၂၄.၂.၂၀၂၀ မွ ၁.၃.၂၀၂၀အထိ ေျပာခ်င္လြန္းလို႔ တစ္ပတ္စာေဗဒင္ေဟာစာတမ္း

ေဗဒင္လကၡဏာပညာေတြဆိုတာက ဘုရားရွင္္လက္ထက္ကတည္းက ရွိခဲ့တဲ့အရာေတြျဖစ္ျပီးလူေတြရဲ႕ ၾကိဳတင္မျမင္နုိင္တဲ့ကံတရားကိုတြက္ခ်က္ခန္႔မွန္းပံုေဖာ္ျပီး မလုပ္သင့္တာမလုပ္ရေအာင္၊ အညံ့ေတြပေပ်ာက္ေအာင္၊ ၾကံတိုင္းေအာင္္ေဆာင္တိုင္းေျမာက္ေအာင္ တစ္ဖက္တစ္လမ္းက ကူညီေပးေနတဲ့ပညာရပ္တစ္ပါးျဖစ္ပါတယ္။ ေဗဒင္ၾကိဳက္တဲ့ပရိသတ္ၾကီးအတြက္ေရာ ေဗဒင္ေတြကုိ ေဆာင္ရန္ေရွာင္ရန္ေလာက္သာဖတ္ပါတယ္ဆိုတဲ့သူေတြအတြက္ေရာေျပာခ်င္လြန္းလို႔ရဲ႕ တစ္ပတ္စာေဗဒင္ေဟာစာတမ္းက႑ကို တင္ဆက္ေပးလိုက္ပါတယ္။

Aries (March 21- April 19)

March လ 21 ကေန April 19 ရက္အတြင္းေမြးဖြားတဲ့ Aries ရာသီဖြားေတြအတြက္ေတာ့ ဒီရက္ပိုင္းမွာ အေတြးလြန္ေနတာမ်ိဳးေတြျဖစ္ေနနုိင္တယ္။ အခုအခ်ိန္ဟာ အလုပ္နဲ႔ပတ္သက္တဲ့အေရးၾကီးေတြ႕ဆံုမႈေတြ၊ ကုိယ္ေရးကိုယ္တာေတြ႕ဆံုမႈေတြျပဳလုုပ္သင့္တဲ့အခ်ိန္ျဖစ္တယ္။ အလုပ္ေတြအဆင္ေျပေနမွာျဖစ္ေပမယ့္ သူမ်ားေတြေရွ႕မွာ မၾကြားဝါမိေအာင္သတိထားသင့္တယ္။ ကုိယ့္ရည္မွန္းခ်က္ဦးတည္ခ်က္ေတြကုိေနွာက္ယွက္ဖ်က္ဆီးမယ့္သူေတြနဲ႔ၾကံဳရနိုင္တယ္။ အခ်စ္ေရးမွာေတာ့ ေသခ်ာေရရာတဲ့ဆံုးျဖတ္ခ်က္တစ္ခုခ်သင့္ေနျပီျဖစ္တဲ့အခ်ိန္ပါ။ ကုိယ့္ကုိခ်စ္တဲ့သူေတြ သူငယ္ခ်င္းေတြက ေပးလာတဲ့အကူအညီေတြကုိ မျငင္းပယ္သင့္ဘူး။ ခရီးသြားလာသ့င္တဲ့အခ်ိန္မဟုတ္ပါဘူး။

Taurus (April 20 -May 20)

Taurus ရာသီဖြားေတြဟာ လက္တေလာမွာမိသားစုနဲ႔ အထူးအဆင္ေျပတဲ့ဆက္ဆံေရးမ်ိဳးရေနမွာျဖစ္တယ္။ မိသားစုနဲ႔ ညွိနိႈင္းရမယ့္ အေရးၾကီးကိစၥေတြ ျပဳလုပ္ဖို႔အသင့္ေတာ္ဆံုးအခ်ိန္ျဖစ္တယ္။ စိတ္ရဲ႕ေစရာလမ္းေၾကာင္းအတိုင္းလိုက္ျခင္းနဲ႔ ေအာင္ျမင္နိုင္မွာျဖစ္တယ္။ အေရးၾကီးတဲ့ဆံုးျဖတ္ခ်က္ေတြမခ်သင့္ေသးဘူး။ အလုပ္နဲ႔ပတ္သက္ျပီး ေကာင္းမြန္တဲ့အခြင့္အလမ္းေတြေပၚထြက္လာမယ္။ ေငြေရးေၾကးေရးေျခသလံုးေမႊးဆိုသလို ေအးေဆးျဖစ္ေနမယ္။အခ်စ္ေရးမွာေတာ့ ရည္းစားေဟာင္းေတြခ်စ္သူေဟာင္းေတြနဲ႔ ပတ္သက္တဲ့ တေက်ာ့ျပန္ခံစားခ်က္ေတြျဖစ္ေနမယ္။ ခရီးသြားလာသင့္တဲ့အခ်ိန္ကာလမဟုတ္ေသးဘူး။

Gemini (May 21 – Jun 20)

