကယ့် အဆိုးဆုံး ဘောလုံးဝတ်စုံထဲမှာ ပါဝင်နေပါတယ်။နေထွက်လာတဲ့ပုံစံကိုဖန်တီးထားပေမယ့် အဆင်မပြေပါဘူး ။

အဲဗာတန် ( ၂၀၁၃)

ပရီးမီးယားလိဂ်ရဲ့ ဖြတ်မျဉ်းလို့ ပြောလို့ရတဲ့ အင်တိုက်အားတိုက်ဖြစ်တဲ့ အဲဗာတန်ရဲ့ ၂၀၁၃ ရာသီက အဝေးကွင်း ဝတ်စုံကိုမှတ်မိကြဦးမယ်ထင်ပါတယ်။ တကယ့်ကို အဆင်မပြေဘူးဆိုတာကတော့ ပြန်တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။ သူတို့ရဲ့အဝတ်စုံကုမ္ပဏီကို Umbro ကနေ Le Cop Sportif ကိုပြောင်းလဲလိုက်တာဟာ အဲဗာတန်ရဲ့ မဟာအမှားကြီးတစ်ခုပါပဲ ။