ဘန္ေကာက္မွာ မ်က္စိသြားေရာက္ခြဲစိတ္ခဲ့တဲ့ ပတ္ထရစ္ရွာ

ပတ္ထရစ္ရွာဟာ ဟိုးလြန္ခဲ့တဲ့နွစ္ေတြကတည္း က ေအာင္ျမင္ေနတဲ့ ေမာ္ဒယ္သရုပ္ေဆာင္တစ္ဦးျဖစ္ျပီးထုိင္းမေလးေတြလို ေခ်ာေမာလြန္းတာေၾကာင့္ ပုရိသေတြရင္ထဲမွာ အသည္းစြဲျဖစ္ရတဲ့ သရုပ္ေဆာင္တစ္ဦးလည္းျဖစ္ပါတယ္။ရွာရွာက ေတြ႕ကရာဇာတ္ကားေတြကုိမရိုက္တတ္ပဲ ဇာတ္ကားေတြကုိ ေသခ်ာေရြးခ်ယ္စီစစ္ျပီးရိုက္တတ္သူျဖစ္တာေၾကာင့္ ပရိသတ္ေတြနဲ႔ ထိေတြ႕မႈနည္းေပမယ့္လည္း ပရိသတ္ေတြက ရွာရွာ့ဇာတ္ကားေတြကုိ ေစာင့္ေမွ်ာ္ၾကည့္ရႈအားေပးၾကျပီး ရွာရွာ့ကုိခ်စ္ေပးၾကတာေတြ႕ရပါတယ္။

ရွာရွာက မၾကာေသးမီက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ ရိုက္ဖုိ႔လြတ္သြားတဲ့ ရုပ္ရွင္ဇာတ္ကားေတြအေၾကာင္းေျပာျပရင္း အခ်ိဳ႕သူေတြက အနုပညာေၾကးကုိ ငါးသိန္းဆယ္သိန္းပိုျပီး သက္သာတဲ့ေနာက္ကုိ လိုက္သြားၾကတယ္လို႔လည္း ရင္ဖြင့္ထားခဲ့ပါေသးတယ္။ ရွာရွာက သူမရဲ႕အနုပညာလႈပ္ရွားမႈေတြနဲ႔ ခ်စ္စရာေကာင္းတဲ့ ဓာတ္ပံုေလးေတြကုိ သူမရဲ႕ ပရိသတ္ေတြအတြက္ လူမႈကြန္ယက္ေပၚမွာတင္ေပးေလ့ရွိသူလည္းျဖစ္ပါတယ္။ မၾကာေသးမီကေတာ့ ရွာရွာရဲ႕ ပရိသတ္ေတြအတြက္ စိုးရိမ္စရာကိစၥေလးတစ္ခုျဖစ္သြားခဲ့ပါေသးတယ္။ အဲဒါကေတာ့ ရွာရွာက မ်က္လံုးတစ္ဖက္ကို ဘန္ေကာက္က ေဆးရံုမွာ သြားေရာက္ခြဲစိတ္ခဲ့တာပါ။ ရွာရွာက သူမရဲ႕ လူမႈကြန္ယက္ေပၚကေနတစ္ဆင့္ ပရိသတ္ေတြကို မ်က္လံုးသြားခြဲစိတ္ေတာ့မယ့္အေၾကာင္းအသိေပးထားခဲ့ျပီး ခြဲစိတ္ျပီးေတာ့လည္း ခြဲစိတ္မႈအဆင္ေျပေခ်ာေမြ႕ေၾကာင္း post ေလးတစ္ခုတင္ထားေပးခဲ့ပါတယ္။

ရွာရွာက မ်က္လံုးမခြဲခင္ ဓာတ္ပံုေလးေတြနဲ႔အတူ “Better VISION for a Better LIFE မ်က္စိခြဲစိတ္ကုသမႈခံယူဖို႔အတြက္ Vejthani ေဆး႐ုံႀကီးမွာေရာက္ေနၿပီ Feeling ကေတာ့ဘယ္လိုေျပာရမလဲ…ထုံေဆးနဲ႔ပဲခြဲတာျဖစ္တဲ့အတြက္ေၾကာင့္နည္းနည္းေတာ့ nervous ျဖစ္ေနတယ္”လို႔ ေျပာျပထားျပီး ခြဲစိတ္မႈျပီးသြားတဲ့ေနာက္မွာ “Operation successfully completed ေၾကာက္ေနခဲ့ေပမယ့္ တကယ္တမ္းခြဲစိတ္ေတာ့အခ်ိန္က ၁၅ မိနစ္ေလာက္ပဲၾကာတယ္”လို႔ေျပာျပထားခဲ့ပါတယ္။ ခြဲစိတ္မႈေအာင္ျမင္စြာျပီးဆံုးေၾကာင္း သိရေတာ့မွသာ ရွာရွာ့ကုိစိတ္ပူေနတဲ့ ပရိသတ္ေတြလည္း စိတ္သက္သာရာရသြားခဲ့တာပါ။ ပရိသတ္ေတြက ရွာရွာ့ရဲ႕ဓာတ္ပံုေလးေအာက္မွာ ရွာရွာ့ကို မ်က္လံုးအျမန္ဆံုးျပန္လည္ေကာင္းမြန္ပါေစလို႔ ဆုေတာင္းေပးေနၾကတာလည္းေတြ႕ရပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ပတ္ထရစ္ရွာကုိခ်စ္ၾကလား။ ရွာရွာ့ရဲ႕ေနာက္ထပ္ထြက္ရွိလာမယ့္ ရုပ္ရွင္ဇာတ္ကားေတြကုိေရာ အားေပးၾကည့္ရႈဖို႔အသင့္ပဲလား။ ေျပာခဲ့ၾကပါဦး။

Unicode

ပတ်ထရစ်ရှာဟာ ဟိုးလွန်ခဲ့တဲ့နှစ်တွေကတည်း က အောင်မြင်နေတဲ့ မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်ပြီးထိုင်းမလေးတွေလို ချောမောလွန်းတာကြောင့် ပုရိသတွေရင်ထဲမှာ အသည်းစွဲဖြစ်ရတဲ့ သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ရှာရှာက တွေ့ကရာဇာတ်ကားတွေကိုမရိုက်တတ်ပဲ ဇာတ်ကားတွေကို သေချာရွေးချယ်စီစစ်ပြီးရိုက်တတ်သူဖြစ်တာကြောင့် ပရိသတ်တွေနဲ့ ထိတွေ့မှုနည်းပေမယ့်လည်း ပရိသတ်တွေက ရှာရှာ့ဇာတ်ကားတွေကို စောင့်မျှော်ကြည့်ရှုအားပေးကြပြီး ရှာရှာ့ကိုချစ်ပေးကြတာတွေ့ရပါတယ်။

ရှာရှာက မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ ရိုက်ဖို့လွတ်သွားတဲ့ ရုပ်ရှင်ဇာတ်ကားတွေအကြောင်းပြောပြရင်း အချို့သူတွေက အနုပညာကြေးကို ငါးသိန်းဆယ်သိန်းပိုပြီး သက်သာတဲ့နောက်ကို လိုက်သွားကြတယ်လို့လည်း ရင်ဖွင့်ထားခဲ့ပါသေးတယ်။ ရှာရှာက သူမရဲ့အနုပညာလှုပ်ရှားမှုတွေနဲ့ ချစ်စရာကောင်းတဲ့ ဓာတ်ပုံလေးတွေကို သူမရဲ့ ပရိသတ်တွေအတွက် လူမှုကွန်ယက်ပေါ်မှာတင်ပေးလေ့ရှိသူလည်းဖြစ်ပါတယ်။ မကြာသေးမီကတော့ ရှာရှာရဲ့ ပရိသတ်တွေအတွက် စိုးရိမ်စရာကိစ္စလေးတစ်ခုဖြစ်သွားခဲ့ပါသေးတယ်။ အဲဒါကတော့ ရှာရှာက မျက်လုံးတစ်ဖက်ကို ဘန်ကောက်က ဆေးရုံမှာ သွားရောက်ခွဲစိတ်ခဲ့တာပါ။ ရှာရှာက သူမရဲ့ လူမှုကွန်ယက်ပေါ်ကနေတစ်ဆင့် ပရိသတ်တွေကို မျက်လုံးသွားခွဲစိတ်တော့မယ့်အကြောင်းအသိပေးထားခဲ့ပြီး ခွဲစိတ်ပြီးတော့လည်း ခွဲစိတ်မှုအဆင်ပြေချောမွေ့ကြောင်း post လေးတစ်ခုတင်ထားပေးခဲ့ပါတယ်။

ရှာရှာက မျက်လုံးမခွဲခင် ဓာတ်ပုံလေးတွေနဲ့အတူ “Better VISION for a Better LIFE မျက်စိခွဲစိတ်ကုသမှုခံယူဖို့အတွက် Vejthani ဆေးရုံကြီးမှာရောက်နေပြီ Feeling ကတော့ဘယ်လိုပြောရမလဲ…ထုံဆေးနဲ့ပဲခွဲတာဖြစ်တဲ့အတွက်ကြောင့်နည်းနည်းတော့ nervous ဖြစ်နေတယ်”လို့ ပြောပြထားပြီး ခွဲစိတ်မှုပြီးသွားတဲ့နောက်မှာ “Operation successfully completed ကြောက်နေခဲ့ပေမယ့် တကယ်တမ်းခွဲစိတ်တော့အချိန်က ၁၅ မိနစ်လောက်ပဲကြာတယ်”လို့ပြောပြထားခဲ့ပါတယ်။ ခွဲစိတ်မှုအောင်မြင်စွာပြီးဆုံးကြောင်း သိရတော့မှသာ ရှာရှာ့ကိုစိတ်ပူနေတဲ့ ပရိသတ်တွေလည်း စိတ်သက်သာရာရသွားခဲ့တာပါ။ ပရိသတ်တွေက ရှာရှာ့ရဲ့ဓာတ်ပုံလေးအောက်မှာ ရှာရှာ့ကို မျက်လုံးအမြန်ဆုံးပြန်လည်ကောင်းမွန်ပါစေလို့ ဆုတောင်းပေးနေကြတာလည်းတွေ့ရပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ပတ်ထရစ်ရှာကိုချစ်ကြလား။ ရှာရှာ့ရဲ့နောက်ထပ်ထွက်ရှိလာမယ့် ရုပ်ရှင်ဇာတ်ကားတွေကိုရော အားပေးကြည့်ရှုဖို့အသင့်ပဲလား။ ပြောခဲ့ကြပါဦး။