အခုရက္ပိုင္းေတြမွာ Gemini ဖြားေတြအတြက္ ေအာင္ျမင္မႈပန္းတို္င္ကုိ လွမ္းကုိင္နုိင္မယ့္ အခြင့္အလမ္းေကာင္းေတြေပၚထြက္ေနမွာျဖစ္တယ္။ ကိုယ္နဲ႔မဆိုင္တဲ့ သူမ်ားေတြရဲ႕ ဒရာမာေတြထဲ ကုိယ္ပါေရာပါျပီး ယက္ကန္ယက္ကန္မျဖစ္ေအာင္ သတိထားေနထုိင္သင့္တယ္။ ဒီရက္ပုိင္းမွာ ကိုယ့္ကုိ စိတ္ရႈပ္ေအာင္ စိတ္ညစ္ေအာင္လုပ္တဲ့သူေတြနဲ႔ ၾကံဳေနရမွာျဖစ္ျပီး စိတ္ရွည္သည္းခံဖု႔ိအဓိကလိုအပ္ေနမယ္။ စီစဥ္ထားျပီးသားအစီအစဥ္ေတြကုိ ဘယ္လိုအေၾကာင္းမ်ိဳးနဲ႔မွ ေျပာင္းလဲေရႊ႕ဆိုင္းတာမ်ိဳး ဖ်က္တာမ်ိဳးမလုပ္မိေအာင္ သတိထားသင့္တယ္။ အခ်စ္ေရးမွာေတာ့ စိတ္အေနွာက္အယွက္အနည္းငယ္ရွိနိုင္ေပမယ့္ အဆင္ေျပေနမယ္။ ၾကိဳတင္စီစဥ္ထားတဲ့ခရီးေတြသြားလာရာမွာ ေအာင္ျမင္မယ္။

Cancer (Jun 21- July 22)

Cancer ရာသီဖြားေတြကေတာ့ ဒီရက္ပိုင္းမွာ အလုပ္ကုိေသခ်ာဂရုစိုက္ျပီးလုပ္ရမယ့္အခ်ိန္ကာလပါ။ ကုိယ့္ရဲ႕အမႈမဲ့အမွတ္မဲ့ဂရုမထားတာေတြေၾကာင့္ ေအာင္ျမင္မႈအစား စိတ္ပ်က္စရာေတြနဲ႔ၾကံဳရနုိင္လို႔႔ သတိထားသင့္တယ္။ ၾသဇာအာဏာၾကီးမားသူတစ္ေယာက္ေယာက္နဲ႔ အသိအကြ်မ္းျဖစ္ခြင့္ရျပီး ကုိယ္လိမ္မာရင္လိမ္မာသလို အဲဒီသူရဲ႕အေရးေပးဂရုစုိက္မႈ၊ကူညီမႈေတြခံရမယ္။ လက္လြန္ထားတဲ့ ေငြေၾကးေတြ မေမ်ွာ္လင့္ပဲျပန္ရဖို႔ရွိတယ္။ မေမွ်ာ္လင့္ထားတဲ့အေနွာက္အယွက္ေတြေၾကာင့္ ၾကိဳတင္စီစဥ္ထားတဲ့ ကိစၥရပ္ေတြကုိ အေလာတၾကီးေျပာင္းလိုက္ရတာမ်ိဳးျဖစ္မယ္။ အခ်စ္ေရးမွာေတာ့ စိတ္ရႈပ္ ေဒါသထြက္ရတာေတြရွိေနမယ္။ခရီးသြားလာသင့္တဲ့အခ်ိ္န္အခါေကာင္းမွာက်ေရာက္ေနတယ္။

Leo (Jul 23 – August 22)

Leo ရာသီဖြားေတြအေနနဲ႔ အခုရက္ပိုင္းမွာ ေအာင္ျမင္မႈပန္းတိုင္ကုိ လွမ္းကုိင္နုိင္မယ့္ လမ္းေၾကာင္းသစ္ေပၚက်ေရာက္ေနတယ္။ အခ်ိန္ေတြအၾကာၾကီး ေရႊ႕ဆိုင္းလာတဲ့ မိသားစုျပႆနာေတြကုိ ေျဖရွင္းရေတာ့မယ့္အခ်ိန္ျဖစ္တယ္။ ဒါေပမယ့္ ကုိယ္စီစဥ္ထားတဲ့အတိုင္းျဖစ္မလာတဲ့အခ်ိဳ႕ကိစၥေတြေၾကာင့္ စိတ္ပ်က္ရတာမ်ဳိးေတြရွိမယ္။ ေငြေရးေၾကးေရးမွာေတာ့ ေမွ်ာ္လင့္သေလာက္အဆင္မေျပတာမ်ိဳးျဖစ္နုိင္တယ္။ ခ်စ္သူရွိတဲ့သူေတြကေတာ့ ခ်စ္သူနဲ႔အဆင္ေျပေနမွာျဖစ္ျပီး ခ်စ္သူမရွိေသးတဲ့သူေတြအတြက္ေတာ့ ခ်စ္သူရဖို႔မရွိေသးပါဘူး။ ခရီးသြားလာသင့္တဲ့အခ်ိန္ကာလျဖစ္တာေၾကာင့္ အပန္းေျဖခရီးေတြထြက္သင့္တယ္။

Virgo (Aug 23 – September 22)

Virgo ရာသီဖြားေတြအတြက္ ဒီရက္ပိုင္းမွာ လုပ္ငန္းကိုင္ငန္းေတြေအာင္ျမင္ေနမယ္၊ေမွ်ာ္လင့္ထားတဲ့အတိုင္းျဖစ္လာမယ္။ ဒီအတိုင္းပဲ ဆက္သြားမယ္ဆုိရင္ ကုိယ့္ကုိေနွာက္ယွက္ခ်င္သူေတြ၊ရန္သူေတြကုိ ေအးေအးေဆးေဆးပဲ ေအာင္ျမင္နုိင္မွာျဖစ္တယ္။ အလုပ္နဲ႔ပတ္သက္တဲ့အေရးၾကီးေတြ႕ဆံုမႈတစ္ခုျပဳလုပ္ဖို႔ရာၾကန္႔ၾကာေနမွာျဖစ္ျပီးအဲဒီကိစၥေၾကာင့္ စိိတ္ရႈပ္ ရင္ပူေနရမယ္။ ကုိ္ယ္အလုပ္လုပ္တဲ့ပံုစံအနည္းငယ္ကုိေျပာင္းလဲလိုက္တာနဲ႔ အရာအားလံုးအဆင္ေျပေခ်ာေမြ႕သြားမွာျဖစ္လို႔ ကိုယ့္ကုိယ္ကုိယ္သတိထားဆန္းစစ္သင့္တယ္။ အခ်စ္ေရးမွာေတာ့ စိတ္လႈပ္ရွားမႈေတြမ်ားေနျပီး ခံစားခ်က္ေတြ ေထြျပားေနမွာျဖစ္တယ္။ မျဖစ္မေနသြားရမွာမ်ိဳးမဟုတ္ရင္ေတာ့ ခရီးကုိတတ္နုိင္သမ်ွမသြားသင့္ဘူး။

Libra (September 23 – October 22)

Libra ေတြအတြက္ကေတာ့ ဒီရက္ပိုင္းမွာ အနုပညာနဲ႔ပတ္သက္တဲ့အလုပ္လုပ္ကုိင္ေနသူေတြ ေအာင္ျမင္မႈရမယ္။ သူငယ္ခ်င္းမိတ္ေဆြအသစ္ေတြရဖို႔ရွိတယ္။ အလုပ္မွာအခက္အခဲေတြၾကံဳရနုိင္ေပမယ့္ အခက္အခဲၾကံဳရသေလာက္ အသိအမွတ္ျပဳျခင္းခံရမယ္။ ေသခ်ာမၾကည့္ပဲ စြန္႔စားမႈေတြမျပဳလုပ္သင့္တဲ့အခ်ိန္ပါ။ ေငြေရးေၾကးေရးနဲ႔ပတ္သက္ျပီး ေကာင္းသတင္းေတြၾကားရဖု႔ိရွိတယ္။ အခ်ိန္ကုိေကာင္းမြန္စြာအသံုးခ်ပါ။ ခရီးသြားလာသင့္တဲ့အခ်ိ္န္အခါေကာင္းျဖစ္တာေၾကာင့္ အပန္းေျဖခရီးေတြထြက္သင့္တယ္။

Scorpio (October 23 – November 21)

Scorpio ရာသီဖြားေတြအေနနဲ႔ အခုတေလာမွာ အနားက လူေတြကုိ သည္းခံေနရတဲ့အခ်ိန္ေတြျဖစ္ေနမယ္။ ရင္းနွီးတဲ့သူတစ္စံုတစ္ေယာက္ရဲ႕ မနာလိုစိတ္နဲ႔ နစ္နစ္နာနာေျပာတာမ်ိဳးေတြၾကံဳရနုိင္လု႔ိဘယ္သူ႔ကုိမွ စိတ္ထဲနွစ္ျပီး မပတ္သက္မိေအာင္ သတိထားသင့္တယ္။ အခ်စ္ေရးကေတာ့ သာယာေျဖာင့္ျဖဴးေနျပီး ခ်စ္သူေၾကာင့္ ဘဝရဲ႕ အခက္အခဲေတြကုိေကာင္းမြန္စြာေက်ာ္ျဖတ္နိုင္မယ္။ စိတ္ပူပန္စုိးရိမ္ေနတာေတြကုိေလွ်ာ့ခ်ျပီးလုပ္စရာရွိတာဆက္လုပ္ပါ။ အနုုပညာနဲ႔နွီးႏြယ္တဲ့အလုပ္ေတြလုပ္ကုိင္ေနသူေတြအတြက္ လက္ရာေျမာက္တဲ့တစ္စံုတစ္ရာကုိ ဖန္တီးခ်င္စိတ္ေတြတဖြားဖြားေပၚထြက္ေနမွာျဖစ္တယ္။ ခရီးသြားဖို႔သင့္ေတာ္တဲ့အခ်ိန္ကာလျဖစ္ျပီး အလုပ္ကိစၥနဲ႔သြားရတဲ့ခရီးေတြေအာင္ျမင္ဖု႔ိရွိတယ္။

Sagittarius (November 22 – December 21)

လက္ရွိအခ်ိန္မွာေတာ့ မိသားစုထဲမွာ အခက္အခဲေတြျပႆနာေတြနဲ႔ ၾကံဳရဖို႔ရွိတယ္။ ကုိယ္ပုိင္အလုပ္လုပ္ကုိင္ေနသူေတြအတြက္ေတာ့ လုပ္ငန္းကုိင္ငန္းေတြေအာင္ျမင္မယ္။ ကားကိုကုိယ္တိုင္ေမာင္းျပီး သြားလာတတ္သူေတြအတြက္ အခုရက္ပုိင္းမွာ ကားေမာင္းတာ အထူးသတိထားသင့္တယ္။ ရည္မွန္းျပီးလုပ္ေဆာင္ထားတဲ့အလုပ္ေတြ ၾကိဳတင္ၾကံစည္ထားတဲ့ အၾကံအစည္ေတြမေမွ်ာ္လင့္ပဲ ပ်က္ျပားသြားနုိင္လို႔ အထူးသတိထားသင့္တယ္။ လမ္းမွားမေရာက္ေအာင္ ကုိယ္တိုင္ပဲ ပဲ့ျပင္ရမယ့္အခ်ိန္ကာလပါ။ အခ်စ္ေရးကေတာ့ ေအးခ်မ္းတည္ျငိမ္ေနမွာျဖစ္ျပီး အခုအေျခအေနအတိုင္းပဲ တည္ျမဲေနမယ္။ ခရီးသြားလာသင့္တဲ့အခ်ိန္ကာလမဟုတ္ေသးဘူး။

Capricorn (December 22 – Jan 19)

ဒီရက္ပိုင္္းမွာေတာ့ တစ္ခ်ိန္တည္းမွာ အလုပ္ေတြအမ်ားၾကီးျပီးေအာင္လုပ္တာမ်ိဳးကုိ ေရွာင္ၾကဥ္သင့္တယ္။ ကုိယ္ပုိင္အလုပ္လုပ္ေနသူေတြအတြက္ မၾကာမီမွာပဲ ေအာင္ျမင္မႈရဲ႕အသီးအပြင့္ေတြကုိခံစားရဖို႔ရွိတယ္။ ေနာင္တမရခ်င္ရင္ေတာ့ အခုရက္ပုိင္း မိသားစုနဲ႔ဆက္ဆံေျပာဆိုရာမွာအထူးသတိထားသင့္တယ္။ နည္းနည္းေလာက္ပုိျပီး စိတ္ရွည္သည္းခံရံုနဲ႔ အရာအားလံုးအဆင္ေျပလာမွာျဖစ္တယ္။ ဒီရက္ပုိင္းမွာ ကုိယ့္တစ္ဘဝလံုးနဲ႔သက္ဆိုင္တဲ့ ဆံုးျဖတ္ခ်က္ေတြခ်မွတ္တာမ်ိဳးမလုပ္သင့္ေသးပါ။ အခ်စ္ေရးမွာ ရည္းစားေဟာင္းက သင့္ကုိ ျပန္တြဲခ်င္တာမ်ိဳးရွိနုိင္လင့္ကစား သင့္ဘက္က ျပန္လက္မခံသင့္ဘူး။ ခရီးသြားလာသင့္တဲ့အခ်ိ္န္အခါေကာင္းမွာ က်ေရာက္ေနလို႔ အပန္းေျဖခရီးေတြထြက္သင့္တယ္။

Aquarius (January 20 – February 18)

Aquarius ေတြကေတာ့ အခုရက္ပိုင္းမွာ ကုိယ့္ကုိယ္ကုိယ္ေက်နပ္ေနမွာျဖစ္ျပီး ေသခ်ာေရရာတဲ့အနာဂတ္တစ္ခုကုိေဖာ္ေဆာင္ဖို႔ ေျခလွမ္းေတြ စလွမ္းနုိင္မွာျဖစ္တယ္။ ဆံုးျဖတ္ခ်က္ေတြခ်မွတ္ရာမွာ စိတ္လုိက္မာန္ပါမျပဳမိေစဖို႔သတိထားပါ။ အေရးၾကီးတဲ့ ဆံုးျဖတ္ခ်က္ေတြခ်မွတ္သင့္တဲ့အခ်ိန္ကာလမဟုတ္ေသးတာေၾကာင့္ ဆံုးျဖတ္ခ်က္ခ်မွတ္ဖို႔ရွိရင္ ေနာက္ကုိေရႊ႕ထားသင့္ပါတယ္။ ဘဝအတြက္အေရးပါတဲ့အေျပာင္းအလဲေတြနဲ႔ ၾကံဳေတြ႕ရဖို႔ရွိတာမို႔ မတုန္လႈပ္ပါနဲ႔။ အေျပာင္းအလဲေတြက သင့္ကုိ ဘဝစာမ်က္နွာအသစ္ကုိပုိ႔ေဆာင္ေပးမွာျဖစ္တယ္။ အခ်စ္ေရးမွာေတာ့ ကုိယ့္အမွားေတြကုိ ေတာင္းပန္ဖို႔ဝန္မေလးပါနဲ႔။ ခ်စ္သူမရွိေသးတဲ့သူေတြက သံုးပြင့္ဆိုင္အခ်စ္ေရးေတြၾကားကုိ ဝင္မိလ်က္သားၾကီးျဖစ္ေနနုိ္င္လို႔ သတိၾကီးၾကီးထားသင့္တယ္။ ခရီးသြားလာဖို႔အသင့္ေတာ္ဆံုးအခ်ိန္ကာလေတြထဲမွာ က်ေရာက္ေနတယ္။

Pieces (February 19 – March 20)

လက္ရွိမွာ မိသားစုကိစၥေတြနဲ႔ပတ္သက္ျပီး စိတ္မအားလူမအားျဖစ္ေနရမယ္။ ကုိယ့္အနားမွာရွိတဲ့လူေတြကုိ စိတ္ဆိုးေဒါသထြက္ေနရမွာမို႔ တတ္နုိင္သမွ် စိတ္ရွည္သည္းခံနိုင္ေအာင္ ၾကိဳးစားသင့္တယ္။ အရာအားလံုးကုိ ျပီးျပည့္စံုေအာင္ လိုက္ထိန္းခ်ဳပ္ေနတာမ်ဳိးကုိ ေလွ်ာ့ခ်ျပီး အလိုက္သင့္ေလးခဏေလာက္ေနဖို႔ၾကိဳးစားပါ။ ဘဝၾကီးက ပိုျပီးေပ်ာ္ရႊင္ဖုိ႔ေကာင္းလာတာ ေတြ႕ရလိမ့္မယ္။ စိတ္ဓာတ္က်တာေတြ ဒီပရက္ရွင္ဝင္တာေတြျဖစ္လာနုိင္တဲ့ကာလျဖစ္တယ္။ အခ်စ္ေရးမွာေတာ့ တစ္ေယာက္တည္းေနတာပုိေကာင္းတယ္လို႔အျမဲပဲေတြးမိေနမွာျဖစ္ျပီး တစ္ကုိယ္တည္းသမားေတြအေနနဲ႔လည္း ရည္းစားရလာဖို႔မရွိပါဘူး။ ခရီးသြားလာဖို႔သင့္ေတာ္တဲ့အခ်ိန္ကာလျဖစ္တယ္။

အခုေဖာ္ျပသြားတာေတြကေတာ့ ေျပာခ်င္လြန္းလို႔ရဲ႕ တစ္ပတ္စာေဗဒင္ေဟာစာတမ္းျဖစ္ပါတယ္။ေဟာစာတမ္းရဲ႕ေဖာ္ျပခ်က္ေတြနဲ႔ ကုိယ့္ရာသီခြင္နဲ႔ကုိက္ရဲ႕လားဆိုတာလည္း ဖတ္ရႈျပီးေျပာခဲ့ၾကပါဦး။ ေနာက္အပတ္ေတြမွာလည္းတစ္ပတ္စာေဗဒင္ေဟာစာတမ္းေတြကုိ တင္ဆက္ေပးသြားမွာျဖစ္လို႔ ေစာင့္ေမွ်ာ္ဖတ္ရႈၾကပါဦး။

Unicode

ဗေဒင်လက္ခဏာပညာတွေဆိုတာက ဘုရားရှင်လက်ထက်ကတည်းက ရှိခဲ့တဲ့အရာတွေဖြစ်ပြီးလူတွေရဲ့ ကြိုတင်မမြင်နိုင်တဲ့ကံတရားကိုတွက်ချက်ခန့်မှန်းပုံဖော်ပြီး မလုပ်သင့်တာမလုပ်ရအောင်၊ အညံ့တွေပပျောက်အောင်၊ ကြံတိုင်းအောင်ဆောင်တိုင်းမြောက်အောင် တစ်ဖက်တစ်လမ်းက ကူညီပေးနေတဲ့ပညာရပ်တစ်ပါးဖြစ်ပါတယ်။ ဗေဒင်ကြိုက်တဲ့ပရိသတ်ကြီးအတွက်ရော ဗေဒင်တွေကို ဆောင်ရန်ရှောင်ရန်လောက်သာဖတ်ပါတယ်ဆိုတဲ့သူတွေအတွက်ရောပြောချင်လွန်းလို့ရဲ့ တစ်ပတ်စာဗေဒင်ဟောစာတမ်းကဏ္ဍကို တင်ဆက်ပေးလိုက်ပါတယ်။

Aries (March 21- April 19)

March လ 21 ကနေ April 19 ရက်အတွင်းမွေးဖွားတဲ့ Aries ရာသီဖွားတွေအတွက်တော့ ဒီရက်ပိုင်းမှာ အတွေးလွန်နေတာမျိုးတွေဖြစ်နေနိုင်တယ်။ အခုအချိန်ဟာ အလုပ်နဲ့ပတ်သက်တဲ့အရေးကြီးတွေ့ဆုံမှုတွေ၊ ကိုယ်ရေးကိုယ်တာတွေ့ဆုံမှုတွေပြုလုပ်သင့်တဲ့အချိန်ဖြစ်တယ်။ အလုပ်တွေအဆင်ပြေနေမှာဖြစ်ပေမယ့် သူများတွေရှေ့မှာ မကြွားဝါမိအောင်သတိထားသင့်တယ်။ ကိုယ့်ရည်မှန်းချက်ဦးတည်ချက်တွေကိုနှောက်ယှက်ဖျက်ဆီးမယ့်သူတွေနဲ့ကြုံရနိုင်တယ်။ အချစ်ရေးမှာတော့ သေချာရေရာတဲ့ဆုံးဖြတ်ချက်တစ်ခုချသင့်နေပြီဖြစ်တဲ့အချိန်ပါ။ ကိုယ့်ကိုချစ်တဲ့သူတွေ သူငယ်ချင်းတွေက ပေးလာတဲ့အကူအညီတွေကို မငြင်းပယ်သင့်ဘူး။ ခရီးသွားလာသ့င်တဲ့အချိန်မဟုတ်ပါဘူး။

Taurus (April 20 -May 20)

Taurus ရာသီဖွားတွေဟာ လက်တလောမှာမိသားစုနဲ့ အထူးအဆင်ပြေတဲ့ဆက်ဆံရေးမျိုးရနေမှာဖြစ်တယ်။ မိသားစုနဲ့ ညှိနှိုင်းရမယ့် အရေးကြီးကိစ္စတွေ ပြုလုပ်ဖို့အသင့်တော်ဆုံးအချိန်ဖြစ်တယ်။ စိတ်ရဲ့စေရာလမ်းကြောင်းအတိုင်းလိုက်ခြင်းနဲ့ အောင်မြင်နိုင်မှာဖြစ်တယ်။ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေမချသင့်သေးဘူး။ အလုပ်နဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့အခွင့်အလမ်းတွေပေါ်ထွက်လာမယ်။ ငွေရေးကြေးရေးခြေသလုံးမွှေးဆိုသလို အေးဆေးဖြစ်နေမယ်။အချစ်ရေးမှာတော့ ရည်းစားဟောင်းတွေချစ်သူဟောင်းတွေနဲ့ ပတ်သက်တဲ့ တကျော့ပြန်ခံစားချက်တွေဖြစ်နေမယ်။ ခရီးသွားလာသင့်တဲ့အချိန်ကာလမဟုတ်သေးဘူး။

