၁၇.၂.၂၀၂၀ မွ ၂၃.၂.၂၀၂၀အထိ ေျပာခ်င္လြန္းလို႔ တစ္ပတ္စာေဗဒင္ေဟာစာတမ္း

ေဗဒင္လကၡဏာပညာေတြဆိုတာက ဘုရားရွင္္လက္ထက္ကတည္းက ရွိခဲ့တဲ့အရာေတြျဖစ္ျပီးလူေတြရဲ႕ ၾကိဳတင္မျမင္နုိင္တဲ့ကံတရားကိုတြက္ခ်က္ခန္႔မွန္းပံုေဖာ္ျပီး မလုပ္သင့္တာမလုပ္ရေအာင္၊ အညံ့ေတြပေပ်ာက္ေအာင္၊ ၾကံတိုင္းေအာင္္ေဆာင္တိုင္းေျမာက္ေအာင္ တစ္ဖက္တစ္လမ္းက ကူညီေပးေနတဲ့ပညာရပ္တစ္ပါးျဖစ္ပါတယ္။ ေဗဒင္ၾကိဳက္တဲ့ပရိသတ္ၾကီးအတြက္ေရာ ေဗဒင္ေတြကုိ ေဆာင္ရန္ေရွာင္ရန္ေလာက္သာဖတ္ပါတယ္ဆိုတဲ့သူေတြအတြက္ေရာေျပာခ်င္လြန္းလို႔ရဲ႕ တစ္ပတ္စာေဗဒင္ေဟာစာတမ္းက႑ကို တင္ဆက္ေပးလိုက္ပါတယ္။

Aries (March 21- April 19)

March လ 21 ကေန April 19 ရက္အတြင္းေမြးဖြားတဲ့ Aries ရာသီဖြားေတြအတြက္ေတာ့ ဒီရက္ပိုင္းမွာ အခက္အခဲေတြနဲ႔ ၾကံဳေတြ႕နုိင္ေပမယ့္ အခက္အခဲေတြၾကားကေနပဲ ေပ်ာ္ရႊင္စရာေတြရွာေတြ႕မယ္။ တိုင္းေရးျပည္ေရး နုိင္ငံေရးေတြမွာ ဝင္မပါမိေအာင္ၾကိဳးစားပါ။ အလကားေနရင္း ရန္စခံရတာေတြနဲ႔ ၾကံဳေတြ႕ရမယ္။ စိတ္ရွည္ရွည္ထားျပီး ကုိုယ့္ကုိယ္ကိုယ္ထိန္းခ်ဳပ္နိုင္မွသာ ေအာင္ျမင္မႈရမယ္။ ေခါင္းမာမႈေတြကုိ ေလွ်ာ့ခ်သင့္တယ္။ ေတြ႕ၾကံဳလာရတဲ့အေျခအေနတိုင္းနဲ႔ လိုက္ေလ်ာညီေထြေနတတ္ေအာင္ အဆင္သင့္ျပင္ဆင္ထားသင့္တယ္။ အခ်စ္ေရးမွာေတာ့ နွလံုးသားက ခံစားရတာကုိ ဦးေနွာက္က ခြင့္မျပဳတဲ့အေျခအေနနဲ႔ ရင္ဆိုင္ေနရမယ္။ ခရီးေဝးေတြသြားလာဖို႔ သင့္ေတာ္တဲ့အခ်ိန္မဟုတ္ေသးဘူး။

Taurus (April 20 -May 20)

Taurus ရာသီဖြားေတြဟာ လက္တေလာမွာမိသားစုနဲ႔ အထူးအဆင္ေျပတဲ့ဆက္ဆံေရးမ်ိဳးရေနမွာျဖစ္ျပီး စိတ္ခ်မ္းသာစရာေကာင္းျပီး ေပ်ာ္ရႊင္ေနရမယ္။ ဆံုးျဖတ္ခ်က္ေတြခ်မွတ္ရာမွာ အရင္ကထက္ပုိုျပီး တိက်ေသခ်ာတဲ့ စဥ္းစားေတြးေခၚပံုမ်ိဳးေတြနဲ႔ စဥ္းစားနုိင္လာမယ္။ အေရးၾကီးတဲ့ျပႆနာေတြကုိ အေျဖရွာရာမွာ ေထာင့္ေပါင္းစံုက ေတြးတတ္ေအာင္ ေလ့က်င့္ထားပါ။ အခ်စ္ေရးမွာေတာ့ ကေတာက္ကဆေတြျဖစ္တဲ့အခါမွာ ကုိယ့္သေဘာထားကုိ ၾကမ္းတမ္းတဲ့နည္းနဲ႔ ထုတ္ေဖာ္ျပတာမ်ိဳးမလုပ္မိေအာင္ သတိထားသင့္တယ္။ ခရီးသြားလာဖို႔ သင့္ေတာ္တဲ့အခ်ိန္အခါေကာင္းမွာ က်ေရာက္ေနတယ္။

Gemini (May 21 – Jun 20)

အခုရက္ပိုင္းေတြမွာ Gemini ဖြားေတြအတြက္ အေပါင္းအသင္းနဲ႔ လုပ္ေဆာင္ရတဲ့လုပ္ငန္းေတြမွာ ေအာင္ျမင္မႈရမယ္။ ဘဝမွာ ကုိယ့္အေတြးအျမင္ေတြကုိ ေျပာင္းျပန္လွန္ပစ္လိုက္နုိင္ျပီး ပြင့္လင္းျမင္သာတဲ့ အေတြးအေခၚေတြရေအာင္ အလင္းဖြင့္ေပးမယ့္အသိုင္းအဝုိင္းေတြထဲကို ေရာက္သြားနုိင္တဲ့ ကာလျဖစ္တယ္။ ကုိယ့္အနီးအနားကလူေတြက ေပးတဲ့အၾကံအစည္ေတြကုိ မစဥ္းစားၾကည့္ပဲနဲ႔ တန္းျပီးျငင္းပယ္လိုက္တာမ်ဳိးမလုပ္သင့္ဘူး။ ေငြေရးေၾကးေရးနဲ႔ပတ္သက္ျပီးျပႆနာအနည္းငယ္ရွိမယ္။ အခ်စ္ေရးမွာေတာ့ စိတ္ရွည္သည္းခံရမယ့္ ကာလျဖစ္ေနျပီး ခ်စ္သူနဲ႔ ေသခ်ာေဆြးေႏြးညွိနိႈင္းရမယ့္ ကာလေတြကုိက်ေရာက္ေနတယ္။ ခရီးသြားလာမႈေတြမွာ ေအာင္ျမင္မယ္။

Cancer (Jun 21- July 22)

Cancer ရာသီဖြားေတြကေတာ့ ဒီရက္ပိုင္းမွာ အက်ဥ္းအၾကပ္ထဲေရာက္ေနသလုိခံစားေနရမယ္။ မိသားစုနဲ႔ပတ္သက္ျပီးေတာ့ တြန္းအားေပးခံရတာေတြ ဖိအားေပးခံရတာေတြနဲ႔ ျပည့္နွက္ေနမယ့္ကာလျဖစ္တယ္။ ဒါေပမယ့္အခ်ိန္ခဏတာလြန္သြားျပီးရင္ေတာ့ ေအာင္ျမင္မႈေတြရျပီး သာယာတဲ့ အခ်ိန္ေတြကုိ ပုိင္ဆိုင္လာရမွာျဖစ္တယ္။ ဘဝအတြက္အေရးပါတဲ့ အေျပာင္းအလဲေတြနဲ႔ ၾကံဳေတြ႕ရနုိင္တယ္။ ျပႆနာေတြနဲ႔ ထိပ္တိုက္ရင္ဆိုင္ဖို႔ထက္ ခရီးေတြထြက္ျပီးေရွာင္ရွားတဲ့နည္းလမ္းကုိအသံုးျပဳသင့္တယ္။ ခရီးလမ္းမွာ ကုိယ္တုိင္ကားေမာင္းတာမ်ဳိးေရွာင္ပါ။ အခ်စ္ေရးမွာေတာ့ စိတ္ရႈပ္စရာေတြနဲ႔ ၾကံဳေနရတတ္ျပီး ေဒါသထြက္စရာေတြၾကံဳတတ္တယ္။ အရာအားလံုးစုျပံဳျပီး အခ်စ္ေရးအေပၚသက္ေရာက္ေနနို္င္တာမို႔ သတိထားသင့္တဲ့အခ်ိန္ကာလျဖစ္တယ္။

Leo (Jul 23 – August 22)

Leo ရာသီဖြားေတြအေနနဲ႔ အခုရက္ပိုင္းမွာ ကိုယ့္မ်က္ေခ်းကုိယ္မျမင္သလိုျဖစ္ေနတတ္ျပီး ကိုယ့္အမွားကုိ သိရက္နဲ႔ ျပင္ဖု႔ိခက္ေနတတ္တယ္။ ကုိယ့္လုပ္ရပ္ေတြကုိ အျပည့္အဝတာဝန္ယူျခင္းက သင့္ကုိေအာင္ျမင္မႈေတြရေစလိမ့္မယ္။ ျပႆနာေတြကုိေျဖရွင္းဖို႔နည္းလမ္းရွာတဲ့အခါ ခံစားခ်က္ေတြကိုေဘးခ်ိတ္ထားမွသာ မွန္ကန္တဲ့နည္းလမ္းနဲ႔ ေျဖရွင္းနုိင္မွာျဖစ္တယ္။ ရာထူးၾကီးတဲ့လူေတြဆီက အကူအညီရနုိင္တယ္။ ေငြေရးေၾကးေရးအေပ်ာက္အရွရွိနုိင္လို႔ သတိထားသင့္တယ္။ ခရီးသြားဖို႔သင့္တဲ့အခ်ိန္ကာလျဖစ္လင့္ကစား ခရီးသြားဖုိ႔လံုေလာက္တာထက္ ပုိလွ်ံတဲ့ပုိက္ဆံရွိမွ သြားလာသင့္တယ္။ အခ်စ္ေရးမွာေတာ့ ျပႆနာေတြရွင္းေနရမယ္။ ကုိယ္လုပ္ခဲ့တာေတြကုိ္ယ္ တာဝန္ယူေျဖရွင္းေနရမယ့္ကာလျဖစ္ေနမယ္။

Virgo (Aug 23 – September 22)

Virgo ရာသီဖြားေတြအတြက္ ဒီရက္ပိုင္းမွာ အေျပာင္းအလဲေတြၾကားဘုမသိဘမသိနဲ႔ ေမ်ာပါေနရတဲ့ခံစားခ်က္ၾကီးျဖစ္ေနမယ္။ သင့္အတြက္ ေကာင္းမြန္တဲ့ အၾကံဥာဏ္ေတြ အေထာက္အပံ့ေတြေပးမယ့္ မိိတ္ေဆြသစ္ေတြရမယ္။ စိတ္ထဲမွာ ၾကံစည္ထားတဲ့ အၾကံအစည္ေတြကုိ ေသခ်ာဂရုစိုက္ျပီး အေကာင္အထည္ေဖာ္မယ္ဆိုရင္ ေအာင္ျမင္မႈကို မလြဲမေသြရမွာျဖစ္တယ္။ အခ်စ္ေရးမွာေတာ့ တစ္ဖက္သတ္ၾကီးသည္းခံရသလုိ ခံစားေနရမယ္။ ခရီးသြားလာသင့္တဲ့အခ်ိန္ကာလျဖစ္ေပမယ့္ ၾကိဳတင္ၾကံစည္ထားတဲ့ ခရီးေတြကုိသာသြားလာသင့္တယ္။ ေအာင္ျမင္မႈေတြနဲ႔ပတ္သက္ျပီး မၾကြားဝါမိေအာင္သတိထားသင့္တယ္။

Libra (September 23 – October 22)

Libra ေတြအတြက္ကေတာ့ ဒီရက္ပိုင္းမွာ အမွားအယြင္းေတြလုပ္မိျပီး ဆံုးရံႈးမႈေတြရွိနုိင္တယ္။ ေငြေရးေၾကးေရးနဲ႔ ပစၥည္းဆံုးရံႈးမႈေတြေၾကာင့္ စိတ္ညစ္ရမယ္။ အေရးၾကီးတဲ့ ကိစၥတစ္ခုခုကိုမလုပ္မိခင္ စိတ္ရွည္ရွည္ထားျပီး ေသခ်ာစဥ္းစားဆံုးျဖတ္သင့္တယ္။ ဒါေပမယ့္ ကုိယ့္ကုိ ကူညီတဲ့လူေတြေၾကာင့္ အလုပ္မွာ ေအာင္ျမင္မႈေတြရရွိမယ့္ကာလလည္းျဖစ္တယ္။ ၾကိဳတင္ခ်ိန္းဆိုထားတဲ့ ေတြ႕ဆံုမႈေတြ ပ်က္သြားနိုင္ေခ်ရွိတယ္။ အခ်စ္ေရးမွာေတာ့ စိတ္မူမမွန္ပဲျဖစ္ေနတာေၾကာင့္ခ်စ္သူနဲ႔ မၾကာခဏစကားမ်ားရမယ္။ စိတ္တည္ျငိမ္ေအာင္ တရားထုိင္သင့္တယ္။ အပန္းေျဖခရီးေတြထြက္သင့္တဲ့အခ်ိန္ကာလျဖစ္တယ္။

Scorpio (October 23 – November 21)

Scorpio ရာသီဖြားေတြအေနနဲ႔ အခုတေလာမွာ ေအာင္ျမင္မႈရရွိဖို႔အတြက္ ကုိယ့္ကုိယ္ကုိယ္ယံုၾကည္မႈနဲ႔ အေကာင္းျမင္စိတ္ေတြရွိဖို႔ လိုအပ္တယ္။ ကုိယ့္ကုိထိခိုက္ေစနုိင္တဲ့ မယံုၾကည္ရတဲ့ ဘယ္လိုအၾကံဥာဏ္မ်ိဳးကုိမွ ယံုၾကည္ျပီး စြန္႔စားတာမ်ဳိးမလုပ္ပါနဲ႔။ အခုရက္ပုိင္းမွာ ဘယ္သူ႔ကုိမွ ပုိက္ဆံေခ်းေပးတာမ်ိဳးမလုပ္သင့္ဘူး။အရင္ကတည္းက စဥ္းစားထားတဲ့အနာဂတ္အၾကံအစည္ေတြကုိ အေကာင္အထည္ေဖာ္သင့္တဲ့ကာလျဖစ္တယ္။ အိပ္မက္ေတြတကယ္ျဖစ္လာနုိင္မယ့္ အခြင့္အေရးေကာင္းတစ္ခုေပၚလာနုိင္တာမို႔ ေသခ်ာဖမ္းဆုပ္နုိင္ေအာင္ၾကိဳးစားပါ။ အခ်စ္ေရးမွာေတာ့ ကုိယ့္ခ်စ္သူအေပၚလစ္ဟာခဲ့တဲ့ ပ်က္ကြက္ျခင္းေတြအတြက္ ျပန္ေပးဆပ္သင့္တဲ့အခ်ိန္ျဖစ္တယ္။ ခရီးသြားလာသင့္တဲ့အခ်ိန္ကာလမဟုတ္ေသးဘူး။

Sagittarius (November 22 – December 21)

လက္ရွိအခ်ိန္မွာေတာ့ ကုိယ္ၾကိဳးစားထားတဲ့အလုပ္ေတြျပီးေျမာက္ေအာင္ျမင္သြားမယ္။ သတင္းေကာင္းေတြၾကားရမယ့္ ကာလျဖစ္တယ္။ အသိမိ္တ္ေဆြအသစ္ေတြရမွာျဖစ္ျပီး အဲဒီအသိမိိတ္ေဆြေတြေၾကာင့္ ဒုကၡေရာက္နုိင္တဲ့ကာလျဖစ္တယ္။ စိတ္ကူးယဥ္ေနတာေတြကုိေလွ်ာ့ခ်ျပီး လက္ေတြ႕ဆန္တဲ့အၾကံအစည္ေတြနဲ႔ ဘဝကုိတည္ေဆာက္သင့္တယ္။ အခ်စ္ေရးမွာ ထူးျခားတဲ့အေျပာင္းအလဲေတြနဲ႔ၾကံဳေတြ႕နုိင္ျပီး အိမ္ေထာင္ရွင္ေတြအေနနဲ႔ေတာ့ အိမ္ေထာင္ဖက္နဲ႔ မသက္ဆိုင္ပဲ ကုိယ္နဲ႔ပဲပက္သက္မယ့္အေျပာင္းအလဲေတြရွိနုိင္တယ္။ ခရီးသြားလာသင့္တဲ့အခ်ိန္အခါေကာင္းမွာ က်ေရာက္ေနတယ္။

Capricorn (December 22 – Jan 19)

ဒီရက္ပိုင္္းမွာေတာ့ စိတ္ရွည္သည္းခံျပီး ကုိယ္ဦးတည္ရာကို တစုိက္မတ္မတ္လုပ္ျခင္းနဲ႔ အရာရာကုိေအာင္ျမင္နုိင္မွာျဖစ္လင့္ကစား ျပႆနာအၾကီးၾကီးေတြနဲ႔လည္း ရင္ဆိုင္ရနုိင္တယ္။ စိတ္ထဲမွာ စိတ္ခံစားခ်က္ေတြမ်ားေနတာေၾကာင့္ မွန္မွန္ကန္ကန္စဥ္းစားဆင္ျခင္နုိင္စြမ္းေပ်ာက္ဆံုးျပီး ကုိယ့္ရဲ႕ဆဌမအာရံုကိုမယံုၾကည္မိပဲ ဒုကၡေရာက္တတ္တယ္။စိတ္ထဲမွာ ျဖစ္ခ်င္တာက တစ္မ်ိဳး တကယ္တမ္းျဖစ္ေနတာက တစ္မ်ဳိးျဖစ္ေနမယ္။ အခုအခ်ိန္မွာ ေျပာင္းလဲသင့္တာေတြကုိ မေျပာင္းလဲပဲထားရင္ အနာဂတ္မွာ ျပႆနာတက္လာနုိင္တယ္။ ဒီရက္ပုိင္းမွာအႏၱရာယ္ေတြကုိ ေရွာင္ရွားဖို႔ ကုိယ္သြားေနက် လမ္းေတြကေနမသြားပဲ အျခားလမ္းအသစ္ေတြကုိရွာေဖြျပီးသြားသင့္တယ္။ နုိ္္င္ငံရပ္ျခားကုိ ခရီးသြားလာျခင္းမ်ိဳး မျပဳလုပ္သင့္ဘူး။

Aquarius (January 20 – February 18)

Aquarius ေတြကေတာ့ အခုရက္ပိုင္းမွာ ကုိယ္နဲ႔မဆိုင္တဲ့ ဒရာမာေတြ အရႈပ္အေထြးကုိ ေဝါင္ေဝါင္ေရွးရမယ့္ ကာလျဖစ္တယ္။ ဒီရက္ပုိင္းမွာ အလုပ္ေျပာင္း၊အိမ္ေျပာင္း၊ခ်စ္သူရည္းစားေျပာင္းရတာေတြျဖစ္လာနုိင္ျပီး ဘဝက လမ္းေၾကာင္းအသစ္ေပၚကုိေရာက္ေနမွာျဖစ္တယ္။အဲဒီလမ္းေၾကာင္းအသစ္က ကုိယ့္အတြက္ေကာင္းဖို႔ျဖစ္လာမယ္။ ဒီအခ်ိန္အတြင္းျပဳလုပ္မိမယ့္ အစီအစဥ္ေတြအၾကံဥာဏ္ေတြက ေကာင္းက်ိဳးေပးမယ္။ အကူအညီေတြကုိ ျငင္းပယ္ျခင္းမျပဳသင့္ဘူး။ အခ်စ္ေရးမွာေတာ့ကုိယ့္ခ်စ္သူစိတ္ထဲမွာ ဘာေတြရွိမလဲ ခန္႔မွန္းရခက္တဲ့ကာလျဖစ္ေနေပမယ့္ သိပ္မၾကာခင္ တစ္စံုတစ္ရာ ျပတ္ျပတ္သားသားသိရဖို႔ရွိတာေၾကာင့္ စိတ္ကုိျပင္ဆင္ထားသင့္တယ္။ နုိင္ငံရပ္ျခားေတြကုိ အပန္းေျဖခရိီးထြက္သင့္တဲ့ကာလျဖစ္တယ္။

Pieces (February 19 – March 20)

လက္ရွိမွာ စည္းကမ္းလိုက္နာျပီး အလုပ္ၾကိဳးစားမႈက သင့္ကုိ ေအာင္ျမင္ေစမွာျဖစ္တယ္။ အင္အားၾကီးျပီး လုပ္ပုိင္ခြင့္ရွိတဲ့သူေတြရဲ႕ ဖိနွိပ္မႈကုိခံရနုိင္တယ္။ ဒီရက္ပုိုင္းမွာ စိတ္ရွည္သည္းခံသင့္ျပီး အရာအားလံုးကုိ တျပိဳင္နက္လုပ္ဖို႔ၾကိဳးစားတတ္တဲ့အက်င့္ကိုေလွ်ာ့ခ်သင့္တဲ့ကာလျဖစ္တယ္။ ကားလမ္းကူးတာေတြသတိထားသင့္တဲ့ကာလျဖစ္သလုိ ကားေမာင္းရတဲ့သူျဖစ္ရင္လည္း အထူးတလည္သတိထားသင့္တယ္။ ေငြေရးေၾကးေရးအေပ်ာက္အဆံုးရွိနုိင္လုိ႔ ဂရုစိုက္ပါ။ အခ်စ္ေရးမွာေတာ့ ကုိ္ယ္ေတာင္မသိလုိက္ပဲ တစ္ဖက္လူကုိ နာက်င္ေအာင္လုပ္မိသလုိျဖစ္ေနတာေတြကုိ ဂရုစိုက္ထိန္းခ်ဳပ္သင့္တဲ့ကာလျဖစ္တယ္။ ခရီးသြားလာသင့္တဲ့အခ်ိန္ကာလမဟုတ္ေသးဘူး။

အခုေဖာ္ျပသြားတာေတြကေတာ့ ေျပာခ်င္လြန္းလို႔ရဲ႕ တစ္ပတ္စာေဗဒင္ေဟာစာတမ္းျဖစ္ပါတယ္။ေဟာစာတမ္းရဲ႕ေဖာ္ျပခ်က္ေတြနဲ႔ ကုိယ့္ရာသီခြင္နဲ႔ကုိက္ရဲ႕လားဆိုတာလည္း ဖတ္ရႈျပီးေျပာခဲ့ၾကပါဦး။ ေနာက္အပတ္ေတြမွာလည္းတစ္ပတ္စာေဗဒင္ေဟာစာတမ္းေတြကုိ တင္ဆက္ေပးသြားမွာျဖစ္လို႔ ေစာင့္ေမွ်ာ္ဖတ္ရႈၾကပါဦး။

Unicode

ဗေဒင်လက္ခဏာပညာတွေဆိုတာက ဘုရားရှင်လက်ထက်ကတည်းက ရှိခဲ့တဲ့အရာတွေဖြစ်ပြီးလူတွေရဲ့ ကြိုတင်မမြင်နိုင်တဲ့ကံတရားကိုတွက်ချက်ခန့်မှန်းပုံဖော်ပြီး မလုပ်သင့်တာမလုပ်ရအောင်၊ အညံ့တွေပပျောက်အောင်၊ ကြံတိုင်းအောင်ဆောင်တိုင်းမြောက်အောင် တစ်ဖက်တစ်လမ်းက ကူညီပေးနေတဲ့ပညာရပ်တစ်ပါးဖြစ်ပါတယ်။ ဗေဒင်ကြိုက်တဲ့ပရိသတ်ကြီးအတွက်ရော ဗေဒင်တွေကို ဆောင်ရန်ရှောင်ရန်လောက်သာဖတ်ပါတယ်ဆိုတဲ့သူတွေအတွက်ရောပြောချင်လွန်းလို့ရဲ့ တစ်ပတ်စာဗေဒင်ဟောစာတမ်းကဏ္ဍကို တင်ဆက်ပေးလိုက်ပါတယ်။

Aries (March 21- April 19)

March လ 21 ကနေ April 19 ရက်အတွင်းမွေးဖွားတဲ့ Aries ရာသီဖွားတွေအတွက်တော့ ဒီရက်ပိုင်းမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နိုင်ပေမယ့် အခက်အခဲတွေကြားကနေပဲ ပျော်ရွှင်စရာတွေရှာတွေ့မယ်။ တိုင်းရေးပြည်ရေး နိုင်ငံရေးတွေမှာ ဝင်မပါမိအောင်ကြိုးစားပါ။ အလကားနေရင်း ရန်စခံရတာတွေနဲ့ ကြုံတွေ့ရမယ်။ စိတ်ရှည်ရှည်ထားပြီး ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်မှသာ အောင်မြင်မှုရမယ်။ ခေါင်းမာမှုတွေကို လျှော့ချသင့်တယ်။ တွေ့ကြုံလာရတဲ့အခြေအနေတိုင်းနဲ့ လိုက်လျောညီထွေနေတတ်အောင် အဆင်သင့်ပြင်ဆင်ထားသင့်တယ်။ အချစ်ရေးမှာတော့ နှလုံးသားက ခံစားရတာကို ဦးနှောက်က ခွင့်မပြုတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရမယ်။ ခရီးဝေးတွေသွားလာဖို့ သင့်တော်တဲ့အချိန်မဟုတ်သေးဘူး။

Taurus (April 20 -May 20)

Taurus ရာသီဖွားတွေဟာ လက်တလောမှာမိသားစုနဲ့ အထူးအဆင်ပြေတဲ့ဆက်ဆံရေးမျိုးရနေမှာဖြစ်ပြီး စိတ်ချမ်းသာစရာကောင်းပြီး ပျော်ရွှင်နေရမယ်။ ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ အရင်ကထက်ပိုပြီး တိကျသေချာတဲ့ စဉ်းစားတွေးခေါ်ပုံမျိုးတွေနဲ့ စဉ်းစားနိုင်လာမယ်။ အရေးကြီးတဲ့ပြဿနာတွေကို အဖြေရှာရာမှာ ထောင့်ပေါင်းစုံက တွေးတတ်အောင် လေ့ကျင့်ထားပါ။ အချစ်ရေးမှာတော့ ကတောက်ကဆတွေဖြစ်တဲ့အခါမှာ ကိုယ့်သဘောထားကို ကြမ်းတမ်းတဲ့နည်းနဲ့ ထုတ်ဖော်ပြတာမျိုးမလုပ်မိအောင် သတိထားသင့်တယ်။ ခရီးသွားလာဖို့ သင့်တော်တဲ့အချိန်အခါကောင်းမှာ ကျရောက်နေတယ်။

Gemini (May 21 – Jun 20)

အခုရက်ပိုင်းတွေမှာ Gemini ဖွားတွေအတွက် အပေါင်းအသင်းနဲ့ လုပ်ဆောင်ရတဲ့လုပ်ငန်းတွေမှာ အောင်မြင်မှုရမယ်။ ဘဝမှာ ကိုယ့်အတွေးအမြင်တွေကို ပြောင်းပြန်လှန်ပစ်လိုက်နိုင်ပြီး ပွင့်လင်းမြင်သာတဲ့ အတွေးအခေါ်တွေရအောင် အလင်းဖွင့်ပေးမယ့်အသိုင်းအဝိုင်းတွေထဲကို ရောက်သွားနိုင်တဲ့ ကာလဖြစ်တယ်။ ကိုယ့်အနီးအနားကလူတွေက ပေးတဲ့အကြံအစည်တွေကို မစဉ်းစားကြည့်ပဲနဲ့ တန်းပြီးငြင်းပယ်လိုက်တာမျိုးမလုပ်သင့်ဘူး။ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီးပြဿနာအနည်းငယ်ရှိမယ်။ အချစ်ရေးမှာတော့ စိတ်ရှည်သည်းခံရမယ့် ကာလဖြစ်နေပြီး ချစ်သူနဲ့ သေချာဆွေးနွေးညှိနှိုင်းရမယ့် ကာလတွေကိုကျရောက်နေတယ်။ ခရီးသွားလာမှုတွေမှာ အောင်မြင်မယ်။

Cancer (Jun 21- July 22)

Cancer ရာသီဖွားတွေကတော့ ဒီရက်ပိုင်းမှာ အကျဉ်းအကြပ်ထဲရောက်နေသလိုခံစားနေရမယ်။ မိသားစုနဲ့ပတ်သက်ပြီးတော့ တွန်းအားပေးခံရတာတွေ ဖိအားပေးခံရတာတွေနဲ့ ပြည့်နှက်နေမယ့်ကာလဖြစ်တယ်။ ဒါပေမယ့်အချိန်ခဏတာလွန်သွားပြီးရင်တော့ အောင်မြင်မှုတွေရပြီး သာယာတဲ့ အချိန်တွေကို ပိုင်ဆိုင်လာရမှာဖြစ်တယ်။ ဘဝအတွက်အရေးပါတဲ့ အပြောင်းအလဲတွေနဲ့ ကြုံတွေ့ရနိုင်တယ်။ ပြဿနာတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ထက် ခရီးတွေထွက်ပြီးရှောင်ရှားတဲ့နည်းလမ်းကိုအသုံးပြုသင့်တယ်။ ခရီးလမ်းမှာ ကိုယ်တိုင်ကားမောင်းတာမျိုးရှောင်ပါ။ အချစ်ရေးမှာတော့ စိတ်ရှုပ်စရာတွေနဲ့ ကြုံနေရတတ်ပြီး ဒေါသထွက်စရာတွေကြုံတတ်တယ်။ အရာအားလုံးစုပြုံပြီး အချစ်ရေးအပေါ်သက်ရောက်နေနိုင်တာမို့ သတိထားသင့်တဲ့အချိန်ကာလဖြစ်တယ်။

Leo (Jul 23 – August 22)

Leo ရာသီဖွားတွေအနေနဲ့ အခုရက်ပိုင်းမှာ ကိုယ့်မျက်ချေးကိုယ်မမြင်သလိုဖြစ်နေတတ်ပြီး ကိုယ့်အမှားကို သိရက်နဲ့ ပြင်ဖု့ိခက်နေတတ်တယ်။ ကိုယ့်လုပ်ရပ်တွေကို အပြည့်အဝတာဝန်ယူခြင်းက သင့်ကိုအောင်မြင်မှုတွေရစေလိမ့်မယ်။ ပြဿနာတွေကိုဖြေရှင်းဖို့နည်းလမ်းရှာတဲ့အခါ ခံစားချက်တွေကိုဘေးချိတ်ထားမှသာ မှန်ကန်တဲ့နည်းလမ်းနဲ့ ဖြေရှင်းနိုင်မှာဖြစ်တယ်။ ရာထူးကြီးတဲ့လူတွေဆီက အကူအညီရနိုင်တယ်။ ငွေရေးကြေးရေးအပျောက်အရှရှိနိုင်လို့ သတိထားသင့်တယ်။ ခရီးသွားဖို့သင့်တဲ့အချိန်ကာလဖြစ်လင့်ကစား ခရီးသွားဖို့လုံလောက်တာထက် ပိုလျှံတဲ့ပိုက်ဆံရှိမှ သွားလာသင့်တယ်။ အချစ်ရေးမှာတော့ ပြဿနာတွေရှင်းနေရမယ်။ ကိုယ်လုပ်ခဲ့တာတွေကိုယ် တာဝန်ယူဖြေရှင်းနေရမယ့်ကာလဖြစ်နေမယ်။

Virgo (Aug 23 – September 22)

Virgo ရာသီဖွားတွေအတွက် ဒီရက်ပိုင်းမှာ အပြောင်းအလဲတွေကြားဘုမသိဘမသိနဲ့ မျောပါနေရတဲ့ခံစားချက်ကြီးဖြစ်နေမယ်။ သင့်အတွက် ကောင်းမွန်တဲ့ အကြံဉာဏ်တွေ အထောက်အပံ့တွေပေးမယ့် မိတ်ဆွေသစ်တွေရမယ်။ စိတ်ထဲမှာ ကြံစည်ထားတဲ့ အကြံအစည်တွေကို သေချာဂရုစိုက်ပြီး အကောင်အထည်ဖော်မယ်ဆိုရင် အောင်မြင်မှုကို မလွဲမသွေရမှာဖြစ်တယ်။ အချစ်ရေးမှာတော့ တစ်ဖက်သတ်ကြီးသည်းခံရသလို ခံစားနေရမယ်။ ခရီးသွားလာသင့်တဲ့အချိန်ကာလဖြစ်ပေမယ့် ကြိုတင်ကြံစည်ထားတဲ့ ခရီးတွေကိုသာသွားလာသင့်တယ်။ အောင်မြင်မှုတွေနဲ့ပတ်သက်ပြီး မကြွားဝါမိအောင်သတိထားသင့်တယ်။

Libra (September 23 – October 22)

Libra တွေအတွက်ကတော့ ဒီရက်ပိုင်းမှာ အမှားအယွင်းတွေလုပ်မိပြီး ဆုံးရှုံးမှုတွေရှိနိုင်တယ်။ ငွေရေးကြေးရေးနဲ့ ပစ္စည်းဆုံးရှုံးမှုတွေကြောင့် စိတ်ညစ်ရမယ်။ အရေးကြီးတဲ့ ကိစ္စတစ်ခုခုကိုမလုပ်မိခင် စိတ်ရှည်ရှည်ထားပြီး သေချာစဉ်းစားဆုံးဖြတ်သင့်တယ်။ ဒါပေမယ့် ကိုယ့်ကို ကူညီတဲ့လူတွေကြောင့် အလုပ်မှာ အောင်မြင်မှုတွေရရှိမယ့်ကာလလည်းဖြစ်တယ်။ ကြိုတင်ချိန်းဆိုထားတဲ့ တွေ့ဆုံမှုတွေ ပျက်သွားနိုင်ချေရှိတယ်။ အချစ်ရေးမှာတော့ စိတ်မူမမှန်ပဲဖြစ်နေတာကြောင့်ချစ်သူနဲ့ မကြာခဏစကားများရမယ်။ စိတ်တည်ငြိမ်အောင် တရားထိုင်သင့်တယ်။ အပန်းဖြေခရီးတွေထွက်သင့်တဲ့အချိန်ကာလဖြစ်တယ်။

Scorpio (October 23 – November 21)

Scorpio ရာသီဖွားတွေအနေနဲ့ အခုတလောမှာ အောင်မြင်မှုရရှိဖို့အတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ အကောင်းမြင်စိတ်တွေရှိဖို့ လိုအပ်တယ်။ ကိုယ့်ကိုထိခိုက်စေနိုင်တဲ့ မယုံကြည်ရတဲ့ ဘယ်လိုအကြံဉာဏ်မျိုးကိုမှ ယုံကြည်ပြီး စွန့်စားတာမျိုးမလုပ်ပါနဲ့။ အခုရက်ပိုင်းမှာ ဘယ်သူ့ကိုမှ ပိုက်ဆံချေးပေးတာမျိုးမလုပ်သင့်ဘူး။အရင်ကတည်းက စဉ်းစားထားတဲ့အနာဂတ်အကြံအစည်တွေကို အကောင်အထည်ဖော်သင့်တဲ့ကာလဖြစ်တယ်။ အိပ်မက်တွေတကယ်ဖြစ်လာနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုပေါ်လာနိုင်တာမို့ သေချာဖမ်းဆုပ်နိုင်အောင်ကြိုးစားပါ။ အချစ်ရေးမှာတော့ ကိုယ့်ချစ်သူအပေါ်လစ်ဟာခဲ့တဲ့ ပျက်ကွက်ခြင်းတွေအတွက် ပြန်ပေးဆပ်သင့်တဲ့အချိန်ဖြစ်တယ်။ ခရီးသွားလာသင့်တဲ့အချိန်ကာလမဟုတ်သေးဘူး။

Sagittarius (November 22 – December 21)

လက်ရှိအချိန်မှာတော့ ကိုယ်ကြိုးစားထားတဲ့အလုပ်တွေပြီးမြောက်အောင်မြင်သွားမယ်။ သတင်းကောင်းတွေကြားရမယ့် ကာလဖြစ်တယ်။ အသိမိတ်ဆွေအသစ်တွေရမှာဖြစ်ပြီး အဲဒီအသိမိတ်ဆွေတွေကြောင့် ဒုက္ခရောက်နိုင်တဲ့ကာလဖြစ်တယ်။ စိတ်ကူးယဉ်နေတာတွေကိုလျှော့ချပြီး လက်တွေ့ဆန်တဲ့အကြံအစည်တွေနဲ့ ဘဝကိုတည်ဆောက်သင့်တယ်။ အချစ်ရေးမှာ ထူးခြားတဲ့အပြောင်းအလဲတွေနဲ့ကြုံတွေ့နိုင်ပြီး အိမ်ထောင်ရှင်တွေအနေနဲ့တော့ အိမ်ထောင်ဖက်နဲ့ မသက်ဆိုင်ပဲ ကိုယ်နဲ့ပဲပက်သက်မယ့်အပြောင်းအလဲတွေရှိနိုင်တယ်။ ခရီးသွားလာသင့်တဲ့အချိန်အခါကောင်းမှာ ကျရောက်နေတယ်။

Capricorn (December 22 – Jan 19)

ဒီရက်ပိုင်းမှာတော့ စိတ်ရှည်သည်းခံပြီး ကိုယ်ဦးတည်ရာကို တစိုက်မတ်မတ်လုပ်ခြင်းနဲ့ အရာရာကိုအောင်မြင်နိုင်မှာဖြစ်လင့်ကစား ပြဿနာအကြီးကြီးတွေနဲ့လည်း ရင်ဆိုင်ရနိုင်တယ်။ စိတ်ထဲမှာ စိတ်ခံစားချက်တွေများနေတာကြောင့် မှန်မှန်ကန်ကန်စဉ်းစားဆင်ခြင်နိုင်စွမ်းပျောက်ဆုံးပြီး ကိုယ့်ရဲ့ဆဌမအာရုံကိုမယုံကြည်မိပဲ ဒုက္ခရောက်တတ်တယ်။စိတ်ထဲမှာ ဖြစ်ချင်တာက တစ်မျိုး တကယ်တမ်းဖြစ်နေတာက တစ်မျိုးဖြစ်နေမယ်။ အခုအချိန်မှာ ပြောင်းလဲသင့်တာတွေကို မပြောင်းလဲပဲထားရင် အနာဂတ်မှာ ပြဿနာတက်လာနိုင်တယ်။ ဒီရက်ပိုင်းမှာအန္တရာယ်တွေကို ရှောင်ရှားဖို့ ကိုယ်သွားနေကျ လမ်းတွေကနေမသွားပဲ အခြားလမ်းအသစ်တွေကိုရှာဖွေပြီးသွားသင့်တယ်။ နို်င်ငံရပ်ခြားကို ခရီးသွားလာခြင်းမျိုး မပြုလုပ်သင့်ဘူး။

Aquarius (January 20 – February 18)

Aquarius တွေကတော့ အခုရက်ပိုင်းမှာ ကိုယ်နဲ့မဆိုင်တဲ့ ဒရာမာတွေ အရှုပ်အထွေးကို ဝေါင်ဝေါင်ရှေးရမယ့် ကာလဖြစ်တယ်။ ဒီရက်ပိုင်းမှာ အလုပ်ပြောင်း၊အိမ်ပြောင်း၊ချစ်သူရည်းစားပြောင်းရတာတွေဖြစ်လာနိုင်ပြီး ဘဝက လမ်းကြောင်းအသစ်ပေါ်ကိုရောက်နေမှာဖြစ်တယ်။အဲဒီလမ်းကြောင်းအသစ်က ကိုယ့်အတွက်ကောင်းဖို့ဖြစ်လာမယ်။ ဒီအချိန်အတွင်းပြုလုပ်မိမယ့် အစီအစဉ်တွေအကြံဉာဏ်တွေက ကောင်းကျိုးပေးမယ်။ အကူအညီတွေကို ငြင်းပယ်ခြင်းမပြုသင့်ဘူး။ အချစ်ရေးမှာတော့ကိုယ့်ချစ်သူစိတ်ထဲမှာ ဘာတွေရှိမလဲ ခန့်မှန်းရခက်တဲ့ကာလဖြစ်နေပေမယ့် သိပ်မကြာခင် တစ်စုံတစ်ရာ ပြတ်ပြတ်သားသားသိရဖို့ရှိတာကြောင့် စိတ်ကိုပြင်ဆင်ထားသင့်တယ်။ နိုင်ငံရပ်ခြားတွေကို အပန်းဖြေခရီးထွက်သင့်တဲ့ကာလဖြစ်တယ်။

Pieces (February 19 – March 20)

လက်ရှိမှာ စည်းကမ်းလိုက်နာပြီး အလုပ်ကြိုးစားမှုက သင့်ကို အောင်မြင်စေမှာဖြစ်တယ်။ အင်အားကြီးပြီး လုပ်ပိုင်ခွင့်ရှိတဲ့သူတွေရဲ့ ဖိနှိပ်မှုကိုခံရနိုင်တယ်။ ဒီရက်ပိုင်းမှာ စိတ်ရှည်သည်းခံသင့်ပြီး အရာအားလုံးကို တပြိုင်နက်လုပ်ဖို့ကြိုးစားတတ်တဲ့အကျင့်ကိုလျှော့ချသင့်တဲ့ကာလဖြစ်တယ်။ ကားလမ်းကူးတာတွေသတိထားသင့်တဲ့ကာလဖြစ်သလို ကားမောင်းရတဲ့သူဖြစ်ရင်လည်း အထူးတလည်သတိထားသင့်တယ်။ ငွေရေးကြေးရေးအပျောက်အဆုံးရှိနိုင်လို့ ဂရုစိုက်ပါ။ အချစ်ရေးမှာတော့ ကိုယ်တောင်မသိလိုက်ပဲ တစ်ဖက်လူကို နာကျင်အောင်လုပ်မိသလိုဖြစ်နေတာတွေကို ဂရုစိုက်ထိန်းချုပ်သင့်တဲ့ကာလဖြစ်တယ်။ ခရီးသွားလာသင့်တဲ့အချိန်ကာလမဟုတ်သေးဘူး။

အခုဖော်ပြသွားတာတွေကတော့ ပြောချင်လွန်းလို့ရဲ့ တစ်ပတ်စာဗေဒင်ဟောစာတမ်းဖြစ်ပါတယ်။ဟောစာတမ်းရဲ့ဖော်ပြချက်တွေနဲ့ ကိုယ့်ရာသီခွင်နဲ့ကိုက်ရဲ့လားဆိုတာလည်း ဖတ်ရှုပြီးပြောခဲ့ကြပါဦး။ နောက်အပတ်တွေမှာလည်းတစ်ပတ်စာဗေဒင်ဟောစာတမ်းတွေကို တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုကြပါဦး။