ေဆးရံုေတြမွာ ျဖန္႔ေဝဖို႔ PPE အစံု (၁၀၀) လွဴဒါန္းလိုက္တဲ့ စမုိင္းလ္

စမိုင္းလ္ကေတာ့ ခ်စ္စရာေကာင္းတဲ့ သမီးေလး နွစ္ေယာက္ကုိ ပိုင္ဆိုင္ထားၿပီး သမီးေလးေတြကလည္း လက္႐ွိခ်ိန္မွာ ကတည္းက အားေပးတဲ့ ပရိသတ္ေတြ ႐ွိေနတာ ျဖစ္ပါတယ္။စမုိင္းလ္တို႔ မိသားစုေလးက ခရီးေတြလည္း မၾကာခဏ သြားတတ္သလို သြားတဲ့ခရီးတိုင္းမွာ အလန္းစား ဓာတ္ပံုေလးေတြ ရိုက္တတ္တဲ့ စမုိင္းလ္ကုိ ပရိသတ္ေတြ အကုန္လံုးက အားက်ေနရတယ္ ဆိုရင္လည္း မမွားပါဘူး။ စမုိင္းလ္တို႔ ဇနီးေမာင္နွံေလးက တစ္ေယာက္နဲ႔တစ္ေယာက္ ေႏြးေထြးစြာ ခ်စ္ျမတ္နုိးၾကသူေတြ ျဖစ္ျပီး စမုိင္းလ္က တစ္နိုင္ငံလံုးက အမ်ိဳးသမီးေတြ အားက်ရေအာင္ကုိ ခင္ပြန္းက ေပ်ာ္ေအာင္ထားျပီး ခ်စ္ေပးတာ ခံရသူလည္း ျဖစ္ပါတယ္။

စမုိင္းလ္ဟာ ဘာသာတရားကိုင္းရိႈင္းသူလည္းျဖစ္သလုိ အလွဴေရစက္လက္နဲ႔မကြာဆိုသလို အလွဴဒါန ရက္ေရာလွသူလည္းျဖစ္ပါတယ္။ စမုိင္းလ္က မၾကာေသးမီက လူေထာင့္ငါးရာကုိ ေရႊတိဂံု က်ိဳက္ထီးရိုး အဓိဌာန္ ပို႔ျပီး ကုသိုလ္ယူခဲ့ပါေသးတယ္။ ဒါ့အျပင္ စမုိ္င္းလ္တို႔မိသားစုေလးက ၾကံဳရင္ၾကံဳသလုိ အမ်ိဳးမ်ိဳးေသာအလွဴဒါနေတြျပဳေလ့ရွိတဲ့ ကုသိုလ္ေတြနဲ႔ ထံုမႊမ္းထားတဲ့ မိသားစုေလးလို႔လည္းဆိုနိုင္ပါတယ္။အခုလည္း စမုိင္းလ္က နတ္လူသာဓုေခၚစရာ ေနာက္ထပ္ အလွဴတစ္ခု ထပ္လုပ္လိုက္ျပန္ပါျပီ။ တစ္ေန႔တစ္ေန႔ ဘယ္အရပ္မွာ ဘာလွဴရမလဲလို႔ အျမဲလိုလိုစဥ္းစားေနတတ္တဲ့ စမိုင္းလ္က လက္ရွိ တစ္ကမၻာလံုးကုိ ဒုကၡေပးေနတဲ့ ကူးစက္ေရာဂါနဲ႔ ပတ္သက္ျပီး ေဆးရံုေဆးခန္းေတြကုိအကူအညီေပးတဲ့အေနနဲ႔ အလိုအပ္ဆံုး အလွဴတစ္ခုကုိ ျပဳလုိက္တာပါ။ အဲဒါကေတာ့ ေဆးရံုေတြအတြက္ PPE အစံု (၁၀၀)ကုိရက္ရက္ေရာေရာ လွဴဒါန္းလိုက္ျခင္းပဲ ျဖစ္ပါတယ္။

စမုိင္းလ္ရဲ႕ အလွဴကုိ facebook အသံုးျပဳသူတစ္ဦးက လူမႈကြန္ယက္မွာ “ခ်စ္ခင္ရတဲ့ သ႐ုပ္ေဆာင္မင္းသမီး မစမိုင္းလ္မွေဆး႐ုံမ်ားသို႔ ျဖန္႔ေဝရန္ PPE အစုံ(၁၀၀) စာ လႉဒါန္းပါတယ္။ အလႉရွင္အစ္မတို႔မိသားစု က်န္းမာ၊ခ်မ္းသာ၊ ေအးျမၾကပါေစ”လို႔ တင္ထားခဲ့ျပီး အဲဒီပုိ႔စ္ေလးကုိ စမုိင္းလ္က ျပန္ share ထားခဲ့တာပါ။ စမို္င္းလ္ရဲ႕ပိုစ့္ေအာက္မွာ ပရိသတ္ေတြက မြန္ျမတ္တဲ့အလွဴအတြက္ သာဓုေခၚထားၾကတာကုိလည္း ေတြ႕ရပါတယ္။ မၾကာေသးမီကလည္း စမုိင္းလ္တို႔မိသားစုက သစ္တံခါးဆရာေတာ္ဘုရားၾကီး အိမ္ကုိၾကြလာခိုက္ အနုပညာေၾကးထဲကေန သိန္းသံုးဆယ္လွဴဒါန္းခဲ့ပါေသးတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ စမုိင္းလ္တို႔မိသားစုကုိ ခ်စ္ၾကလား။ စမုိင္းလ္ရဲ႕ေနာက္ထပ္အနုပညာလႈပ္ရွားမႈေတြကုိေရာ အားေပးၾကမွာလား။ စမိုင္းလ္ရဲ႕ အလွဴကုိလည္း သာဓုေခၚခဲ့ၾကပါဦး။

