၃.၂.၂၀၂၀ မွ ၉.၂.၂၀၂၀အထိ ေျပာခ်င္လြန္းလို႔ တစ္ပတ္စာေဗဒင္ေဟာစာတမ္း

ေဗဒင္လကၡဏာပညာေတြဆိုတာက ဘုရားရွင္္လက္ထက္ကတည္းက ရွိခဲ့တဲ့အရာေတြျဖစ္ျပီးလူေတြရဲ႕ ၾကိဳတင္မျမင္နုိင္တဲ့ကံတရားကိုတြက္ခ်က္ခန္႔မွန္းပံုေဖာ္ျပီး မလုပ္သင့္တာမလုပ္ရေအာင္၊ အညံ့ေတြပေပ်ာက္ေအာင္၊ ၾကံတိုင္းေအာင္္ေဆာင္တိုင္းေျမာက္ေအာင္ တစ္ဖက္တစ္လမ္းက ကူညီေပးေနတဲ့ပညာရပ္တစ္ပါးျဖစ္ပါတယ္။ ေဗဒင္ၾကိဳက္တဲ့ပရိသတ္ၾကီးအတြက္ေရာ ေဗဒင္ေတြကုိ ေဆာင္ရန္ေရွာင္ရန္ေလာက္သာဖတ္ပါတယ္ဆိုတဲ့သူေတြအတြက္ေရာေျပာခ်င္လြန္းလို႔ရဲ႕ တစ္ပတ္စာေဗဒင္ေဟာစာတမ္းက႑ကို တင္ဆက္ေပးလိုက္ပါတယ္။

Aries (March 21- April 19)

March လ 21 ကေန April 19 ရက္အတြင္းေမြးဖြားတဲ့ Aries ရာသီဖြားေတြအတြက္ေတာ့ ဒီရက္ပိုင္းမွာ စိတ္တိုစိတ္ဆတ္လြယ္ေနမွာျဖစ္ျပီး အသိမိတ္ေဆြအသစ္ေတြနဲ႔ ၾကံဳေတြ႕ရင္းနွီးရနိုင္တယ္။ ဒီကာလမွာ သင့္ကုိ စိတ္ပိုင္းဆိုင္ရာေရာ အသိညဏ္ပိုင္းဆိုင္ရာပါ ရင့္က်က္ေစတဲ့ အေတြ႕အၾကံဳေတြနဲ႔ ၾကံဳေတြ႕ရမယ္။ ေျဖရွင္းလုိ႔မရတာေတြကို အတင္းဇြတ္ေျဖရွင္းဖုိ႔မၾကိဳးစားပါနဲ႔၊အခ်ိိန္ကုန္လူပန္းတာပဲ အဖတ္တင္မယ္။ ကုိယ္ပိုင္ဘဝနဲ႔ ပတ္သက္ျပီး ေပ်ာ္စရာေကာင္းတဲ့ သတင္းစကားတစ္ခုၾကားရဖို႔ရွိတယ္။ သူတပါးအတြက္အလုပ္လုပ္ေပးေနမယ့္အစား ကုိယ့္ဘာသာ လုပ္ငန္းတစ္ခုေထာင္သင့္တဲ့ ကာလျဖစ္တယ္။ ခရီးသြားလာသင့္တဲ့ ကာလမဟုတ္ေသးဘူး။ အခ်စ္ေရးကေတာ့ တည္ျငိမ္ေနမွာ ျဖစ္ျပီး ခ်စ္သူမရွိေသးတဲ့သူေတြက ခ်စ္သူရလာဦးမွာမဟုတ္ပါဘူး။

Taurus (April 20 -May 20)

Taurus ရာသီဖြားေတြဟာအခုအခ်ိန္မွာ ျပႆနာေတြေျဖရွင္းရာမွာ သတိထားသင့္တယ္။ မလုိအပ္တဲ့ စြန္႔စားမႈေတြမလုပ္သင့္ဘူး။ အေရးၾကီးတဲ့ ေတြ႕ဆံုမႈေတြ အစည္းအေဝးေတြလုပ္ရာမွာ စကားအေျပာအဆုိကုိသတိထားသင့္တယ္။ အသံေၾကာင့္ဖားေသတဲ့ ျပႆနာမ်ိဳးေတြဖန္တီးမိနိုင္လို႔ သတိျပဳပါ။ အနာဂတ္အတြက္ စီမံကိန္းၾကိဳခ်သင့္တဲ့အခ်ိန္မွာက်ေရာက္ေနတယ္။ ေငြေရးေၾကးေရးမွာ ၾကီးမားတဲ့့ အခြင့္အေရးၾကီးတစ္ခု ရဖို႔ရွိတယ္။ စိတ္ကူးယဥ္ေနတာေတြကုိ ေလွ်ာ့ျပီး လက္ေတြ႕က်တဲ့ ဘဝမ်ိဳးကုိ ရင္ဆို္င္ဖို႔ ၾကိဳးစားသင့္တယ္။ အခ်စ္ေရးမွာေတာ့ ကုိယ္ခ်စ္တဲ့သူနဲ႔ နားလည္မႈေတြလြဲမွားေနျပီး ရွင္းေလရႈပ္ေလျပႆနာမ်ိဳးေတြရင္ဆိုင္ေနရတတ္တယ္။ ခရီးေဝးေတြ သြားလာသင့္တဲ့အခ်ိန္ကာလမ်ိဳးမဟုတ္ဘူး။

Gemini (May 21 – Jun 20)

အခုရက္ပိုင္းေတြမွာ Gemini ဖြားေတြအတြက္ အေရးၾကီးေတြ႕ဆံုမႈေတြ စကားေျပာဆိုရျခင္းေတြမွာ စကားေျပာတာ သတိထားသင့္တဲ့ကာလပါ။ ေျပာမွားဆိုမွားမျဖစ္ေအာင္ ဂရုျပဳသင့္တယ္။ အလုပ္ကုိ ေသခ်ာၾကိဳးစားျပီး ကုိယ့္တာဝန္ကုိယ္ယူမယ္ဆုိရင္ ေအာင္ျမင္မႈေတြခံစားရမွာျဖစ္ျပီး သတင္းေကာင္းေတြၾကားရနုိင္တယ္။ ။ အသံုးနဲ႔အျဖဳန္းကုိ သတိထားထိန္းခ်ဳပ္သင့္တယ္။ ကုိယ့္အတြက္ အနစ္နာခံထားတဲ့သူေတြ၊ကုိယ္ေပ်ာ္ေအာင္လုပ္ေပးဖူးတဲ့သူေတြကုိ ေက်းဇူးဆပ္ျပီး ကုိယ္က ျပန္လည္ဂရုစုိက္သင့္တဲ့ အခ်ိန္ကာလပါ။ အခ်စ္ေရးမွာေတာ့ ကေတာက္ကဆေလးေတြျဖစ္နုိင္ေပမယ့္ မၾကာခင္ပဲ ျပန္အဆင္ေျပမယ္။ ခ်စ္သူမရွိတဲ့သူေတြက ကုိယ္ခ်စ္တဲ့သူကုိ ဖြင့္ေျပာသင့္တဲ့အခ်ိန္ကာလပါ။ ခရီးသြားလာသင့္တဲ့အခ်ိန္အခါေကာင္းမွာ က်ေရာက္ေနတယ္။

Cancer (Jun 21- July 22)

Cancer ရာသီဖြားေတြကေတာ့ ဒီရက္ပိုင္း ၾကံတိုင္းေအာင္ ေဆာင္တိုင္းေျမာက္မယ့္ ကာလျဖစ္တယ္။ အေရးၾကီးတဲ့ဆံုးျဖတ္ေတြခ်ရာမွာ မေလာပါနဲ႔။ ေကာင္းမြန္တဲ့ဆံုးျဖတ္ခ်က္ေတြခ်နုိင္မယ္။ ကုိယ့္ကုိစိတ္တိုေအာင္လုပ္တဲ့သူေတြနဲ႔ၾကံဳရနုိင္တယ္။ ေငြေရးေၾကးေရးမွာ အသံုးအျဖဳန္းေလ်ွာ့ခ်သင့္တဲ့ကာလပါ။ ဘဝမွာ လိုအပ္ေနတဲ့ အေျပာင္းအလဲေတြနဲ႔ၾကံဳရနုိင္တယ္။ အၾကံညဏ္သစ္ေတြထြက္ေပၚလာမယ္။ ေမွ်ာ္လင့္ခ်က္ေတြ၊ အၾကံအစည္အသစ္ေတြေအာင္ျမင္နုိင္မယ့္ကာလပါ။ အခ်စ္ေရးမွာေတာ့ ကုိယ့္ခ်စ္သူအပါအဝင္ ကိုယ္နဲ႔ရင္းနွီးတဲ့သူေတြနဲ႔ ဆက္ဆံေရးမွာ မာနေၾကာင့္ အဖုအထစ္ေတြမျဖစ္သင့္ပဲျဖစ္ေနတတ္တယ္။ ခ်စ္သူမရေသးတဲ့သူေတြကေတာ့ ခ်စ္သူရမယ့္ကာလမဟုတ္ေသးပါဘူး။ ခရီးသြားလာသင့္တဲ့ကာလမဟုတ္ဘူး။

Leo (Jul 23 – August 22)

Leo ရာသီဖြားေတြအေနနဲ႔ အခုရက္ပိုင္းမွာ အလုပ္နဲ႔ပတ္သက္ျပီး ခံစားခ်က္ေကာင္းေတြ အၾကံညဏ္ေကာင္းေတြရမယ့္ ကာလျဖစ္တယ္။ သတင္းေကာင္းေတြကုိ အနားကလူေတြကုိ အလ်င္စလိုမေျပာျပပါနဲ႔ ကုိယ့္ကုိမနာလိုေနတဲ့သူေတြရွိနုိင္တယ္။ ဘယ္ေလာက္ပဲေသခ်ာပုိင္နုိင္ေနပါေစ အေရးၾကီးတဲ့ဆံုးျဖတ္ခ်က္ေတြမခ်ခင္ အနည္းဆံုးတစ္ရက္ေလာက္ေတာ့ အခ်ိန္ေစာင့္ဆိုင္းသင့္တယ္။ နေမာ္နမဲ့လုပ္မိတာေတြေၾကာင့္ အမွားအယြင္းေတြရွိနုိင္တယ္။ အခ်စ္ေရးမွာ ခ်စ္သူနဲ႔ထိပ္တိုက္ရင္ဆုိင္ရျခင္းေတြရွိလာနိုင္ျပီး အဲဒီအရာေတြကပဲ သင္တို႔နွစ္ဦးကို ေဝးကြာေစနုိင္သလုိ တစ္ဖက္မွာလည္း နွစ္ေယာက္ၾကားမွာ ပိုမိုနက္ရိႈင္းတဲ့နားလည္မႈေတြရလာေစနို္္င္တယ္။ ခရီးသြားလာျခင္းေတြျပဳသင့္တဲ့ကာလျဖစ္လင့္ကစား သူငယ္ခ်င္းေတြနဲ႔အတူတူသြားလာျခင္းေတြမလုပ္သင့္ဘူး။

Virgo (Aug 23 – September 22)

Virgo ရာသီဖြားေတြအတြက္ ဒီရက္ပိုင္းမွာ အရံႈးေတြနဲ႔ ရင္မဆိုင္ရေစဖို႔ အေျခအေနနဲ႔ အခ်ိန္အခါကုိလုိက္ျပီး အလုပ္လုပ္တတ္ဖို႔လိုမယ္။ ကုိယ့္ရဲ႕ခံနုိင္ရည္ကုိစမ္းသပ္ေနတဲ့လူေတြနဲ႔ၾကံေနမွာျဖစ္ျပီး စိတ္ရွည္သည္းခံသင့္တဲ့အခ်ိန္ကာလျဖစ္တယ္။ က်ရံႈးျခင္းေတြ ဆံုးရံႈးရျခင္းေတြကုိေရွာင္လြႊဲနုိင္ဖို႔ စိတ္ကူးအၾကံဥာဏ္အသစ္ေတြၾကိဳတင္စဥ္းစားနုိင္ဖို႔လုိတယ္။ သူမ်ားကုိ ဒုကၡေပးဖို႔ၾကံရြယ္ေနတဲ့ စိတ္ကူးေတြကုိလႊင့္ပစ္လိုက္ပါ။ ဘဝပ်က္ေလာက္မယ့္ ေငြေၾကးဆံုးရံႈးမႈမ်ိဳးနဲ႔ ၾကံဳရနုိင္လို႔ သတိထားသင့္တယ္။ စိတ္ကူးယဥ္ကမၻာထဲမွာပဲေပ်ာ္ေမြ႕မေနပါနဲ႔။ လက္ေတြ႕ဘဝမွာအံဝင္ဖို႔ၾကိဳးစားရမယ့္အခ်ိန္ကာလပါ။ အခ်စ္ေရးမွာေတာ့ ေအးခ်မ္းျပီး ေပ်ာ္စရာေကာင္းေနမယ္။ ခရီးသြားလာသင့္တဲ့အခ်ိန္ကာလမွာ က်ေရာက္ေနတယ္။

Libra (September 23 – October 22)

Libra ေတြအတြက္ကေတာ့ ဒီရက္ပိုင္းမွာ မေမွ်ာ္လင့္တဲ့ ျပႆနာေတြနဲ႔ ရင္ဆိုင္ရဖို႔ရွိမယ္။ ဒါေပမယ့္ အခက္အခဲေတြကုိေကာင္းစြာေျဖရွင္းနိုင္မယ္။ ပင္ပန္းႏြမ္းနယ္ေနျပီး စိတ္တိုင္းမက်မႈေတြနဲ႔ ၾကံဳေနရမယ္။ ဒါေပမယ့္ တျဖည္းျဖည္းနဲ႔ အဆင္ေျပမယ့္အခ်ိန္ကာလအပုိင္းအျခားကုိေရာက္ရွိလာမယ္။အခ်စ္ေရးမွာ ကုိယ့္ခ်စ္သူေၾကာင့္ ေအာင္ျမင္မႈေတြရဖို႔ရွိတယ္။ခ်စ္သူက အလုပ္ပုိင္းဆိုင္ရာမွာ အကူအညီေတြေပးေနမယ္။ ခ်စ္သူမရွိေသးတဲ့သူေတြကေတာ့ ခ်စ္သူရလာဖို႔မရွိဘူး။ ခရီးသြားလာသင့္တဲ့အခ်ိန္ကာလျဖစ္တယ္။

Scorpio (October 23 – November 21)

Scorpio ရာသီဖြားေတြအေနနဲ႔ အခုတေလာမွာ အသိပညာအသစ္၊ ဥာဏ္ပညာအသစ္ေတြရေနမယ္။ အလုပ္မွာအသစ္အသစ္ေတြသင္ယူရဖို႔ရွိတယ္။ ကံေကာင္းမႈေတြရမယ့္ အခ်ိန္ကာလမွာ က်ေရာက္ေနမွာျဖစ္တယ္။ ကုိယ့္ကုိဂရုမစိုက္အေလးမထားတဲ့သူေတြေရွ႕မွာ ၾကိဳးစားျပဖို႔ၾကံစည္ေနတာေတြကုိ ရပ္ပါ။ ကုိယ့္ကုိလိုသံုးလို႔သေဘာထားတဲ့သူေတြကုိ အကူအညီမေပးသင့္ဘူး။ ကုိယ့္အၾကံအစည္ေတြကုိ အနားကလူေတြကုိအေလာတၾကီးမေျပာျပပါနဲ႔၊ မနာလိုသူေတြရွိေနတယ္။ အခ်စ္ေရးကေတာ့ ေအးခ်မ္းတည္ျငိမ္ေနမယ္။ ခရီးသြားလာသင့္တဲ့အခ်ိန္ကာလမဟုတ္ဘူး။

Sagittarius (November 22 – December 21)

လက္ရွိအခ်ိန္မွာေတာ့ အလုပ္ကုိတကယ္ၾကိဳးစားျပီး ေခါင္းမေရွာင္ပဲလုပ္တတ္သူေတြအဖို႔ ေကာင္းက်ိဳးေတြခံစားရဖို႔ရွိတယ္။ အေလာတၾကီးဆံုးျဖတ္ခ်က္ေတြခ်ရမယ့္ အစည္းအေဝးေတြ၊အလုပ္သေဘာအရေတြ႕ဆံုမႈေတြမွာ ေျပာစကားေတြကုိအထူးသတိထားသင့္တယ္။ စကားကြ်ံတာေတြျဖစ္နိုင္ျပီး အဲဒါေၾကာင့္ ဒုကၡၾကီးၾကီးေတြ႕ဖို႔ရွိတယ္။ မတည္နုိင္တဲ့ကတိေတြမေပးသင့္ဘူး။ အခ်ိန္ကုန္လူပန္းျဖစ္မယ့္ ျပႆနာေတြနဲ႔ရင္ဆိုင္ရနုိင္တယ္။ အခ်စ္ေရးကေတာ့ အိပ္မက္ထဲကအတုိင္း သာယာေနမွာျဖစ္တယ္။ ခရီးသြားလာျခင္းျပဳသင့္တဲ့ကာလမဟုတ္ေသးဘူး။

Capricorn (December 22 – Jan 19)

ဒီရက္ပိုင္္းမွာေတာ့ အလုပ္ေတြအဆင္ေျပေနမွာျဖစ္ျပီး ကုိယ့္တာဝန္ကိုယ္ယူျပီး အလုပ္ေသခ်ာလုပ္တတ္တဲ့သူေတြအတြက္ ေအာင္ျမင္မႈေတြေစာင့္ၾကိဳေနမွာ ျဖစ္တယ္။ အခ်ိန္ေရႊ႕ဆိုင္းထားတာ ၾကာျပီျဖစ္တဲ့ မိသားစုျပႆနာေတြနဲ႔ ရင္ဆိုင္ေနရနုိင္တယ္။ အလုပ္မွာေတာ့ ၾကံတိုင္းေအာင္ေဆာင္တိုင္းေျမာက္ျပီး ေပ်ာ္ရႊင္ေနမယ္။ အခ်စ္ေရးမွာ ခံစားခ်က္ေတြမ်ားေနျပီး အသည္းကြဲနုိ္င္တဲ့ကာလျဖစ္တယ္။ ခ်စ္သူမရွိေသးတဲ့သူေတြအတြက္ ကုိယ္ခ်စ္တဲ့သူကုိ ဖြင့္ေျပာသင့္တဲ့ကာလမဟုတ္ေသးဘူး။ ခရီးသြာလာသင့္တဲ့ကာလမဟုတ္ေသးဘူး။

Aquarius (January 20 – February 18)

Aquarius ေတြကေတာ့ အခုရက္ပိုင္းမွာ အနည္းငယ္စိတ္ျမန္လက္ျမန္ျဖစ္ေနျပီး သူမ်ားေတြက ရိုင္းတယ္လို႔ မွတ္ခ်က္ေပးခံရတာမ်ိဳးေတြရွိေနမယ္။ အနုုပညာနဲ႔ပတ္သက္တဲ့အလုပ္ေတြလုပ္ကုိင္ေနသူေတြအတြက္ အထူးေအာင္ျမင္မႈရမယ့္ အခ်ိန္ကာလျဖစ္တယ္။ သင့္အနာဂတ္တစ္ခုလံုးကုိ ေျပာင္းျပန္လွန္ပစ္လိုက္နုိင္တဲ့ ေျပာင္းလဲမႈမ်ဳိးၾကံဳေတြ႕ရနုိင္တယ္။ အခ်စ္ေရးမွာေတာ့ ဘဝတစ္သက္တာလုံး လက္တြဲရမယ့္ ဖူးစာရွင္နဲ႔ ဆံုေတြ႕ရနုိင္တယ္။ ခရီးသြားလာသင့္တဲ့အခ်ိန္အခါေကာင္းမွာ က်ေရာက္ေနတယ္။

Pieces (February 19 – March 20)

လက္ရွိမွာ သင္ၾကိဳးစားထားသေလာက္ေအာင္ျမင္မႈမရဘဲျဖစ္ေနမယ္။ မွန္းခ်က္နဲ႔ နွမ္းထြက္မကုိက္တာေတြနဲ႔ ရင္ဆိုင္ရမယ္။ အရာအားလံုးကုိ ေလာျပီးလုပ္ရာကေန အမွားေတြပါလာနုိင္တယ္။ နာမည္ၾကီးေက်ာ္ၾကားသူေတြရဲ႕အကူအညီေတြရမယ္။ အိမ္မွာပဲ ပ်င္းေနတာေတြကုိ ေလွ်ာ့ခ်ျပီး လႈပ္ရွားသြားလာသင့္တဲ့အခ်ိန္ကာလျဖစ္တယ္။ အခ်စ္ေရးမွာေတာ့ ကုိယ့္အခ်စ္ေတြကုိေဖာ္ျပဖို႔ခက္ခဲေနတတ္တယ္။ ခရီးသြာလာသင့္တဲ့အခ်ိန္ကာလျဖစ္လို႔ အပန္းေျဖခရီးေတြထြက္သင့္တယ္။

