လမ္းခြဲခဲ့ရတဲ့ ခ်စ္သူနဲ႔ (၁၁)နွစ္ၾကာေအာင္ ခ်စ္ခဲ့သမွ်ကုိ ရင္ဖြင့္လိုက္တဲ့ ဝင္းမင္းသန္း

Life Style Blogger တစ္ေယာက္ အျဖစ္ ရပ္တည္ေနတဲ့ ဝင္းမင္းသန္းကို ေတာ့ Facebook သုံးစြဲသူ အမ်ိဳးသမီးေတြၾကားမွာ မသိနည္းပါးေလာက္ပါတယ္။ အပ်ိဳၾကီးေတြဘက္က ရပ္တည္ျပီး အလွအပမွာ Glownation တည္ေထာင္ထားသူျဖစ္တဲ့ ဝင္းမင္းသန္းကေတာ့ ခ်စ္စရာေကာင္းတဲ့ ေျပာဟန္ဆိုဟန္ေတြေၾကာင့္ တစ္နုိင္ငံလံုးက ပရိသတ္ေတြဝုိင္းခ်စ္တာခံရသူလည္းျဖစ္ပါတယ္။ ဝင္းမင္းသန္းက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ သူသိပ္ခ်စ္ခဲ့ရတဲ့ ခ်စ္သူနဲ႔ လမ္းခြဲခဲ့ရဖူးတယ္လို႔ ေျဖထားျပီး ပရိသတ္ေတြက သူမရဲ႕ ခ်စ္သူအေၾကာင္းကုိ ပိုလို႔သိခ်င္လာေနၾကတာလည္းျဖစ္ပါတယ္။ ဝင္းမင္းသန္းက ပရိသတ္ေတြရဲ႕ ဆႏၵကုိ ျဖည့္ေပးတဲ့အေနနဲ႔ Pre-Valentine’s အၾကိဳေန႔မွာ သူမရဲ႕ live video ေလးကေန ခ်စ္သူနဲ႔ ေတြ႕ျပီးခ်စ္မိခဲ့ပံုအေၾကာင္းေလးေတြ ရင္ဖြင့္သြားခဲ့ပါတယ္။

ဝင္းမငး္သန္းက သူမရဲ႕ ခ်စ္သူနဲ႔ေတြ႕ဆံုျဖစ္ခဲ့ပံုကို “February 13 ရက္ေန႔ညမွာ သူငယ္ခ်င္းက လာခဲ့ ငါတို႔က Single ေတြငါတို႔သြားၾကမယ္ေပ်ာ္ၾကမယ္တဲ့။ မသြားခ်င္ဘူးေပါ့။ ဘာလို႔ဆိုေတာ့ ကြ်န္ေတာ္ေနတဲ့ေနရာက အရမ္းေအးတယ္။ အရမ္းေအးေတာ့ မသြားခ်င္ဘူး။ နွင္းေတြက်ျပီး အနႈတ္ 30 ေလာက္အထိ ေအးေနတဲ့အခ်ိန္။ ေနာက္ဆံုးသူေခၚလို႔ ကြ်န္ေတာ္က အိ္မ္နဲ႔သိပ္မေဝးတဲ့ Pub ေလးတစ္ခုကုိေရာက္သြားတယ္။ Pub ဆိုတာက ဘားလိုမ်ိဳးေပ့ါ။ Dancing Floor လည္းရွိတယ္။ ကလို႔လည္းရတယ္။ ကြ်န္မက cocktail ေလးဘာေလးေသာက္ျပီး ရီေဝေဝျဖစ္တယ္ေပါ့။ အဲဒီအခ်ိန္မွာ အရမ္းကုိ စူးရွ နက္ရိႈင္းျပီး အရမ္းကုိ လွပတဲ့ မ်က္ဝန္းတစ္စံုနဲ႔ အတူ အရမ္းကုိ ထူးျခားတဲ့ ပါးခ်ိဳင့္ေတြပါပါတဲ့လူတစ္ေယာက္ကုိ ဟုိးဘက္ေထာင့္နားေလးမွာ ေတြ႕လိုက္ရတယ္။ အဲဒီမွာကုိယ္က ဟာ ခ်စ္စရာေလးေပါ့။ ပါးခ်ိဳင့္ေတြပါးခ်ိဳင့္ေတြဆိုတာေလ ပါးမွာ ဒီလိုေခါက္ေနတာ။ သူကလည္း ကိုယ့္ဆီေရာက္လာတယ္။ ကုိယ္ကလည္း သူ႔ဆီေရာက္သြားတယ္။ အဲဒီအခ်ိန္မွာ ဘာမွမေျပာပဲနဲ႔ နွစ္ေယာက္ ဒီလိုေလးဖက္ျပီးေတာ့ နွစ္စကၠန္႔ သံုးစကၠန္႔ေလာက္ဖက္လိုက္တယ္။ ျပီးေတာ့မွ ငါ့နာမည္ကေတာ့ Win ပါေပ့ါ။ သူ႔နာမည္ကေတာ့ Mark ပါတဲ့။ အဲဒီကေနအစျပဳျပီးေတာ့ ၁၁ နွစ္တိတိေတာင္တုိိင္ခဲ့ပါျပီ။ စိတ္ထဲမွာ ေမ့မရတဲ့ညတစ္ညပါ”လို႔ ရင္ဖြင့္ထားခဲ့ပါတယ္။

အဲဒီလူက ခ်စ္ျခင္းေမတၱာနဲ႔ ကံတရားရဲ႕ ဆန္းၾကယ္ပံုကို သင္ေပးခဲ့ေၾကာင္းကုိလည္း “မေမွ်ာ္လင့္ထားတဲ့အခ်ိန္မွာ မေမွ်ာ္လင့္ထားတဲ့လူတစ္ေယာက္ကုိေတြ႕လိုက္ရခ်ိန္မွာ ကုိယ့္ဘဝၾကီးတစ္ခုလံုးကုိ ေျပာင္းလဲေအာင္ လုပ္နုိင္တာ သူ ဆိုတာကုိ ကြ်န္ေတာ္အစကမသိခဲ့ဘူး။ အဲဒီအခ်ိန္ကေနစျပီး ကြ်န္ေတာ့္ရဲ႕ စိတ္ေတြ ကြ်န္ေတာ့္ရဲ႕အေတြးေတြ ကြ်န္ေတာ့္ရဲ႕ စိတ္ကူးေတြကုိ ဖမ္းစားထားတဲ့လူတစ္ေယာက္ပါ။ ဒီေန႔ ၁၁ နစ္ျပည့္ပါျပီ။ ၁၁ နွစ္ျပည့္ေပမယ့္ ကြ်န္ေတာ့္စိတ္ထဲမွာ မေန႔တစ္ေန႔ကလိုပါပဲ။ အျဖစ္အပ်က္ေတြက အခုအခ်ိန္အထိ မ်က္ဝါးထင္ထင္ေတြ႕ျမင္ေနရတုန္း သူနဲ႔ ကြ်န္ေတာ္နဲ႔ ဘယ္လုိဆံုတာ၊ဘယ္လိုေတြ႕ခဲ့တာ အခုအခ်ိန္အထိ အမွတ္ရေနတုန္းပဲ။ သူ႔ရဲ႕ အျပံဳးေတြ၊သူ႔ရဲ႕ ၾကင္နာမႈေတြ၊ တစ္ေယာက္နဲ႔တစ္ေယာက္နဲ႔ ထားခဲ့တဲ့တန္ဖိုးေလးေတြ၊ခ်စ္ခဲ့တဲ့အခ်စ္ေတြ အားလံုးအတြက္ ဒီေန႔ဒီအခ်ိန္အထိအရမ္းကုိေက်းဇူးတင္တယ္။ အရမ္းကုိနင့္ေနေအာင္ခံစားရတယ္။ အခ်စ္ဆိုတဲ့အရာကုိ တကယ္သိေအာင္ တကယ္ေျပာျပသြားတဲ့လူတစ္ေယာက္ ကြ်န္ေတာ့္ဘဝထဲမွာ ရခဲ့တဲ့အတြက္ ဒီေန႔ဒီအခ်ိန္အထိိအရမ္းကုိေက်းဇူးတင္တယ္”လို႔လည္း ေလးေလးနက္နက္ေျပာျပသြားခဲ့ပါတယ္။

အဲဒီလူက အဝင္းထက္ သံုးနွစ္ခန္႔ၾကီးျပီး 2009 မွာစေတြ႕ခဲ့ၾကတာလို႔ သိရပါတယ္။ စေတြ႕ျပီးေနာက္ ငါးနွစ္ခြဲေလာက္အထိ တစ္ေယာက္ကုိတစ္ေယာက္ အရမ္းခ်စ္ခဲ့ၾကေၾကာင္းလည္း သိရပါတယ္။ ငါးနွစ္ခြဲေလာက္ခ်စ္ခဲ့ၾကျပီးေနာက္မွာ 2014 မွာ လမ္းခြဲခဲ့ျပီး အဝင္းက 2015 မွာ ျမန္မာျပည္ျပန္ေရာက္လာခဲ့တာပါ။ အဝင္းက အခုေတာ့ ခ်စ္သူနဲ႔ အဆက္အသြယ္ျပန္ရေနျပီလို႔လည္း “ကြ်န္ေတာ္က ကြ်န္ေတာ့္ရဲ႕ love life ကုိ privacy အရမ္းထားတဲ့လူတစ္ေယာက္ပါ။ ဒါေပမယ့္ ကြ်န္ေတာ္တစ္ခုခုရဲ႕တြန္းအားေၾကာင့္စာေလးေတြအရမ္းေရးခ်င္တယ္။ status ေလးေတြေရးတယ္။ အပိုင္းေျခာက္ပုိင္းေရးလိုက္တယ္။ အဲဒီေျခာက္ပုိင္းျပီးသြားတာက July 30 ရက္ေန႔မွာ ျပီးသြားတဲ့အခါ ဘဝၾကီးက အရမ္းထူးဆန္းတယ္။ အဲဒီအခ်ိန္မွာ ကြ်န္ေတာ္တို႔ အဆက္အသြယ္ျပတ္ေနတာ နွစ္နွစ္ခြဲရွိျပီ။ အရမ္းကုိဆႏၵေတြျပင္းပ်ေနလို႔ ကြ်န္ေတာ္စာေလးေတြေရးတာ။ July 30 ရက္ေန႔မွာ စာေလးေတြက ျပီးသြားတယ္။ August 4 ရက္ေန႔မွာ သူ႔ဆီကေန ကြ်န္ေတာ့္ကုိ စာေလးေရာက္လာတယ္။ ကြ်န္ေတာ္က အူေၾကာင္ေၾကာင္ဆိုေတာ့ စာကုိ August 4 ရက္ေန႔မွာ မဖတ္မိပဲ 7 ရက္ေန႔မွာမွ ဖတ္လိုက္မိတယ္။ အတိုခ်ံဳးေျပာရရင္ေတာ့ သူ ျမန္မာျပည္ကုိလာလည္သြားတယ္။ သူက ျမန္မာနုိ္င္ငံသားမဟုတ္ပါဘူး၊ ျမန္မာလူမ်ိဳးလည္းမဟုတ္ပါဘူး။ အခုသူနဲ႔ကြ်န္ေတာ္နဲ႔နွစ္ေယာက္ တစ္ေယာက္ကုိတစ္ေယာက္အဆက္အသြယ္ေတြရွိျပီး တစ္ေယာက္ကုိတစ္ေယာက္ တကယ့္ကုိ ေမတၱာစစ္ ေမတၱာမွန္နဲ႔ တစ္ေယာက္အတြက္ တစ္ေယာက္ ရွိေနခဲ့တာ (၁၁)နွစ္ရွိပါျပီ။ အခုဆို (၁၁) နွစ္ျပည့္ပါျပီ”လို႔ ရင္ဖြင့္သြားခဲ့တာပါ။

ပရိသတ္ေတြကေတာ့ အဝင္းနဲ႔ အဝင္းရဲ႕ခ်စ္သူတို႔ တစ္ေယာက္နဲ႔တစ္ေယာက္အျမန္ဆံုးျပန္အဆင္ေျပျပီး ခ်စ္သူေတြအျဖစ္ ဘဝကုိအတူတူဆက္ေလွ်ာက္နုိ္င္ၾကပါေစလု႔ိ ဆုေတာင္းေပးေနၾကတာလည္း ျဖစ္ပါတယ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးအတြက္ အဝင္းရဲ႕ ဗီဒီယုိေလးကုိ comment မွာေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ ပရိသတ္ၾကီးေရာ အဝင္းကိုခ်စ္ၾကလား။ အဝင္းနဲ႔သူ႔ခ်စ္သူတို႔ အတူတူလက္တြဲနုိ္င္ျပီး ခ်စ္စရာစံုတြဲေလးအျဖစ္ အခ်ိန္ေတြအၾကာၾကီးေပ်ာ္ရႊင္နုိင္ၾကပါေစလို႔ ေျပာခ်င္လြန္းလို႔အဖြဲ႕သားေတြကလည္း ဆုေတာင္းေပးလိုက္ပါတယ္။

Unicode

Life Style Blogger တစ်ယောက် အဖြစ် ရပ်တည်နေတဲ့ ဝင်းမင်းသန်းကို တော့ Facebook သုံးစွဲသူ အမျိုးသမီးတွေကြားမှာ မသိနည်းပါးလောက်ပါတယ်။ အပျိုကြီးတွေဘက်က ရပ်တည်ပြီး အလှအပမှာ Glownation တည်ထောင်ထားသူဖြစ်တဲ့ ဝင်းမင်းသန်းကတော့ ချစ်စရာကောင်းတဲ့ ပြောဟန်ဆိုဟန်တွေကြောင့် တစ်နိုင်ငံလုံးက ပရိသတ်တွေဝိုင်းချစ်တာခံရသူလည်းဖြစ်ပါတယ်။ ဝင်းမင်းသန်းက မီဒီယာတွေနဲ့အင်တာဗျူးမှာ သူသိပ်ချစ်ခဲ့ရတဲ့ ချစ်သူနဲ့ လမ်းခွဲခဲ့ရဖူးတယ်လို့ ဖြေထားပြီး ပရိသတ်တွေက သူမရဲ့ ချစ်သူအကြောင်းကို ပိုလို့သိချင်လာနေကြတာလည်းဖြစ်ပါတယ်။ ဝင်းမင်းသန်းက ပရိသတ်တွေရဲ့ ဆန္ဒကို ဖြည့်ပေးတဲ့အနေနဲ့ Pre-Valentine’s အကြိုနေ့မှာ သူမရဲ့ live video လေးကနေ ချစ်သူနဲ့ တွေ့ပြီးချစ်မိခဲ့ပုံအကြောင်းလေးတွေ ရင်ဖွင့်သွားခဲ့ပါတယ်။

ဝင်းမင်းသန်းက သူမရဲ့ ချစ်သူနဲ့တွေ့ဆုံဖြစ်ခဲ့ပုံကို “February 13 ရက်နေ့ညမှာ သူငယ်ချင်းက လာခဲ့ ငါတို့က Single တွေငါတို့သွားကြမယ်ပျော်ကြမယ်တဲ့။ မသွားချင်ဘူးပေါ့။ ဘာလို့ဆိုတော့ ကျွန်တော်နေတဲ့နေရာက အရမ်းအေးတယ်။ အရမ်းအေးတော့ မသွားချင်ဘူး။ နှင်းတွေကျပြီး အနှုတ် 30 လောက်အထိ အေးနေတဲ့အချိန်။ နောက်ဆုံးသူခေါ်လို့ ကျွန်တော်က အိမ်နဲ့သိပ်မဝေးတဲ့ Pub လေးတစ်ခုကိုရောက်သွားတယ်။ Pub ဆိုတာက ဘားလိုမျိုးပေ့ါ။ Dancing Floor လည်းရှိတယ်။ ကလို့လည်းရတယ်။ ကျွန်မက cocktail လေးဘာလေးသောက်ပြီး ရီဝေဝေဖြစ်တယ်ပေါ့။ အဲဒီအချိန်မှာ အရမ်းကို စူးရှ နက်ရှိုင်းပြီး အရမ်းကို လှပတဲ့ မျက်ဝန်းတစ်စုံနဲ့ အတူ အရမ်းကို ထူးခြားတဲ့ ပါးချိုင့်တွေပါပါတဲ့လူတစ်ယောက်ကို ဟိုးဘက်ထောင့်နားလေးမှာ တွေ့လိုက်ရတယ်။ အဲဒီမှာကိုယ်က ဟာ ချစ်စရာလေးပေါ့။ ပါးချိုင့်တွေပါးချိုင့်တွေဆိုတာလေ ပါးမှာ ဒီလိုခေါက်နေတာ။ သူကလည်း ကိုယ့်ဆီရောက်လာတယ်။ ကိုယ်ကလည်း သူ့ဆီရောက်သွားတယ်။ အဲဒီအချိန်မှာ ဘာမှမပြောပဲနဲ့ နှစ်ယောက် ဒီလိုလေးဖက်ပြီးတော့ နှစ်စက္ကန့် သုံးစက္ကန့်လောက်ဖက်လိုက်တယ်။ ပြီးတော့မှ ငါ့နာမည်ကတော့ Win ပါပေ့ါ။ သူ့နာမည်ကတော့ Mark ပါတဲ့။ အဲဒီကနေအစပြုပြီးတော့ ၁၁ နှစ်တိတိတောင်တိုင်ခဲ့ပါပြီ။ စိတ်ထဲမှာ မေ့မရတဲ့ညတစ်ညပါ”လို့ ရင်ဖွင့်ထားခဲ့ပါတယ်။

အဲဒီလူက ချစ်ခြင်းမေတ္တာနဲ့ ကံတရားရဲ့ ဆန်းကြယ်ပုံကို သင်ပေးခဲ့ကြောင်းကိုလည်း “မမျှော်လင့်ထားတဲ့အချိန်မှာ မမျှော်လင့်ထားတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရချိန်မှာ ကိုယ့်ဘဝကြီးတစ်ခုလုံးကို ပြောင်းလဲအောင် လုပ်နိုင်တာ သူ ဆိုတာကို ကျွန်တော်အစကမသိခဲ့ဘူး။ အဲဒီအချိန်ကနေစပြီး ကျွန်တော့်ရဲ့ စိတ်တွေ ကျွန်တော့်ရဲ့အတွေးတွေ ကျွန်တော့်ရဲ့ စိတ်ကူးတွေကို ဖမ်းစားထားတဲ့လူတစ်ယောက်ပါ။ ဒီနေ့ ၁၁ နစ်ပြည့်ပါပြီ။ ၁၁ နှစ်ပြည့်ပေမယ့် ကျွန်တော့်စိတ်ထဲမှာ မနေ့တစ်နေ့ကလိုပါပဲ။ အဖြစ်အပျက်တွေက အခုအချိန်အထိ မျက်ဝါးထင်ထင်တွေ့မြင်နေရတုန်း သူနဲ့ ကျွန်တော်နဲ့ ဘယ်လိုဆုံတာ၊ဘယ်လိုတွေ့ခဲ့တာ အခုအချိန်အထိ အမှတ်ရနေတုန်းပဲ။ သူ့ရဲ့ အပြုံးတွေ၊သူ့ရဲ့ ကြင်နာမှုတွေ၊ တစ်ယောက်နဲ့တစ်ယောက်နဲ့ ထားခဲ့တဲ့တန်ဖိုးလေးတွေ၊ချစ်ခဲ့တဲ့အချစ်တွေ အားလုံးအတွက် ဒီနေ့ဒီအချိန်အထိအရမ်းကိုကျေးဇူးတင်တယ်။ အရမ်းကိုနင့်နေအောင်ခံစားရတယ်။ အချစ်ဆိုတဲ့အရာကို တကယ်သိအောင် တကယ်ပြောပြသွားတဲ့လူတစ်ယောက် ကျွန်တော့်ဘဝထဲမှာ ရခဲ့တဲ့အတွက် ဒီနေ့ဒီအချိန်အထိအရမ်းကိုကျေးဇူးတင်တယ်”လို့လည်း လေးလေးနက်နက်ပြောပြသွားခဲ့ပါတယ်။

အဲဒီလူက အဝင်းထက် သုံးနှစ်ခန့်ကြီးပြီး 2009 မှာစတွေ့ခဲ့ကြတာလို့ သိရပါတယ်။ စတွေ့ပြီးနောက် ငါးနှစ်ခွဲလောက်အထိ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ခဲ့ကြကြောင်းလည်း သိရပါတယ်။ ငါးနှစ်ခွဲလောက်ချစ်ခဲ့ကြပြီးနောက်မှာ 2014 မှာ လမ်းခွဲခဲ့ပြီး အဝင်းက 2015 မှာ မြန်မာပြည်ပြန်ရောက်လာခဲ့တာပါ။ အဝင်းက အခုတော့ ချစ်သူနဲ့ အဆက်အသွယ်ပြန်ရနေပြီလို့လည်း “ကျွန်တော်က ကျွန်တော့်ရဲ့ love life ကို privacy အရမ်းထားတဲ့လူတစ်ယောက်ပါ။ ဒါပေမယ့် ကျွန်တော်တစ်ခုခုရဲ့တွန်းအားကြောင့်စာလေးတွေအရမ်းရေးချင်တယ်။ status လေးတွေရေးတယ်။ အပိုင်းခြောက်ပိုင်းရေးလိုက်တယ်။ အဲဒီခြောက်ပိုင်းပြီးသွားတာက July 30 ရက်နေ့မှာ ပြီးသွားတဲ့အခါ ဘဝကြီးက အရမ်းထူးဆန်းတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ အဆက်အသွယ်ပြတ်နေတာ နှစ်နှစ်ခွဲရှိပြီ။ အရမ်းကိုဆန္ဒတွေပြင်းပျနေလို့ ကျွန်တော်စာလေးတွေရေးတာ။ July 30 ရက်နေ့မှာ စာလေးတွေက ပြီးသွားတယ်။ August 4 ရက်နေ့မှာ သူ့ဆီကနေ ကျွန်တော့်ကို စာလေးရောက်လာတယ်။ ကျွန်တော်က အူကြောင်ကြောင်ဆိုတော့ စာကို August 4 ရက်နေ့မှာ မဖတ်မိပဲ 7 ရက်နေ့မှာမှ ဖတ်လိုက်မိတယ်။ အတိုချုံးပြောရရင်တော့ သူ မြန်မာပြည်ကိုလာလည်သွားတယ်။ သူက မြန်မာနိုင်ငံသားမဟုတ်ပါဘူး၊ မြန်မာလူမျိုးလည်းမဟုတ်ပါဘူး။ အခုသူနဲ့ကျွန်တော်နဲ့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်အဆက်အသွယ်တွေရှိပြီး တစ်ယောက်ကိုတစ်ယောက် တကယ့်ကို မေတ္တာစစ် မေတ္တာမှန်နဲ့ တစ်ယောက်အတွက် တစ်ယောက် ရှိနေခဲ့တာ (၁၁)နှစ်ရှိပါပြီ။ အခုဆို (၁၁) နှစ်ပြည့်ပါပြီ”လို့ ရင်ဖွင့်သွားခဲ့တာပါ။

ပရိသတ်တွေကတော့ အဝင်းနဲ့ အဝင်းရဲ့ချစ်သူတို့ တစ်ယောက်နဲ့တစ်ယောက်အမြန်ဆုံးပြန်အဆင်ပြေပြီး ချစ်သူတွေအဖြစ် ဘဝကိုအတူတူဆက်လျှောက်နိုင်ကြပါစေလု့ိ ဆုတောင်းပေးနေကြတာလည်း ဖြစ်ပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် အဝင်းရဲ့ ဗီဒီယိုလေးကို comment မှာဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးရော အဝင်းကိုချစ်ကြလား။ အဝင်းနဲ့သူ့ချစ်သူတို့ အတူတူလက်တွဲနိုင်ပြီး ချစ်စရာစုံတွဲလေးအဖြစ် အချိန်တွေအကြာကြီးပျော်ရွှင်နိုင်ကြပါစေလို့ ပြောချင်လွန်းလို့အဖွဲ့သားတွေကလည်း ဆုတောင်းပေးလိုက်ပါတယ်။