မင်္ဂလာရက်ကို ရွေ့လိုက်ပါပြီဆိုတဲ့ ညီညီမောင်(စမ်းချောင်း)





Unicode

နာမည်ကြီး မိတ်ကပ် အနုပညာရှင် တယောက်ဖြစ်တဲ့ သုသု ကိုတော့ လူတော်တော်များများ သိကြမယ် ထင်ပါတယ်။ သုသု ကတော့ မိတ်ကပ်ပညာရှင် တယောက် ဖြစ်သော်လည်း လက်ရှိမှာတော့ အနုပညာ လှုပ်ငန်းတွေလည်း လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ သုသုရဲ့ ဟာသ ဗီဒီယိုလေးတွေကလည်း ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝ ရရှိထားပြီးသား ဖြစ်ပါတယ်။

ညီညီမောင် စမ်းချောင်းကတော့ အမြဲတမ်းပရိသတ်တွေကို ပျော်ရွှင်စရာကောင်းတဲ့ အရာတွေကို တင်ဆက်ပေးနေပြီး ယခုနောက်ပိုင်းမှာ ဆိုရင်တော့ သရုပ်ဆောင်အလုပ်ကိုပါ လုပ်ကိုင်လာတာကို တွေ့ရပါတယ်။ သူပါဝင်ထားတဲ့ ရုပ်ရှင်ကားတွေကလည်း အတိုင်းအတာ တစ်ခုအထိကို အောင်မြင်နေတာလည်း ဖြစ်ပါတယ်။

သုသု တစ်ယောက်ကတော့ လက်ရှိမှာလည်း အတည်ပေါက်ကြီးနဲ့ ပရိသတ်တွေ အံ့ဩသွားစေလောက်တဲ့ အရာတစ်ခုကို လုပ်လိုက်ပြန်ပါပြီ။ ဒါကတော့ သုသု တစ်ယောက် မင်္ဂလာ ဝတ်စုံကြီးဝတ်ပြီး မင်္ဂလာပွဲရက်ရွေ့လိုက်ပါပြီနော် ဆိုပြီးတော့ စာသားလေးကိုလည်း တင်ထားတာ ဖြစ်ပါတယ်။

သုသုတစ်ယောက်ကတော့ အမြဲတမ်း ပရိသတ်တွေကို ဖောက်နေကြဖြစ်ပြီး လက်ရှိမှာလည်း သုသု တစ်ယောက်အတည်ပြောတာလား ဖောက်နေတာလား ဆိုတာကတော့ စဉ်းစားစရာဖြစ်လာပါပြီ။ ပြောချင်လွန်းလို့ ပရိသတ်ကြီး အနေနဲ့လည်း သုသု တစ်ယောက်ရဲ့ စကားအပေါ် ဘယ်လိုမြင်ကြလဲဗျ။