ေက်ာင္းသားေတြ စာက်က္ခ်င္စိတ္ေပၚသြားေစမယ့္ စုိင္းစုိင္းရဲ႕အလန္းစား မိုတိီေဗးရွင္း

အခုလက္ရွိမွာ တစ္ကမၻာလံုးအတိုင္းအတာနဲ႔ ျဖစ္ပြားေနတဲ့ ကူးစက္ေရာဂါေၾကာင့္ အမ်ားျပည္သူသြားလာလႈပ္ရွားေနတဲ့ ဧရိယာေတြေတာ္ေတာ္မ်ားမ်ား တရားဝင္ပိတ္လုိက္ျပီျဖစ္သလို ျမန္မာနို္င္ငံအတြင္းမွာလည္း ျပီးခဲ့တဲ့ရက္ကမွ ရုပ္ရွင္ရံုေတြအားလံုးက ပိတ္လိုက္ျပီျဖစ္ေၾကာင္း တညီတညြတ္တည္းေၾကျငာလိုက္ပါျပီ။ မၾကာခင္မွာ စာေမးပြဲေျဖရဖို႔ရိွတဲ့ တကၠသုိလ္ေမဂ်ာေတြအေနနဲ႔ေတာ့ ေက်ာင္းပိတ္မယ္မပိတ္ဘူး၊ စာေမးပြဲေတြကုိ ေရႊ႕မယ္မေရႊ႕ဘူးက ဒြိဟျဖစ္ေနဆဲပါ။ ေက်ာင္းေတြကုိ ပိတ္ေစခ်င္တဲ့ေက်ာင္းသားေတြနဲ႔ စာေမးပြဲေျဖျပီးမွ ေအးေအးေဆးေဆးပိတ္ေစခ်င္သူေတြကလည္းရွိေနပါတယ္။လူမႈကြန္ယက္ေတြေပၚမွာလည္း ေက်ာင္းေတြပိတ္မပိတ္ဆိုတာနဲ႔ ပတ္သက္ျပီး ဆႏၵစကားေတြအမ်ိဳးမ်ိဳးေပၚထြက္လာေနဆဲျဖစ္ပါတယ္။

လက္ရွိမွာ စုိင္းစိုင္းနဲ႔ ပုိးမမွိီသာနဲ႔အတူတူရိုက္ထားတဲ့ ပိေတာက္ကတဲ့ဂီတ ဇာတ္ကားၾကီးဟာ ရံုတင္ဆဲအခ်ိန္မွာပဲ ရုပ္ရွင္ရံုေတြပိတ္သြားတဲ့အတြက္ ဒီကိစၥေတြအားလံုး ေအးခ်မ္းစြာ ျပီးဆံုးသြားျပီး ရံုေတြျပန္ဖြင့္တဲ့အခ်ိန္မွပဲရံုတင္ျပသရေတာ့မွာပါ။ စုိင္းစုိင္းကေတာ့ ပရိသတ္ေတြအတြက္ က်န္းမာေရးဝန္ၾကီးဌာနက ထုတ္ျပန္တဲ့သတင္းေတြကုိ အခ်ိန္နဲ႔တေျပးညီ share ေပးေနျပီး တစ္ဖက္တစ္လမ္းကေန က်န္းမာေရးအသိေတြရေအာင္ ကူညီလ်က္ရွိပါတယ္။ ဒါ့အျပင္ စုိင္းစိုင္းက လူငယ္ပရိသတ္ေတြကုိလည္း ေမ့ထားတတ္သူမဟုတ္ပဲ စာေမးပြဲေျဖရေတာ့မယ့္ကေလးေတြအတြက္လည္း motivation ေလးေပးခဲ့ပါေသးတယ္။

