သူနဲ့ ချွတ်စွပ်တူနေတဲ့ မူးလာကို အံ့သြနေတဲ့ သန္တာဗိုလ်



သူနဲ့ ချွတ်စွပ်တူနေတဲ့ မူးလာကို အံ့သြနေတဲ့ သန္တာဗိုလ်


သူနဲ့ ချွတ်စွပ်တူနေတဲ့ မူးလာကို အံ့သြနေတဲ့ သန္တာဗိုလ်


Unicode

အရပ်ခပ်မြင့်မြင့် ဘော်ဒီခပ်တောင့်တောင့်နဲ့ မော်ဒယ်သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ သန္တာဗိုလ်ကတော့ လတ်တလောမှာ Tik Tok Video လေးတွေ ဆော့ရင်းနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ပိုပြီးတော့ ရရှိနေတာ ဖြစ်ပါတယ်။ သန္တာဗိုလ်ကတော့ သူမရဲ့ ရုပ်ရှင်နဲ့ အမူအရာလေးတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝ ရရှိထားပြီး အမှန်အကန်အားပေးတဲ့ ပရိသတ်တွေလည်း အများကြီးပါပဲ။

သန္တာဗိုလ်ကတော့ သူ့အနေနဲ့ သူ့ရဲ့ဖေ့ဘုတ်အကောင့်မှာ ရယ်စရာဖြစ်ခဲ့တဲ့ အကြောင်းအရာလေးတစ်ခုကိုတော့ ရှဲလ်ထားတာ တွေ့ရပါတယ်။ ဒါကတော့ မြန်မာအိုင်ဒေါလ် ပြိုင်ပွဲမှာ လူကြိုက်များ ပရိသတ် အားပေးခဲ့တဲ့ ပြိုင်ပွဲဝင် တစ်ယောက်ဖြစ်တဲ့ မူးလာရဲ့ ပုံလေးကို ရှဲလ်ထားတာ ဖြစ်ပါတယ်။

သန္တာဗိုလ် တစ်ယောက် ဒီပုံလေးကို ရှဲလ်ရတဲ့ အကြောင်းအရာကတော့ သူနဲ့တူတယ်လို့ လူတွေက ထင်ကြေးပေးနေကြလို့ ဖြစ်ပါတယ်။ သန္တာဗိုလ်ကတော့ ” thandarbo လို့ထင်နေတာဆိုပြီး share နေကြတာတွေ့လိုက်လို့ ငါလားဆိုပြီးသေချာပြန်ကြည့်လိုက်ရတယ် အော် ငါ့အမွှာတွေ့ခဲ့ပြီလေ ယူက မူးလာ အိုင်က ” မူးမှာ” ပါ အား” ဆိုပြီး တင်ထားတာ တွေ့ရပါတယ်။

သန္တာဗိုလ်ကတော့ သူ့ရဲ့ အမွှာတွေ့ခဲ့ပြီလို့ ပြောခဲ့ပြီး သူကတော့ မူးမှာပါဆိုပြီး အပျော်သဘောလေး ရေးသားထားတာ ဖြစ်ပါတယ်။ မူးလာကတော့ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေပြီ‌ ဖြစ်ပြီး သူမိန်းကလေးနဲ့ တူတာကြောင့်လည်း နာမည်ကြီးတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ တကယ့်ကို သရုပ်ဆောင် သန္တာဗိုလ်နဲ့ တူနေတာ ဖြစ်ပါတယ်။