ကာမလိမ္လည္မႈ မေျမာက္ဘူးလို႔ သံုးသပ္ခံရတာ လံုးဝမေက်နပ္ဘူးဆိုတဲ့ ခင္ျမတ္နိုး

ရုပ္ရွင္သရုပ္ေဆာင္မုိးေအာင္ရင္ကုိ သူ႔ရဲ႕အရင္ကခ်စ္သူေကာင္မေလး ခင္ျမတ္နိုးက ကာမလိမ္လည္မႈနဲ႔ တရားစဲြဆိုထားတာကို အားလံုးပဲ သိၾကျပီျဖစ္မွာပါ။ ဒီေန႔မွာေတာ့ မိုးေအာင္ရင္အမွႈရဲ႕ ရံုးခ်ိန္းကုိထပ္မံျပဳလုပ္ခဲ့ျပီး စစ္ေဆးခဲ့ပါတယ္။ ရံုးေတာ္ရဲ႕ အမႈွကုိစစ္ေဆးေနမႈနဲ႔ အမႈရဲ႕အေျခအေနကုိ ခင္ျမတ္နိုးက မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာ ေျပာျပသြားခဲ့ပါတယ္။

ခင္ျမတ္နိုးက လက္ရွိ ရံုးခ်ိန္းနဲ႔ပက္သက္ျပီး အမႈအေျခအေနကုိ “ရံုးခ်ိန္ကုိ 28 ရက္ေန႔ျပန္ခ်ိန္းတယ္ေပ့ါ။ ဒီေလာက္ပါပဲ။ ဟုတ္”လို႔ ေျပာျပထားျပီး သက္ေသေတြတင္သြင္းခဲ့ေၾကာင္းကုိေတာ့ “သက္ေသခံကေတာ့ သူက ကုိယ္ေတြကုိ ဆယ္လီကမၻာမွာ စြပ္စြဲထားတဲ့ဟာကုိ တင္တယ္ေပ့ါေနာ္။ျပီးေတာ့ သူျပန္ေတာင္းပန္ထားတဲ့ အသံဖိုင္ပုိ႔ထားတဲ့ဟာကုိတင္တယ္။ ဒီေလာက္ပါပဲ”လို႔ ေျဖၾကားထားပါတယ္။ လက္ရွိအမႈအေျခအေနနဲ႔ပတ္သက္ျပီး “သူတို႔လည္း ျငင္းပုိင္ခြင့္ရွိတယ္ဆိုေတာ့ ညီမလည္း မေျပာတတ္ဘူး”လိ္ု႔ ေျဖထားပါတယ္။

ခင္ျမတ္နိုးက အမႈနဲ႔ပတ္သက္ျပီး သိပ္ေတာ့အားမရေၾကာင္း “သိပ္ေတာ့အားမရဘူး။ ကိုယ္ကေတာ့ အမွန္အတုိင္း ကုိယ္တင္တယ္။ ဒါေပမယ့္ ကုိယ္ေတြကလည္း ဥပေဒေၾကာင္းအရ တိတိက်က် ေရေရရာရာ သိပ္မသိဘူးေလ။ လုိအပ္တာေတြလည္းနည္းနည္းပါးပါးေတာ့ရွိမယ္ေပ့ါ”လို႔ ေျပာထားျပီး တစ္ဖက္ေရွ႕ေနရဲ႕ ကာမလိမ္လည္မႈမေျမာက္ဘူးလို႔ သံုးသပ္မႈကုိလံုးဝမေက်နပ္ဘူးလို႔လည္း “လံုးဝမေက်နပ္ဘူး။ တကယ္တမ္းသာဆိုရင္ သူတို႔ေမးတ့ဲ ေမးခြန္းအရ ဘယ္လိုေခၚလဲ ထံုးတမ္းစဥ္လာအရ ဒီဟာက လင္မယားျဖစ္တယ္လို႔ေျပာတယ္။ တကယ္တမ္း လင္မယားသာဆိုရင္ အတြဲေတြအမ်ားၾကီးပဲ လက္မွတ္မထုိးပဲ လင္မယားျဖစ္ေနမွာပဲေလ။ စာရြက္စာတမ္းနဲ႔ တိတိက်က် လက္မွတ္ထုိးထားမွသာ တရားဝင္အၾကင္လင္မယားေျမာက္တယ္လို႔ ဥပေဒရွိတယ္ေလ။ ညီမကေတာ့ အဲဒီဥပေဒကုိပဲသိထားတယ္”လို႔ ေျဖၾကားထားပါတယ္။

ခင္ျမတ္နိုးက ေရွ႕ေလွ်ာက္ အမႈနဲ႔ ပတ္သက္ျပီး တတ္နိုင္တာအကုန္လုပ္မယ္လို႔လည္း ေျပာထားပါေသးတယ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ လက္ရွိမွာ တစ္ဖက္ေရွ႕ေနက ကာမလိမ္လည္မႈမေျမာက္ဘူးလို႔ သံုးသပ္ခံထားရတဲ့ မိုးေအာင္ရင္ရဲ႕ အမႈက ဘယ္လိုဆက္ျဖစ္သြားမယ္ထင္ၾကလဲ။ ထင္ျမင္ခ်က္ေလးေတြေဝမွ်ခဲ့ၾကပါဦး။

Unicode

ရုပ်ရှင်သရုပ်ဆောင်မိုးအောင်ရင်ကို သူ့ရဲ့အရင်ကချစ်သူကောင်မလေး ခင်မြတ်နိုးက ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုထားတာကို အားလုံးပဲ သိကြပြီဖြစ်မှာပါ။ ဒီနေ့မှာတော့ မိုးအောင်ရင်အမှှုရဲ့ ရုံးချိန်းကိုထပ်မံပြုလုပ်ခဲ့ပြီး စစ်ဆေးခဲ့ပါတယ်။ ရုံးတော်ရဲ့ အမှုှကိုစစ်ဆေးနေမှုနဲ့ အမှုရဲ့အခြေအနေကို ခင်မြတ်နိုးက မီဒီယာတွေနဲ့ အင်တာဗျူးမှာ ပြောပြသွားခဲ့ပါတယ်။

ခင်မြတ်နိုးက လက်ရှိ ရုံးချိန်းနဲ့ပက်သက်ပြီး အမှုအခြေအနေကို “ရုံးချိန်ကို 28 ရက်နေ့ပြန်ချိန်းတယ်ပေ့ါ။ ဒီလောက်ပါပဲ။ ဟုတ်”လို့ ပြောပြထားပြီး သက်သေတွေတင်သွင်းခဲ့ကြောင်းကိုတော့ “သက်သေခံကတော့ သူက ကိုယ်တွေကို ဆယ်လီကမ္ဘာမှာ စွပ်စွဲထားတဲ့ဟာကို တင်တယ်ပေ့ါနော်။ပြီးတော့ သူပြန်တောင်းပန်ထားတဲ့ အသံဖိုင်ပို့ထားတဲ့ဟာကိုတင်တယ်။ ဒီလောက်ပါပဲ”လို့ ဖြေကြားထားပါတယ်။ လက်ရှိအမှုအခြေအနေနဲ့ပတ်သက်ပြီး “သူတို့လည်း ငြင်းပိုင်ခွင့်ရှိတယ်ဆိုတော့ ညီမလည်း မပြောတတ်ဘူး”လို့ ဖြေထားပါတယ်။

ခင်မြတ်နိုးက အမှုနဲ့ပတ်သက်ပြီး သိပ်တော့အားမရကြောင်း “သိပ်တော့အားမရဘူး။ ကိုယ်ကတော့ အမှန်အတိုင်း ကိုယ်တင်တယ်။ ဒါပေမယ့် ကိုယ်တွေကလည်း ဥပဒေကြောင်းအရ တိတိကျကျ ရေရေရာရာ သိပ်မသိဘူးလေ။ လိုအပ်တာတွေလည်းနည်းနည်းပါးပါးတော့ရှိမယ်ပေ့ါ”လို့ ပြောထားပြီး တစ်ဖက်ရှေ့နေရဲ့ ကာမလိမ်လည်မှုမမြောက်ဘူးလို့ သုံးသပ်မှုကိုလုံးဝမကျေနပ်ဘူးလို့လည်း “လုံးဝမကျေနပ်ဘူး။ တကယ်တမ်းသာဆိုရင် သူတို့မေးတဲ့ မေးခွန်းအရ ဘယ်လိုခေါ်လဲ ထုံးတမ်းစဉ်လာအရ ဒီဟာက လင်မယားဖြစ်တယ်လို့ပြောတယ်။ တကယ်တမ်း လင်မယားသာဆိုရင် အတွဲတွေအများကြီးပဲ လက်မှတ်မထိုးပဲ လင်မယားဖြစ်နေမှာပဲလေ။ စာရွက်စာတမ်းနဲ့ တိတိကျကျ လက်မှတ်ထိုးထားမှသာ တရားဝင်အကြင်လင်မယားမြောက်တယ်လို့ ဥပဒေရှိတယ်လေ။ ညီမကတော့ အဲဒီဥပဒေကိုပဲသိထားတယ်”လို့ ဖြေကြားထားပါတယ်။

ခင်မြတ်နိုးက ရှေ့လျှောက် အမှုနဲ့ ပတ်သက်ပြီး တတ်နိုင်တာအကုန်လုပ်မယ်လို့လည်း ပြောထားပါသေးတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော လက်ရှိမှာ တစ်ဖက်ရှေ့နေက ကာမလိမ်လည်မှုမမြောက်ဘူးလို့ သုံးသပ်ခံထားရတဲ့ မိုးအောင်ရင်ရဲ့ အမှုက ဘယ်လိုဆက်ဖြစ်သွားမယ်ထင်ကြလဲ။ ထင်မြင်ချက်လေးတွေဝေမျှခဲ့ကြပါဦး။