အိပ္မက္ျမစ္ထဲက ပိုင္တံခြန္ရဲ႕သရုပ္ေဆာင္ခ်က္ေတြကုိ ထုတ္ျပလိုက္တဲ့ ဒါရိုက္တာကုိေပါက္

ပိုင္တံခြန္ကေတာ့ လက္႐ွိမွာ ျမန္မာႏိုင္ငံတြင္သာမက အျခားေသာ အိမ္နီးခ်င္း ႏို္င္ငံေတြမွာလည္း အားေပးမႈကို ရ႐ွိထားၿပီး ထိုင္းနုို္င္ငံမွာဆုိရင္လည္း ပရိသတ္အခိုင္အမာရရွိထားတဲ့ ေအာင္ျမင္ေနတဲ့ အႏုပညာ႐ွင္ တေယာက္လည္း ျဖစ္ပါတယ္။ ပိုင္တံခြန္ကေတာ့သူ႔ရဲ႕ ပရိသတ္ေတြအတြက္ အျမဲ သူ႔ရဲ႕ အမိုက္စား ဓာတ္ပံုေလးေတြ ဗီဒီယုိေလးေတြ ကုိသူ႔ရဲ႕လူမႈကြန္ယက္မွာ တင္ေပးေလ့ရွိျပီး ပရိသတ္ေတြရဲ႕အသည္းကုိညိွဳ႕ယူတတ္သူပါ။ထုိင္းနို္င္ငံမွာ ပရိသတ္အခိုင္အမာရထားျပီး ထုိင္းတစ္နို္င္ငံလံုးရဲ႕ တခဲနက္အားေပးမႈေတြရထားတဲ့ ပိုင္တံခြန္က ထုိင္းနဲ႔ ျမန္မာကုိ သြားလုိက္လာလိုက္နဲ႔အနုပညာလုပ္ငန္းေတြလုပ္ေဆာင္ေနသူပါ။

ပိုင္တံခြန္က သူ႔ရဲ႕ ပထမဆံုးရုပ္ရွင္ဇာတ္ကားၾကီးကို ျမန္မာနိုင္္ငံရဲ႕ထိပ္တန္းမင္းသမီးဝတ္မႈန္ေရႊရည္နဲ႔ အတူတူတြဲဖက္သရုပ္ေဆာင္ထားခဲ့ျပီး အဲဒီဇာတ္ကားၾကီးကေတာ့ အိပ္မက္ျမစ္လို႔ အမည္ရပါတယ္။ အိပ္မက္ျမစ္ဇာတ္ကားၾကီးရိုက္ကူးေနစဥ္အတြင္းမွာ ဒါရိုက္တာ ကိုေပါက္က ပိုင္တံခြန္ကုိ ကုိယ္ဖိရင္ဖိသင္ၾကားျပသေပးျပီး အေကာင္းဆံုးရုိက္ကူးထားခဲ့သလုိ ပုိင္တံခြန္ကလည္း ဇာတ္ကားထဲကုိ စိတ္နွစ္ျပီး အပီအျပင္ၾကိဳးစားခဲ့တယ္လို႔ သိရပါတယ္။ ဒါရုိက္တာကုိေပါက္က အရင္တစ္ခါက သူ႔ရဲ႕ လူမႈကြန္ယက္ ရိုက္ကြင္းမွာ ပုိင္တံခြန္ကုိ ေသခ်ာသင္ၾကားျပသေပးေနတဲ့ ဓာတ္ပံုေလးေတြတင္ထားခဲ့ပါေသးတယ္။

အခုတစ္ခါလည္းဒါရုိက္တာကုိေပါက္က အိပ္မက္ျမစ္ကုိ ေစာင့္ေမွ်ာ္ေနၾကတဲ့ ပရိသတ္ၾကီး စိတ္လႈပ္ရွားရေအာင္ ထပ္လုပ္လုိက္ျပန္ပါျပီ။ အဲဒါကေတာ့ ကုိေပါက္က သူ႔ရဲ႕ လူမႈကြန္ယက္မွာ အိပ္မက္ျမစ္ဇာတ္ကားထဲမွာ အပီအျပင္ၾကိဳးစားျပီးသရုပ္ေဆာင္ထားတဲ့ ပိုင္တံခြန္ရဲ႕ ဓာတ္ပံုေလးေတြကုိခ်ျပလာခဲ့တာပါ။ ကုိေပါက္က ပိုင္တံခြန္ရဲ႕ ဓာတ္ပံုေလးေတြနဲ႔အတူ “အိပ္မက္ျမစ္တစ္စင္း ပရိသတ္ထံ စီးဆင္းဖို႔ အဆင္သင့္ပါ”လို႔ေရးထားခဲ့တာပါ။ ပရိသတ္ေတြက ဒါရိုက္တာကုိေပါက္ရဲ႕ ပို႔စ္ေလးေအာက္မွာ အိပ္မက္ျမစ္ကုိ ေမွ်ာ္ေနျပီလို႔ ေရးထားခဲ့ၾကျပီး ပုိင္တံခြန္ကုိယ္တိုင္ကလည္း “ဆရာေရ ၾကည့္ခ်င္တယ္”လို႔ comment ေရးထားတာေတြ႕ရပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ပိုင္တံခြန္ကုိအားေပးၾကလား ။ပုိင္တံခြန္နဲ႔ ဝတ္မႈန္ေရႊရည္ရဲ႕ အိပ္မက္ျမစ္ဇာတ္ကားကုိ ၾကည့္ခ်င္ေနၾကျပီလား။ အိပ္မက္ျမစ္ ရံုတင္ရင္ေရာ သြားေရာက္ၾကည့္ရႈ႕အားေပးၾကမွာလား။ ေျပာခဲ့ၾကပါဦး။

