ဥဳံဖြဇာတ္ကားထဲက အၾကင္နာေပးတဲ့ ဇာတ္ဝင္ခန္း အေၾကာင္း ေျပာျပသြားတဲ့ ခိုင္သင္းၾကည္

ခိုင္သင္းၾကည္ဟာဆိုရင္ သြက္လက္ထက္ျမက္ၿပီး ခ်စ္စရာေကာင္းတဲ့ ပုံစံေလးနဲ႔ လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကတည္းက ပရိသတ္ေတြရဲ႕ႏွလုံးသားကိုအပိုင္သိမ္းထားခဲ့တာပါ။ လက္ရွိမွာ မခိုင္ေလးက သာယာလွပတဲ့မိသားစုဘဝေလးနဲ႔ ခ်စ္ဖို႔ေကာင္းတဲ့ သမီးေခ်ာေလးနဲ႔၊ ဝါသနာပါတဲ့အႏုပညာေတြကိုဆက္တိုက္လုပ္ေနရင္း ေပ်ာ္႐ႊင္စရာဘဝေလးကိုျဖတ္သန္းလ်က္ရွိပါတယ္။ မခိုင္ေလး က မၾကာခင္မွာ ႐ုံတင္ေတာ့မယ့္ ဥဳံဖြ ႐ုပ္ရွင္ဇာတ္ကားႀကီးမွာလည္း ပါဝင္သ႐ုပ္ေဆာင္ထားပါေသးတယ္။ ဥဳံဖြဇာတ္ကားႀကီးဟာဆိုရင္ ေအာင္ရဲလင္း၊ ခိုင္သင္းၾကည္၊မိုးဒီ၊ ကင္းေကာင္အျပင္ ခင္လႈိင္နဲ႔ အျခားေသာ႐ုပ္ရွင္သ႐ုပ္ေဆာင္ေပါင္းမ်ားစြာ ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ပရိသတ္ေတြအတြက္ ဘဝအေမာေတြေျပေစမယ့္ ဟာသဇာတ္ကားေကာင္းတစ္ကားလို႔ဆိုႏိုင္ပါတယ္။ ခိုင္သင္းၾကည္က မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာ ဥဳံဖြ ဇာတ္ကားႀကီး႐ိုက္တုန္းက အမွတ္တရေတြနဲ႔ အနမ္းခန္းေတြ႐ိုက္ရတဲ့အေတြ႕အႀကဳံကိုေျပာျပသြားခဲ့ပါတယ္။

ခိုင္သင္းၾကည္က ဥဳံဖြဇာတ္ကားထဲက ကာ႐ိုက္တာကို “ဥဳံဖြထဲမွာက သူက ျဖစ္ေလ့ျဖစ္ထရွိတဲ့ဟာသမ်ိဳးမဟုတ္ဘူးေပါ့ေနာ္။ ကြဲျပားတဲ့ပုံစံေလးေတြေပါ့။ မခိုင္ဆိုရင္ ဒီထဲမွာက ဘာဘီ႐ုပ္ေလးေတြကို ႐ူးသြပ္တဲ့ အဲ့လိုပုံစံေလးေပါ့ ။ ထူးျခားတယ္ေပါ့ေနာ္ ဒီကားေလးက။ မခိုင္ လုပ္ကြက္ရွိတဲ့ ကာ႐ိုက္တာေလးမွာ ထူးျခားတဲ့ပုံစံေလးကို လုပ္ခြင့္ရတယ္ေပါ့ေနာ္” လို႔ ေျပာျပသြားခဲ့ပါတယ္။

မခိုင္ေလးက ဒီဇာတ္ကားထဲက ဖက္ရွင္ေတြအေၾကာင္းကိုလည္း “ဘာဘီလိုမ်ိဳးဝတ္ရတာဆိုေတာ့ေလ ပုံမွန္ အိမ္ေနရင္းဆိုလည္း ဘာဘီလိုပဲ ဝတ္ေနရတာေလ။ အိမ္ေနရင္းဆိုလည္း ဘာဘီပုံစံေလးနဲ႔ အျပင္ထြက္ရင္လည္း ဘာဘီလိုေလးဝတ္ေနရတာေလ။ အဲ့ဒီထဲက အင္တာနက္မွာ ဘာဘီပုံစံေလးေတြကို download ဆြဲၿပီးေတာ့ ဒီဇိုင္နာေလးေတြက ခ်ဳပ္ေပးထားတာဆိုေတာ့ က်န္မေနခဲ့ဘူးေပါ့ေနာ္။ ပုံမွန္ဝတ္ေနက်ေတြဆိုရင္ေတာ့ ေခတ္ေအာက္ရင္ေအာက္သြားမွာေပါ့”လို႔ ေျဖၾကားထားပါတယ္။

ဥံဳဖြ ရုပ္ရွင္အထူးပြဲမွာ ေတြ႕ရတဲ႔ မခိုင္ေလး

ဥဳံဖြ ဇာတ္ကား ႐ိုက္ကြင္းက အေတြ႕အႀကဳံေတြကိုေတာ့ မခိုင္ေလးက “အဲ့ဒီတုန္းကဆိုရင္ ႐ိုက္ကြင္းမွာလည္း အရမ္းေပ်ာ္စရာေကာင္းတယ္။ ဟာသေတြလုပ္ေနၾကတာေလ။ အေမခ်ိဳတို႔ဘာတို႔ဆိုရင္လည္း အရမ္းေပ်ာ္စရာေကာင္းတယ္”လို႔ေျပာထားၿပီး ဒီဇာတ္ကားထဲမွာက ဦးကင္းေကာာင္ပါေတာ့ ဦးကင္းကိုလည္း သတိရေၾကာင္း “ဦးကင္းမရွိေတာ့တဲ့အခါက်ေတာ့ မခိုင္လည္း ေၾကာ္ျငာေလးေတြျပန္ၾကည့္ရင္ ဦးကင္းကို အရမ္းသတိရတာပဲ။ ဦးကင္းဆိုတာက မခိုင္တို႔နဲ႔ ဇာတ္ကားတင္မကဘူး ေၾကာ္ျငာေတြမွာပါ အရမ္းကိုအတြဲညီခဲ့တဲ့ ဟာသသ႐ုပ္ေဆာင္တစ္ေယာက္ဆိုေတာ့ေလ။
အခုအခ်ိန္မွာေတာ့ အရမ္းသတိရပါတယ္။ ဒီကားေလး႐ုံတင္ခ်ိန္မွာ သူ႔ကိုရွိေစခ်င္တာေပါ့” လို႔ ရင္ဖြင့္ထားပါတယ္။

ဇာတ္ကားထဲမွာပါတဲ့ အနမ္းခန္းေတြနဲ႔ ပက္သက္ၿပီးေတာ့လည္း “မနမ္းပါဘူး။ ဒီလိုပါပဲ။ နမ္းလည္း ဘာမွမျဖစ္ပါဘူး။ ကိုယ့္ေမာင္ႏွမေတြဆိုေတာ့ေလ ဒါေတြကေတာ့ ကိုယ့္ေမာင္ႏွမေတြပါပဲ။ တကယ္ေတာ့ မနမ္းပါဘူး၊ နမ္းတဲ့ပုံစံေလးရ္ိုက္လိုက္တာပါ”လို႔ ေျဖၾကားသြားပါတယ္။

ဥံဳဖြ ရုပ္ရွင္အထူးပြဲမွာ ေတြ႕ရတဲ႔ မခိုင္ေလး

ဥဳံဖြဇာတ္ကားႀကီးဟာဆိုရင္ လာမယ့္ 12.3.2020 မွာ ႐ုံတင္ျပသေတာ့မွာျဖစ္ပါတယ္။ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးလည္း မခိုင္ေလးနဲ႔ ေအာင္ရဲလင္းတို႔ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ဥဳံဖြဇာတ္ကားႀကီးကိုသြားေရာက္ၾကည့္ရႉၿပီး ဘဝအေမာေတြေျဖေဖ်ာက္လိုက္ပါလို႔ တိုက္တြန္းလိုက္ပါတယ္။

Unicode

ခိုင်သင်းကြည်ဟာဆိုရင် သွက်လက်ထက်မြက်ပြီး ချစ်စရာကောင်းတဲ့ ပုံစံလေးနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ပရိသတ်တွေရဲ့နှလုံးသားကိုအပိုင်သိမ်းထားခဲ့တာပါ။ လက်ရှိမှာ မခိုင်လေးက သာယာလှပတဲ့မိသားစုဘဝလေးနဲ့ ချစ်ဖို့ကောင်းတဲ့ သမီးချောလေးနဲ့၊ ဝါသနာပါတဲ့အနုပညာတွေကိုဆက်တိုက်လုပ်နေရင်း ပျော်ရွှင်စရာဘဝလေးကိုဖြတ်သန်းလျက်ရှိပါတယ်။ မခိုင်လေး က မကြာခင်မှာ ရုံတင်တော့မယ့် ဥုံဖွ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဥုံဖွဇာတ်ကားကြီးဟာဆိုရင် အောင်ရဲလင်း၊ ခိုင်သင်းကြည်၊မိုးဒီ၊ ကင်းကောင်အပြင် ခင်လှိုင်နဲ့ အခြားသောရုပ်ရှင်သရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေအတွက် ဘဝအမောတွေပြေစေမယ့် ဟာသဇာတ်ကားကောင်းတစ်ကားလို့ဆိုနိုင်ပါတယ်။ ခိုင်သင်းကြည်က မီဒီယာတွေနဲ့ အင်တာဗျူးမှာ ဥုံဖွ ဇာတ်ကားကြီးရိုက်တုန်းက အမှတ်တရတွေနဲ့ အနမ်းခန်းတွေရိုက်ရတဲ့အတွေ့အကြုံကိုပြောပြသွားခဲ့ပါတယ်။

ခိုင်သင်းကြည်က ဥုံဖွဇာတ်ကားထဲက ကာရိုက်တာကို “ဥုံဖွထဲမှာက သူက ဖြစ်လေ့ဖြစ်ထရှိတဲ့ဟာသမျိုးမဟုတ်ဘူးပေါ့နော်။ ကွဲပြားတဲ့ပုံစံလေးတွေပေါ့။ မခိုင်ဆိုရင် ဒီထဲမှာက ဘာဘီရုပ်လေးတွေကို ရူးသွပ်တဲ့ အဲ့လိုပုံစံလေးပေါ့ ။ ထူးခြားတယ်ပေါ့နော် ဒီကားလေးက။ မခိုင် လုပ်ကွက်ရှိတဲ့ ကာရိုက်တာလေးမှာ ထူးခြားတဲ့ပုံစံလေးကို လုပ်ခွင့်ရတယ်ပေါ့နော်” လို့ ပြောပြသွားခဲ့ပါတယ်။

မခိုင်လေးက ဒီဇာတ်ကားထဲက ဖက်ရှင်တွေအကြောင်းကိုလည်း “ဘာဘီလိုမျိုးဝတ်ရတာဆိုတော့လေ ပုံမှန် အိမ်နေရင်းဆိုလည်း ဘာဘီလိုပဲ ဝတ်နေရတာလေ။ အိမ်နေရင်းဆိုလည်း ဘာဘီပုံစံလေးနဲ့ အပြင်ထွက်ရင်လည်း ဘာဘီလိုလေးဝတ်နေရတာလေ။ အဲ့ဒီထဲက အင်တာနက်မှာ ဘာဘီပုံစံလေးတွေကို download ဆွဲပြီးတော့ ဒီဇိုင်နာလေးတွေက ချုပ်ပေးထားတာဆိုတော့ ကျန်မနေခဲ့ဘူးပေါ့နော်။ ပုံမှန်ဝတ်နေကျတွေဆိုရင်တော့ ခေတ်အောက်ရင်အောက်သွားမှာပေါ့”လို့ ဖြေကြားထားပါတယ်။

ဥုံဖွ ဇာတ်ကား ရိုက်ကွင်းက အတွေ့အကြုံတွေကိုတော့ မခိုင်လေးက “အဲ့ဒီတုန်းကဆိုရင် ရိုက်ကွင်းမှာလည်း အရမ်းပျော်စရာကောင်းတယ်။ ဟာသတွေလုပ်နေကြတာလေ။ အမေချိုတို့ဘာတို့ဆိုရင်လည်း အရမ်းပျော်စရာကောင်းတယ်”လို့ပြောထားပြီး ဒီဇာတ်ကားထဲမှာက ဦးကင်းကောာင်ပါတော့ ဦးကင်းကိုလည်း သတိရကြောင်း “ဦးကင်းမရှိတော့တဲ့အခါကျတော့ မခိုင်လည်း ကြော်ငြာလေးတွေပြန်ကြည့်ရင် ဦးကင်းကို အရမ်းသတိရတာပဲ။ ဦးကင်းဆိုတာက မခိုင်တို့နဲ့ ဇာတ်ကားတင်မကဘူး ကြော်ငြာတွေမှာပါ အရမ်းကိုအတွဲညီခဲ့တဲ့ ဟာသသရုပ်ဆောင်တစ်ယောက်ဆိုတော့လေ။
အခုအချိန်မှာတော့ အရမ်းသတိရပါတယ်။ ဒီကားလေးရုံတင်ချိန်မှာ သူ့ကိုရှိစေချင်တာပေါ့” လို့ ရင်ဖွင့်ထားပါတယ်။

ဇာတ်ကားထဲမှာပါတဲ့ အနမ်းခန်းတွေနဲ့ ပက်သက်ပြီးတော့လည်း “မနမ်းပါဘူး။ ဒီလိုပါပဲ။ နမ်းလည်း ဘာမှမဖြစ်ပါဘူး။ ကိုယ့်မောင်နှမတွေဆိုတော့လေ ဒါတွေကတော့ ကိုယ့်မောင်နှမတွေပါပဲ။ တကယ်တော့ မနမ်းပါဘူး၊ နမ်းတဲ့ပုံစံလေးရ်ိုက်လိုက်တာပါ”လို့ ဖြေကြားသွားပါတယ်။

ဥုံဖွဇာတ်ကားကြီးဟာဆိုရင် လာမယ့် 12.3.2020 မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ပြောချင်လွန်းလို့ပရိသတ်ကြီးလည်း မခိုင်လေးနဲ့ အောင်ရဲလင်းတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဥုံဖွဇာတ်ကားကြီးကိုသွားရောက်ကြည့်ရှူပြီး ဘဝအမောတွေဖြေဖျောက်လိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။