ပရိသတ်တွေရဲ့ ကျန်းမာရေးအတွက် လက်တလောပွဲတွေကို မဖျော်ဖြေပေးနိုင်ဘူးဆိုတဲ့ လွမ်းပိုင်



ပရိသတ်တွေရဲ့ ကျန်းမာရေးအတွက် လက်တလောပွဲတွေကို မဖျော်ဖြေပေးနိုင်ဘူးဆ်ုတဲ့ လွမ်းပိုင်


ပရိသတ်တွေရဲ့ ကျန်းမာရေးအတွက် လက်တလောပွဲတွေကို မဖျော်ဖြေပေးနိုင်ဘူးဆ်ုတဲ့ လွမ်းပိုင်


Unicode

လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတည်းက ပရိသတ် အခိုက်အမာ ရရှိထားပြီး အရမ်းကောင်းတဲ့ စာသားတွေနဲ့ တမူထူးခြားတဲ့သီဆိုဖျော်ဖြေဟန်တွေနဲ့ နာမည်ရလာတဲ့ အဆ်ုတော် လွမ်းပိုင်ကိုတော့ တော်တော်များများ သိကြမှာပါ။ အဆိုတော် လွမ်းပိုင်ကတော့ ယခုနောက်ပိုင်းမှာ သီချင်းဆိုတဲ့ အလုပ်အပြင် သရုပ်ဆောင်ပိုင်းပါ လုပ်ကိုင်လာတာကို တွေ့ရပါတယ်။

ဒါ့အပြင်ယခုနောက်ပိုင်းမှာ ဆိုရင်လည်း online မှာ Game တွေကို Stream ပြရင်း လူပိုသိလာတတဲ့ အနုပညာရှင် ဖြစ်ပါတယ်။ ဒီလိုမျိုး အဖက်ဖက်မှာ လူသိတဲ့ အဆိုတော် လွမ်းပိုင်တစ်ယောက်ကတော့ သူ့အနေနဲ့ လက်ရှိမှာ ဖြစ်ပွားနေတဲ့ကျန်းမာရေး အခြေအနေနဲ့ပတ်သက်ပြီး ပရိသတ်တွေအတွက် သတိပေးတဲ့အရာတစ်ခုကို လုပ်လိုက်တာ ဖြစ်ပါတယ်။

လွမ်းပိုင်ကတော့ သူ့ရဲ့ဖေ့ဘုတ်အကောင့်မှာတော့ “ဗန်းမော်မှာဖျော်ဖြေပွဲက ဘာလို့လုပ်လို့ရနေသေးတာလဲ ဒီလောက်တလောကလုံး Lock Down တွေလုပ်နေတာတောင် မြန်မာပြည်မှာကတော့ပွဲပါမစ်ရတယ်ဆိုတဲ့ဟာနဲ့ လာကြည့်မဲ့ပရိတ်သတ်တွေ ဖျော်ဖြေမဲ့ သူတွေရဲ့ကျန်းမာရေး|အသက်အန္တရယ်နဲ့ လဲလှယ်ပေးရမလား ကျွှန်တော်တော့ ကျွှန်တော့်ပရိတ်သတ်အတွက်အဆိပ်ခပ်မဲ့သူ မဖြစ်လိုပါဒါကြောင့်ဗန်းမော်မှာ ဖျော်ဖြေပွဲကိုကျွှန်တော်လာရောက်မဖျော်ဖြေနိုင်ပါ။

စရံပြန်ပေးပါမည်(သို့မဟုတ်)အစိုးရကပွဲကျင်းပ ခွင့်ပြုသည်ဟုကြေငြာပြီးနောက် ကြိုက်တဲ့ရက်ပွဲလုပ် ပါပြန်ဆိုပေးပါမည်)ယခုတော့မဆိုနိုင်ပါ။ မဖြစ်ခင်ကြိုတင်ကာကွယ်ပါတာဝန်ရှိသူများတာဝန်အပြည့်ယူကြပါ။ မြန်မာပြည်ကြီးအေးချမ်းပါစေလို့ဆုတောင်း ရင်း” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ လွမ်းပိုင်ကတော့ သူ့ပရိသတ်တွေရဲ့ ကျန်းမာရေးအတွက် သူ့ကိုငှားထားတဲ့ပွဲတွေကို လက်တလော မဖျော်ဖြေပေး‌နိင်သေးဘူးလို့ ပြောကြားသွားတာ ဖြစ်ပါတယ်။