Gemini (May 21 – Jun 20)

အခုရက်ပိုင်းတွေမှာ Gemini ဖွားတွေအတွက် အောင်မြင်မှုပန်းတိုင်ကို လှမ်းကိုင်နိုင်မယ့် အခွင့်အလမ်းကောင်းတွေပေါ်ထွက်နေမှာဖြစ်တယ်။ ကိုယ်နဲ့မဆိုင်တဲ့ သူများတွေရဲ့ ဒရာမာတွေထဲ ကိုယ်ပါရောပါပြီး ယက်ကန်ယက်ကန်မဖြစ်အောင် သတိထားနေထိုင်သင့်တယ်။ ဒီရက်ပိုင်းမှာ ကိုယ့်ကို စိတ်ရှုပ်အောင် စိတ်ညစ်အောင်လုပ်တဲ့သူတွေနဲ့ ကြုံနေရမှာဖြစ်ပြီး စိတ်ရှည်သည်းခံဖု့ိအဓိကလိုအပ်နေမယ်။ စီစဉ်ထားပြီးသားအစီအစဉ်တွေကို ဘယ်လိုအကြောင်းမျိုးနဲ့မှ ပြောင်းလဲရွှေ့ဆိုင်းတာမျိုး ဖျက်တာမျိုးမလုပ်မိအောင် သတိထားသင့်တယ်။ အချစ်ရေးမှာတော့ စိတ်အနှောက်အယှက်အနည်းငယ်ရှိနိုင်ပေမယ့် အဆင်ပြေနေမယ်။ ကြိုတင်စီစဉ်ထားတဲ့ခရီးတွေသွားလာရာမှာ အောင်မြင်မယ်။

Cancer (Jun 21- July 22)

Cancer ရာသီဖွားတွေကတော့ ဒီရက်ပိုင်းမှာ အလုပ်ကိုသေချာဂရုစိုက်ပြီးလုပ်ရမယ့်အချိန်ကာလပါ။ ကိုယ့်ရဲ့အမှုမဲ့အမှတ်မဲ့ဂရုမထားတာတွေကြောင့် အောင်မြင်မှုအစား စိတ်ပျက်စရာတွေနဲ့ကြုံရနိုင်လို့ သတိထားသင့်တယ်။ သြဇာအာဏာကြီးမားသူတစ်ယောက်ယောက်နဲ့ အသိအကျွမ်းဖြစ်ခွင့်ရပြီး ကိုယ်လိမ်မာရင်လိမ်မာသလို အဲဒီသူရဲ့အရေးပေးဂရုစိုက်မှု၊ကူညီမှုတွေခံရမယ်။ လက်လွန်ထားတဲ့ ငွေကြေးတွေ မမျှော်လင့်ပဲပြန်ရဖို့ရှိတယ်။ မမျှော်လင့်ထားတဲ့အနှောက်အယှက်တွေကြောင့် ကြိုတင်စီစဉ်ထားတဲ့ ကိစ္စရပ်တွေကို အလောတကြီးပြောင်းလိုက်ရတာမျိုးဖြစ်မယ်။ အချစ်ရေးမှာတော့ စိတ်ရှုပ် ဒေါသထွက်ရတာတွေရှိနေမယ်။ခရီးသွားလာသင့်တဲ့အချိန်အခါကောင်းမှာကျရောက်နေတယ်။

Leo (Jul 23 – August 22)

Leo ရာသီဖွားတွေအနေနဲ့ အခုရက်ပိုင်းမှာ အောင်မြင်မှုပန်းတိုင်ကို လှမ်းကိုင်နိုင်မယ့် လမ်းကြောင်းသစ်ပေါ်ကျရောက်နေတယ်။ အချိန်တွေအကြာကြီး ရွှေ့ဆိုင်းလာတဲ့ မိသားစုပြဿနာတွေကို ဖြေရှင်းရတော့မယ့်အချိန်ဖြစ်တယ်။ ဒါပေမယ့် ကိုယ်စီစဉ်ထားတဲ့အတိုင်းဖြစ်မလာတဲ့အချို့ကိစ္စတွေကြောင့် စိတ်ပျက်ရတာမျိုးတွေရှိမယ်။ ငွေရေးကြေးရေးမှာတော့ မျှော်လင့်သလောက်အဆင်မပြေတာမျိုးဖြစ်နိုင်တယ်။ ချစ်သူရှိတဲ့သူတွေကတော့ ချစ်သူနဲ့အဆင်ပြေနေမှာဖြစ်ပြီး ချစ်သူမရှိသေးတဲ့သူတွေအတွက်တော့ ချစ်သူရဖို့မရှိသေးပါဘူး။ ခရီးသွားလာသင့်တဲ့အချိန်ကာလဖြစ်တာကြောင့် အပန်းဖြေခရီးတွေထွက်သင့်တယ်။

Virgo (Aug 23 – September 22)

Virgo ရာသီဖွားတွေအတွက် ဒီရက်ပိုင်းမှာ လုပ်ငန်းကိုင်ငန်းတွေအောင်မြင်နေမယ်၊မျှော်လင့်ထားတဲ့အတိုင်းဖြစ်လာမယ်။ ဒီအတိုင်းပဲ ဆက်သွားမယ်ဆိုရင် ကိုယ့်ကိုနှောက်ယှက်ချင်သူတွေ၊ရန်သူတွေကို အေးအေးဆေးဆေးပဲ အောင်မြင်နိုင်မှာဖြစ်တယ်။ အလုပ်နဲ့ပတ်သက်တဲ့အရေးကြီးတွေ့ဆုံမှုတစ်ခုပြုလုပ်ဖို့ရာကြန့်ကြာနေမှာဖြစ်ပြီးအဲဒီကိစ္စကြောင့် စိတ်ရှုပ် ရင်ပူနေရမယ်။ ကိုယ်အလုပ်လုပ်တဲ့ပုံစံအနည်းငယ်ကိုပြောင်းလဲလိုက်တာနဲ့ အရာအားလုံးအဆင်ပြေချောမွေ့သွားမှာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ်သတိထားဆန်းစစ်သင့်တယ်။ အချစ်ရေးမှာတော့ စိတ်လှုပ်ရှားမှုတွေများနေပြီး ခံစားချက်တွေ ထွေပြားနေမှာဖြစ်တယ်။ မဖြစ်မနေသွားရမှာမျိုးမဟုတ်ရင်တော့ ခရီးကိုတတ်နိုင်သမျှမသွားသင့်ဘူး။

Libra (September 23 – October 22)

Libra တွေအတွက်ကတော့ ဒီရက်ပိုင်းမှာ အနုပညာနဲ့ပတ်သက်တဲ့အလုပ်လုပ်ကိုင်နေသူတွေ အောင်မြင်မှုရမယ်။ သူငယ်ချင်းမိတ်ဆွေအသစ်တွေရဖို့ရှိတယ်။ အလုပ်မှာအခက်အခဲတွေကြုံရနိုင်ပေမယ့် အခက်အခဲကြုံရသလောက် အသိအမှတ်ပြုခြင်းခံရမယ်။ သေချာမကြည့်ပဲ စွန့်စားမှုတွေမပြုလုပ်သင့်တဲ့အချိန်ပါ။ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး ကောင်းသတင်းတွေကြားရဖု့ိရှိတယ်။ အချိန်ကိုကောင်းမွန်စွာအသုံးချပါ။ ခရီးသွားလာသင့်တဲ့အချိန်အခါကောင်းဖြစ်တာကြောင့် အပန်းဖြေခရီးတွေထွက်သင့်တယ်။

Scorpio (October 23 – November 21)

Scorpio ရာသီဖွားတွေအနေနဲ့ အခုတလောမှာ အနားက လူတွေကို သည်းခံနေရတဲ့အချိန်တွေဖြစ်နေမယ်။ ရင်းနှီးတဲ့သူတစ်စုံတစ်ယောက်ရဲ့ မနာလိုစိတ်နဲ့ နစ်နစ်နာနာပြောတာမျိုးတွေကြုံရနိုင်လု့ိဘယ်သူ့ကိုမှ စိတ်ထဲနှစ်ပြီး မပတ်သက်မိအောင် သတိထားသင့်တယ်။ အချစ်ရေးကတော့ သာယာဖြောင့်ဖြူးနေပြီး ချစ်သူကြောင့် ဘဝရဲ့ အခက်အခဲတွေကိုကောင်းမွန်စွာကျော်ဖြတ်နိုင်မယ်။ စိတ်ပူပန်စိုးရိမ်နေတာတွေကိုလျှော့ချပြီးလုပ်စရာရှိတာဆက်လုပ်ပါ။ အနုပညာနဲ့နှီးနွယ်တဲ့အလုပ်တွေလုပ်ကိုင်နေသူတွေအတွက် လက်ရာမြောက်တဲ့တစ်စုံတစ်ရာကို ဖန်တီးချင်စိတ်တွေတဖွားဖွားပေါ်ထွက်နေမှာဖြစ်တယ်။ ခရီးသွားဖို့သင့်တော်တဲ့အချိန်ကာလဖြစ်ပြီး အလုပ်ကိစ္စနဲ့သွားရတဲ့ခရီးတွေအောင်မြင်ဖု့ိရှိတယ်။

Sagittarius (November 22 – December 21)

လက်ရှိအချိန်မှာတော့ မိသားစုထဲမှာ အခက်အခဲတွေပြဿနာတွေနဲ့ ကြုံရဖို့ရှိတယ်။ ကိုယ်ပိုင်အလုပ်လုပ်ကိုင်နေသူတွေအတွက်တော့ လုပ်ငန်းကိုင်ငန်းတွေအောင်မြင်မယ်။ ကားကိုကိုယ်တိုင်မောင်းပြီး သွားလာတတ်သူတွေအတွက် အခုရက်ပိုင်းမှာ ကားမောင်းတာ အထူးသတိထားသင့်တယ်။ ရည်မှန်းပြီးလုပ်ဆောင်ထားတဲ့အလုပ်တွေ ကြိုတင်ကြံစည်ထားတဲ့ အကြံအစည်တွေမမျှော်လင့်ပဲ ပျက်ပြားသွားနိုင်လို့ အထူးသတိထားသင့်တယ်။ လမ်းမှားမရောက်အောင် ကိုယ်တိုင်ပဲ ပဲ့ပြင်ရမယ့်အချိန်ကာလပါ။ အချစ်ရေးကတော့ အေးချမ်းတည်ငြိမ်နေမှာဖြစ်ပြီး အခုအခြေအနေအတိုင်းပဲ တည်မြဲနေမယ်။ ခရီးသွားလာသင့်တဲ့အချိန်ကာလမဟုတ်သေးဘူး။

Capricorn (December 22 – Jan 19)

ဒီရက်ပိုင်းမှာတော့ တစ်ချိန်တည်းမှာ အလုပ်တွေအများကြီးပြီးအောင်လုပ်တာမျိုးကို ရှောင်ကြဉ်သင့်တယ်။ ကိုယ်ပိုင်အလုပ်လုပ်နေသူတွေအတွက် မကြာမီမှာပဲ အောင်မြင်မှုရဲ့အသီးအပွင့်တွေကိုခံစားရဖို့ရှိတယ်။ နောင်တမရချင်ရင်တော့ အခုရက်ပိုင်း မိသားစုနဲ့ဆက်ဆံပြောဆိုရာမှာအထူးသတိထားသင့်တယ်။ နည်းနည်းလောက်ပိုပြီး စိတ်ရှည်သည်းခံရုံနဲ့ အရာအားလုံးအဆင်ပြေလာမှာဖြစ်တယ်။ ဒီရက်ပိုင်းမှာ ကိုယ့်တစ်ဘဝလုံးနဲ့သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေချမှတ်တာမျိုးမလုပ်သင့်သေးပါ။ အချစ်ရေးမှာ ရည်းစားဟောင်းက သင့်ကို ပြန်တွဲချင်တာမျိုးရှိနိုင်လင့်ကစား သင့်ဘက်က ပြန်လက်မခံသင့်ဘူး။ ခရီးသွားလာသင့်တဲ့အချိန်အခါကောင်းမှာ ကျရောက်နေလို့ အပန်းဖြေခရီးတွေထွက်သင့်တယ်။

Aquarius (January 20 – February 18)

Aquarius တွေကတော့ အခုရက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ်ကျေနပ်နေမှာဖြစ်ပြီး သေချာရေရာတဲ့အနာဂတ်တစ်ခုကိုဖော်ဆောင်ဖို့ ခြေလှမ်းတွေ စလှမ်းနိုင်မှာဖြစ်တယ်။ ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ စိတ်လိုက်မာန်ပါမပြုမိစေဖို့သတိထားပါ။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချမှတ်သင့်တဲ့အချိန်ကာလမဟုတ်သေးတာကြောင့် ဆုံးဖြတ်ချက်ချမှတ်ဖို့ရှိရင် နောက်ကိုရွှေ့ထားသင့်ပါတယ်။ ဘဝအတွက်အရေးပါတဲ့အပြောင်းအလဲတွေနဲ့ ကြုံတွေ့ရဖို့ရှိတာမို့ မတုန်လှုပ်ပါနဲ့။ အပြောင်းအလဲတွေက သင့်ကို ဘဝစာမျက်နှာအသစ်ကိုပို့ဆောင်ပေးမှာဖြစ်တယ်။ အချစ်ရေးမှာတော့ ကိုယ့်အမှားတွေကို တောင်းပန်ဖို့ဝန်မလေးပါနဲ့။ ချစ်သူမရှိသေးတဲ့သူတွေက သုံးပွင့်ဆိုင်အချစ်ရေးတွေကြားကို ဝင်မိလျက်သားကြီးဖြစ်နေနိုင်လို့ သတိကြီးကြီးထားသင့်တယ်။ ခရီးသွားလာဖို့အသင့်တော်ဆုံးအချိန်ကာလတွေထဲမှာ ကျရောက်နေတယ်။

Pieces (February 19 – March 20)

လက်ရှိမှာ မိသားစုကိစ္စတွေနဲ့ပတ်သက်ပြီး စိတ်မအားလူမအားဖြစ်နေရမယ်။ ကိုယ့်အနားမှာရှိတဲ့လူတွေကို စိတ်ဆိုးဒေါသထွက်နေရမှာမို့ တတ်နိုင်သမျှ စိတ်ရှည်သည်းခံနိုင်အောင် ကြိုးစားသင့်တယ်။ အရာအားလုံးကို ပြီးပြည့်စုံအောင် လိုက်ထိန်းချုပ်နေတာမျိုးကို လျှော့ချပြီး အလိုက်သင့်လေးခဏလောက်နေဖို့ကြိုးစားပါ။ ဘဝကြီးက ပိုပြီးပျော်ရွှင်ဖို့ကောင်းလာတာ တွေ့ရလိမ့်မယ်။ စိတ်ဓာတ်ကျတာတွေ ဒီပရက်ရှင်ဝင်တာတွေဖြစ်လာနိုင်တဲ့ကာလဖြစ်တယ်။ အချစ်ရေးမှာတော့ တစ်ယောက်တည်းနေတာပိုကောင်းတယ်လို့အမြဲပဲတွေးမိနေမှာဖြစ်ပြီး တစ်ကိုယ်တည်းသမားတွေအနေနဲ့လည်း ရည်းစားရလာဖို့မရှိပါဘူး။ ခရီးသွားလာဖို့သင့်တော်တဲ့အချိန်ကာလဖြစ်တယ်။

အခုဖော်ပြသွားတာတွေကတော့ ပြောချင်လွန်းလို့ရဲ့ တစ်ပတ်စာဗေဒင်ဟောစာတမ်းဖြစ်ပါတယ်။ဟောစာတမ်းရဲ့ဖော်ပြချက်တွေနဲ့ ကိုယ့်ရာသီခွင်နဲ့ကိုက်ရဲ့လားဆိုတာလည်း ဖတ်ရှုပြီးပြောခဲ့ကြပါဦး။ နောက်အပတ်တွေမှာလည်းတစ်ပတ်စာဗေဒင်ဟောစာတမ်းတွေကို တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုကြပါဦး။