ပထမ႐ုံတင္ရက္မွာပဲ ႐ုံျပည့္႐ုံလွ်ံအားေပးျခင္းခံလိုက္ရတဲ့ ခ်ိဳး႐ုပ္ ႐ုပ္ရွင္

႐ုပ္ရွင္ခ်စ္ပရိသတ္ေတြ အတြက္ သတင္းေကာင္းေလးတစ္ခုကို ပါးခ်င္ပါတယ္။ ျမင့္ျမတ္ နဲ႔ အိေခ်ာပိုတို႔ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ခ်ိဳး႐ုပ္႐ုပ္ရွင္ဇာတ္ကားႀကီးကေတာ့ အခုဆိုရင္ ႐ုံေတြေပၚကို ေရာက္ရွိေနပါၿပီ။ Trailer မွာကတည္းက ပရိသတ္ေတြစိတ္ဝင္စားမႈကိုရွိခဲ့ၿပီး ရက္ပိုင္းအတြင္းမွာပဲ Trailer ကိုဝင္ေရာက္ၾကည့္ရႈသူ ၅သန္းေက်ာ္ အထိ ပိုင္ဆိုင္ထားႏိုင္တဲ့ စံခ်ိန္ေကာင္းတစ္ခုကိုလည္းရရွိထားပါတယ္။ Trailer မွာေတာ့ က်ေနာ္တို႔ ျမင္ေတြ႕ေနေလ့ရွိတဲ့ ျမန္မာႏိုင္ငံရဲ႕ ေက်းလက္ေဒသတစ္ေနရာ က ညီအစ္ကိုႏွစ္ေယာက္ရဲ႕ သံေယာဇဥ္ဖြဲ႕ဇာတ္ကားေလးဆိုတာ သိသာလွပါတယ္။ ခ်ိဳး႐ုပ္ရွင္ကေတာ့ ဒါ႐ိုက္တာ ခင္လႈိင္(ဉာဏ္ႀကီးရွင္) က႐ိုက္ကူးထားၿပီး ဟာသ ဒရမ္မာ အမ်ိဳးအစားျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါေၾကာင့္ ရယ္စရာ ေပ်ာ္စရာ လြမ္းေမာစရာ ရသစုံကို တစ္ဝႀကီးခံစားရမွာ အေသအခ်ာပါပဲ။

ဒီႏွစ္ထဲမွာ ႐ုံတင္႐ုပ္ရွင္ေတြၾကားထဲမွာဆိုရင္ေတာ့ ဒီလိုဇာတ္ကားေလးမ်ိဳးကို သြားမၾကည့္တဲ့သူေတြကေတာ့ တကယ္ကို ေခတ္ေနာက္က်က်န္ခဲ့မယ္ဆိုၿပီးေတာ့ေတာင္ ေျပာလို႔ရႏိုင္ေလာက္တဲ့အေနထားပါပဲ။ စူစူေလးရဲ႕ ပရိသတ္ေတြ ျမင့္ျမတ္ရဲ႕ အႏုပညာအစြမ္းျပခ်က္ေတြကိုမွ ၾကည့္ခ်င္ျမင္ခ်င္တဲ့သူေတြအတြက္ကေတာ့ တကယ္ကိုသြားၾကည့္ရင္တန္မယ့္ဇာတ္ကားေလးျဖစ္မွာပါ။

ပထမဆုံး႐ုံတင္ရက္မွာပဲ အခုလို႐ုံျပည့္႐ုံလွ်ံအားေပးမႈကို ခံခဲ့ရတယ္ဆိုတာ တကယ္ကို ေကာင္းမြန္လွတဲ့လမ္းစေလးျဖစ္ၿပီး လာမယ့္ ႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲႀကီးမွာလည္း တကယ္ေကာင္းမြန္တဲ့ စံခ်ိန္ေတြ ရရွိဦးမလာဆိုတာကလည္း တကယ္ကို ရင္ခုန္စရာ ေမွ်ာ္လင့္ခ်က္ေလးေတြပါပဲ ။ ခ်ိဳး႐ုပ္ ႐ုပ္ရွင္ကိုေတာ့ ဒီေန႔ ( ၁၇ ၊ ၁၀ ၊ ၂၀၁၉ ) ကေနစၿပီး ျမန္မာႏိုင္ငံအႏွံ႔မွာ ႐ုံတင္ေနပါၿပီေနာ္။ တကယ္ေကာင္းတဲ့ဇာတ္လမ္းေလးမို႔သြားၾကည့္ျဖစ္ေအာင္ ၾကည့္ၾကပါ့ဦး ။ တကယ္လို႔ ၾကည့္ၿပီးသြားရင္လည္း ဘယ္လိုခံစားရလဲဆိုတဲ့ ခံစားခ်က္ေလးေတြကို ျပန္လည္ ေဝမွ်ေပးသြားၾကပါဦးေနာ္ ။