Unicode

စမိုင်းလ်ကတော့ ချစ်စရာကောင်းတဲ့ သမီးလေး နှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး သမီးလေးတွေကလည်း လက်ရှိချိန်မှာ ကတည်းက အားပေးတဲ့ ပရိသတ်တွေ ရှိနေတာ ဖြစ်ပါတယ်။စမိုင်းလ်တို့ မိသားစုလေးက ခရီးတွေလည်း မကြာခဏ သွားတတ်သလို သွားတဲ့ခရီးတိုင်းမှာ အလန်းစား ဓာတ်ပုံလေးတွေ ရိုက်တတ်တဲ့ စမိုင်းလ်ကို ပရိသတ်တွေ အကုန်လုံးက အားကျနေရတယ် ဆိုရင်လည်း မမှားပါဘူး။ စမိုင်းလ်တို့ ဇနီးမောင်နှံလေးက တစ်ယောက်နဲ့တစ်ယောက် နွေးထွေးစွာ ချစ်မြတ်နိုးကြသူတွေ ဖြစ်ပြီး စမိုင်းလ်က တစ်နိုင်ငံလုံးက အမျိုးသမီးတွေ အားကျရအောင်ကို ခင်ပွန်းက ပျော်အောင်ထားပြီး ချစ်ပေးတာ ခံရသူလည်း ဖြစ်ပါတယ်။

စမိုင်းလ်ဟာ ဘာသာတရားကိုင်းရှိုင်းသူလည်းဖြစ်သလို အလှူရေစက်လက်နဲ့မကွာဆိုသလို အလှူဒါန ရက်ရောလှသူလည်းဖြစ်ပါတယ်။ စမိုင်းလ်က မကြာသေးမီက လူထောင့်ငါးရာကို ရွှေတိဂုံ ကျိုက်ထီးရိုး အဓိဌာန် ပို့ပြီး ကုသိုလ်ယူခဲ့ပါသေးတယ်။ ဒါ့အပြင် စမိုင်းလ်တို့မိသားစုလေးက ကြုံရင်ကြုံသလို အမျိုးမျိုးသောအလှူဒါနတွေပြုလေ့ရှိတဲ့ ကုသိုလ်တွေနဲ့ ထုံမွှမ်းထားတဲ့ မိသားစုလေးလို့လည်းဆိုနိုင်ပါတယ်။အခုလည်း စမိုင်းလ်က နတ်လူသာဓုခေါ်စရာ နောက်ထပ် အလှူတစ်ခု ထပ်လုပ်လိုက်ပြန်ပါပြီ။ တစ်နေ့တစ်နေ့ ဘယ်အရပ်မှာ ဘာလှူရမလဲလို့ အမြဲလိုလိုစဉ်းစားနေတတ်တဲ့ စမိုင်းလ်က လက်ရှိ တစ်ကမ္ဘာလုံးကို ဒုက္ခပေးနေတဲ့ ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး ဆေးရုံဆေးခန်းတွေကိုအကူအညီပေးတဲ့အနေနဲ့ အလိုအပ်ဆုံး အလှူတစ်ခုကို ပြုလိုက်တာပါ။ အဲဒါကတော့ ဆေးရုံတွေအတွက် PPE အစုံ (၁၀၀)ကိုရက်ရက်ရောရော လှူဒါန်းလိုက်ခြင်းပဲ ဖြစ်ပါတယ်။

စမိုင်းလ်ရဲ့ အလှူကို facebook အသုံးပြုသူတစ်ဦးက လူမှုကွန်ယက်မှာ “ချစ်ခင်ရတဲ့ သရုပ်ဆောင်မင်းသမီး မစမိုင်းလ်မှ ဆေးရုံများသို့ ဖြန့်ဝေရန် PPE အစုံ(၁၀၀) စာ လှူဒါန်းပါတယ်။ အလှူရှင်အစ်မတို့မိသားစု ကျန်းမာ၊ချမ်းသာ၊ အေးမြကြပါစေ”လို့ တင်ထားခဲ့ပြီး အဲဒီပို့စ်လေးကို စမိုင်းလ်က ပြန် share ထားခဲ့တာပါ။ စမိုင်းလ်ရဲ့ပိုစ့်အောက်မှာ ပရိသတ်တွေက မွန်မြတ်တဲ့အလှူအတွက် သာဓုခေါ်ထားကြတာကိုလည်း တွေ့ရပါတယ်။ မကြာသေးမီကလည်း စမိုင်းလ်တို့မိသားစုက သစ်တံခါးဆရာတော်ဘုရားကြီး အိမ်ကိုကြွလာခိုက် အနုပညာကြေးထဲကနေ သိန်းသုံးဆယ်လှူဒါန်းခဲ့ပါသေးတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော စမိုင်းလ်တို့မိသားစုကို ချစ်ကြလား။ စမိုင်းလ်ရဲ့နောက်ထပ်အနုပညာလှုပ်ရှားမှုတွေကိုရော အားပေးကြမှာလား။ စမိုင်းလ်ရဲ့ အလှူကိုလည်း သာဓုခေါ်ခဲ့ကြပါဦး။