အရမ်းချစ်တော့ နှစ်ယောက်တွဲလည်း လက်ခံရတာပေါ့ဆိုတဲ့ ယုန်လေး



အရမ်းချစ်တော့ နှစ်ယောက်တွဲလည်း လက်ခံရတာပေါ့ဆိုတဲ့ ယုန်လေး


အရမ်းချစ်တော့ နှစ်ယောက်တွဲလည်း လက်ခံရတာပေါ့ဆိုတဲ့ ယုန်လေး


Unicoed

လူချစ်လူခင်ပေါများတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ ယုန်လေးကတော့ အမြဲတမ်းလိုလို သူ့ပတ်ဝန်းကျင်က အသိမိတ်ဆွေတွေနဲ့ သူ့ပရိသတ်တွေကို အမြဲတမ်းလိုလို ပျော်ရွှင်အောင် ပြုလုပ်ပေးနေကြ ဖြစ်ပါတယ်။ ယုန်လေးတစ်ယောက်ကတော့ အနုပညာလောကထဲကို အဆိုတော် တစ်ယောက်အနေနဲ့ ဝင်ရောက်လာသော်လည်း လက်ရှိမှာတော့ ဒါရိုက်တာတစ်ယောက်အနေနဲ့ရော သရုပ်ဆောင် တစ်ယောက်အနေနဲ့ပါ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ယုန်လေးတစ်ယောက်ကတော့ သူ့ရဲ့ ဖေ့ဘုတ်အကောင့်မှာ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးအကြောင်းကို ပရိသတ်တွေအတွက် စဉ်းစားရအောင် စာသားလေးကို တင်ထားပြီး “ကိုယ်ပစ်ထားတာလဲ အချိန်တွေကြာသွားတာကို . ကိုယ်အမှားပဲလေ အခု မှ ကျတော့ ပိုင်ရှင်ရှိသွားပြီတဲ့ ဘယ်တတ်နိုင်မလဲ နားလည်မူ ယူလိုက်ရတာပေါ့ ကျွန်တော်တို့ ၃ယောက်ပုံလေး နောက် ၁၀ မိနစ် ဆိုရင်တင်ပေးမယ်နော်” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

ဒီလိုရေးသားပြီး ခဏအကြာမှာတော့ ယုန်လေးက ပွင့်နဲ့ အားတီရယ် သူရယ် သုံးယောက်သား ပုံလေးကို တင်လိုက်ပြီး ပရိသတ်တွေကို ပျော်ရွှင်စေခဲ့တာ ဖြစ်ပါတယ်။ ယုန်လေးကတော့ အဲ့ပုံလေး တင်ပြီးတော့ “အရမ်းချစ်တော့လည်း နှစ်ယောက်တွဲ လည်း လက်ခံရတာပေါ့” ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။

ယုန်လေး တစ်ယောက်ကတော့ အနုပညာအသိုင်းအဝိုင်းမှာတင်ကို လူချစ်လူခင် ပေါများတဲ့ သူတစ်ယောက်ဖြစ်သလို ယခုနောက်ပိုင်း သူဒါရိုက်တာ လုပ်ပီးရိုက်တဲ့ ဇာတ်ကားတွေကလည်း ပရိသတ်တွေကြားမှာ အောင်မြင်နေတာ ဖြစ်ပြီး အားပေးဝန်းရံမှုတွေကိုလည်း ရရှိထားတာ ဖြစ်ပါတယ်။မြန်မာလိုလေးပဲ ဝတ်ပါမယ်တဲ့