Unicode

ပိုင်တံခွန်ကတော့ လက်ရှိမှာ မြန်မာနိုင်ငံတွင်သာမက အခြားသော အိမ်နီးချင်း နိုင်ငံတွေမှာလည်း အားပေးမှုကို ရရှိထားပြီး ထိုင်းနိုင်ငံမှာဆိုရင်လည်း ပရိသတ်အခိုင်အမာရရှိထားတဲ့ အောင်မြင်နေတဲ့ အနုပညာရှင် တယောက်လည်း ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့သူ့ရဲ့ ပရိသတ်တွေအတွက် အမြဲ သူ့ရဲ့ အမိုက်စား ဓာတ်ပုံလေးတွေ ဗီဒီယိုလေးတွေ ကိုသူ့ရဲ့လူမှုကွန်ယက်မှာ တင်ပေးလေ့ရှိပြီး ပရိသတ်တွေရဲ့အသည်းကိုညှို့ယူတတ်သူပါ။ထိုင်းနိုင်ငံမှာ ပရိသတ်အခိုင်အမာရထားပြီး ထိုင်းတစ်နိုင်ငံလုံးရဲ့ တခဲနက်အားပေးမှုတွေရထားတဲ့ ပိုင်တံခွန်က ထိုင်းနဲ့ မြန်မာကို သွားလိုက်လာလိုက်နဲ့အနုပညာလုပ်ငန်းတွေလုပ်ဆောင်နေသူပါ။

ပိုင်တံခွန်က သူ့ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးကို မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးဝတ်မှုန်ရွှေရည်နဲ့ အတူတူတွဲဖက်သရုပ်ဆောင်ထားခဲ့ပြီး အဲဒီဇာတ်ကားကြီးကတော့ အိပ်မက်မြစ်လို့ အမည်ရပါတယ်။ အိပ်မက်မြစ်ဇာတ်ကားကြီးရိုက်ကူးနေစဉ်အတွင်းမှာ ဒါရိုက်တာ ကိုပေါက်က ပိုင်တံခွန်ကို ကိုယ်ဖိရင်ဖိသင်ကြားပြသပေးပြီး အကောင်းဆုံးရိုက်ကူးထားခဲ့သလို ပိုင်တံခွန်ကလည်း ဇာတ်ကားထဲကို စိတ်နှစ်ပြီး အပီအပြင်ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ ဒါရိုက်တာကိုပေါက်က အရင်တစ်ခါက သူ့ရဲ့ လူမှုကွန်ယက် ရိုက်ကွင်းမှာ ပိုင်တံခွန်ကို သေချာသင်ကြားပြသပေးနေတဲ့ ဓာတ်ပုံလေးတွေတင်ထားခဲ့ပါသေးတယ်။

အခုတစ်ခါလည်းဒါရိုက်တာကိုပေါက်က အိပ်မက်မြစ်ကို စောင့်မျှော်နေကြတဲ့ ပရိသတ်ကြီး စိတ်လှုပ်ရှားရအောင် ထပ်လုပ်လိုက်ပြန်ပါပြီ။ အဲဒါကတော့ ကိုပေါက်က သူ့ရဲ့ လူမှုကွန်ယက်မှာ အိပ်မက်မြစ်ဇာတ်ကားထဲမှာ အပီအပြင်ကြိုးစားပြီးသရုပ်ဆောင်ထားတဲ့ ပိုင်တံခွန်ရဲ့ ဓာတ်ပုံလေးတွေကိုချပြလာခဲ့တာပါ။ ကိုပေါက်က ပိုင်တံခွန်ရဲ့ ဓာတ်ပုံလေးတွေနဲ့အတူ “အိပ်မက်မြစ်တစ်စင်း ပရိသတ်ထံ စီးဆင်းဖို့ အဆင်သင့်ပါ”လို့ရေးထားခဲ့တာပါ။ ပရိသတ်တွေက ဒါရိုက်တာကိုပေါက်ရဲ့ ပို့စ်လေးအောက်မှာ အိပ်မက်မြစ်ကို မျှော်နေပြီလို့ ရေးထားခဲ့ကြပြီး ပိုင်တံခွန်ကိုယ်တိုင်ကလည်း “ဆရာရေ ကြည့်ချင်တယ်”လို့ comment ရေးထားတာတွေ့ရပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ပိုင်တံခွန်ကိုအားပေးကြလား ။ပိုင်တံခွန်နဲ့ ဝတ်မှုန်ရွှေရည်ရဲ့ အိပ်မက်မြစ်ဇာတ်ကားကို ကြည့်ချင်နေကြပြီလား။ အိပ်မက်မြစ် ရုံတင်ရင်ရော သွားရောက်ကြည့်ရှု့အားပေးကြမှာလား။ ပြောခဲ့ကြပါဦး။