ပရိသတ္တစ္ေယာက္က သက္ၾကီးရြယ္အိုလို႔ေျပာတာကုိ ထိထိမိမိတုံ႔ျပန္လို္က္တဲ့ စုိင္းစုိင္းခမ္းလိႈင္

စုိင္းစိုင္းဟာ ျမန္မာႏိုင္ငံက အေအာင္ျမင္ဆံုး အႏုပညာ႐ွင္ေတြထဲက တေယာက္ျဖစ္တဲ့ အဆိုေတာ္မင္းသားတစ္ဦးျဖစ္ျပီး ျမန္မာသာမက ကမာၻကပါသိတဲ့အနုပညာရွင္တစ္ဦးလည္းျဖစ္ပါတယ္။ စိုင္းစိုင္း တေယာက္ကေတာ့ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေတြေလာက္ကလည္းက တဟုန္ထိုးေအာင္ျမင္လာခဲ့ၿပီး လက္ရိွခ်ိန္ထိကို ေအာင္ျမင္မႈကိုထိန္းသိမ္းထားနုိင္သူပါ။

စိုင္းစိုင္းကေတာ့ အသက္ႀကီးလာေပမယ့္လည္း အရြယ္တင္ႏုပ်ိဳေနတာေၾကာင့္ လက္႐ွိခ်ိန္ထိကို ႏႈတ္ခမ္းနီမေလးေတြ သည္းသည္းလႈပ္အားေပးတာ ခံေနရတာလည္းျဖစ္ပါတယ္။ စိုင္းစိုင္းကေတာ့ သူ႔ပရိသတ္ေတြအတြက္ ႏွစ္တိုင္းလည္း တစ္ကုိယ္ေတာ္႐ိႈးပြဲ လုပ္ေပးေနၾကျဖစ္ျပီး လုပ္လိုက္တဲ့ ႐ိႈးပြဲေတြတို္င္းကလည္း အံ့မခန္းေအာင္ျမင္မႈေတြရရွိထားသူျဖစ္ပါတယ္။စိုင္းစိုင္းဟာ ပရိသတ္ေတြကုိအျမဲလိုလိုရည္မြန္ယဥ္ေက်းစြာဆက္ဆံတတ္သူျဖစ္ျပီး အေျခအေနတို္င္းကုိလည္း အေကာင္းဆံုးကုိင္တြယ္နုိင္သူျဖစ္တာေၾကာင့္ PR Skill အရမ္းေကာင္းသူတစ္ဦးအျဖစ္အသိအမွတ္ျပဳခံထားရတာပါ။

စုိင္းစုိင္းဟာ အသက္ေလးဆယ္ဝန္းက်င္ရွိေနေပမယ့္ နွစ္ဆယ္ေက်ာ္ေလးလုိ နုပ်ဳိေခ်ာေမာေနသူျဖစ္ျပီး ပရိသတ္ေတြရဲ႕အခ်စ္ခံရသူျဖစ္တဲ့အေလ်ာက္ ပရိသတ္ေတြ ၾကံဳရင္ၾကံဳသလိုစေနာက္ေနတာကုိလည္း ခံရရွာသူတစ္ဦးဆိုရင္မမွားပါဘူး။ မၾကာေသးမီက စုိင္းစိုင္းရဲ႕ဓာတ္ပံုတစ္ပံုေအာက္မွာ ပရိသတ္တစ္ဦးက စုိင္းစုိင္းကုိ “သက္ၾကီးရြယ္အို” လို႔ ဝင္ေရာက္စေနာက္ထားခဲ့ျပီး စုိင္းစိုင္းကလည္း ျပန္လည္စေနာက္ထားတဲ့ comment ေလး ျပန္ထားခဲ့တာပါ။ စုိင္းစုိင္းက အဲဒီပရိသတ္ရဲ႕ comment ကုိ “ဒီမယ္ မိန္းကေလး က်ဳပ္အရြယ္ကို အိုတယ္ထင္တဲ့လူက က်ဳပ္အရြယ္ေရာက္ရင္ အိုစာတဲ့သူျဖစ္လာလိမ့္မယ္။ က်ဳပ္အရြယ္ကို နုပ်ိဳတယ္ထင္တဲ့လူက က်ဳပ္အရြယ္ေရာက္ရင္ နုပ်ိဳတဲ့လူျဖစ္လာလိမ့္မယ္ အိုေက”လို႔ ခပ္တည္တည္နဲ႔ reply ျပန္ထားတာေတြ႕ရပါတယ္။ စုိင္းစုိင္းက အခုလိုမ်ိဳး ေထြလီကာလီေတြျပန္ေျပာခဲတာေၾကာင့္ ပရိသတ္ေတြက အဲဒီ comment ကုိ သေဘာတက်နဲ႔ ျပန္လည္ share ထားၾကတာလည္းေတြ႕ရပါတယ္။

စုိင္းစုိင္းက ျပီးခဲ့တဲ့ ေတာင္ၾကီးပြဲမွာ ပြဲကုိလာေရာက္ခ်ီးျမွင့္ၾကည့္ရႈတဲ့ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔လည္း အမွတ္တရဓာတ္ပံုေလးေတြရုိုက္ထားခဲ့ပါေသးတယ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ စုိင္းစုိင္းကုိခ်စ္ၾကလား။ စုိင္းစုိင္းရဲ႕ေနာက္ထပ္သီခ်င္းအသစ္ေတြကုိေရာ ေမွ်ာ္ေနၾကျပီလား။ မၾကာခင္မွာ က်င္းပျပဳလုပ္ေတာ့မယ့္ စုိင္းစုိင္းရဲ႕ Birthday Show, April 10 Show ကုိေရာ သြားေရာက္ၾကည့္ရႈအားေပးၾကမွာလား။ ေျပာခဲ့ၾကပါဦး။

Unicode

စိုင်းစိုင်းဟာ မြန်မာနိုင်ငံက အအောင်မြင်ဆုံး အနုပညာရှင်တွေထဲက တယောက်ဖြစ်တဲ့ အဆိုတော်မင်းသားတစ်ဦးဖြစ်ပြီး မြန်မာသာမက ကမ္ဘာကပါသိတဲ့အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ စိုင်းစိုင်း တယောက်ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေလောက်ကလည်းက တဟုန်ထိုးအောင်မြင်လာခဲ့ပြီး လက်ရှိချိန်ထိကို အောင်မြင်မှုကိုထိန်းသိမ်းထားနိုင်သူပါ။

စိုင်းစိုင်းကတော့ အသက်ကြီးလာပေမယ့်လည်း အရွယ်တင်နုပျိုနေတာကြောင့် လက်ရှိချိန်ထိကို နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်အားပေးတာ ခံနေရတာလည်းဖြစ်ပါတယ်။ စိုင်းစိုင်းကတော့ သူ့ပရိသတ်တွေအတွက် နှစ်တိုင်းလည်း တစ်ကိုယ်တော်ရှိုးပွဲ လုပ်ပေးနေကြဖြစ်ပြီး လုပ်လိုက်တဲ့ ရှိုးပွဲတွေတိုင်းကလည်း အံ့မခန်းအောင်မြင်မှုတွေရရှိထားသူဖြစ်ပါတယ်။စိုင်းစိုင်းဟာ ပရိသတ်တွေကိုအမြဲလိုလိုရည်မွန်ယဉ်ကျေးစွာဆက်ဆံတတ်သူဖြစ်ပြီး အခြေအနေတိုင်းကိုလည်း အကောင်းဆုံးကိုင်တွယ်နိုင်သူဖြစ်တာကြောင့် PR Skill အရမ်းကောင်းသူတစ်ဦးအဖြစ်အသိအမှတ်ပြုခံထားရတာပါ။

စိုင်းစိုင်းဟာ အသက်လေးဆယ်ဝန်းကျင်ရှိနေပေမယ့် နှစ်ဆယ်ကျော်လေးလို နုပျိုချောမောနေသူဖြစ်ပြီး ပရိသတ်တွေရဲ့အချစ်ခံရသူဖြစ်တဲ့အလျောက် ပရိသတ်တွေ ကြုံရင်ကြုံသလိုစနောက်နေတာကိုလည်း ခံရရှာသူတစ်ဦးဆိုရင်မမှားပါဘူး။ မကြာသေးမီက စိုင်းစိုင်းရဲ့ဓာတ်ပုံတစ်ပုံအောက်မှာ ပရိသတ်တစ်ဦးက စိုင်းစိုင်းကို “သက်ကြီးရွယ်အို” လို့ ဝင်ရောက်စနောက်ထားခဲ့ပြီး စိုင်းစိုင်းကလည်း ပြန်လည်စနောက်ထားတဲ့ comment လေး ပြန်ထားခဲ့တာပါ။ စိုင်းစိုင်းက အဲဒီပရိသတ်ရဲ့ comment ကို “ဒီမယ် မိန်းကလေး ကျုပ်အရွယ်ကို အိုတယ်ထင်တဲ့လူက ကျုပ်အရွယ်ရောက်ရင် အိုစာတဲ့သူဖြစ်လာလိမ့်မယ်။ ကျုပ်အရွယ်ကို နုပျိုတယ်ထင်တဲ့လူက ကျုပ်အရွယ်ရောက်ရင် နုပျိုတဲ့လူဖြစ်လာလိမ့်မယ် အိုကေ”လို့ ခပ်တည်တည်နဲ့ reply ပြန်ထားတာတွေ့ရပါတယ်။ စိုင်းစိုင်းက အခုလိုမျိုး ထွေလီကာလီတွေပြန်ပြောခဲတာကြောင့် ပရိသတ်တွေက အဲဒီ comment ကို သဘောတကျနဲ့ ပြန်လည် share ထားကြတာလည်းတွေ့ရပါတယ်။

စိုင်းစိုင်းက ပြီးခဲ့တဲ့ တောင်ကြီးပွဲမှာ ပွဲကိုလာရောက်ချီးမြှင့်ကြည့်ရှုတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း အမှတ်တရဓာတ်ပုံလေးတွေရိုက်ထားခဲ့ပါသေးတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော စိုင်းစိုင်းကိုချစ်ကြလား။ စိုင်းစိုင်းရဲ့နောက်ထပ်သီချင်းအသစ်တွေကိုရော မျှော်နေကြပြီလား။ မကြာခင်မှာ ကျင်းပပြုလုပ်တော့မယ့် စိုင်းစိုင်းရဲ့ Birthday Show, April 10 Show ကိုရော သွားရောက်ကြည့်ရှုအားပေးကြမှာလား။ ပြောခဲ့ကြပါဦး။