မောင်က မြန်မာလိုလေးဝတ်ရင် ပိုချစ်မယ်ဆိုလို့ ဆိုလာတဲ့ ပိုပို
မောင်က မြန်မာလိုလေးဝတ်ရင် ပိုချစ်မယ်ဆိုလို့ ဆိုလာတဲ့ ပိုပို
မောင်က မြန်မာလိုလေးဝတ်ရင် ပိုချစ်မယ်ဆိုလို့ ဆိုလာတဲ့ ပိုပို
Unicode
မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံးသော အမျိုးသမီး အဆိုတော်တွေထဲက တစ်ယောက်ဖြစ်တဲ့ အဆိုတော် ပိုပိုကတော့ လက်ရှိမှာ သူမထွက်တဲ့ သီချင်းတိုင်းဟာ အောင်မြင်မှု ရယူထားပြီး အောင်မြင်မှုတွေ ဆက်တိုက် ရရှိနေတာလည်း ဖြစ်ပါတယ်။ ပိုပိုကတော့ တလောတုန်းကလည်း တစ်ကိုယ်တော်ရှိုးလုပ်ခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်ကို ရယူထားနိုင်တာ ဖြစ်ပါတယ်။
ပိုပိုကတော့ သူ့အနေနဲ့ ပရိသတ်တွေကို အမြဲတမ်းလိုလို ဖျော်ဖြေမှုပေးနေပြီး သူ့ရဲ့ ဘဝအကြောင်းကိုလည်း ပရိသတ်တွေကို အမြဲတမ်း ပွင့်ပွင့်လင်းလင်း ပြောပြပေးနေကြ ဖြစ်ပါတယ်။ ပိုပိုတစ်ယောက်ကတော့ အနုပညာအလုပ်တွေကို လုပ်သလို တစ်ဖက်မှာလည်း အလှူအတန်းတွေကို အဆက်မပြတ်လုပ်နေတာလည်း ဖြစ်ပါတယ်။
ဒီအကြောင်းလေးနဲ့ ပတ်သက်ပြီး ပိုပိုကတော့ သူ့ရဲ့ ဖေ့ဘုတ်အကောင့်မှာတော့ ” လှူဒါန်းတယ်ဆိုတာ က မြန်မာ တို့ရဲ့ ချစ်စရာ ဓလေ့ အဲ့တော့ မြန်မာ ဆန်ဆန်လေး ဝတ်ရတာလဲ ချစ်စရာလေးပါ” ဆိုပြီးတော့ တင်ထားတာ ဖြစ်ပါတယ်။ ဒါအပြင့်ပိုပို ကတော့ မောင်က ဒီလိုလေး ဝတ်ရင် ပိုချစ်မယ်ဆိုလို့ ဆိုပြီး မြန်မာဝတ်စုံနဲ့ ပုံလေးတွေကိုလည်း တင်ထားပါသေးတယ်။
ပိုပိုကတေ့ာ အလှူအတန်းတွေ ပြုတယ်ဆိုတာ မြန်မာတို့ ရိုးရာဖြစ်ပြီး မြန်မာဆန်ဆန်လေး ဝတ်ရတာကလည်း ချစ်စရာကောင်းပါတယ်ဆိုပြီးတော့ ပြောထားတာ ဖြစ်ပါတယ်။ ပြီးတော့ ပိုပိုတစ်ယောက်ကတော့ သူ့ရဲ့‌‌မောင်က ဒီလိုလေးဝတ်ရင် ပိုချစ်မှာပါတဲ့။ ပြောချင်လွန်းလို့ ပရိသတ်ကြီးရော ပိုပို တစ်ယောက်ရဲ့ မောင်ကိုတော့ စိတ်ဝင်စားနေကြပြီမလား။