ဟယ္လ္ပင္ကေလးေဆးရံုမွာ ကပ္ေရာဂါကာကြယ္ဖု႔ိ လိုအပ္တာေတြ လွဴဒါန္းခဲ့တဲ့ ဝတ္မႈန္ေရႊရည္

ဝတ္မႈန္ေရႊရည္ဟာ ျမန္မာနုိင္ငံရဲ႕နာမည္အၾကီးဆံုးထိပ္တန္းမင္းသမီးတစ္ဦးလို႔ဆိုနုိင္သလို အခုေနာက္ပို္င္းမွာ ဂ်ပန္နဲ႔ ကိုုရီးယား လို နိုင္ငံေတြမွာပါ ရုပ္ရွင္ေတြသြားေရာက္ရိုက္ကူးျပီးေအာင္ျမင္မႈရေနတဲ့မင္းသမီးတစ္လက္ျဖစ္ပါတယ္။ ကစ္ရဲ႕ လိပ္ျပာစံအိမ္ဇာတ္ကားၾကီးဟာဆိုရင္လည္း ျပည္ပနုိင္ငံေတြမွာပါသြားေရာက္ျပသျခင္းခံရျပီး ေအာင္ျမင္မႈေတြအၾကီးအက်ယ္ရရွိထားသလုိ ကစ္ပါဝင္တဲ့အျခားေသာဇာတ္ကားေတာ္ေတာ္မ်ားမ်ားဟာလည္းနုိင္ငံတကာအသိအမွတ္ျပဳျခင္းခံထားရတယ္ဆိုရင္မမွားပါဘူး။

ကစ္ေလးက မၾကာေသးမီက ပိုင္တံခြန္နဲ႔ အရမ္းကုိရိုျပီးခ်စ္ရတဲ့ အိပ္မက္ျမစ္ဆိုတဲ့ ဇာတ္ကားၾကီးကုိ ရုိက္ကူးထားျပီး ကစ္ပါဝင္တဲ့ တိမ္ေတြေပၚက ပန္း ဇာတ္ကားကလည္း ေအာင္ျမင္မႈအၾကီးအက်ယ္ရရွိထားတာပါ။ လက္ရွိမွာ အနုပညာအလုပ္ေတြဇယ္ဆက္သလိုလုပ္ေနတဲ့ ကစ္္ေလးက ပြဲတက္ေတြဆက္တိုက္ဆိုသလုိ တက္ေနရင္းနဲ႔ ခရီးေတြလည္း ထြက္ေနရတာျဖစ္ပါတယ္။ ကစ္ေလးက အနုပညာအလုပ္ေတြနဲ႔ မအားမလပ္ေပမယ့္ သူ႔ကုိခ်စ္တဲ့ ပရိသတ္ေတြျပည္သူေတြနဲ႔အတူတူ အလွဴအတန္းေတြလုပ္ဖို႔ ကုသိုလ္ေရးေတြျပဳဖို႔ေတာ့ မေမ့တတ္သူတစ္ဦးျဖစ္ပါတယ္။

Photo from 7th Sense Creation

လက္ရွိမွာ ကမၻာနဲ႔အဝွမ္းျဖစ္ပြားေနတဲ့ ေၾကာက္မက္ဖြယ္ ကပ္ေရာဂါၾကီးနဲ႔ ပတ္သက္ျပီးေတာ့ ျမန္မာနုိင္ငံမွာလည္း လူေတြအားလံုးက တတ္အားသမွ် ကာကြယ္ဂရုစိုက္ေနၾကသလို ေဆးရံုေဆးခန္းေတြမွာ ဆရာဝန္ေတြကလည္း ေန႔ညမျပတ္ အျမဲတမ္းအသင့္အေနအထားနဲ႔ ကူးစက္ေရာဂါကာကြယ္မႈေတြျပဳလုပ္ေနၾကတာျဖစ္ပါတယ္။ ပရိသတ္ေတြခ်စ္တဲ့ ကစ္ေလးကလည္း အားလံုးစိုးရိမ္ေၾကာက္လန္႔ေနရတဲ့ ကူးစက္ေရာဂါကုိ ကာကြယ္ဖို႔ တစ္ဖက္တစ္လမ္းကေန အကူအညီေပးလိုက္တာေတြ႕ရပါတယ္။ ကစ္က မၾကာေသးမီက ဟယ္လ္ပင္ကေလးေဆးရံုမွာ ကူးစက္ေရာဂါကုိ ကာကြယ္ဖို႔ လိုအပ္တဲ့ လက္သန္႔ေဆးရည္ေတြနဲ႔ mask ေတြကုိ လံုလံုေလာက္ေလာက္ သြားေရာက္လွဴဒါန္းခဲ့တယ္လို႔ သိရပါတယ္။

ကစ္က သူမရဲ႕ လူမႈကြန္ယက္မွာ အလွဴျပဳေနတဲ့ ဓာတ္ပံုေလးေတြနဲ႔အတူ “ဒီေန႔ ရန္ကုန္ ဟယ္ပင္ ကေလးေဆး႐ုံ မွာလိုအပ္တဲ့ Hand Sanitizer ,mask ေတြ ကေလးေတြအတြက္ အာဟာရ တေန႔တာ အလႉေလးေတြလႉျဖစ္တယ္။က်န္းမာေရးအတြက္ အဖက္ဖက္ကဂ႐ုစိုက္ေနၾကရတဲ့အခ်ိန္မွာ အခုလို အလႉေလးျဖစ္ေအာင္ကူညီေပးၾကတဲ့သူေတြကိုလည္းေက်းဇူးပါ။ကစ္ခ်စ္တဲ့ပရိတ္သတ္ ႀကီးလည္းက်န္းမာေရးကိုအထူးဂ႐ုစိုက္ၾကပါလို႔၊ ကူးစက္ေရာဂါကုိ သြားသတိလာသတိကာကြယ္ၾကဖို႔နဲ႔ က်န္းမာေရးသတိေပးခ်က္ေတြကိုအထူးဂ႐ုျပဳလိုက္နာၾကပါလို႔ေနာ္”လို႕ ေရးသားထားခဲ့တာေတြ႕ရပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးအတြက္ ကစ္ေလးရဲ႕ အလွဴဓာတ္ပံုေတြကုိ ေဖာ္ျပေပးလုိက္ပါတယ္ေနာ္။ ပရိသတ္ၾကီးလည္း ကစ္ေလးရဲ႕ အလွဴဒါနကုိ သာဓုေခၚခဲ့ၾကပါဦး။

Unicode

ဝတ်မှုန်ရွှေရည်ဟာ မြန်မာနိုင်ငံရဲ့နာမည်အကြီးဆုံးထိပ်တန်းမင်းသမီးတစ်ဦးလို့ဆိုနိုင်သလို အခုနောက်ပိုင်းမှာ ဂျပန်နဲ့ ကိုရီးယား လို နိုင်ငံတွေမှာပါ ရုပ်ရှင်တွေသွားရောက်ရိုက်ကူးပြီးအောင်မြင်မှုရနေတဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။ ကစ်ရဲ့ လိပ်ပြာစံအိမ်ဇာတ်ကားကြီးဟာဆိုရင်လည်း ပြည်ပနိုင်ငံတွေမှာပါသွားရောက်ပြသခြင်းခံရပြီး အောင်မြင်မှုတွေအကြီးအကျယ်ရရှိထားသလို ကစ်ပါဝင်တဲ့အခြားသောဇာတ်ကားတော်တော်များများဟာလည်းနိုင်ငံတကာအသိအမှတ်ပြုခြင်းခံထားရတယ်ဆိုရင်မမှားပါဘူး။