Unicode

ရုပ်ရှင်ချစ်ပရိသတ်တွေ အတွက် သတင်းကောင်းလေးတစ်ခုကို ပါးချင်ပါတယ်။ မြင့်မြတ် နဲ့ အိချောပိုတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ချိုးရုပ်ရုပ်ရှင်ဇာတ်ကားကြီးကတော့ အခုဆိုရင် ရုံတွေပေါ်ကို ရောက်ရှိနေပါပြီ။ Trailer မှာကတည်းက ပရိသတ်တွေစိတ်ဝင်စားမှုကိုရှိခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ Trailer ကိုဝင်ရောက်ကြည့်ရှုသူ ၅သန်းကျော် အထိ ပိုင်ဆိုင်ထားနိုင်တဲ့ စံချိန်ကောင်းတစ်ခုကိုလည်းရရှိထားပါတယ်။ Trailer မှာတော့ ကျနော်တို့ မြင်တွေ့နေလေ့ရှိတဲ့ မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသတစ်နေရာ က ညီအစ်ကိုနှစ်ယောက်ရဲ့ သံယောဇဉ်ဖွဲ့ဇာတ်ကားလေးဆိုတာ သိသာလှပါတယ်။ ချိုးရုပ်ရှင်ကတော့ ဒါရိုက်တာ ခင်လှိုင်(ဉာဏ်ကြီးရှင်) ကရိုက်ကူးထားပြီး ဟာသ ဒရမ်မာ အမျိုးအစားဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ရယ်စရာ ပျော်စရာ လွမ်းမောစရာ ရသစုံကို တစ်ဝကြီးခံစားရမှာ အသေအချာပါပဲ။

ဒီနှစ်ထဲမှာ ရုံတင်ရုပ်ရှင်တွေကြားထဲမှာဆိုရင်တော့ ဒီလိုဇာတ်ကားလေးမျိုးကို သွားမကြည့်တဲ့သူတွေကတော့ တကယ်ကို ခေတ်နောက်ကျကျန်ခဲ့မယ်ဆိုပြီးတော့တောင် ပြောလို့ရနိုင်လောက်တဲ့အနေထားပါပဲ။ စူစူလေးရဲ့ ပရိသတ်တွေ မြင့်မြတ်ရဲ့ အနုပညာအစွမ်းပြချက်တွေကိုမှ ကြည့်ချင်မြင်ချင်တဲ့သူတွေအတွက်ကတော့ တကယ်ကိုသွားကြည့်ရင်တန်မယ့်ဇာတ်ကားလေးဖြစ်မှာပါ။

ပထမဆုံးရုံတင်ရက်မှာပဲ အခုလိုရုံပြည့်ရုံလျှံအားပေးမှုကို ခံခဲ့ရတယ်ဆိုတာ တကယ်ကို ကောင်းမွန်လှတဲ့လမ်းစလေးဖြစ်ပြီး လာမယ့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးမှာလည်း တကယ်ကောင်းမွန်တဲ့ စံချိန်တွေ ရရှိဦးမလာဆိုတာကလည်း တကယ်ကို ရင်ခုန်စရာ မျှော်လင့်ချက်လေးတွေပါပဲ ။ ချိုးရုပ် ရုပ်ရှင်ကိုတော့ ဒီနေ့ ( ၁၇ ၊ ၁၀ ၊ ၂၀၁၉ ) ကနေစပြီး မြန်မာနိုင်ငံအနှံ့မှာ ရုံတင်နေပါပြီနော်။ တကယ်ကောင်းတဲ့ဇာတ်လမ်းလေးမို့သွားကြည့်ဖြစ်အောင် ကြည့်ကြပါ့ဦး ။ တကယ်လို့ ကြည့်ပြီးသွားရင်လည်း ဘယ်လိုခံစားရလဲဆိုတဲ့ ခံစားချက်လေးတွေကို ပြန်လည် ဝေမျှပေးသွားကြပါဦးနော် ။