စာေမးပြဲေတြေျဖရေတာ့မယ္ဆိုရင္ လူငယ္ေတြက သူတို႔ခ်စ္တဲ့ အနုပညာရွင္ေတြဆီက စာက်က္ဖို႔မိုတီေဗးရွင္းေတြေတာင္းေလ့ရွိသလို နုိင္ငံေက်ာ္အနုပညာရွင္ေတြကလည္း ကေလးေတြကုိစာက်က္ဖို႔ မုိတီေဗးရွင္းေပးျပီး စာေမးပြဲေတြေခ်ာေခ်ာေမြ႕ေမြ႕ေျဖနုိင္ေစဖို႔လည္း ဆုေတာင္းေပးတတ္ေလ့ရွိပါတယ္။ စိုင္းစိုင္းကလည္း သူ႔ရဲ႕ပရိသတ္ေက်ာင္းသားေက်ာင္းသူေတြအတြက္ လူမႈကြန္ယက္ေပၚကေန စာက်က္ၾကဖို႔ “ငါ မက်က္ရင္ငါ က်မွာပဲဆိုေတာ့ငါ့စာ ငါက်က္ ငါ့စာေမးပြဲ ငါေအာင္”လို႔ မုိတီေလးေပးထားခဲ့တာေတြ႕ရပါတယ္။ ပရိသတ္ေတြက စုိင္းစို္္င္းရဲ႕ ပုိ႔စ္ေအာက္မွာ စာက်က္ျဖစ္ေအာင္တိုက္တြန္းအားေပးလို႔ ေက်းဇူးတင္ေၾကာင္းေျပာထားၾကသလို ရုပ္ရွင္ရံုေတြျပန္ဖြင့္တဲ့အခါ စုိင္းစိုင္းရဲ႕ ပိေတာက္ကတဲ့ဂီတကုိ ထပ္ျပီးအားေပးဦးမယ္လုိ႔လည္း comment ေလးေတြေပးထားၾကပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ စုိင္းစုိင္းရဲ႕ ပိေတာက္ကတဲ့ ဂီတ ဇာတ္ကားၾကီးကို သြားေရာက္ၾကည့္ရႈျပီးၾကျပီလား။ စုိင္းစိုင္းရဲ႕ေနာက္ထပ္ရံုတင္မယ့္ ဇာတ္ကားေတြကုိေရာ အားေပးၾကည့္ရႈၾကမွာလား။ စုိင္းစိုင္းကုိခ်စ္ရင္ စုိင္းစုိင္းေျပာတဲ့အတိုင္း ကုိယ့္ကုိယ္ကုိယ္ က်န္းမာေရးဂရုစုိက္ၾကဖို႔လည္း တိုက္တြန္းလိုက္ရပါတယ္ေနာ္။

Unicode

အခုလက်ရှိမှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဖြစ်ပွားနေတဲ့ ကူးစက်ရောဂါကြောင့် အများပြည်သူသွားလာလှုပ်ရှားနေတဲ့ ဧရိယာတွေတော်တော်များများ တရားဝင်ပိတ်လိုက်ပြီဖြစ်သလို မြန်မာနိုင်ငံအတွင်းမှာလည်း ပြီးခဲ့တဲ့ရက်ကမှ ရုပ်ရှင်ရုံတွေအားလုံးက ပိတ်လိုက်ပြီဖြစ်ကြောင်း တညီတညွတ်တည်းကြေငြာလိုက်ပါပြီ။ မကြာခင်မှာ စာမေးပွဲဖြေရဖို့ရှိတဲ့ တက္ကသိုလ်မေဂျာတွေအနေနဲ့တော့ ကျောင်းပိတ်မယ်မပိတ်ဘူး၊ စာမေးပွဲတွေကို ရွှေ့မယ်မရွှေ့ဘူးက ဒွိဟဖြစ်နေဆဲပါ။ ကျောင်းတွေကို ပိတ်စေချင်တဲ့ကျောင်းသားတွေနဲ့ စာမေးပွဲဖြေပြီးမှ အေးအေးဆေးဆေးပိတ်စေချင်သူတွေကလည်းရှိနေပါတယ်။လူမှုကွန်ယက်တွေပေါ်မှာလည်း ကျောင်းတွေပိတ်မပိတ်ဆိုတာနဲ့ ပတ်သက်ပြီး ဆန္ဒစကားတွေအမျိုးမျိုးပေါ်ထွက်လာနေဆဲဖြစ်ပါတယ်။

