ေတာင္ၾကီးပြဲမွာ အေမစု ေျပာသြားတဲ့ စကားတစ္ခြန္းကုိ ရင္ဖြင့္လိုက္တဲ့ ေနဝင္း

ေနဝင္းဟာဆုိရင္လြန္ခဲ့တဲ့နွစ္ေပါင္းအေတာ္ၾကာကတည္းက ပရိသတ္ေတြအားေပးျခင္းခံရျပီး  ေအာင္ျမင္ေက်ာ္ၾကားလာတဲ့ အဆိုေတာ္တစ္ဦးျဖစ္ျပီး အခုေနာက္ပုိ္င္းမွာဆုိရင္လည္း တစ္နို္င္ငံလံုးက လူငယ္ပရိသတ္ေတြအျပင္ လူလတ္ပုိင္းပရိသတ္ေတြရဲ႕ အားေပးမႈေတြပါ အခိုင္အမာရရွိထားတဲ့အဆိုေတာ္တစ္ဦးဆိုရင္ မမွားပါဘူး။ ေနဝင္းဟာ လြန္ခဲ့တဲ့ဆယ္နွစ္ေလာက္ကတည္းက အခုအခ်ိန္အထိ ေဘးနားမွာ အတူတူပါရမီျဖည့္ေပးျပီး အတူူတူၾကိဳးစားေပးတဲ့ ခ်စ္သူေကာင္မေလး အိမ့္ခ်စ္ေခ်ာကုိလည္း ပိုင္ဆိုင္ထားပါတယ္။ေနဝင္းနဲ႔အိမ့္ခ်စ္ေခ်ာဟာ မၾကာခင္မွာ လက္ထပ္ဖို႔ ျပင္ဆင္ေနျပီျဖစ္ျပီး လက္ထပ္ပြဲကေတာ့ သၾကၤန္အျပီးေလာက္မွာ ျဖစ္မယ္လို႔လည္းသိရပါတယ္။

ေနဝင္းက ျပီးခဲ့တဲ့ ညက ေတာင္ၾကီးျမိဳ႕ရဲ႕ ျပည္ေထာင္စုေန႔အခမ္းအနားကုိသြားေရာက္ေဖ်ာ္ေျဖခဲ့ျပီး အဲဒီေဖ်ာ္ေျဖပြဲမွာ Frenzo, Snare, ေဇာ္ဝင္းထြဋ္နဲ႔ ေဝလတို႔နဲ႔အတူေဖ်ာ္ေျဖခဲ့ၾကတယ္လို႔ သိရပါတယ္။ေဖ်ာ္ေျဖပြဲကုိ နို္င္ငံေတာ္အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ လာေရာက္အားေပးခဲ့တယ္လို႔ိသိရပါတယ္။ အေမစုက ေဖ်ာ္ေျဖပြဲကုိအစအဆံုးထုိ္င္ၾကည့္သြားခဲ့ျပီးတဲ့ေနာက္မွာေတာ့ အနုပညာရွင္ေတြကုိစကားတစ္ခြန္းေျပာသြားခဲ့ပါတယ္။

အဲဒီစကားကုိ ေနဝင္းက သူ႔ရဲ႕ လူမႈကြန္ယက္ေပၚမွာ ျပန္လည္ရင္ဖြင့္ထားခဲ့တာပါ။ ေနဝင္းက အေမစုနဲ႔ အမွတ္တရရုိက္ထားတဲ့ ဓာတ္ပံုေလးနဲ႔အတူ “ဒီေန႔ ေတာင္ႀကီးၿမိဳ့ ျပည္ေထာင္စုေန႔ အခမ္းအနားကို ေတာင္ႀကီးၿမိဳ့ အေဝရာကြင္းမွာဆိုျဖစ္ခဲ့တယ္…ကၽြန္ေတာ္ ေနဝင္း , SNARE ,  Frenzo ရယ္ ဦးညီထြဋ္ နဲ႔ ကိုေဝလ တို့ ဆိုတာကို အေမစု အစအဆုံး ထိုင္ၾကည့္သြားတယ္ဗ်ာ… အေမစု က်မ္းမာပါေစ…  ၿပီးေတာ့ေျပာသြားေသးတယ္ ျပည္သူေတြကိုေပ်ာ္ေအာင္လုပ္ေပးတဲ့အတြက္ ေက်းဇူးပါတဲ့ ႐ူးတာပဲ … ကၽြန္ေတာ္တို့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေနပါမယ္ peace”လို႔ ေရးတင္ထားခဲ့တာပါ။

ေျပာခ်င္လြန္းလိို႔ ပရိသတ္ၾကီးအတြက္ အေမစုနဲ႔ ေနဝင္း၊စုိင္းစုိင္း၊ G Fatt တို႔အမွတ္တရ အတူတူရိုက္ထားတဲ့ ဓာတ္ပံုေလးေတြကုိ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ ပရိသတ္ၾကီးေရာ Snare နဲ႔ Frenzo ကုိ ခ်စ္ၾကလား။ သူတို႔ရဲ႕သီခ်င္းအသစ္ေတြကုိေရာ နားေထာင္ခ်င္ေနၾကျပီလား။ ေနဝင္းတို႔လို အေမစုနဲ႔ ေတြ႕ခြင့္ရရင္ ေျပာခ်င္တဲ့စကားေတြေရာ ရွိလား။ ရင္တြင္းစကားေလးေတြေျပာျပခဲ့ၾကပါဦး။

Unicode

နေဝင်းဟာဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်းအတော်ကြာကတည်းက ပရိသတ်တွေအားပေးခြင်းခံရပြီး အောင်မြင်ကျော်ကြားလာတဲ့ အဆိုတော်တစ်ဦးဖြစ်ပြီး အခုနောက်ပိုင်းမှာဆိုရင်လည်း တစ်နိုင်ငံလုံးက လူငယ်ပရိသတ်တွေအပြင် လူလတ်ပိုင်းပရိသတ်တွေရဲ့ အားပေးမှုတွေပါ အခိုင်အမာရရှိထားတဲ့အဆိုတော်တစ်ဦးဆိုရင် မမှားပါဘူး။ နေဝင်းဟာ လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကတည်းက အခုအချိန်အထိ ဘေးနားမှာ အတူတူပါရမီဖြည့်ပေးပြီး အတူူတူကြိုးစားပေးတဲ့ ချစ်သူကောင်မလေး အိမ့်ချစ်ချောကိုလည်း ပိုင်ဆိုင်ထားပါတယ်။နေဝင်းနဲ့အိမ့်ချစ်ချောဟာ မကြာခင်မှာ လက်ထပ်ဖို့ ပြင်ဆင်နေပြီဖြစ်ပြီး လက်ထပ်ပွဲကတော့ သင်္ကြန်အပြီးလောက်မှာ ဖြစ်မယ်လို့လည်းသိရပါတယ်။

နေဝင်းက ပြီးခဲ့တဲ့ ညက တောင်ကြီးမြို့ရဲ့ ပြည်ထောင်စုနေ့အခမ်းအနားကိုသွားရောက်ဖျော်ဖြေခဲ့ပြီး အဲဒီဖျော်ဖြေပွဲမှာ Frenzo, Snare, ဇော်ဝင်းထွဋ်နဲ့ ဝေလတို့နဲ့အတူဖျော်ဖြေခဲ့ကြတယ်လို့ သိရပါတယ်။ဖျော်ဖြေပွဲကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် လာရောက်အားပေးခဲ့တယ်လို့ိသိရပါတယ်။ အမေစုက ဖျော်ဖြေပွဲကိုအစအဆုံးထိုင်ကြည့်သွားခဲ့ပြီးတဲ့နောက်မှာတော့ အနုပညာရှင်တွေကိုစကားတစ်ခွန်းပြောသွားခဲ့ပါတယ်။ အဲဒီစကားကို နေဝင်းက သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ပြန်လည်ရင်ဖွင့်ထားခဲ့တာပါ။

နေဝင်းက အမေစုနဲ့ အမှတ်တရရိုက်ထားတဲ့ ဓာတ်ပုံလေးနဲ့အတူ “ဒီနေ့ တောင်ကြီးမြို့ ပြည်ထောင်စုနေ့ အခမ်းအနားကို တောင်ကြီးမြို့ အဝေရာကွင်းမှာဆိုဖြစ်ခဲ့တယ်… ကျွန်တော် နေဝင်း , SNARE , Frenzo ရယ် ဦးညီထွဋ် နဲ့ ကိုဝေလ တို့ ဆိုတာကို အမေစု အစအဆုံး ထိုင်ကြည့်သွားတယ်ဗျာ… အမေစု ကျမ်းမာပါစေ… ပြီးတော့ပြောသွားသေးတယ် ပြည်သူတွေကိုပျော်အောင်လုပ်ပေးတဲ့အတွက် ကျေးဇူးပါတဲ့ ရူးတာပဲ … ကျွန်တော်တို့ ငြိမ်းငြိမ်းချမ်းချမ်းနေပါမယ် peace”လို့ ရေးတင်ထားခဲ့တာပါ။

ပြောချင်လွန်းလို့ ပရိသတ်ကြီးအတွက် အမေစုနဲ့ နေဝင်း၊စိုင်းစိုင်း၊ G Fatt တို့အမှတ်တရ အတူတူရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးရော Snare နဲ့ Frenzo ကို ချစ်ကြလား။ သူတို့ရဲ့သီချင်းအသစ်တွေကိုရော နားထောင်ချင်နေကြပြီလား။ နေဝင်းတို့လို အမေစုနဲ့ တွေ့ခွင့်ရရင် ပြောချင်တဲ့စကားတွေရော ရှိလား။ ရင်တွင်းစကားလေးတွေပြောပြခဲ့ကြပါဦး။