အိမ္သာခဏ သြားတုန္း ပိုက္ဆံ (၁၀) သိန္းေက်ာ္ အခိုးခံလိုက္ရတဲ့ မာရီယာေဂ်ေနာ္

မာရီယာေဂ်ေနာ္က စကားေျပာ ပြင့္လင္းသလို ဟာသဆန္ဆန္ ေျပာရတာေတြလည္း ဝါသနာပါပါတယ္။ ေမာ္ဒယ္လ္ေလာကမွာ နာမည္ရေနတဲ့ တိုင္းရင္းသူေလး ေဂ်ေနာ္က ဆရာဂြၽန္လြင္ရဲ႕ တပည့္ရင္း ျဖစ္သလို အခ်စ္နဲ႔ ပတ္သက္လာရင္ ေခ်ေခ်မိုးမိုး ေျပာေလ့ ရွိသူပါ။ အသည္းကြဲတာေတြ စိတ္မဝင္စားဘဲ အခ်စ္သစ္ကိုပဲ ေမွ်ာ္လင့္တတ္တဲ့ ေဂ်ေနာ္က ေဘးနားမွာ ဝိုင္းဝိုင္းလည္ေနသူေတြ ရွိေပမဲ့ တန္ဖိုးမထားတတ္တဲ့ ခ်စ္သူကိုေတာ့ မလိုအပ္ဘူးလို႔ ျပတ္သားစြာ ေၾကညာထားတာ ျဖစ္ပါတယ္။

အင္တာဗ်ဴးေတြမွာ ဝိုင္းဝိုင္းလည္ေနတဲ့အေၾကာင္း ေျပာခဲ့ေပမဲ့ တကယ္တမ္း ခ်စ္သူမ်ားေန႔ နီးကပ္လာခ်ိန္မွာေတာ့ ဟန္ေဆာင္ထားရသမွ်ေတြ အကုန္ေပၚတာ ျဖစ္ပါတယ္။ သူမ်ားမိန္းကေလးေတြလို ခ်စ္ရတဲ့သူကို အက်ၤ ီအဝတ္အစားနဲ႔ ပန္းစည္း နဲ႔ ေခ်ာကလက္ေတြ အမ္းခ်င္ေပမဲ့ ေပးရမယ့္ ခ်စ္သူမရွိေၾကာင္းကို ေဂ်ေနာ္က အားလုံးသိေအာင္ ေၾကညာထားပါတယ္။

အိမ္သာခဏ သြားတုန္း ပိုက္ဆံ (၁၀) သိန္းေက်ာ္ အခိုးခံလိုက္ရတဲ့ မာရီယာေဂ်ေနာ္

Sexy က်က် လွပတဲ့သူ ျဖစ္ေပမဲ့ ခ်စ္သူမ်ားေန႔မွာ တစ္ကိုယ္တည္း ျဖတ္သန္းရမယ့္အေရးကို မႏွေျမာဘူးလားဆိုၿပီး ေယာက်္ားထုႀကီးကိုလည္း ေဂ်ေနာ္က ေမးခြန္းျပန္ထုတ္လိုက္ပါေသးတယ္။ အေပါင္းအသင္းမ်ားသလို ဘယ္သြားသြား အေဖာ္အေပါင္းတစ္စုနဲ႔ သြားေလ့ရွိတဲ့ ေဂ်ေနာ္က ညႀကီးမင္းႀကီးမွာေတာ့ ခ်စ္သူမ်ားေန႔အႀကိဳ ပိုက္ဆံအခိုးခံလိုက္ရတာ ျဖစ္ပါတယ္။

အိမ္သာခဏ သြားတုန္း ပိုက္ဆံ (၁၀) သိန္းေက်ာ္ အခိုးခံလိုက္ရတဲ့ မာရီယာေဂ်ေနာ္

ကာရာအိုေကဆိုင္မွာ အိမ္သာခဏသြားေနတုန္း ပိုက္ဆံ (၁၀) သိန္း ေပ်ာက္သြားေၾကာင္းကိုေတာ့ ေဂ်ေနာ္က ခုလို ေျပာျပထားပါတယ္။“ညက အိတ္ထဲက ပိုက္ဆံ (၁၀) သိန္းေက်ာ္ ခိုးခံရတယ္။ Toilet ေလး ခန သြားေနတုန္း ႏွေျမာလိုက္တာ မသုံးရဘဲ” ဆိုၿပီး ခံစားခ်က္ကို ရင္ဖြင့္ထားတာပါ။ခ်စ္သူမ်ားေန႔ မတိုင္ခင္ ေဂ်ေနာ္မွာေတာ့ ပိုက္ဆံ (၁၀) သိန္း ေပ်ာက္သြားၿပီး အႀကိဳစပ႐ိုက္ ျဖစ္သြားခဲ့တာပါ။

Unicode

မာရီယာဂျေနော်က စကားပြော ပွင့်လင်းသလို ဟာသဆန်ဆန် ပြောရတာတွေလည်း ဝါသနာပါပါတယ်။ မော်ဒယ်လ်လောကမှာ နာမည်ရနေတဲ့ တိုင်းရင်းသူလေး ဂျေနော်က ဆရာဂျွန်လွင်ရဲ့ တပည့်ရင်း ဖြစ်သလို အချစ်နဲ့ ပတ်သက်လာရင် ချေချေမိုးမိုး ပြောလေ့ ရှိသူပါ။ အသည်းကွဲတာတွေ စိတ်မဝင်စားဘဲ အချစ်သစ်ကိုပဲ မျှော်လင့်တတ်တဲ့ ဂျေနော်က ဘေးနားမှာ ဝိုင်းဝိုင်းလည်နေသူတွေ ရှိပေမဲ့ တန်ဖိုးမထားတတ်တဲ့ ချစ်သူကိုတော့ မလိုအပ်ဘူးလို့ ပြတ်သားစွာ ကြေညာထားတာ ဖြစ်ပါတယ်။

အင်တာဗျူးတွေမှာ ဝိုင်းဝိုင်းလည်နေတဲ့အကြောင်း ပြောခဲ့ပေမဲ့ တကယ်တမ်း ချစ်သူများနေ့ နီးကပ်လာချိန်မှာတော့ ဟန်ဆောင်ထားရသမျှတွေ အကုန်ပေါ်တာ ဖြစ်ပါတယ်။ သူများမိန်းကလေးတွေလို ချစ်ရတဲ့သူကို အင်္ကျ ီအဝတ်အစားနဲ့ ပန်းစည်း နဲ့ ချောကလက်တွေ အမ်းချင်ပေမဲ့ ပေးရမယ့် ချစ်သူမရှိကြောင်းကို ဂျေနော်က အားလုံးသိအောင် ကြေညာထားပါတယ်။

Sexy ကျကျ လှပတဲ့သူ ဖြစ်ပေမဲ့ ချစ်သူများနေ့မှာ တစ်ကိုယ်တည်း ဖြတ်သန်းရမယ့်အရေးကို မနှမြောဘူးလားဆိုပြီး ယောကျ်ားထုကြီးကိုလည်း ဂျေနော်က မေးခွန်းပြန်ထုတ်လိုက်ပါသေးတယ်။ အပေါင်းအသင်းများသလို ဘယ်သွားသွား အဖော်အပေါင်းတစ်စုနဲ့ သွားလေ့ရှိတဲ့ ဂျေနော်က ညကြီးမင်းကြီးမှာတော့ ချစ်သူများနေ့အကြို ပိုက်ဆံအခိုးခံလိုက်ရတာ ဖြစ်ပါတယ်။

ကာရာအိုကေဆိုင်မှာ အိမ်သာခဏသွားနေတုန်း ပိုက်ဆံ (၁၀) သိန်း ပျောက်သွားကြောင်းကိုတော့ ဂျေနော်က ခုလို ပြောပြထားပါတယ်။“ညက အိတ်ထဲက ပိုက်ဆံ (၁၀) သိန်းကျော် ခိုးခံရတယ်။ Toilet လေး ခန သွားနေတုန်း နှမြောလိုက်တာ မသုံးရဘဲ” ဆိုပြီး ခံစားချက်ကို ရင်ဖွင့်ထားတာပါ။ချစ်သူများနေ့ မတိုင်ခင် ဂျေနော်မှာတော့ ပိုက်ဆံ (၁၀) သိန်း ပျောက်သွားပြီး အကြိုစပရိုက် ဖြစ်သွားခဲ့တာပါ။