လက်ရှိမှာ စိုင်းစိုင်းနဲ့ ပိုးမမှီသာနဲ့အတူတူရိုက်ထားတဲ့ ပိတောက်ကတဲ့ဂီတ ဇာတ်ကားကြီးဟာ ရုံတင်ဆဲအချိန်မှာပဲ ရုပ်ရှင်ရုံတွေပိတ်သွားတဲ့အတွက် ဒီကိစ္စတွေအားလုံး အေးချမ်းစွာ ပြီးဆုံးသွားပြီး ရုံတွေပြန်ဖွင့်တဲ့အချိန်မှပဲရုံတင်ပြသရတော့မှာပါ။ စိုင်းစိုင်းကတော့ ပရိသတ်တွေအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့သတင်းတွေကို အချိန်နဲ့တပြေးညီ share ပေးနေပြီး တစ်ဖက်တစ်လမ်းကနေ ကျန်းမာရေးအသိတွေရအောင် ကူညီလျက်ရှိပါတယ်။ ဒါ့အပြင် စိုင်းစိုင်းက လူငယ်ပရိသတ်တွေကိုလည်း မေ့ထားတတ်သူမဟုတ်ပဲ စာမေးပွဲဖြေရတော့မယ့်ကလေးတွေအတွက်လည်း motivation လေးပေးခဲ့ပါသေးတယ်။

စာမေးပွဲတွေဖြေရတော့မယ်ဆိုရင် လူငယ်တွေက သူတို့ချစ်တဲ့ အနုပညာရှင်တွေဆီက စာကျက်ဖို့မိုတီဗေးရှင်းတွေတောင်းလေ့ရှိသလို နိုင်ငံကျော်အနုပညာရှင်တွေကလည်း ကလေးတွေကိုစာကျက်ဖို့ မိုတီဗေးရှင်းပေးပြီး စာမေးပွဲတွေချောချောမွေ့မွေ့ဖြေနိုင်စေဖို့လည်း ဆုတောင်းပေးတတ်လေ့ရှိပါတယ်။ စိုင်းစိုင်းကလည်း သူ့ရဲ့ပရိသတ်ကျောင်းသားကျောင်းသူတွေအတွက် လူမှုကွန်ယက်ပေါ်ကနေ စာကျက်ကြဖို့ “ငါ မကျက်ရင်ငါ ကျမှာပဲဆိုတော့ငါ့စာ ငါကျက် ငါ့စာမေးပွဲ ငါအောင်”လို့ မိုတီလေးပေးထားခဲ့တာတွေ့ရပါတယ်။ ပရိသတ်တွေက စိုင်းစို်င်းရဲ့ ပို့စ်အောက်မှာ စာကျက်ဖြစ်အောင်တိုက်တွန်းအားပေးလို့ ကျေးဇူးတင်ကြောင်းပြောထားကြသလို ရုပ်ရှင်ရုံတွေပြန်ဖွင့်တဲ့အခါ စိုင်းစိုင်းရဲ့ ပိတောက်ကတဲ့ဂီတကို ထပ်ပြီးအားပေးဦးမယ်လို့လည်း comment လေးတွေပေးထားကြပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော စိုင်းစိုင်းရဲ့ ပိတောက်ကတဲ့ ဂီတ ဇာတ်ကားကြီးကို သွားရောက်ကြည့်ရှုပြီးကြပြီလား။ စိုင်းစိုင်းရဲ့နောက်ထပ်ရုံတင်မယ့် ဇာတ်ကားတွေကိုရော အားပေးကြည့်ရှုကြမှာလား။ စိုင်းစိုင်းကိုချစ်ရင် စိုင်းစိုင်းပြောတဲ့အတိုင်း ကိုယ့်ကိုယ်ကိုယ် ကျန်းမာရေးဂရုစိုက်ကြဖို့လည်း တိုက်တွန်းလိုက်ရပါတယ်နော်။