ကစ်လေးက မကြာသေးမီက ပိုင်တံခွန်နဲ့ အရမ်းကိုရိုပြီးချစ်ရတဲ့ အိပ်မက်မြစ်ဆိုတဲ့ ဇာတ်ကားကြီးကို ရိုက်ကူးထားပြီး ကစ်ပါဝင်တဲ့ တိမ်တွေပေါ်က ပန်း ဇာတ်ကားကလည်း အောင်မြင်မှုအကြီးအကျယ်ရရှိထားတာပါ။ လက်ရှိမှာ အနုပညာအလုပ်တွေဇယ်ဆက်သလိုလုပ်နေတဲ့ ကစ်လေးက ပွဲတက်တွေဆက်တိုက်ဆိုသလို တက်နေရင်းနဲ့ ခရီးတွေလည်း ထွက်နေရတာဖြစ်ပါတယ်။ ကစ်လေးက အနုပညာအလုပ်တွေနဲ့ မအားမလပ်ပေမယ့် သူ့ကိုချစ်တဲ့ ပရိသတ်တွေပြည်သူတွေနဲ့အတူတူ အလှူအတန်းတွေလုပ်ဖို့ ကုသိုလ်ရေးတွေပြုဖို့တော့ မမေ့တတ်သူတစ်ဦးဖြစ်ပါတယ်။

လက်ရှိမှာ ကမ္ဘာနဲ့အဝှမ်းဖြစ်ပွားနေတဲ့ ကြောက်မက်ဖွယ် ကပ်ရောဂါကြီးနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံမှာလည်း လူတွေအားလုံးက တတ်အားသမျှ ကာကွယ်ဂရုစိုက်နေကြသလို ဆေးရုံဆေးခန်းတွေမှာ ဆရာဝန်တွေကလည်း နေ့ညမပြတ် အမြဲတမ်းအသင့်အနေအထားနဲ့ ကူးစက်ရောဂါကာကွယ်မှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။ ပရိသတ်တွေချစ်တဲ့ ကစ်လေးကလည်း အားလုံးစိုးရိမ်ကြောက်လန့်နေရတဲ့ ကူးစက်ရောဂါကို ကာကွယ်ဖို့ တစ်ဖက်တစ်လမ်းကနေ အကူအညီပေးလိုက်တာတွေ့ရပါတယ်။ ကစ်က မကြာသေးမီက ဟယ်လ်ပင်ကလေးဆေးရုံမှာ ကူးစက်ရောဂါကို ကာကွယ်ဖို့ လိုအပ်တဲ့ လက်သန့်ဆေးရည်တွေနဲ့ mask တွေကို လုံလုံလောက်လောက် သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ကစ်က သူမရဲ့ လူမှုကွန်ယက်မှာ အလှူပြုနေတဲ့ ဓာတ်ပုံလေးတွေနဲ့အတူ “ဒီနေ့ ရန်ကုန် ဟယ်ပင် ကလေးဆေးရုံ မှာလိုအပ်တဲ့ Hand Sanitizer ,mask တွေ ကလေးတွေအတွက် အာဟာရ တနေ့တာ အလှူလေးတွေလှူဖြစ်တယ်။ကျန်းမာရေးအတွက် အဖက်ဖက်ကဂရုစိုက်နေကြရတဲ့အချိန်မှာ အခုလို အလှူလေးဖြစ်အောင်ကူညီပေးကြတဲ့သူတွေကိုလည်းကျေးဇူးပါ။ကစ်ချစ်တဲ့ပရိတ်သတ် ကြီးလည်းကျန်းမာရေးကိုအထူးဂရုစိုက်ကြပါလို့၊ ကူးစက်ရောဂါကို သွားသတိလာသတိကာကွယ်ကြဖို့နဲ့ ကျန်းမာရေးသတိပေးချက်တွေကိုအထူးဂရုပြုလိုက်နာကြပါလို့နော်”လို့ ရေးသားထားခဲ့တာတွေ့ရပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ကစ်လေးရဲ့ အလှူဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးလည်း ကစ်လေးရဲ့ အလှူဒါနကို သာဓုခေါ်ခဲ့ကြပါဦး။