အခုေဖာ္ျပသြားတာေတြကေတာ့ ေျပာခ်င္လြန္းလို႔ရဲ႕ တစ္ပတ္စာေဗဒင္ေဟာစာတမ္းျဖစ္ပါတယ္။ေဟာစာတမ္းရဲ႕ေဖာ္ျပခ်က္ေတြနဲ႔ ကုိယ့္ရာသီခြင္နဲ႔ကုိက္ရဲ႕လားဆိုတာလည္း ဖတ္ရႈျပီးေျပာခဲ့ၾကပါဦး။ ေနာက္အပတ္ေတြမွာလည္းတစ္ပတ္စာေဗဒင္ေဟာစာတမ္းေတြကုိ တင္ဆက္ေပးသြားမွာျဖစ္လို႔ ေစာင့္ေမွ်ာ္ဖတ္ရႈၾကပါဦး။

Unicode

ဗေဒင်လက္ခဏာပညာတွေဆိုတာက ဘုရားရှင်လက်ထက်ကတည်းက ရှိခဲ့တဲ့အရာတွေဖြစ်ပြီးလူတွေရဲ့ ကြိုတင်မမြင်နိုင်တဲ့ကံတရားကိုတွက်ချက်ခန့်မှန်းပုံဖော်ပြီး မလုပ်သင့်တာမလုပ်ရအောင်၊ အညံ့တွေပပျောက်အောင်၊ ကြံတိုင်းအောင်ဆောင်တိုင်းမြောက်အောင် တစ်ဖက်တစ်လမ်းက ကူညီပေးနေတဲ့ပညာရပ်တစ်ပါးဖြစ်ပါတယ်။ ဗေဒင်ကြိုက်တဲ့ပရိသတ်ကြီးအတွက်ရော ဗေဒင်တွေကို ဆောင်ရန်ရှောင်ရန်လောက်သာဖတ်ပါတယ်ဆိုတဲ့သူတွေအတွက်ရောပြောချင်လွန်းလို့ရဲ့ တစ်ပတ်စာဗေဒင်ဟောစာတမ်းကဏ္ဍကို တင်ဆက်ပေးလိုက်ပါတယ်။

Aries (March 21- April 19)

March လ 21 ကနေ April 19 ရက်အတွင်းမွေးဖွားတဲ့ Aries ရာသီဖွားတွေအတွက်တော့ ဒီရက်ပိုင်းမှာ စိတ်တိုစိတ်ဆတ်လွယ်နေမှာဖြစ်ပြီး အသိမိတ်ဆွေအသစ်တွေနဲ့ ကြုံတွေ့ရင်းနှီးရနိုင်တယ်။ ဒီကာလမှာ သင့်ကို စိတ်ပိုင်းဆိုင်ရာရော အသိညဏ်ပိုင်းဆိုင်ရာပါ ရင့်ကျက်စေတဲ့ အတွေ့အကြုံတွေနဲ့ ကြုံတွေ့ရမယ်။ ဖြေရှင်းလို့မရတာတွေကို အတင်းဇွတ်ဖြေရှင်းဖို့မကြိုးစားပါနဲ့၊အချိန်ကုန်လူပန်းတာပဲ အဖတ်တင်မယ်။ ကိုယ်ပိုင်ဘဝနဲ့ ပတ်သက်ပြီး ပျော်စရာကောင်းတဲ့ သတင်းစကားတစ်ခုကြားရဖို့ရှိတယ်။ သူတပါးအတွက်အလုပ်လုပ်ပေးနေမယ့်အစား ကိုယ့်ဘာသာ လုပ်ငန်းတစ်ခုထောင်သင့်တဲ့ ကာလဖြစ်တယ်။ ခရီးသွားလာသင့်တဲ့ ကာလမဟုတ်သေးဘူး။ အချစ်ရေးကတော့ တည်ငြိမ်နေမှာ ဖြစ်ပြီး ချစ်သူမရှိသေးတဲ့သူတွေက ချစ်သူရလာဦးမှာမဟုတ်ပါဘူး။

Taurus (April 20 -May 20)

Taurus ရာသီဖွားတွေဟာအခုအချိန်မှာ ပြဿနာတွေဖြေရှင်းရာမှာ သတိထားသင့်တယ်။ မလိုအပ်တဲ့ စွန့်စားမှုတွေမလုပ်သင့်ဘူး။ အရေးကြီးတဲ့ တွေ့ဆုံမှုတွေ အစည်းအဝေးတွေလုပ်ရာမှာ စကားအပြောအဆိုကိုသတိထားသင့်တယ်။ အသံကြောင့်ဖားသေတဲ့ ပြဿနာမျိုးတွေဖန်တီးမိနိုင်လို့ သတိပြုပါ။ အနာဂတ်အတွက် စီမံကိန်းကြိုချသင့်တဲ့အချိန်မှာကျရောက်နေတယ်။ ငွေရေးကြေးရေးမှာ ကြီးမားတဲ့ အခွင့်အရေးကြီးတစ်ခု ရဖို့ရှိတယ်။ စိတ်ကူးယဉ်နေတာတွေကို လျှော့ပြီး လက်တွေ့ကျတဲ့ ဘဝမျိုးကို ရင်ဆိုင်ဖို့ ကြိုးစားသင့်တယ်။ အချစ်ရေးမှာတော့ ကိုယ်ချစ်တဲ့သူနဲ့ နားလည်မှုတွေလွဲမှားနေပြီး ရှင်းလေရှုပ်လေပြဿနာမျိုးတွေရင်ဆိုင်နေရတတ်တယ်။ ခရီးဝေးတွေ သွားလာသင့်တဲ့အချိန်ကာလမျိုးမဟုတ်ဘူး။

Gemini (May 21 – Jun 20)

အခုရက်ပိုင်းတွေမှာ Gemini ဖွားတွေအတွက် အရေးကြီးတွေ့ဆုံမှုတွေ စကားပြောဆိုရခြင်းတွေမှာ စကားပြောတာ သတိထားသင့်တဲ့ကာလပါ။ ပြောမှားဆိုမှားမဖြစ်အောင် ဂရုပြုသင့်တယ်။ အလုပ်ကို သေချာကြိုးစားပြီး ကိုယ့်တာဝန်ကိုယ်ယူမယ်ဆိုရင် အောင်မြင်မှုတွေခံစားရမှာဖြစ်ပြီး သတင်းကောင်းတွေကြားရနိုင်တယ်။ ။ အသုံးနဲ့အဖြုန်းကို သတိထားထိန်းချုပ်သင့်တယ်။ ကိုယ့်အတွက် အနစ်နာခံထားတဲ့သူတွေ၊ကိုယ်ပျော်အောင်လုပ်ပေးဖူးတဲ့သူတွေကို ကျေးဇူးဆပ်ပြီး ကိုယ်က ပြန်လည်ဂရုစိုက်သင့်တဲ့ အချိန်ကာလပါ။ အချစ်ရေးမှာတော့ ကတောက်ကဆလေးတွေဖြစ်နိုင်ပေမယ့် မကြာခင်ပဲ ပြန်အဆင်ပြေမယ်။ ချစ်သူမရှိတဲ့သူတွေက ကိုယ်ချစ်တဲ့သူကို ဖွင့်ပြောသင့်တဲ့အချိန်ကာလပါ။ ခရီးသွားလာသင့်တဲ့အချိန်အခါကောင်းမှာ ကျရောက်နေတယ်။

Cancer (Jun 21- July 22)

Cancer ရာသီဖွားတွေကတော့ ဒီရက်ပိုင်း ကြံတိုင်းအောင် ဆောင်တိုင်းမြောက်မယ့် ကာလဖြစ်တယ်။ အရေးကြီးတဲ့ဆုံးဖြတ်တွေချရာမှာ မလောပါနဲ့။ ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်မယ်။ ကိုယ့်ကိုစိတ်တိုအောင်လုပ်တဲ့သူတွေနဲ့ကြုံရနိုင်တယ်။ ငွေရေးကြေးရေးမှာ အသုံးအဖြုန်းလျှော့ချသင့်တဲ့ကာလပါ။ ဘဝမှာ လိုအပ်နေတဲ့ အပြောင်းအလဲတွေနဲ့ကြုံရနိုင်တယ်။ အကြံညဏ်သစ်တွေထွက်ပေါ်လာမယ်။ မျှော်လင့်ချက်တွေ၊ အကြံအစည်အသစ်တွေအောင်မြင်နိုင်မယ့်ကာလပါ။ အချစ်ရေးမှာတော့ ကိုယ့်ချစ်သူအပါအဝင် ကိုယ်နဲ့ရင်းနှီးတဲ့သူတွေနဲ့ ဆက်ဆံရေးမှာ မာနကြောင့် အဖုအထစ်တွေမဖြစ်သင့်ပဲဖြစ်နေတတ်တယ်။ ချစ်သူမရသေးတဲ့သူတွေကတော့ ချစ်သူရမယ့်ကာလမဟုတ်သေးပါဘူး။ ခရီးသွားလာသင့်တဲ့ကာလမဟုတ်ဘူး။

Leo (Jul 23 – August 22)

Leo ရာသီဖွားတွေအနေနဲ့ အခုရက်ပိုင်းမှာ အလုပ်နဲ့ပတ်သက်ပြီး ခံစားချက်ကောင်းတွေ အကြံညဏ်ကောင်းတွေရမယ့် ကာလဖြစ်တယ်။ သတင်းကောင်းတွေကို အနားကလူတွေကို အလျင်စလိုမပြောပြပါနဲ့ ကိုယ့်ကိုမနာလိုနေတဲ့သူတွေရှိနိုင်တယ်။ ဘယ်လောက်ပဲသေချာပိုင်နိုင်နေပါစေ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေမချခင် အနည်းဆုံးတစ်ရက်လောက်တော့ အချိန်စောင့်ဆိုင်းသင့်တယ်။ နမော်နမဲ့လုပ်မိတာတွေကြောင့် အမှားအယွင်းတွေရှိနိုင်တယ်။ အချစ်ရေးမှာ ချစ်သူနဲ့ထိပ်တိုက်ရင်ဆိုင်ရခြင်းတွေရှိလာနိုင်ပြီး အဲဒီအရာတွေကပဲ သင်တို့နှစ်ဦးကို ဝေးကွာစေနိုင်သလို တစ်ဖက်မှာလည်း နှစ်ယောက်ကြားမှာ ပိုမိုနက်ရှိုင်းတဲ့နားလည်မှုတွေရလာစေနို်င်တယ်။ ခရီးသွားလာခြင်းတွေပြုသင့်တဲ့ကာလဖြစ်လင့်ကစား သူငယ်ချင်းတွေနဲ့အတူတူသွားလာခြင်းတွေမလုပ်သင့်ဘူး။

Virgo (Aug 23 – September 22)

Virgo ရာသီဖွားတွေအတွက် ဒီရက်ပိုင်းမှာ အရှုံးတွေနဲ့ ရင်မဆိုင်ရစေဖို့ အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး အလုပ်လုပ်တတ်ဖို့လိုမယ်။ ကိုယ့်ရဲ့ခံနိုင်ရည်ကိုစမ်းသပ်နေတဲ့လူတွေနဲ့ကြံနေမှာဖြစ်ပြီး စိတ်ရှည်သည်းခံသင့်တဲ့အချိန်ကာလဖြစ်တယ်။ ကျရှုံးခြင်းတွေ ဆုံးရှုံးရခြင်းတွေကိုရှောင်လွှဲနိုင်ဖို့ စိတ်ကူးအကြံဉာဏ်အသစ်တွေကြိုတင်စဉ်းစားနိုင်ဖို့လိုတယ်။ သူများကို ဒုက္ခပေးဖို့ကြံရွယ်နေတဲ့ စိတ်ကူးတွေကိုလွှင့်ပစ်လိုက်ပါ။ ဘဝပျက်လောက်မယ့် ငွေကြေးဆုံးရှုံးမှုမျိုးနဲ့ ကြုံရနိုင်လို့ သတိထားသင့်တယ်။ စိတ်ကူးယဉ်ကမ္ဘာထဲမှာပဲပျော်မွေ့မနေပါနဲ့။ လက်တွေ့ဘဝမှာအံဝင်ဖို့ကြိုးစားရမယ့်အချိန်ကာလပါ။ အချစ်ရေးမှာတော့ အေးချမ်းပြီး ပျော်စရာကောင်းနေမယ်။ ခရီးသွားလာသင့်တဲ့အချိန်ကာလမှာ ကျရောက်နေတယ်။

Libra (September 23 – October 22)

Libra တွေအတွက်ကတော့ ဒီရက်ပိုင်းမှာ မမျှော်လင့်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရဖို့ရှိမယ်။ ဒါပေမယ့် အခက်အခဲတွေကိုကောင်းစွာဖြေရှင်းနိုင်မယ်။ ပင်ပန်းနွမ်းနယ်နေပြီး စိတ်တိုင်းမကျမှုတွေနဲ့ ကြုံနေရမယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ အဆင်ပြေမယ့်အချိန်ကာလအပိုင်းအခြားကိုရောက်ရှိလာမယ်။အချစ်ရေးမှာ ကိုယ့်ချစ်သူကြောင့် အောင်မြင်မှုတွေရဖို့ရှိတယ်။ချစ်သူက အလုပ်ပိုင်းဆိုင်ရာမှာ အကူအညီတွေပေးနေမယ်။ ချစ်သူမရှိသေးတဲ့သူတွေကတော့ ချစ်သူရလာဖို့မရှိဘူး။ ခရီးသွားလာသင့်တဲ့အချိန်ကာလဖြစ်တယ်။

Scorpio (October 23 – November 21)

Scorpio ရာသီဖွားတွေအနေနဲ့ အခုတလောမှာ အသိပညာအသစ်၊ ဉာဏ်ပညာအသစ်တွေရနေမယ်။ အလုပ်မှာအသစ်အသစ်တွေသင်ယူရဖို့ရှိတယ်။ ကံကောင်းမှုတွေရမယ့် အချိန်ကာလမှာ ကျရောက်နေမှာဖြစ်တယ်။ ကိုယ့်ကိုဂရုမစိုက်အလေးမထားတဲ့သူတွေရှေ့မှာ ကြိုးစားပြဖို့ကြံစည်နေတာတွေကို ရပ်ပါ။ ကိုယ့်ကိုလိုသုံးလို့သဘောထားတဲ့သူတွေကို အကူအညီမပေးသင့်ဘူး။ ကိုယ့်အကြံအစည်တွေကို အနားကလူတွေကိုအလောတကြီးမပြောပြပါနဲ့၊ မနာလိုသူတွေရှိနေတယ်။ အချစ်ရေးကတော့ အေးချမ်းတည်ငြိမ်နေမယ်။ ခရီးသွားလာသင့်တဲ့အချိန်ကာလမဟုတ်ဘူး။

Sagittarius (November 22 – December 21)

လက်ရှိအချိန်မှာတော့ အလုပ်ကိုတကယ်ကြိုးစားပြီး ခေါင်းမရှောင်ပဲလုပ်တတ်သူတွေအဖို့ ကောင်းကျိုးတွေခံစားရဖို့ရှိတယ်။ အလောတကြီးဆုံးဖြတ်ချက်တွေချရမယ့် အစည်းအဝေးတွေ၊အလုပ်သဘောအရတွေ့ဆုံမှုတွေမှာ ပြောစကားတွေကိုအထူးသတိထားသင့်တယ်။ စကားကျွံတာတွေဖြစ်နိုင်ပြီး အဲဒါကြောင့် ဒုက္ခကြီးကြီးတွေ့ဖို့ရှိတယ်။ မတည်နိုင်တဲ့ကတိတွေမပေးသင့်ဘူး။ အချိန်ကုန်လူပန်းဖြစ်မယ့် ပြဿနာတွေနဲ့ရင်ဆိုင်ရနိုင်တယ်။ အချစ်ရေးကတော့ အိပ်မက်ထဲကအတိုင်း သာယာနေမှာဖြစ်တယ်။ ခရီးသွားလာခြင်းပြုသင့်တဲ့ကာလမဟုတ်သေးဘူး။

Capricorn (December 22 – Jan 19)

ဒီရက်ပိုင်းမှာတော့ အလုပ်တွေအဆင်ပြေနေမှာဖြစ်ပြီး ကိုယ့်တာဝန်ကိုယ်ယူပြီး အလုပ်သေချာလုပ်တတ်တဲ့သူတွေအတွက် အောင်မြင်မှုတွေစောင့်ကြိုနေမှာ ဖြစ်တယ်။ အချိန်ရွှေ့ဆိုင်းထားတာ ကြာပြီဖြစ်တဲ့ မိသားစုပြဿနာတွေနဲ့ ရင်ဆိုင်နေရနိုင်တယ်။ အလုပ်မှာတော့ ကြံတိုင်းအောင်ဆောင်တိုင်းမြောက်ပြီး ပျော်ရွှင်နေမယ်။ အချစ်ရေးမှာ ခံစားချက်တွေများနေပြီး အသည်းကွဲနိုင်တဲ့ကာလဖြစ်တယ်။ ချစ်သူမရှိသေးတဲ့သူတွေအတွက် ကိုယ်ချစ်တဲ့သူကို ဖွင့်ပြောသင့်တဲ့ကာလမဟုတ်သေးဘူး။ ခရီးသွာလာသင့်တဲ့ကာလမဟုတ်သေးဘူး။

Aquarius (January 20 – February 18)

Aquarius တွေကတော့ အခုရက်ပိုင်းမှာ အနည်းငယ်စိတ်မြန်လက်မြန်ဖြစ်နေပြီး သူများတွေက ရိုင်းတယ်လို့ မှတ်ချက်ပေးခံရတာမျိုးတွေရှိနေမယ်။ အနုပညာနဲ့ပတ်သက်တဲ့အလုပ်တွေလုပ်ကိုင်နေသူတွေအတွက် အထူးအောင်မြင်မှုရမယ့် အချိန်ကာလဖြစ်တယ်။ သင့်အနာဂတ်တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်လိုက်နိုင်တဲ့ ပြောင်းလဲမှုမျိုးကြုံတွေ့ရနိုင်တယ်။ အချစ်ရေးမှာတော့ ဘဝတစ်သက်တာလုံး လက်တွဲရမယ့် ဖူးစာရှင်နဲ့ ဆုံတွေ့ရနိုင်တယ်။ ခရီးသွားလာသင့်တဲ့အချိန်အခါကောင်းမှာ ကျရောက်နေတယ်။

Pieces (February 19 – March 20)

လက်ရှိမှာ သင်ကြိုးစားထားသလောက်အောင်မြင်မှုမရဘဲဖြစ်နေမယ်။ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တာတွေနဲ့ ရင်ဆိုင်ရမယ်။ အရာအားလုံးကို လောပြီးလုပ်ရာကနေ အမှားတွေပါလာနိုင်တယ်။ နာမည်ကြီးကျော်ကြားသူတွေရဲ့အကူအညီတွေရမယ်။ အိမ်မှာပဲ ပျင်းနေတာတွေကို လျှော့ချပြီး လှုပ်ရှားသွားလာသင့်တဲ့အချိန်ကာလဖြစ်တယ်။ အချစ်ရေးမှာတော့ ကိုယ့်အချစ်တွေကိုဖော်ပြဖို့ခက်ခဲနေတတ်တယ်။ ခရီးသွာလာသင့်တဲ့အချိန်ကာလဖြစ်လို့ အပန်းဖြေခရီးတွေထွက်သင့်တယ်။

အခုဖော်ပြသွားတာတွေကတော့ ပြောချင်လွန်းလို့ရဲ့ တစ်ပတ်စာဗေဒင်ဟောစာတမ်းဖြစ်ပါတယ်။ဟောစာတမ်းရဲ့ဖော်ပြချက်တွေနဲ့ ကိုယ့်ရာသီခွင်နဲ့ကိုက်ရဲ့လားဆိုတာလည်း ဖတ်ရှုပြီးပြောခဲ့ကြပါဦး။ နောက်အပတ်တွေမှာလည်းတစ်ပတ်စာဗေဒင်ဟောစာတမ်းတွေကို တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုကြပါဦး။