ယုန်လေးအိပ်နေတဲ့ အချိန် ဆေးကြီးကြီး ထိုးချလိုက်တဲ့ မြင့်မြတ်နဲ့ ကေညီ
ယုန်လေးအိပ်နေတဲ့ အချိန် ဆေးကြီးကြီး ထိုးချလိုက်တဲ့ မြင့်မြတ်နဲ့ ကေညီ
ယုန်လေးအိပ်နေတဲ့ အချိန် ဆေးကြီးကြီး ထိုးချလိုက်တဲ့ မြင့်မြတ်နဲ့ ကေညီ
Unicode
မင်းသား မြင့်မြတ် အဆိုတော် ယုန်လေးနဲ့ ဇာတ်ပို့ဇာတ်ရံ ကေညီတို့ ၃ ယောက်ကတော့ ရုပ်ရှင်ကားတွေများစွာမှာ တူတူတွဲဖက် သရုပ်ဆောင်ဖူးပြီး အပြင်မှာလည်း တကယ်ကို ရင်းနှီးကြတဲ့ သူတွေ ဖြစ်ပါတယ်။ ဟိတ်ဟန်မရှိတဲ့ ပြည်သူ ချစ် မင်းသား မြင့်မြတ်ကတော့ အမြဲတမ်းလိုလို သူချစ်တဲ့သူတွေနဲ့ ပျော်နေပြီး ပရိသတ်တွေရဲ့ လေးစားမှုကို ရထားတဲ့ မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။
အဆိုတော် ဒါရိုက်တာနဲ့ သရုပ်ဆောင်ပါ လုပ်ကိုင်နေတဲ့ ယုန်လေးကတော့ ယခုနောက်ပိုင်းမှာ မင်းသားမြင့်မြတ်နဲ့ အတူ ရုပ်ရှင်ကားပေါင်းများစွာကို တွဲဖက် သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။ ယုန်လေး တစ်ယောက်ကတော့ ဝေဖန်မှုတွေ ရှိပေမယ့်လည်း တကယ်တမ်း သူ့အနေနဲ့ သဘောကောင်းတာကြောင့် လူချစ်လူခင် ပေါများတဲ့သူ တယောက်လည်း ဖြစ်ပါတယ်။
ကေညီကတော့ ထွေထွေထူးထူး ပြောစရာတော့ မရှိပါဘူး ရုပ်ရှင်ကားများစွာမှာ အကောင်းဆုံး အထောက်အပံ့ပေးနိုင်တဲ့ သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်သလို လူချစ်လူခင် ပေါများတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ရင်းနှီးတဲ့ သူတို့သုံးယောက်ကတော့ တစ်ယောက်ကို တစ်ယောက် ဆေးထိုးနေကြပြီး လက်ရှိမှာတော့ ယုန်လေးတစ်ယောက် အိပ်နေတဲ့ ဗီဒီယိုလေးကိုတော့ ကေညီက ဆေးထိုးပြီးတော့ တင်လိုက်တာ ဖြစ်ပါတယ်။
ကေညီကတော့ “တရုတ်ကြီး ဟောက်ကြွားနှင့် အမှတ်တရ” ဆိုပြီးတော့ တင်ထားတာ ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ ကေညီနဲ့ မြင့်မြတ်တို့ကတော့ အိပ်နေတဲ့ ယုန်လေးကို ဗီဒီယိိုရိုက်ပြီး ဆေးထိုးထားကြတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီဗီဒီယိုလေးကို ကြည့်ပြီးတေ့ာ သဘောကျကြမယ်လို့ ထင်ပါတယ်။