MMA ဖိုက္တာဇာတ္ေကာင္ေတြအတြက္ အသင့္ေတာ္ဆံုး သ႐ုပ္ေဆာင္မ်ား

က်ေနာ္တို႔ ျမန္မာႏိုင္ငံမွာ လြန္ခဲ့တဲ့ႏွစ္ အနည္းငယ္ေလာက္ကမွ ဝင္ေရာက္လာၿပီးလူႀကိဳက္မ်ားသြားတဲ့ အားကစားတစ္ခုရိွပါတယ္ ။ အဲ့တာကေတာ့ ကိုယ္ခံပညာသိုင္းေပါင္းစံုၿပိုင္ပြဲလို႔ ေခၚတဲ့ MMA ၿပိဳင္ပြဲေတြပဲျဖစ္ပါတယ္ ။ ျမန္မာ့ရိုးရာလက့္ေဝွ႔႔ပြဲေတြနဲ႔ MMA ၿပိုင္ပြဲေတြဟာ ့ျမန္မာ့လက္ေရြးစင္ေဘာလံုးအသင္းၿပီးရင္ ျမန္မာလူမ်ိဳးေတြ လူလိွဳက္အသည္းလိွုက္အားေပးၾကတဲ့ အားကစားနည္းေတြပါ ။ MMA မွာေအာင္ျမင္ေနတဲ့ အာရွသားေတြကလည္း တကယ့္ကို ဒိတ္ဒိတ္ႀကဲ ေအာင္ျမင္ေနၾကပါတယ္။ Biography ပံုစံဇာတ္လမ္းေတြ ေခတ္စားလာတဲ့ ဒီဘက္ေခတ္မွာ ေအာင္ျမင္ေက်ာ္ၾကားတဲ့ MMA ဖိုက္တာေတြအေၾကာင္းကို ဇာတ္လမ္းျပန္မရိုက္ဘူးလို႔ မေျပာႏိုင္ပါဘူး ။ အဲ့ဒီလို ျပန္ရိုက္ကူးျဖစ္တဲ့အခ်ိန္က်ရင္ ဘယ္သူေတြက အသင့္ေတာ္ဆံုးသ႐ုပ္ေဆာင္ေတြ ျဖစ္မလဲဆိုတာကို Next Shark အမည္ရတဲ့ဝဘ္ဆိုဒ္တစ္ခုကေန စစ္တမ္းေကာက္ယူထားတာ ရိွပါတယ္ ။ အဲ့ဒီလိုေကာက္ယူထားတဲ့ စစ္တမ္းကို က်ေနာ္တို႔မိတ္ေဆြေတြ သိေအာင္ ေျပာျပေပးလိုက္ပါတယ္ ။

၁။ Eduard Folayang အျဖစ္ အလိုက္ဖက္ဆံုးသရုပ္ေဆာင္ Coco Martin

ဖိလစ္ပိုင္ လူမိ်ဳးဖိုက္တာ ဆိုရင္ေတာ့ ေတာ္ေတာ္မ်ားမ်ားဟာ Manny Pacquiao ကိုတစ္ေယာက္ပဲ အားလံုးကေျပးျမင္ၾကမယ္ထင္ပါတယ္။ ဒါေပမယ့္ က်ေနာ္တို႔ သတိမထားမိလိုက္တဲ့ ေနာက္ထပ္ တစ္ေယာက္ကေတာ့ MMA ဖိုက္တာတစ္ေယာက္ရိွပါေသးတယ္ ။ သူကေတာ့ Eduard Folayang ျဖစ္ပါတယ္ ။ သူကေတာ့ ဖိလစ္ပိုင္႐ိုးရာသိုင္းကို ပိုင္ႏိုင္ကၽြမ္းက်င္သူတစ္ေယာက္ျဖစ္တဲ့အျပင္ ဝူ႐ွဴး ကိုလည္းပိုင္ႏိုင္စြာ ကစားႏိုင္တဲ့သူတစ္ေယာက္ပဲျဖစ္ပါတယ္ ။ One Lightweight Champion ႏွစ္ႀကိမ္တိတိ ဆြတ္ခူးထားႏိုင္သူတစ္ေယာက္လည္းျဖစ္ပါတယ္ ။ အခု သူရဲ႕ ဇာတ္ေၾကာင္းကိုသာ ႐ုပ္ရွင္ အျဖစ္ျပန္လည္ အသက္သြင္းၿပီး႐ိုက္ျဖစ္မယ္ဆိုရင္ေတာ့ ဖိလစ္ပိုင္လူမ်ိဳးသရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ Coco Martin ျဖစ္ပါတယ္ ။ သရုပ္ေဆာင္ေကာင္းလြန္းလွတဲ့ Coco Martin သာ Eduard Folayang ရဲ႕ ေနရာမွာ သာသရုပ္ေဆာင္ခဲ့မယ္ဆိုရင္ ဇာတ္ကားေကာင္း တစ္ကားျဖစ္လာမယ္လို႔လည္း ခန္႔မွန္းထားၾကပါတယ္ ။

၂။Angela Lee အျဖစ္လိုက္ဖက္ဆံုးသရုပ္ေဆာင္ Liu Yifei

Liu Yifei ကေတာ့ က်ေနာ္တို႔ျမန္မာလူမ်ိဳးေတြနဲ႔ မစိမ္းတဲ့ သရုပ္ေဆာင္တစ္ေယာက္ျဖစ္ပါတယ္ ။ သူသရုပ္ေဆာင္ထားတဲ့ ဇာတ္ကားေတြကို မၾကည့္ဖူးဘူးဆိုရင္ေတာ့ အရင္ၾကည့္သင့္ပါတယ္။ အသက္ရြယ္နဲ႔မလိုက္ေအာင္ ႏုပ်ိဳလြန္းလွလို႔ ဂုဏ္သတင္းေက်ာ္ေစာေနသူတစ္ေယာက္လည္း ျဖစ္ပါတယ္ ။ သူအတြက္လိုက္ဖက္တဲ့ MMA ကာရိုက္တာတစ္ေယာက္ အေနနဲ႔ကေတာ့ Angela Lee ဆိုတဲ့ တရုတ္ကိုရီးယား ကျပားဖိုက္တာမေလးေနရာကပဲ ျဖစ္ပါတယ္ ။ အသက္ ၂၃ ႏွစ္အရြယ္ပဲ ရိွေသးတဲ့ Angela Lee ကေတာ့One Champion မွာေတာ့ စင္ကာပူကို ကိုယ္စားျပဳၿပီး ယွဥ္ၿပိုင္ေပးတာျဖစ္ပါတယ္ ။ ဂ်ူဂ်စ္ဆု သိုင္းကို ခါးပတ္နက္အဆင့္ရိွသူတစ္ေယာက္လည္း ျဖစ္ပါတယ္ ။ အခုသူေနရာမွာ သရုပ္ေဆာင္ဖို႔ အသင့္ေတာ္ဆံုး လူျဖစ္ေနတဲ့ Liu Yifei ကလည္း သရုပ္ေဆာင္သက္တမ္းတစ္ေလွ်ာက္အေကာင္းဆံုး သရုပ္ေဆာင္ တတ္ရံုမကဘဲ ကိုယ္ခံပညာနဲ႔ ပတ္သတ္တဲ့ ဇာတ္ကားေတြ ေတာ္ေတာ္မ်ားမ်ားမွာ သရုပ္ေဆာင္ဖူးတာေၾကာင့္ အဆင္ေျပဆံုးျဖစ္လိမ့္မယ္ထင္ၿပီး ေရြးခ်ယ္ထားၾကတာျဖစ္ပါတယ္ ။

၃။ Kevin Belingon အျဖစ္ အလုိက္ဖက္ဆံုးသရုပ္ေဆာင္ James Reid

သူတို႔ေဖာ္ျပထားတဲ့ စာရင္းမွာ ေနာက္ထပ္ပါဝင္လာသူတစ္ေယာက္ကလည္း ဖိလစ္ပိုင္လူမ်ိဳးဖိုက္တာတစ္ေယာက္ျဖစ္ပါတယ္။ သူနာမည္ကေတာ့ Kevin Belingon ပဲ ျဖစ္ပါတယ္။ အသက္၃၁ႏွစ္အရြယ္ရိွေနၿပီျဖစ္တဲ့ Kevin Belingon ကလည္း ဖိလစ္ပိုင္ႏိုင္ငံ ရဲ႕ စံျပတစ္ေယာက္တည္းမွာပါဝင္ပါတယ္ ။ One Championship နဲ႔ ၂၀၁၂ ခုႏွစ္ကတည္းက စာခ်ုပ္ခ်ုပ္ဆိုထားတဲ့သူကေတာ့ အခုဆိုရင္ အခ်ိန္ျပည့္ဖိုက္တာတစ္ေယာက္ အေနနဲ႔လုပ္ကိုင္ခဲ့တာႏွစ္အေတာ္ၾကာေနပါၿပီ။ အကယ္၍သူ႔ဇာတ္ေၾကာင္းကို ရုပ္ရွင္ျပန္ရိုက္မယ္ဆိုရင္ အလိုက္ဖက္ဆံုးလူကေတာ့ ဖီလစ္ပိုင္ႏိုင္ငံရဲ႕ ပ်ိဳတိုင္းႀကိဳက္တ့ဲႏွင္းဆီခိုင္တစ္ေယာက္ျဖစ္တဲ့ James Reid ပဲျဖစ္ပါတယ္ ။ James Reid ကေတာ့ဇာတ္လမ္းတြဲမ်ားစြာမွာ ပါဝင္သရုပ္ေဆာင္ခဲ့သူတစ္ေယာက္ ျဖစ္တဲ့အျပင္ ေတးသီခ်င္းေခြ ေတြလည္း ထုတ္လုပ္ျဖန္႔ခ်ိထားတဲ့သူတစ္ေယာက္ပဲျဖစ္ပါတယ္ ။

၄။ Aung La N Sang အျဖစ္သရုပ္ေဆာင္ဖို႔ အလိုက္ဖက္ဆံုးသရုပ္ေဆာင္ Nay Toe

ျမန္မာႏိုင္ငံကို ကိုယ္စားျပဳထားတဲ့ ဖိုက္တာတစ္ေယာက္လည္း ျဖစ္ၿပီး နာမည္ေျပာင္ကိုေတာင္ ျမန္မာ့စပါးအံုးရယ္ လို႔ မွတ္ေခၚခံရတဲ့ ကခ်င္တိုင္းရင္းသား ဖိုက္တာ ေအာင္လ အန္ ဆန္းကိုေတာ့ အားလံုးသိၾကၿပီးျဖစ္မွာပါ ။ One မွာ Middleweight နဲ႔ ကမၻာ့လူႀကိဳက္မ်ားဆံုးဆုတစ္ဆုျဖစ္တဲ့ Heavyweight ခ်န္ပီယံ ခါးပတ္ႏွစ္ခုလံုးကို ပိုင္ဆုိင္ထားတဲ့သူတစ္ေယာက္လည္းျဖစ္ပါတယ္ ။ ေအာင္လ သူပိုင္ႏိုင္တဲ့ အားကစားနည္းမွာ သူကအေကာင္းဆံုးဆိုတဲ့ ပံုစံမ်ိဳးကိုအၿမဲျပသေလ့ရိွသူတစ္ေယာက္လည္းျဖစ္ပါတယ္ ။ သူေနရာကို သရုပ္ေဆာင္ဖို႔ေရြးခ်ယ္တဲ့အခါမွာေတာ့ ျမန္မာႏိုင္ငံရဲ႕ထိပ္တန္းမင္းသားတစ္ေယာက္ျဖစ္တဲ့ ေနတိုးကို ေရြးခ်ယ္သင့္တယ္လို႔ ဆိုပါတယ္ ။ အကယ္ဒမီဆု သံုးခုရထားတဲ့ သူတစ္ေယာက္ျဖစ္တဲ့အျပင္ ေနတိုးက အက္ရွင္ခန္းေတြ တိုက္ခိုက္ရတဲ့အခန္းေတြမွာလည္း ေနာက္က် က်န္မေနခဲ့ဘူးဆိုတာ သက္ေသျပလို႔ရမယ့္ဇာတ္ရုပ္လည္းျဖစ္မယ္လို႔ဆို ဝဘ္ဆိုဒ္က ဆိုထားပါတယ္။

၅။ Eddie Alvarez အျဖစ္သရုပ္ေဆာင္ဖို႔ အလုိက္ဆံုး Jason Staham

ေျမာက္အေမရိက ေျမေအာက္ေလာက ရဲ႕ ႀကိဳးဝိုင္းေတြထဲမွာ ဘုရင္တစ္ပါးျဖစ္ခဲ့တဲ့ Eddie Alvarez ကေတာ့ ေျမေအာက္ေလာကမွာ ႏွစ္အေတာ္ၾကာေအာင္ ႀကီးစိုးထားတဲ့သူတစ္ေယာက္ပါ။ အခုခ်ိန္မွာေတာ့ သူက ကမၻာ့စင္ျမင့္ထက္ကို ေရာက္ရိွေနပါၿပီ ။ ၾကမ္းၿပီး ေၾကာက္စရာေကာင္းတဲ့ ကိုယ္ခံပညာေပါင္းစံုၿပိဳင္ပြဲေတြထဲက လူတစ္ေယာက္ ျဖစ္တဲ့ သူကေတာ့ တကယ္ကို လူေတြ ၾသခ်ရတဲ့သူတစ္ေယာက္ပါ ။ သူ႔ေနရာကို သရုပ္ေဆာင္ဖို႔ အလိုက္ဖက္ဆံုးသရုပ္ေဆာင္အျဖစ္ ဝဘ္ဆိုဒ္က ေရြးခ်ယ္တဲ့အခါမမွာ Jason Staham ကိုေရြးခ်ယ္ခဲ့ၾကပါတယ္ ။ Jason Staham ကလည္း ကိုယ္ခံပညာဘက္မွာ အေတာ္အသင့္ဆိုတဲ့ ပမာဏထက္ ကၽြမ္းက်င္သူတစ္ေယာက္ ျဖစ္တဲ့အတြက္ ဒီေနရာအတြက္ အလိုက္ဖက္ဆံုးျဖစ္ေနမွာပါ ။

Unicode

ကျနော်တို့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့နှစ် အနည်းငယ်လောက်ကမှ ဝင်ရောက်လာပြီးလူကြိုက်များသွားတဲ့ အားကစားတစ်ခုရှိပါတယ် ။ အဲ့တာကတော့ ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲလို့ ခေါ်တဲ့ MMA ပြိုင်ပွဲတွေပဲဖြစ်ပါတယ် ။ မြန်မာ့ရိုးရာလက့်ဝှေ့ပွဲတွေနဲ့ MMA ပြိုင်ပွဲတွေဟာ့မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းပြီးရင် မြန်မာလူမျိုးတွေ လူလှိုက်အသည်းလှိုက်အားပေးကြတဲ့ အားကစားနည်းတွေပါ ။ MMA မှာအောင်မြင်နေတဲ့ အာရှသားတွေကလည်း တကယ့်ကို ဒိတ်ဒိတ်ကြဲ အောင်မြင်နေကြပါတယ်။ Biography ပုံစံဇာတ်လမ်းတွေ ခေတ်စားလာတဲ့ ဒီဘက်ခေတ်မှာ အောင်မြင်ကျော်ကြားတဲ့ MMA ဖိုက်တာတွေအကြောင်းကို ဇာတ်လမ်းပြန်မရိုက်ဘူးလို့ မပြောနိုင်ပါဘူး ။ အဲ့ဒီလို ပြန်ရိုက်ကူးဖြစ်တဲ့အချိန်ကျရင် ဘယ်သူတွေက အသင့်တော်ဆုံးသရုပ်ဆောင်တွေ ဖြစ်မလဲဆိုတာကို Next Shark အမည်ရတဲ့ဝဘ်ဆိုဒ်တစ်ခုကနေ စစ်တမ်းကောက်ယူထားတာ ရှိပါတယ် ။ အဲ့ဒီလိုကောက်ယူထားတဲ့ စစ်တမ်းကို ကျနော်တို့မိတ်ဆွေတွေ သိအောင် ပြောပြပေးလိုက်ပါတယ် ။

၁။ Eduard Folayang အဖြစ် အလိုက်ဖက်ဆုံးသရုပ်ဆောင် Coco Martin

ဖိလစ်ပိုင် လူမျိုးဖိုက်တာ ဆိုရင်တော့ တော်တော်များများဟာ Manny Pacquiao ကိုတစ်ယောက်ပဲ အားလုံးကပြေးမြင်ကြမယ်ထင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ သတိမထားမိလိုက်တဲ့ နောက်ထပ် တစ်ယောက်ကတော့ MMA ဖိုက်တာတစ်ယောက်ရှိပါသေးတယ် ။ သူကတော့ Eduard Folayang ဖြစ်ပါတယ် ။ သူကတော့ ဖိလစ်ပိုင်ရိုးရာသိုင်းကို ပိုင်နိုင်ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့အပြင် ဝူရှူး ကိုလည်းပိုင်နိုင်စွာ ကစားနိုင်တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ် ။ One Lightweight Champion နှစ်ကြိမ်တိတိ ဆွတ်ခူးထားနိုင်သူတစ်ယောက်လည်းဖြစ်ပါတယ် ။ အခု သူရဲ့ ဇာတ်ကြောင်းကိုသာ ရုပ်ရှင် အဖြစ်ပြန်လည် အသက်သွင်းပြီးရိုက်ဖြစ်မယ်ဆိုရင်တော့ ဖိလစ်ပိုင်လူမျိုးသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Coco Martin ဖြစ်ပါတယ် ။ သရုပ်ဆောင်ကောင်းလွန်းလှတဲ့ Coco Martin သာ Eduard Folayang ရဲ့ နေရာမှာ သာသရုပ်ဆောင်ခဲ့မယ်ဆိုရင် ဇာတ်ကားကောင်း တစ်ကားဖြစ်လာမယ်လို့လည်း ခန့်မှန်းထားကြပါတယ် ။

၂။Angela Lee အဖြစ်လိုက်ဖက်ဆုံးသရုပ်ဆောင် Liu Yifei

Liu Yifei ကတော့ ကျနော်တို့မြန်မာလူမျိုးတွေနဲ့ မစိမ်းတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ် ။ သူသရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကို မကြည့်ဖူးဘူးဆိုရင်တော့ အရင်ကြည့်သင့်ပါတယ်။ အသက်ရွယ်နဲ့မလိုက်အောင် နုပျိုလွန်းလှလို့ ဂုဏ်သတင်းကျော်စောနေသူတစ်ယောက်လည်း ဖြစ်ပါတယ် ။ သူအတွက်လိုက်ဖက်တဲ့ MMA ကာရိုက်တာတစ်ယောက် အနေနဲ့ကတော့ Angela Lee ဆိုတဲ့ တရုတ်ကိုရီးယား ကပြားဖိုက်တာမလေးနေရာကပဲ ဖြစ်ပါတယ် ။ အသက် ၂၃ နှစ်အရွယ်ပဲ ရှိသေးတဲ့ Angela Lee ကတော့One Champion မှာတော့ စင်ကာပူကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်ပေးတာဖြစ်ပါတယ် ။ ဂျူဂျစ်ဆု သိုင်းကို ခါးပတ်နက်အဆင့်ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ် ။ အခုသူနေရာမှာ သရုပ်ဆောင်ဖို့ အသင့်တော်ဆုံး လူဖြစ်နေတဲ့ Liu Yifei ကလည်း သရုပ်ဆောင်သက်တမ်းတစ်လျှောက်အကောင်းဆုံး သရုပ်ဆောင် တတ်ရုံမကဘဲ ကိုယ်ခံပညာနဲ့ ပတ်သတ်တဲ့ ဇာတ်ကားတွေ တော်တော်များများမှာ သရုပ်ဆောင်ဖူးတာကြောင့် အဆင်ပြေဆုံးဖြစ်လိမ့်မယ်ထင်ပြီး ရွေးချယ်ထားကြတာဖြစ်ပါတယ် ။

၃။ Kevin Belingon အဖြစ် အလိုက်ဖက်ဆုံးသရုပ်ဆောင် James Reid

သူတို့ဖော်ပြထားတဲ့ စာရင်းမှာ နောက်ထပ်ပါဝင်လာသူတစ်ယောက်ကလည်း ဖိလစ်ပိုင်လူမျိုးဖိုက်တာတစ်ယောက်ဖြစ်ပါတယ်။ သူနာမည်ကတော့ Kevin Belingon ပဲ ဖြစ်ပါတယ်။ အသက်၃၁နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Kevin Belingon ကလည်း ဖိလစ်ပိုင်နိုင်ငံ ရဲ့ စံပြတစ်ယောက်တည်းမှာပါဝင်ပါတယ် ။ One Championship နဲ့ ၂၀၁၂ ခုနှစ်ကတည်းက စာချုပ်ချုပ်ဆိုထားတဲ့သူကတော့ အခုဆိုရင် အချိန်ပြည့်ဖိုက်တာတစ်ယောက် အနေနဲ့လုပ်ကိုင်ခဲ့တာနှစ်အတော်ကြာနေပါပြီ။ အကယ်၍သူ့ဇာတ်ကြောင်းကို ရုပ်ရှင်ပြန်ရိုက်မယ်ဆိုရင် အလိုက်ဖက်ဆုံးလူကတော့ ဖီလစ်ပိုင်နိုင်ငံရဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်တစ်ယောက်ဖြစ်တဲ့ James Reid ပဲဖြစ်ပါတယ် ။ James Reid ကတော့ဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ယောက် ဖြစ်တဲ့အပြင် တေးသီချင်းခွေ တွေလည်း ထုတ်လုပ်ဖြန့်ချိထားတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ် ။

၄။ Aung La N Sang အဖြစ်သရုပ်ဆောင်ဖို့ အလိုက်ဖက်ဆုံးသရုပ်ဆောင် Nay Toe

မြန်မာနိုင်ငံကို ကိုယ်စားပြုထားတဲ့ ဖိုက်တာတစ်ယောက်လည်း ဖြစ်ပြီး နာမည်ပြောင်ကိုတောင် မြန်မာ့စပါးအုံးရယ် လို့ မှတ်ခေါ်ခံရတဲ့ ကချင်တိုင်းရင်းသား ဖိုက်တာ အောင်လ အန် ဆန်းကိုတော့ အားလုံးသိကြပြီးဖြစ်မှာပါ ။ One မှာ Middleweight နဲ့ ကမ္ဘာ့လူကြိုက်များဆုံးဆုတစ်ဆုဖြစ်တဲ့ Heavyweight ချန်ပီယံ ခါးပတ်နှစ်ခုလုံးကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ် ။ အောင်လ သူပိုင်နိုင်တဲ့ အားကစားနည်းမှာ သူကအကောင်းဆုံးဆိုတဲ့ ပုံစံမျိုးကိုအမြဲပြသလေ့ရှိသူတစ်ယောက်လည်းဖြစ်ပါတယ် ။ သူနေရာကို သရုပ်ဆောင်ဖို့ရွေးချယ်တဲ့အခါမှာတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်တဲ့ နေတိုးကို ရွေးချယ်သင့်တယ်လို့ ဆိုပါတယ် ။ အကယ်ဒမီဆု သုံးခုရထားတဲ့ သူတစ်ယောက်ဖြစ်တဲ့အပြင် နေတိုးက အက်ရှင်ခန်းတွေ တိုက်ခိုက်ရတဲ့အခန်းတွေမှာလည်း နောက်ကျ ကျန်မနေခဲ့ဘူးဆိုတာ သက်သေပြလို့ရမယ့်ဇာတ်ရုပ်လည်းဖြစ်မယ်လို့ဆို ဝဘ်ဆိုဒ်က ဆိုထားပါတယ်။

၅။ Eddie Alvarez အဖြစ်သရုပ်ဆောင်ဖို့ အလိုက်ဆုံး Jason Staham

မြောက်အမေရိက မြေအောက်လောက ရဲ့ ကြိုးဝိုင်းတွေထဲမှာ ဘုရင်တစ်ပါးဖြစ်ခဲ့တဲ့ Eddie Alvarez ကတော့ မြေအောက်လောကမှာ နှစ်အတော်ကြာအောင် ကြီးစိုးထားတဲ့သူတစ်ယောက်ပါ။ အခုချိန်မှာတော့ သူက ကမ္ဘာ့စင်မြင့်ထက်ကို ရောက်ရှိနေပါပြီ ။ ကြမ်းပြီး ကြောက်စရာကောင်းတဲ့ ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲတွေထဲက လူတစ်ယောက် ဖြစ်တဲ့ သူကတော့ တကယ်ကို လူတွေ သြချရတဲ့သူတစ်ယောက်ပါ ။ သူ့နေရာကို သရုပ်ဆောင်ဖို့ အလိုက်ဖက်ဆုံးသရုပ်ဆောင်အဖြစ် ဝဘ်ဆိုဒ်က ရွေးချယ်တဲ့အခါမမှာ Jason Staham ကိုရွေးချယ်ခဲ့ကြပါတယ် ။ Jason Staham ကလည်း ကိုယ်ခံပညာဘက်မှာ အတော်အသင့်ဆိုတဲ့ ပမာဏထက် ကျွမ်းကျင်သူတစ်ယောက် ဖြစ်တဲ့အတွက် ဒီနေရာအတွက် အလိုက်ဖက်ဆုံးဖြစ်နေမှာပါ ။