၁၀.၂.၂၀၂၀ မွ ၁၆.၂.၂၀၂၀အထိ ေျပာခ်င္လြန္းလို႔ တစ္ပတ္စာေဗဒင္ေဟာစာတမ္း

ေဗဒင္လကၡဏာပညာေတြဆိုတာက ဘုရားရွင္္လက္ထက္ကတည္းက ရွိခဲ့တဲ့အရာေတြျဖစ္ျပီးလူေတြရဲ႕ ၾကိဳတင္မျမင္နုိင္တဲ့ကံတရားကိုတြက္ခ်က္ခန္႔မွန္းပံုေဖာ္ျပီး မလုပ္သင့္တာမလုပ္ရေအာင္၊ အညံ့ေတြပေပ်ာက္ေအာင္၊ ၾကံတိုင္းေအာင္္ေဆာင္တိုင္းေျမာက္ေအာင္ တစ္ဖက္တစ္လမ္းက ကူညီေပးေနတဲ့ပညာရပ္တစ္ပါးျဖစ္ပါတယ္။ ေဗဒင္ၾကိဳက္တဲ့ပရိသတ္ၾကီးအတြက္ေရာ ေဗဒင္ေတြကုိ ေဆာင္ရန္ေရွာင္ရန္ေလာက္သာဖတ္ပါတယ္ဆိုတဲ့သူေတြအတြက္ေရာေျပာခ်င္လြန္းလို႔ရဲ႕ တစ္ပတ္စာေဗဒင္ေဟာစာတမ္းက႑ကို တင္ဆက္ေပးလိုက္ပါတယ္။

Aries (March 21- April 19)

March လ 21 ကေန April 19 ရက္အတြင္းေမြးဖြားတဲ့ Aries ရာသီဖြားေတြအတြက္ေတာ့ ဒီရက္ပိုင္းမွာ ဘယ္အလုပ္မဆုိ စိတ္ပါလက္ပါနဲ႔ စိတ္ဝင္တစားလုပ္မိေနမယ္။ ေဘးကသူေတြရဲ႕ ေဝဖန္ခ်က္ေတြထဲမွာ အမွန္တရားေတြပါေနမွာမို႔ ေဝဖန္ခ်က္ေတြကုိ ဆန္းစစ္ျပီး မေကာင္းတာပယ္ ေကာင္းတာယူသင့္တယ္။ ကိုယ့္နားက မေကာင္းတဲ့သူေတြကုိ ဖယ္ထုတ္ပစ္ရမယ့္အခ်ိန္လည္းျဖစ္တယ္။ အတိတ္ကုိျပန္တမ္းတေနမယ့္အစား အနာဂတ္ကုိသာေရွးရႈျပီး ၾကိဳးစားသင့္တယ္။ အခ်စ္ေရးမွာေတာ့ တိုးတက္မႈွေတြေနွင့္ေနွးေနမွာျဖစ္တယ္။ ကုိယ္ခ်စ္တဲ့သူကို ဖြင့္ေျပာလည္း အေၾကာင္းထူးမယ့္အခ်ိန္မဟုတ္ေသးဘူး။ ခရီးသြားလာသင့္တဲ့အခ်ိန္ျဖစ္လင့္ကစား အလုပ္နဲ႔ခရီးသြားမယ္ဆိုရင္ စာရြက္စာတမ္းေတြမေပ်ာက္ရွေအာင္ အထူးဂရုစုိုက္သင့္တယ္။

Taurus (April 20 -May 20)

Taurus ရာသီဖြားေတြဟာအခုအခ်ိန္မွာ ေအာင္ျမင္မႈေတြရျပီး ဘာလုပ္လုပ္အဆင္ေျပေနမယ့္အခ်ိန္ျဖစ္ေပမယ့္ ကိုယ့္အေျခအေနကုိ ၾကြားဝါတာမ်ိဳးေရွာင္ရွားသင့္တယ္။ မနာလိုသူေတြရဲ႕ အကြက္ဆင္မႈကုိ ခံရနုိ္င္လုိ႔ သတိထားရမယ့္ကာလပါ။ ကိုယ့္ရည္မွန္းခ်က္ေတြကုိ ေနွာင့္ေနွးေစမယ့္ စိတ္ပူပန္မႈေတြကုိေလ်ွာ့ခ်ပါ။ ဘဝမွာ ၾကီးမားတဲ့အေျပာင္းအလဲေတြကုိ ရင္ဆိုင္ရမယ့္ကာလျဖစ္ျပီးအဲဒီအေျပာင္းအလဲက ေကာင္းဖို႔ျဖစ္မလား ဆိုးဖုိ႔ျဖစ္မလားဆိုတာကေတာ့ ကုိယ္ခံယူတာနဲ႔ပဲဆိုင္မွာျဖစ္တယ္။ အခ်စ္ေရးမွာေတာ့ တည္ျငိမ္ေနျပီး ကုိယ္ခ်စ္တဲ့သူေတြနဲ႔ ေႏြးေထြးေနမယ့္ကာလေလးျဖစ္တယ္။ ခရီးသြားလာသင့္တဲ့ကာလျဖစ္ျပီး အပန္းေျဖခရီးေတြထြက္သင့္တယ္။

Gemini (May 21 – Jun 20)

အခုရက္ပိုင္းေတြမွာ Gemini ဖြားေတြအတြက္ ကုိယ့္ကိုယ္ကုိယ္ယံုၾကည္မႈေတြျပည့္ဝေနျပီး အရာရာကုိအေကာင္းျမင္စိတ္ေတြနဲ႔ ၾကည့္ေနမိမယ့္ကာလပါ။ သူမ်ားေတြရဲ႕အၾကံေပးစကားေတြကုိ နားမေထာင္မိလို႔ ဆံုးရံႈးရတာေတြနဲ႔ ရင္ဆုိင္ရနုိင္ျပီး အဲဒီကေန တန္ဖိုးရွိတဲ့ဘဝသင္ခန္းစာေတြသင္ယူနုိင္မွာျဖစ္တယ္။ မွန္ကန္တဲ့ေပ်ာ္ရႊင္မႈကိုရဖို႔ဆိုရင္ေတာ့ သင့္ရဲ႕ဘဝေနထုိင္မႈပံုစံအခ်ိဳ႕ကုိေျပာင္းလဲရမယ္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူရွိတဲ့သူေတြက ခ်စ္သူနဲ႔ တက်က္က်က္ရန္ျဖစ္ေနရမယ္။ ခ်စ္သူနဲ႔ျပႆနာအၾကီးအက်ယ္တက္ေနတဲ့သူေတြအတြက္ေတာ့ ခရီးအတူတူထြက္လုိက္ရင္ အဆင္ေျပသြားနုိင္တာမို႔ ခရီးတိုေလးတစ္ခုေလာက္အတူတူထြက္သင့္တဲ့ကာလပါ။

Cancer (Jun 21- July 22)

Cancer ရာသီဖြားေတြကေတာ့ ဒီရက္ပိုင္းမွာ ကုိ္ယ္အရင္တုန္းက လုပ္ထားတဲ့အမွားေတြဘူးေပၚသလိုေပၚလာနုိင္တယ္။ အဲဒါေတြကုိလုိက္ဖံုးလို႔လည္းရနုိင္ဖြယ္မရွိဘူး။ ဒါေပမယ့္ အဲဒီအမွားေတြဆီကေနပဲ ဘဝသင္ခန္းစာေတြ သင္ယူရနိုင္တယ္။ အလုပ္မွာေတာ့ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ တြဲဖက္ညီညီေဆာင္ရြက္နိုင္ျပီး ေအာင္ျမင္မႈေတြရဖို႔ရွိတယ္။ ကိုယ္ျဖစ္ခ်င္တဲ့အိပ္မက္ေတြ စိတ္ကူးထားတဲ့အၾကံအစည္ေတြအတြက္ စိတ္သြားတိုင္းကုိယ္မပါနုိင္ေသးလို႔ စိတ္ညစ္ေနရမယ္။ ဘဝမွာ အေကာင္းဘက္ကုိေျပာင္းလဲမယ့္ အေျပာင္းအလဲေတြနဲ႔ ၾကံဳရမယ္။ အခ်စ္ေရးမွာေတာ့ နွစ္ေယာက္ၾကား နားလည္မႈေတြလဲြနုိင္တဲ့ကာလျဖစ္တယ္။ ခရီးသြားလာသင့္တဲ့အခ်ိန္အခါေကာင္းမွာ က်ေရာက္ေနတယ္။

Leo (Jul 23 – August 22)

Leo ရာသီဖြားေတြအေနနဲ႔ အခုရက္ပိုင္းမွာ စြန္႔စားမႈေတြလုပ္သင့္တဲ့ကာလမဟုတ္ဘူး။ ဒီကာလမွာ အစီအစဥ္အတုိင္းလုပ္ထားတာေတြကေန ေသြဖည္ျပီး ေဖာက္ထြက္ခ်င္တဲ့ စိတ္ေတြျဖစ္ေနမယ္။ ဒါေပမယ့္ ျဖစ္ခ်င္ရာျဖစ္လုပ္ပစ္လိုက္သင့္တဲ့ကာလမဟုတ္ဘူး။ ေငြေရးေၾကးေရးမွာ ပိုက္ဆံေတြဆံုးရံႈးရနုိင္ေခ်ရွိိလို႔ သတိထားသင့္တယ္။ အခ်စ္ေရးမွာေတာ့ ခံစားခ်က္ေတြမရွင္းလင္းပဲျဖစ္ေနတတ္တယ္။ ကုိယ့္ကုိုယ္ကုိယ္လည္းဘာကုိလိုခ်င္တာမွန္းမသိျဖစ္ေနမယ္။ ခရီးသြားလာသင့္တဲ့အခ်ိန္ကာလမဟုတ္ေသးဘူး။

Virgo (Aug 23 – September 22)

Virgo ရာသီဖြားေတြအတြက္ ဒီရက္ပိုင္းမွာ အနားကလူေတြရဲ႕ ျပႆနာေတြထဲ ကိုယ္ပါေရာမပါမိေအာင္ေနသင့္တယ္။ မ်က္စိေရွ႕မွာအျမင္မေတာ္တာေတြ႕ေနရရင္ေတာင္မွပဲ အကူအညီအေတာင္းမခံရမခ်င္းမကူညီပါနဲ႔။ ဘုမသိဘမသိကူူညီမိရာက ကုိယ္ပါေရာျပီး ဒုကၡေရာက္တတ္တယ္။ ကုိယ္ပိုင္လုပ္ငန္းေထာင္ဖို႔ ၾကံစည္စိတ္ကူးထားသူေတြ စိတ္ကူးေတြအေကာင္အထည္ေဖာ္သင့္တဲ့ ကာလျဖစ္တယ္။ အလုပ္မွာအေနွာက္အယွက္အနည္းငယ္ေတြ႕ရတတ္ေပမယ့္ ေက်ာ္လႊားနုိင္မယ္။ အခ်စ္ေရးအဆင္ေျပေနမွာျဖစ္ျပီး ခ်စ္သူေၾကာင့္ လုပ္ငန္းခြင္မွာပါ အက်ိဳးေပးေကာင္းေနမယ့္ကာလျဖစ္တယ္။ ခရီးသြားလာသင့္တဲ့အခ်ိန္ကာလမဟုတ္ေသးဘူး။

Libra (September 23 – October 22)

Libra ေတြအတြက္ကေတာ့ ဒီရက္ပိုင္းမွာ ကုိယ္လုပ္ထားတဲ့ ကိစၥေတြေၾကာင့္ အခက္အခဲေတြနဲ႔ အရံႈးေတြရင္ဆုိင္ရဖို႔ရွိတယ္။ ၾကံဳလာရသမွ်ကိစၥရပ္တုိင္းကို စိတ္ထဲရွိတဲ့အတိုင္း ခံစားခ်က္နဲ႔ တံု႔ျပန္တာေတြမလုပ္မိေစဖို႔ သတိျပဳပါ။ အခ်ိ္န္ေတြအၾကာၾကီးေတာင္းခဲ့တဲ့ ဆုေတြျပည့္ဝလာဖို႔ရွိတယ္။ ေငြေရးေၾကးေရးမွာ ေငြဝင္ၾကမ္းေနမယ္၊ အပုိဝင္ေငြေတြရလာနုိင္မယ့္အခ်ိန္ကာလပါ။ အခ်စ္ေရးကေတာ့ တည္ျငိမ္ေနျပီး ခ်စ္သူနဲ႔ ကေတာက္ကဆေလးေတြျဖစ္နုိင္ေပမယ့္ ကိုယ့္ဘက္က အမွားၾကီးၾကီးမားမားမလုပ္ထားရင္ ခ်စ္သူက ျပန္ခြင့္လႊတ္လာမွာပါ။ စိတ္ဓာတ္က်တာေတြျဖစ္နုိင္ေခ်ရွိျပီး စိတ္ဓာတ္က်တာကုိ ခရီးသြားျခင္းနဲ႔ ေျဖေဖ်ာက္သင့္တယ္။

Scorpio (October 23 – November 21)

Scorpio ရာသီဖြားေတြအေနနဲ႔ အခုတေလာမွာ မိသားစုနဲ႔ အဆင္ေျပေနမယ္။ ဒါေပမယ့္ ၾကားရတဲ့စကားတိုင္းကုိ ပစ္ယံုလုိက္တာမ်ိဳးမလုပ္ပဲ ေသခ်ာစဥ္းစားဆင္ျခင္သင့္တယ္။ ေငြေၾကးရင္းနွီးျမွဳပ္နွံတာေတြလုပ္ဖို႔ စဥ္းစားထားရင္ေတာ့ အေဆာတလ်င္မလုပ္ပဲ ပုိမုိသင့္ေတာ္တဲ့အခ်ိန္ကာလကုိ ေစာင့္ဆိုင္းသင့္တယ္။ ကုိယ္လုပ္ဖို႔ စီစဥ္ထားတဲ့အလုပ္ေတြ ခဏခဏေရႊ႕ဆိုင္းရတာမ်ိဳးေတြျဖစ္ေနမယ္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူနဲ႔ ညွိနိႈင္းမရတဲ့ ကိစၥေၾကာင့္ ျပႆနာအၾကီးအက်ယ္တက္ဖုိ႔ရွိတယ္။ ခရီးသြားလာသင့္တဲ့အခ်ိန္ကာလမွာက်ေရာက္ေနတာမို႔ အပန္းေျဖခရီးေတြသြားလာသင့္တယ္။

Sagittarius (November 22 – December 21)

လက္ရွိအခ်ိန္မွာေတာ့ ကုိယ္နဲ႔ရင္းနွီးခ်စ္ခင္သြားမယ့္ လူသစ္ေတြနဲ႔ ေတြ႕ၾကံဳဆက္ဆံရမယ္။ ကုိယ္နဲ႔အျမင္မတူသူေတြနဲ႔ ျငင္းခုန္ျခင္းေတြကုိေရွာင္ရွားပါ။ ကုိယ္ဝါသနာပါတဲ့ စိတ္ဝင္စားတ့ဲအလုပ္ကုိလုပ္ျပီး ေအာင္ျမင္မႈရရွိမယ္။ ေငြပုိေငြလွ်ံေတြရမယ္။ ဘဝမွာ ထူးျခားတဲ့အေျပာင္းအလဲေတြနဲ႔ ၾကံဳရနုိင္လို႔ ကုိယ့္အတြက္အေရးပါတဲ့ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ရာမွာ သတိထားသင့္တယ္။ အခ်စ္ေရးမွာ ခ်စ္သူက လ်စ္လ်ဴရႈတယ္ ပလစ္တယ္လို႔ ခံစားရလို႔ ခ်စ္သူနဲ႔ အထင္အျမင္လြဲေနမယ္။ ခရီးသြားလာသင့္တဲ့ ကာလမဟုတ္ဘူး။

Capricorn (December 22 – Jan 19)

ဒီရက္ပိုင္္းမွာေတာ့ အလုပ္အသစ္ေတြအေကာင္အထည္ေဖာ္သင့္တဲ့ကာလမဟုတ္ဘူး။ သင့္ရဲ႕ စိတ္တိုစိတ္ဆတ္မႈေတြေၾကာင့္ ဆံုးရံႈးရတာေတြရွိမယ္။ ေတြ႕ဆံုလာရတဲ့ လူသစ္ေတြကုိသတိထားဆက္ဆံသင့္တယ္။ ဘာမွလုပ္ခ်င္ကုိင္ခ်င္စိတ္မရွိပဲ ပ်င္းရိေနမွာျဖစ္တယ္။ ဒါေပမယ့္ ေရရွည္မွာ ကိုယ့္အတြက္အကိ်ဳးေပးမယ့္ အၾကံအစည္သစ္ေတြ ရလာမယ့္ ကာလျဖစ္တယ္။ ၾကီးက်ယ္ခမ္းနားတဲ့ အနာဂတ္စိတ္ကူးအိပ္မက္ေတြကုိ အေကာင္အထည္ေဖာ္နိုင္မယ့္ လမ္းေၾကာင္းေပၚ ျဖည္းျဖည္းခ်င္းေရာက္ရွိေနမယ္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူနဲ႔အဆင္မေျပတိုင္း ကုိယ့္ကိုယ္ကိုယ္ပဲ အျပစ္တစ္မိေနတာေတြကုိ ေလွ်ာ့ခ်သင့္တယ္။ ခရီးသြားလာသင့္တဲ့အခ်ိန္အခါေကာင္း မဟုတ္ေသးဘူး။

Aquarius (January 20 – February 18)

Aquarius ေတြကေတာ့ အခုရက္ပိုင္းမွာ ၾကံတိုင္းေအာင္ ေဆာင္တိုင္းေျမာက္ေနမယ့္ ကာလျဖစ္တယ္။ စကားေျပာျမန္တာကုိ သတိထားပါ။ ဘဝမွာ ေျပာင္းလဲသင့္တဲ့အရာေတြနဲ႔ ၾကံဳေတြ႕ေနရမွာျဖစ္ျပီး အေျပာင္းအလဲေတြကေန ေရွာင္ေျပးေနလို႔ အလုပ္ျဖစ္မွာမဟုတ္ဘူး။ ျပႆနာေတြကုိ ထိထိေရာက္ေရာက္ေျဖရွင္းသင့္တဲ့ကာလမွာက်ေရာက္ေနတယ္။ အလုပ္ကိစၥနဲ႔ ေတြ႕ဆံုမႈအသစ္ေတြၾကံဳေတြ႕ရမယ္။ လူသစ္ေတြနဲ႔ ရင္းနွီးရနိုင္တယ္။ အခ်စ္ေရးမွာေတာ့ ကုိယ့္ခ်စ္သူက ကုိယ့္ကုိကစားေနတယ္လို႔ခံစားေနရမွာျဖစ္ျပီး အဲဒါကို လက္ဆုပ္လက္ကိုင္ျပဖို႔ေတာ့ ခက္ခဲေနမွာျဖစ္တယ္။ ခရီးသြားလာသင့္တဲ့ ကာလမဟုတ္ေပမယ့္ အလုပ္ကိစၥနဲ႔ မျဖစ္မေနသြားရမယ္ဆိုရင္ေတာ့ အေရးၾကီးတ့ဲ စာရြက္စာတမ္းေတြကုိ သတိထားသင့္တယ္။

Pieces (February 19 – March 20)

လက္ရွိမွာ ကုိယ္ၾကိဳးစားသေလာက္ကုိယ္နဲ႔အမီလိုက္မလာနုိင္တဲ့ လုပ္ေဖာ္ကုိင္ဖက္ေတြေၾကာင့္ စိတ္တိုေနရမယ္။ ကုိယ့္အတြက္အက်ိဳးယုတ္ေစမယ့္ အၾကံဥာဏ္ေတြၾကားလာရနုိင္တာမုိ႔ နားမေယာင္မိေအာင္ ဂရုစိုက္ပါ။ ဒီရက္ပုိင္းမွာ ေက်ာင္းစာေမးပြဲ အလုပ္စာေမးပြဲေျဖရမယ့္လူေတြအတြက္ အထူးေအာင္ျမင္မယ္။ အခ်ိန္ျဖဳန္းေနမိတာေတြကုိ ေလွ်ာ့ခ်သင့္တယ္။ အရင္ကတည္းက ၾကိဳးစားၾကံစည္ထားျပီး အခ်ိန္တစ္ခုၾကာေအာင္ ပစ္ထားမိတဲ့ အလုပ္ေတြ၊ အနာဂတ္ရည္မွန္းခ်က္ေတြကုိ ျပန္လည္ၾကိဳးစားသင့္တယ္။ အခ်စ္ေရးမွာေတာ့ စိတ္ခံစားခ်က္ေတြနဲ႔ ရႈပ္ေထြးေနမွာျဖစ္ျပီး ကုိယ္တကယ္လုိခ်င္တာကုိ အေျဖရွာမရပဲျဖစ္ေနနုိင္တယ္။ ခရီးသြားလာသင့္တဲ့အခ်ိန္မဟုတ္ေပမယ္လို႔ ခရီးသြားမယ္ဆိုရင္လည္း အေနွာက္အယွက္ၾကီးၾကီးမားမားေတာ့ ျဖစ္ဖို႔မရွိဘူး။

အခုေဖာ္ျပသြားတာေတြကေတာ့ ေျပာခ်င္လြန္းလို႔ရဲ႕ တစ္ပတ္စာေဗဒင္ေဟာစာတမ္းျဖစ္ပါတယ္။ေဟာစာတမ္းရဲ႕ေဖာ္ျပခ်က္ေတြနဲ႔ ကုိယ့္ရာသီခြင္နဲ႔ကုိက္ရဲ႕လားဆိုတာလည္း ဖတ္ရႈျပီးေျပာခဲ့ၾကပါဦး။ ေနာက္အပတ္ေတြမွာလည္းတစ္ပတ္စာေဗဒင္ေဟာစာတမ္းေတြကုိ တင္ဆက္ေပးသြားမွာျဖစ္လို႔ ေစာင့္ေမွ်ာ္ဖတ္ရႈၾကပါဦး။

Unicode

၁၀.၂.၂၀၂၀ မှ ၁၆.၂.၂၀၂၀အထိ ပြောချင်လွန်းလို့ တစ်ပတ်စာဗေဒင်ဟောစာတမ်း

ဗေဒင်လက္ခဏာပညာတွေဆိုတာက ဘုရားရှင်လက်ထက်ကတည်းက ရှိခဲ့တဲ့အရာတွေဖြစ်ပြီးလူတွေရဲ့ ကြိုတင်မမြင်နိုင်တဲ့ကံတရားကိုတွက်ချက်ခန့်မှန်းပုံဖော်ပြီး မလုပ်သင့်တာမလုပ်ရအောင်၊ အညံ့တွေပပျောက်အောင်၊ ကြံတိုင်းအောင်ဆောင်တိုင်းမြောက်အောင် တစ်ဖက်တစ်လမ်းက ကူညီပေးနေတဲ့ပညာရပ်တစ်ပါးဖြစ်ပါတယ်။ ဗေဒင်ကြိုက်တဲ့ပရိသတ်ကြီးအတွက်ရော ဗေဒင်တွေကို ဆောင်ရန်ရှောင်ရန်လောက်သာဖတ်ပါတယ်ဆိုတဲ့သူတွေအတွက်ရောပြောချင်လွန်းလို့ရဲ့ တစ်ပတ်စာဗေဒင်ဟောစာတမ်းကဏ္ဍကို တင်ဆက်ပေးလိုက်ပါတယ်။

Aries (March 21- April 19)

March လ 21 ကနေ April 19 ရက်အတွင်းမွေးဖွားတဲ့ Aries ရာသီဖွားတွေအတွက်တော့ ဒီရက်ပိုင်းမှာ ဘယ်အလုပ်မဆို စိတ်ပါလက်ပါနဲ့ စိတ်ဝင်တစားလုပ်မိနေမယ်။ ဘေးကသူတွေရဲ့ ဝေဖန်ချက်တွေထဲမှာ အမှန်တရားတွေပါနေမှာမို့ ဝေဖန်ချက်တွေကို ဆန်းစစ်ပြီး မကောင်းတာပယ် ကောင်းတာယူသင့်တယ်။ ကိုယ့်နားက မကောင်းတဲ့သူတွေကို ဖယ်ထုတ်ပစ်ရမယ့်အချိန်လည်းဖြစ်တယ်။ အတိတ်ကိုပြန်တမ်းတနေမယ့်အစား အနာဂတ်ကိုသာရှေးရှုပြီး ကြိုးစားသင့်တယ်။ အချစ်ရေးမှာတော့ တိုးတက်မှုှတွေနှေင့်နှေးနေမှာဖြစ်တယ်။ ကိုယ်ချစ်တဲ့သူကို ဖွင့်ပြောလည်း အကြောင်းထူးမယ့်အချိန်မဟုတ်သေးဘူး။ ခရီးသွားလာသင့်တဲ့အချိန်ဖြစ်လင့်ကစား အလုပ်နဲ့ခရီးသွားမယ်ဆိုရင် စာရွက်စာတမ်းတွေမပျောက်ရှအောင် အထူးဂရုစိုက်သင့်တယ်။

Taurus (April 20 -May 20)

Taurus ရာသီဖွားတွေဟာအခုအချိန်မှာ အောင်မြင်မှုတွေရပြီး ဘာလုပ်လုပ်အဆင်ပြေနေမယ့်အချိန်ဖြစ်ပေမယ့် ကိုယ့်အခြေအနေကို ကြွားဝါတာမျိုးရှောင်ရှားသင့်တယ်။ မနာလိုသူတွေရဲ့ အကွက်ဆင်မှုကို ခံရနိုင်လို့ သတိထားရမယ့်ကာလပါ။ ကိုယ့်ရည်မှန်းချက်တွေကို နှောင့်နှေးစေမယ့် စိတ်ပူပန်မှုတွေကိုလျှော့ချပါ။ ဘဝမှာ ကြီးမားတဲ့အပြောင်းအလဲတွေကို ရင်ဆိုင်ရမယ့်ကာလဖြစ်ပြီးအဲဒီအပြောင်းအလဲက ကောင်းဖို့ဖြစ်မလား ဆိုးဖို့ဖြစ်မလားဆိုတာကတော့ ကိုယ်ခံယူတာနဲ့ပဲဆိုင်မှာဖြစ်တယ်။ အချစ်ရေးမှာတော့ တည်ငြိမ်နေပြီး ကိုယ်ချစ်တဲ့သူတွေနဲ့ နွေးထွေးနေမယ့်ကာလလေးဖြစ်တယ်။ ခရီးသွားလာသင့်တဲ့ကာလဖြစ်ပြီး အပန်းဖြေခရီးတွေထွက်သင့်တယ်။

Gemini (May 21 – Jun 20)

အခုရက်ပိုင်းတွေမှာ Gemini ဖွားတွေအတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေပြည့်ဝနေပြီး အရာရာကိုအကောင်းမြင်စိတ်တွေနဲ့ ကြည့်နေမိမယ့်ကာလပါ။ သူများတွေရဲ့အကြံပေးစကားတွေကို နားမထောင်မိလို့ ဆုံးရှုံးရတာတွေနဲ့ ရင်ဆိုင်ရနိုင်ပြီး အဲဒီကနေ တန်ဖိုးရှိတဲ့ဘဝသင်ခန်းစာတွေသင်ယူနိုင်မှာဖြစ်တယ်။ မှန်ကန်တဲ့ပျော်ရွှင်မှုကိုရဖို့ဆိုရင်တော့ သင့်ရဲ့ဘဝနေထိုင်မှုပုံစံအချို့ကိုပြောင်းလဲရမယ်။ အချစ်ရေးမှာတော့ ချစ်သူရှိတဲ့သူတွေက ချစ်သူနဲ့ တကျက်ကျက်ရန်ဖြစ်နေရမယ်။ ချစ်သူနဲ့ပြဿနာအကြီးအကျယ်တက်နေတဲ့သူတွေအတွက်တော့ ခရီးအတူတူထွက်လိုက်ရင် အဆင်ပြေသွားနိုင်တာမို့ ခရီးတိုလေးတစ်ခုလောက်အတူတူထွက်သင့်တဲ့ကာလပါ။

Cancer (Jun 21- July 22)

Cancer ရာသီဖွားတွေကတော့ ဒီရက်ပိုင်းမှာ ကိုယ်အရင်တုန်းက လုပ်ထားတဲ့အမှားတွေဘူးပေါ်သလိုပေါ်လာနိုင်တယ်။ အဲဒါတွေကိုလိုက်ဖုံးလို့လည်းရနိုင်ဖွယ်မရှိဘူး။ ဒါပေမယ့် အဲဒီအမှားတွေဆီကနေပဲ ဘဝသင်ခန်းစာတွေ သင်ယူရနိုင်တယ်။ အလုပ်မှာတော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွဲဖက်ညီညီဆောင်ရွက်နိုင်ပြီး အောင်မြင်မှုတွေရဖို့ရှိတယ်။ ကိုယ်ဖြစ်ချင်တဲ့အိပ်မက်တွေ စိတ်ကူးထားတဲ့အကြံအစည်တွေအတွက် စိတ်သွားတိုင်းကိုယ်မပါနိုင်သေးလို့ စိတ်ညစ်နေရမယ်။ ဘဝမှာ အကောင်းဘက်ကိုပြောင်းလဲမယ့် အပြောင်းအလဲတွေနဲ့ ကြုံရမယ်။ အချစ်ရေးမှာတော့ နှစ်ယောက်ကြား နားလည်မှုတွေလွဲနိုင်တဲ့ကာလဖြစ်တယ်။ ခရီးသွားလာသင့်တဲ့အချိန်အခါကောင်းမှာ ကျရောက်နေတယ်။

Leo (Jul 23 – August 22)

Leo ရာသီဖွားတွေအနေနဲ့ အခုရက်ပိုင်းမှာ စွန့်စားမှုတွေလုပ်သင့်တဲ့ကာလမဟုတ်ဘူး။ ဒီကာလမှာ အစီအစဉ်အတိုင်းလုပ်ထားတာတွေကနေ သွေဖည်ပြီး ဖောက်ထွက်ချင်တဲ့ စိတ်တွေဖြစ်နေမယ်။ ဒါပေမယ့် ဖြစ်ချင်ရာဖြစ်လုပ်ပစ်လိုက်သင့်တဲ့ကာလမဟုတ်ဘူး။ ငွေရေးကြေးရေးမှာ ပိုက်ဆံတွေဆုံးရှုံးရနိုင်ချေရှိလို့ သတိထားသင့်တယ်။ အချစ်ရေးမှာတော့ ခံစားချက်တွေမရှင်းလင်းပဲဖြစ်နေတတ်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်းဘာကိုလိုချင်တာမှန်းမသိဖြစ်နေမယ်။ ခရီးသွားလာသင့်တဲ့အချိန်ကာလမဟုတ်သေးဘူး။

Virgo (Aug 23 – September 22)

Virgo ရာသီဖွားတွေအတွက် ဒီရက်ပိုင်းမှာ အနားကလူတွေရဲ့ ပြဿနာတွေထဲ ကိုယ်ပါရောမပါမိအောင်နေသင့်တယ်။ မျက်စိရှေ့မှာအမြင်မတော်တာတွေ့နေရရင်တောင်မှပဲ အကူအညီအတောင်းမခံရမချင်းမကူညီပါနဲ့။ ဘုမသိဘမသိကူူညီမိရာက ကိုယ်ပါရောပြီး ဒုက္ခရောက်တတ်တယ်။ ကိုယ်ပိုင်လုပ်ငန်းထောင်ဖို့ ကြံစည်စိတ်ကူးထားသူတွေ စိတ်ကူးတွေအကောင်အထည်ဖော်သင့်တဲ့ ကာလဖြစ်တယ်။ အလုပ်မှာအနှောက်အယှက်အနည်းငယ်တွေ့ရတတ်ပေမယ့် ကျော်လွှားနိုင်မယ်။ အချစ်ရေးအဆင်ပြေနေမှာဖြစ်ပြီး ချစ်သူကြောင့် လုပ်ငန်းခွင်မှာပါ အကျိုးပေးကောင်းနေမယ့်ကာလဖြစ်တယ်။ ခရီးသွားလာသင့်တဲ့အချိန်ကာလမဟုတ်သေးဘူး။

Libra (September 23 – October 22)

Libra တွေအတွက်ကတော့ ဒီရက်ပိုင်းမှာ ကိုယ်လုပ်ထားတဲ့ ကိစ္စတွေကြောင့် အခက်အခဲတွေနဲ့ အရှုံးတွေရင်ဆိုင်ရဖို့ရှိတယ်။ ကြုံလာရသမျှကိစ္စရပ်တိုင်းကို စိတ်ထဲရှိတဲ့အတိုင်း ခံစားချက်နဲ့ တုံ့ပြန်တာတွေမလုပ်မိစေဖို့ သတိပြုပါ။ အချိန်တွေအကြာကြီးတောင်းခဲ့တဲ့ ဆုတွေပြည့်ဝလာဖို့ရှိတယ်။ ငွေရေးကြေးရေးမှာ ငွေဝင်ကြမ်းနေမယ်၊ အပိုဝင်ငွေတွေရလာနိုင်မယ့်အချိန်ကာလပါ။ အချစ်ရေးကတော့ တည်ငြိမ်နေပြီး ချစ်သူနဲ့ ကတောက်ကဆလေးတွေဖြစ်နိုင်ပေမယ့် ကိုယ့်ဘက်က အမှားကြီးကြီးမားမားမလုပ်ထားရင် ချစ်သူက ပြန်ခွင့်လွှတ်လာမှာပါ။ စိတ်ဓာတ်ကျတာတွေဖြစ်နိုင်ချေရှိပြီး စိတ်ဓာတ်ကျတာကို ခရီးသွားခြင်းနဲ့ ဖြေဖျောက်သင့်တယ်။

Scorpio (October 23 – November 21)

Scorpio ရာသီဖွားတွေအနေနဲ့ အခုတလောမှာ မိသားစုနဲ့ အဆင်ပြေနေမယ်။ ဒါပေမယ့် ကြားရတဲ့စကားတိုင်းကို ပစ်ယုံလိုက်တာမျိုးမလုပ်ပဲ သေချာစဉ်းစားဆင်ခြင်သင့်တယ်။ ငွေကြေးရင်းနှီးမြှုပ်နှံတာတွေလုပ်ဖို့ စဉ်းစားထားရင်တော့ အဆောတလျင်မလုပ်ပဲ ပိုမိုသင့်တော်တဲ့အချိန်ကာလကို စောင့်ဆိုင်းသင့်တယ်။ ကိုယ်လုပ်ဖို့ စီစဉ်ထားတဲ့အလုပ်တွေ ခဏခဏရွှေ့ဆိုင်းရတာမျိုးတွေဖြစ်နေမယ်။ အချစ်ရေးမှာတော့ ချစ်သူနဲ့ ညှိနှိုင်းမရတဲ့ ကိစ္စကြောင့် ပြဿနာအကြီးအကျယ်တက်ဖို့ရှိတယ်။ ခရီးသွားလာသင့်တဲ့အချိန်ကာလမှာကျရောက်နေတာမို့ အပန်းဖြေခရီးတွေသွားလာသင့်တယ်။

Sagittarius (November 22 – December 21)

လက်ရှိအချိန်မှာတော့ ကိုယ်နဲ့ရင်းနှီးချစ်ခင်သွားမယ့် လူသစ်တွေနဲ့ တွေ့ကြုံဆက်ဆံရမယ်။ ကိုယ်နဲ့အမြင်မတူသူတွေနဲ့ ငြင်းခုန်ခြင်းတွေကိုရှောင်ရှားပါ။ ကိုယ်ဝါသနာပါတဲ့ စိတ်ဝင်စားတဲ့အလုပ်ကိုလုပ်ပြီး အောင်မြင်မှုရရှိမယ်။ ငွေပိုငွေလျှံတွေရမယ်။ ဘဝမှာ ထူးခြားတဲ့အပြောင်းအလဲတွေနဲ့ ကြုံရနိုင်လို့ ကိုယ့်အတွက်အရေးပါတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ သတိထားသင့်တယ်။ အချစ်ရေးမှာ ချစ်သူက လျစ်လျူရှုတယ် ပလစ်တယ်လို့ ခံစားရလို့ ချစ်သူနဲ့ အထင်အမြင်လွဲနေမယ်။ ခရီးသွားလာသင့်တဲ့ ကာလမဟုတ်ဘူး။

Capricorn (December 22 – Jan 19)

ဒီရက်ပိုင်းမှာတော့ အလုပ်အသစ်တွေအကောင်အထည်ဖော်သင့်တဲ့ကာလမဟုတ်ဘူး။ သင့်ရဲ့ စိတ်တိုစိတ်ဆတ်မှုတွေကြောင့် ဆုံးရှုံးရတာတွေရှိမယ်။ တွေ့ဆုံလာရတဲ့ လူသစ်တွေကိုသတိထားဆက်ဆံသင့်တယ်။ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိပဲ ပျင်းရိနေမှာဖြစ်တယ်။ ဒါပေမယ့် ရေရှည်မှာ ကိုယ့်အတွက်အကျိုးပေးမယ့် အကြံအစည်သစ်တွေ ရလာမယ့် ကာလဖြစ်တယ်။ ကြီးကျယ်ခမ်းနားတဲ့ အနာဂတ်စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မယ့် လမ်းကြောင်းပေါ် ဖြည်းဖြည်းချင်းရောက်ရှိနေမယ်။ အချစ်ရေးမှာတော့ ချစ်သူနဲ့အဆင်မပြေတိုင်း ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တစ်မိနေတာတွေကို လျှော့ချသင့်တယ်။ ခရီးသွားလာသင့်တဲ့အချိန်အခါကောင်း မဟုတ်သေးဘူး။

Aquarius (January 20 – February 18)

Aquarius တွေကတော့ အခုရက်ပိုင်းမှာ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်နေမယ့် ကာလဖြစ်တယ်။ စကားပြောမြန်တာကို သတိထားပါ။ ဘဝမှာ ပြောင်းလဲသင့်တဲ့အရာတွေနဲ့ ကြုံတွေ့နေရမှာဖြစ်ပြီး အပြောင်းအလဲတွေကနေ ရှောင်ပြေးနေလို့ အလုပ်ဖြစ်မှာမဟုတ်ဘူး။ ပြဿနာတွေကို ထိထိရောက်ရောက်ဖြေရှင်းသင့်တဲ့ကာလမှာကျရောက်နေတယ်။ အလုပ်ကိစ္စနဲ့ တွေ့ဆုံမှုအသစ်တွေကြုံတွေ့ရမယ်။ လူသစ်တွေနဲ့ ရင်းနှီးရနိုင်တယ်။ အချစ်ရေးမှာတော့ ကိုယ့်ချစ်သူက ကိုယ့်ကိုကစားနေတယ်လို့ခံစားနေရမှာဖြစ်ပြီး အဲဒါကို လက်ဆုပ်လက်ကိုင်ပြဖို့တော့ ခက်ခဲနေမှာဖြစ်တယ်။ ခရီးသွားလာသင့်တဲ့ ကာလမဟုတ်ပေမယ့် အလုပ်ကိစ္စနဲ့ မဖြစ်မနေသွားရမယ်ဆိုရင်တော့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို သတိထားသင့်တယ်။

Pieces (February 19 – March 20)

လက်ရှိမှာ ကိုယ်ကြိုးစားသလောက်ကိုယ်နဲ့အမီလိုက်မလာနိုင်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကြောင့် စိတ်တိုနေရမယ်။ ကိုယ့်အတွက်အကျိုးယုတ်စေမယ့် အကြံဉာဏ်တွေကြားလာရနိုင်တာမို့ နားမယောင်မိအောင် ဂရုစိုက်ပါ။ ဒီရက်ပိုင်းမှာ ကျောင်းစာမေးပွဲ အလုပ်စာမေးပွဲဖြေရမယ့်လူတွေအတွက် အထူးအောင်မြင်မယ်။ အချိန်ဖြုန်းနေမိတာတွေကို လျှော့ချသင့်တယ်။ အရင်ကတည်းက ကြိုးစားကြံစည်ထားပြီး အချိန်တစ်ခုကြာအောင် ပစ်ထားမိတဲ့ အလုပ်တွေ၊ အနာဂတ်ရည်မှန်းချက်တွေကို ပြန်လည်ကြိုးစားသင့်တယ်။ အချစ်ရေးမှာတော့ စိတ်ခံစားချက်တွေနဲ့ ရှုပ်ထွေးနေမှာဖြစ်ပြီး ကိုယ်တကယ်လိုချင်တာကို အဖြေရှာမရပဲဖြစ်နေနိုင်တယ်။ ခရီးသွားလာသင့်တဲ့အချိန်မဟုတ်ပေမယ်လို့ ခရီးသွားမယ်ဆိုရင်လည်း အနှောက်အယှက်ကြီးကြီးမားမားတော့ ဖြစ်ဖို့မရှိဘူး။

အခုဖော်ပြသွားတာတွေကတော့ ပြောချင်လွန်းလို့ရဲ့ တစ်ပတ်စာဗေဒင်ဟောစာတမ်းဖြစ်ပါတယ်။ဟောစာတမ်းရဲ့ဖော်ပြချက်တွေနဲ့ ကိုယ့်ရာသီခွင်နဲ့ကိုက်ရဲ့လားဆိုတာလည်း ဖတ်ရှုပြီးပြောခဲ့ကြပါဦး။ နောက်အပတ်တွေမှာလည်းတစ်ပတ်စာဗေဒင်ဟောစာတမ်းတွေကို တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုကြပါဦး။