ႏြမ္းပါးတဲ့ ဖရဲသီးသည္အဖြားကုိ ကူညီရင္းနဲ႔ ကုသုိလ္နွစ္မ်ိဳးရေအာင္ ယူလိုက္တဲ့ ေမဦး

ေမဦးဟာ ကုိယ္ပုိင္အရည္အခ်င္းနဲ႔ ေအာင္ျမင္ေက်ာ္ၾကားလာတဲ့ မိိတ္ကပ္ပညာရွင္တစ္ဦးျဖစ္ျပီး မိတ္ကပ္တင္မက ဆံပင္အတြက္လိုအပ္တဲ့ accessories ေလးေတြကုိပါ အေသးစိတ္ handmade ေလးေတြစိတ္ရွည္ရွည္နဲ႔လုပ္ျပီး customer ေတြကုိျပင္ေပးတတ္တာေလးေတြေၾကာင့္လည္း အနုပညာရွင္ေတြအျပင္ အလွအပျမတ္နိုးသူေတြရဲ႕အသည္းစြဲ ထိပ္တန္းမိတ္ကပ္ပညာရွင္ေလးျဖစ္ေနတာပါ။ ေမဦးမွာ သူသိပ္ခ်စ္ရတဲ့ပါရမီျဖည့္ဖက္ ဟန္လင္းကုိလည္း ပုိင္ဆိုင္ထားျပီး ဟန္လင္းနဲ႔ ေမဦးတို႔စံုတြဲေလးဟာ တစ္နုိင္ငံလံုးက ပရိသတ္ေတြရဲ႕အခ်စ္ေတြကုိရထားၾကသူေတြပါ။

ေမဦးနဲ႔ ဟန္လင္းဟာ အလွဴေရစက္လက္နဲ႔မကြာသူေတြလည္းျဖစ္ျပီး သံသရာအတြက္ကုသိုလ္ေတြအတူတူ ျပဳတတ္ၾကသူေတြလည္းျဖစ္ပါတယ္။ ေမဦးက မၾကာေသးမီက သူမရဲ႕ လူမႈကြန္ယက္မွာ ႏြမ္းပါးတဲ့ ဖရဲသီးသည္အဖြားကုိကူညီျပီးအလွဴျပဳလုိက္တာေလးကုိ ပရိသတ္ေတြသာဓုေခၚရေအာင္ ေျပာျပထားခဲ့ပါတယ္။ ေမဦးက ဖရဲသီးသည္အဖြားအတြက္ ဖရဲသီးေတြျမန္ျမန္ကုန္ေစခ်င္လို႔ ဖရဲသီးေတြအကုန္ဝယ္ျပီး သင္တန္းက တပည့္ေတြကုိေကြ်းလိုက္တဲ့အေၾကာင္း ပံုေလးေတြတင္ထားခဲ့တာပါ။

အဖြားရဲ႕ဓာတ္ပံုေလးနဲ႔အတူ ေမဦးက “ကုသိုလ္ႏွစ္မ်ိဳးရနည္း ဖရဲသီးေရာင္းေနတဲ့အဖြားကို ျမန္ျမန္ကုန္ေစခ်င္ေတာ့ ဖရဲသီးေတြအကုန္ဝယ္လိုက္တယ္ အဲ့ေတာ့သူ႔ကို နားေစခ်င္ အဆင္ေျပေစခ်င္ တဲ့စိတ္ေလးနဲ႔ ဝယ္ေတာ့ ကုလိုလ္တစ္ခါရတယ္ ေနာက္ဝယ္လာတဲ့ ဖရဲသီးေတြကို ကိုယ့္ရဲ႕ class ကခေလးေတြကိုအကုန္ေကြၽးလိုက္ေတာ့ ကုသိုလ္တစ္ခါရတယ္ ဒါ့ေၾကာင့္ ကုသိုလ္ဆိုတာယူတတ္ရင္ေညာင္ေစ့ေလာက္လႉလဲ ေညာင္ပင္ႀကီးေလာက္ရပါတယ္ဆိုတာ သိၾကပါေစ။ မွတ္ခ်က္ ဖရဲသီးဖိုးက 7000 က်ပါတယ္ဒါေပမယ့္ အဖြားကို 10000 ေပးလိုက္ေတာ့ အဲ့ကုသိုလ္ေလးပါထပ္ရလိုက္တယ္”လို႔ ကုုသိုလ္ေတြေဝမွ်ထားခဲ့တာပါ။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ေမဦးကုိခ်စ္ၾကလား။ ေမဦးတစ္ေယာက္ ပုိက္ဆံေတြအမ်ားၾကီးပုိရွာနုိင္ျပီး ကုသုိလ္ေတြအမ်ားၾကီးထပ္လုပ္နုိင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ပရိသတ္ၾကီးလည္း ေမဦးရဲ႕ အလွဴကုိ သာဓုေခၚလိုက္ၾကပါဦး။

Unicode

နွမ်းပါးတဲ့ ဖရဲသီးသည်အဖွားကို ကူညီရင်းနဲ့ ကုသိုလ်နှစ်မျိုးရအောင် ယူလိုက်တဲ့ မေဦး
မေဦးဟာ ကိုယ်ပိုင်အရည်အချင်းနဲ့ အောင်မြင်ကျော်ကြားလာတဲ့ မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်ပြီး မိတ်ကပ်တင်မက ဆံပင်အတွက်လိုအပ်တဲ့ accessories လေးတွေကိုပါ အသေးစိတ် handmade လေးတွေစိတ်ရှည်ရှည်နဲ့လုပ်ပြီး customer တွေကိုပြင်ပေးတတ်တာလေးတွေကြောင့်လည်း အနုပညာရှင်တွေအပြင် အလှအပမြတ်နိုးသူတွေရဲ့အသည်းစွဲ ထိပ်တန်းမိတ်ကပ်ပညာရှင်လေးဖြစ်နေတာပါ။ မေဦးမှာ သူသိပ်ချစ်ရတဲ့ပါရမီဖြည့်ဖက် ဟန်လင်းကိုလည်း ပိုင်ဆိုင်ထားပြီး ဟန်လင်းနဲ့ မေဦးတို့စုံတွဲလေးဟာ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့အချစ်တွေကိုရထားကြသူတွေပါ။

မေဦးနဲ့ ဟန်လင်းဟာ အလှူရေစက်လက်နဲ့မကွာသူတွေလည်းဖြစ်ပြီး သံသရာအတွက်ကုသိုလ်တွေအတူတူ ပြုတတ်ကြသူတွေလည်းဖြစ်ပါတယ်။ မေဦးက မကြာသေးမီက သူမရဲ့ လူမှုကွန်ယက်မှာ နွမ်းပါးတဲ့ ဖရဲသီးသည်အဖွားကိုကူညီပြီးအလှူပြုလိုက်တာလေးကို ပရိသတ်တွေသာဓုခေါ်ရအောင် ပြောပြထားခဲ့ပါတယ်။ မေဦးက ဖရဲသီးသည်အဖွားအတွက် ဖရဲသီးတွေမြန်မြန်ကုန်စေချင်လို့ ဖရဲသီးတွေအကုန်ဝယ်ပြီး သင်တန်းက တပည့်တွေကိုကျွေးလိုက်တဲ့အကြောင်း ပုံလေးတွေတင်ထားခဲ့တာပါ။

အဖွားရဲ့ဓာတ်ပုံလေးနဲ့အတူ မေဦးက “ကုသိုလ်နှစ်မျိုးရနည်း ဖရဲသီးရောင်းနေတဲ့အဖွားကို မြန်မြန်ကုန်စေချင်တော့ ဖရဲသီးတွေအကုန်ဝယ်လိုက်တယ် အဲ့တော့သူ့ကို နားစေချင် အဆင်ပြေစေချင် တဲ့စိတ်လေးနဲ့ ဝယ်တော့ ကုလိုလ်တစ်ခါရတယ် နောက်ဝယ်လာတဲ့ ဖရဲသီးတွေကို ကိုယ့်ရဲ့ class ကခလေးတွေကိုအကုန်ကျွေးလိုက်တော့ ကုသိုလ်တစ်ခါရတယ် ဒါ့ကြောင့် ကုသိုလ်ဆိုတာယူတတ်ရင်ညောင်စေ့လောက်လှူလဲ ညောင်ပင်ကြီးလောက်ရပါတယ်ဆိုတာ သိကြပါစေ။ မှတ်ချက် ဖရဲသီးဖိုးက 7000 ကျပါတယ်ဒါပေမယ့် အဖွားကို 10000 ပေးလိုက်တော့ အဲ့ကုသိုလ်လေးပါထပ်ရလိုက်တယ်”လို့ ကုသိုလ်တွေဝေမျှထားခဲ့တာပါ။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော မေဦးကိုချစ်ကြလား။ မေဦးတစ်ယောက် ပိုက်ဆံတွေအများကြီးပိုရှာနိုင်ပြီး ကုသိုလ်တွေအများကြီးထပ်လုပ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးလည်း မေဦးရဲ့ အလှူကို သာဓုခေါ်လိုက်ကြပါဦး။