၂၇.၁.၂၀၂၀ မွ ၂.၂.၂၀၂၀အထိ ေျပာခ်င္လြန္းလို႔ တစ္ပတ္စာေဗဒင္ေဟာစာတမ္း

ေဗဒင္လကၡဏာပညာေတြဆိုတာက ဘုရားရွင္္လက္ထက္ကတည္းက ရွိခဲ့တဲ့အရာေတြျဖစ္ျပီးလူေတြရဲ႕ ၾကိဳတင္မျမင္နုိင္တဲ့ကံတရားကိုတြက္ခ်က္ခန္႔မွန္းပံုေဖာ္ျပီး မလုပ္သင့္တာမလုပ္ရေအာင္၊ အညံ့ေတြပေပ်ာက္ေအာင္၊ ၾကံတိုင္းေအာင္္ေဆာင္တိုင္းေျမာက္ေအာင္ တစ္ဖက္တစ္လမ္းက ကူညီေပးေနတဲ့ပညာရပ္တစ္ပါးျဖစ္ပါတယ္။ ေဗဒင္ၾကိဳက္တဲ့ပရိသတ္ၾကီးအတြက္ေရာ ေဗဒင္ေတြကုိ ေဆာင္ရန္ေရွာင္ရန္ေလာက္သာဖတ္ပါတယ္ဆိုတဲ့သူေတြအတြက္ေရာေျပာခ်င္လြန္းလို႔ရဲ႕ တစ္ပတ္စာေဗဒင္ေဟာစာတမ္းက႑ကို တင္ဆက္ေပးလိုက္ပါတယ္။

Aries (March 21- April 19)

March လ 21 ကေန April 19 ရက္အတြင္းေမြးဖြားတဲ့ Aries ရာသီဖြားေတြအတြက္ေတာ့ ဒီရက္ပိုင္းမွာ စိတ္တိုစိတ္ဆတ္လြယ္ေနမွာျဖစ္ျပီး အသိမိတ္ေဆြအသစ္ေတြနဲ႔ ၾကံဳေတြ႕ရင္းနွီးရနိုင္တယ္။ သူမ်ားေတြရဲ႕ ေဝဖန္အပုပ္ခ်မႈေတြခံရနုိင္ေပမယ့္ ဂရုမစိုက္ပါနဲ႔။ အခုအခ်ိန္ဟာ မတည္နုိင္တဲ့ ကတိေတြမေပးဖို႔သတိထားသင့္တဲ့ကာလျဖစ္တယ္။ အေရးၾကီးတဲ့ဆံုးျဖတ္ခ်က္တစ္ခုခုကို မခ်ခင္ သတိထားစဥ္းစားသင့္တယ္။ ကုိယ္ပိုင္ဘဝနဲ႔ ပတ္သက္ျပီး ေပ်ာ္စရာေကာင္းတဲ့ သတင္းစကားတစ္ခုၾကားရဖို႔ရွိတယ္။ သူတပါးအတြက္အလုပ္လုပ္ေပးေနမယ့္အစား ကုိယ့္ဘာသာ လုပ္ငန္းတစ္ခုေထာင္သင့္တဲ့ ကာလျဖစ္တယ္။ ခရီးသြားလာသင့္တဲ့ ကာလမဟုတ္ေသးဘူး။ အခ်စ္ေရးကေတာ့ လက္ရွိအတိုင္း ေအးခ်မ္းတည္ျငိ္မ္ေနမယ္။

Taurus (April 20 -May 20)

Taurus ရာသီဖြားေတြဟာအခုအခ်ိန္မွာ ျပႆနာေတြေျဖရွင္းရာမွာ သတိထားသင့္တယ္။ မလုိအပ္တဲ့ စြန္႔စားမႈေတြမလုပ္သင့္ဘူး။ ျဖစ္လာသမွ်ကုိ ဘာမွမလုပ္ပဲ ထုိင္ၾကည့္ေနမယ္ဆိုရင္ေတာ့ အရံႈးေတြနဲ႔ရင္ဆုိင္ရလိမ့္မယ္။အနာဂတ္အတြက္ စီမံကိန္းၾကိဳခ်သင့္တဲ့အခ်ိန္မွာက်ေရာက္ေနတယ္။ ေငြေရးေၾကးေရးမွာ ၾကီးမားတဲ့့ အခြင့္အေရးၾကီးတစ္ခု ရဖို႔ရွိတယ္။အခ်စ္ေရးမွာေတာ့ ကုိယ္ခ်စ္တဲ့သူနဲ႔ နားလည္မႈေတြလြဲမွားေနျပီး ရွင္းေလရႈပ္ေလျပႆနာမ်ိဳးေတြရင္ဆိုင္ေနရတတ္တယ္။ ခရီးေဝးေတြ သြားလာသင့္တဲ့အခ်ိန္ကာလမ်ိဳးမဟုတ္ဘူး။

Gemini (May 21 – Jun 20)

အခုရက္ပိုင္းေတြမွာ Gemini ဖြားေတြအတြက္ အေရးၾကီးအလုပ္အစည္းအေဝးေတြမွာ စကားေျပာတာ သတိထားသင့္တဲ့ ကာလပါ။ ေျပာမွားဆိုမွားမျဖစ္ေအာင္ ဂရုျပဳသင့္တယ္။ အလုပ္မွာ စြန္႔စားျပီးအစြမ္းကုန္ၾကိဳးစားလုပ္ေဆာင္မယ္ဆိုရင္ ၾကိဳးစားမႈရဲ႕အသီးအပြင့္ေတြခံစားရမယ့္ကာလျဖစ္တယ္။ အသံုးနဲ႔အျဖဳန္းကုိ သတိထားထိန္းခ်ဳပ္သင့္တယ္။ သူငယ္ခ်င္းတစ္ေယာက္နဲ႔ ပတ္သက္ျပီး စိတ္ရႈပ္စရာသတင္းေတြၾကားရဖို႔ရွိတယ္။ အခ်စ္ေရးမွာေတာ့ ကုိယ့္ဘက္ကတစ္ဖက္သတ္သည္းခံေနရတာမ်ိဳး ျဖစ္ေနတတ္တယ္။ ကုိယ့္ေပ်ာ္ရႊင္မႈဟာ ကုိယ့္ဆီမွာပဲ မွီတည္ေနဖို႔ အထူးသတိျပဳပါ။ ခရီးသြားလာသင့္တဲ့အခ်ိန္အခါေကာင္းမွာ က်ေရာက္ေနတယ္။

Cancer (Jun 21- July 22)

Cancer ရာသီဖြားေတြကေတာ့ ဒီရက္ပိုင္းမွာ အလုပ္နဲ႔ပတ္သက္ျပီး အက်ိဳးေပးမယ့္မိတ္ေဆြေကာင္းေတြနဲ႔ ၾကံဳရမယ္။ ၾကံဳလာရတဲ့ အခက္အခဲေတြကုိ ေအးေဆးေကာင္းမြန္စြာ ေက်ာ္ျဖတ္နို္င္မွာျဖစ္တယ္။ ဒီကာလဟာ စိတ္ရွည္သည္းခံရမယ့္ ကာလျဖစ္တယ္။ အလုပ္အသစ္ေတြလုပ္ရဖို႔ရွိျပီးအဲဒီအလုပ္ေတြကေန လူေတြရဲ႕ ခ်ီးေျမွာက္ျခင္းေတြ ေလးစားျခင္းေတြ လက္ခံရမယ္။ ေငြေရးေၾကးေရးအဆင္ေျပေနမွာျဖစ္လင့္ကစား အတုအေယာင္အေပါင္းအသင္းေတြနဲ႔ ၾကံဳရဖို႔ရွိတယ္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူနဲ႔ အဆင္ေျပေအးခ်မ္းေနမယ္။ နုိင္ငံရပ္ျခားခရီးေတြမသြားသင့္ဘူး။

Leo (Jul 23 – August 22)

Leo ရာသီဖြားေတြအေနနဲ႔ အခုရက္ပိုင္းမွာ မိတ္ေဆြသစ္ေတြရဖို႔ရွိျပီး အဲဒီိမိတ္ေဆြအသိအကြ်မ္းအသစ္ေတြေၾကာင့္ ဒုကၡေရာက္ဖို႔ရွိတယ္။ အလုပ္မွာေတာ့ အဆင္ေျပေနမွာျဖစ္ျပီး ေအာင္ျမင္မႈေတြရေနမယ္။ အလုပ္ကိစၥနဲ႔ ခရီးသြားလာရနုိင္ျပီး ခရီးလမ္းအဆင္ေျပေခ်ာေမြ႕မယ္။ စီးပြားေရးလမ္းသစ္ေတြခ်ဲ႕ထြင္နုိင္ျပီး အျမတ္အစြန္းရဖို႔ရွိတယ္။ အနာဂတ္အတြက္ အၾကံအစည္ေတြခ်မွတ္အေကာင္အထည္ေဖာ္သင့္တဲ့ကာလပါ။ အယံုမလြယ္မိေစဖို႔သတိထားပါ။ အခ်စ္ေရးမွာေတာ့ အရာအားလံုးအဆင္ေျပေခ်ာေမြ႕ေနတယ္လို႔ ခံစားေနရမယ္။ အပန္းေျဖခရီးထြက္သင့္တဲ့အခ်ိန္ကာလပါ။

Virgo (Aug 23 – September 22)

Virgo ရာသီဖြားေတြအတြက္ အခုအခ်ိန္ဟာ အရာရာကုိအေလာတၾကီးလုပ္တာေတြေလွ်ာ့ခ်သင့္တဲ့ကာလျဖစ္တယ္။ ကံေကာင္းျခင္းေတြရျပီး ေအာင္ျမင္မႈေတြရရွိေနမယ့္ကာလပါ။ ကိုယ့္ကုိလုိသံုးလုပ္တဲ့လူေတြရဲ႕အတင္းအဖ်င္းစကားေတြျပန္ၾကားရနုိင္လင့္ကစား လ်စ္လ်ဴရႈထားသင့္တယ္။ စိတ္အေျခအေနေတာ့ သိပ္အဆင္ေျပေနမွာမဟုတ္ဘူး။ စိတ္က်ေရာဂါရွိသူေတြက ေရာဂါဆိုးရြားေနနိုင္တဲ့ကာလျဖစ္တယ္။ အခ်စ္ေရးမွာ ပဋိပကၡေတြ ျဖစ္ေနတတ္တယ္။ ခရီးသြားလာမႈေတြေအာင္ျမင္နုိင္လင့္ကစား ကုိယ္တိုင္ကားေမာင္းသြားရမယ့္ ခရီးဆိုရင္ေတာ့ သတိထားသင့္တယ္။

Libra (September 23 – October 22)

Libra ေတြအတြက္ကေတာ့ ဒီရက္ပိုင္းမွာ ကုိယ္ၾကိဳးစားသမွ်ေတြ အရာမထင္ပဲ သဲထဲေရသြန္ျဖစ္ေနတတ္တယ္။ စိတ္ရွည္သည္းခံရမယ့္ အခ်ိန္ကာလမွာ က်ေရာက္ေနတယ္။ ဘဝရဲ႕ အေျပာင္းအလဲေတြနဲ႔ ရင္ဆို္င္ၾကံံဳေတြ႕ရဖို႔ရွိျပီး ေကာင္းမြန္တဲ့အေျပာင္းအလဲေတြ ျဖစ္လာဖို႔ရွိတယ္။ ေငြေရးေၾကးေရးနဲ႔ပတ္သက္ျပီး မနွစ္ျမိဳ႕စရာသတင္းေတြၾကားရဖို႔ရွိလို႔ လိုလိုမယ္မယ္ ေငြပုိေငြလ်ွံေလးေတြရွိေအာင္ ၾကိဳစုထားသင့္တယ္။ အခ်စ္ေရးမွာေတာ့ ျဖစ္ေနတဲ့ ျပႆနာေတြကုိ အေသးစိတ္ကုိင္တြယ္ေျဖရွင္းနုိင္မွပဲ အဆင္ေျပမယ္။ ေလာဘကုိေလွ်ာ့ပါ။ သူငယ္ခ်င္းအေပါင္းအသင္းေတြနဲ႔ အပန္းေျဖ ခရီးေတြထြက္သင့္တဲ့ ကာလျဖစ္တယ္။

Scorpio (October 23 – November 21)

Scorpio ရာသီဖြားေတြအေနနဲ႔ အခုတေလာမွာ အသိမိတ္ေဆြအသစ္ေတြရမယ္။ မိတ္ေဆြအသစ္ေတြဆီက အၾကံညဏ္ေကာင္းေတြအကူအညီေတြရမယ္။ အေရးၾကီးတဲ့အလုပ္ကိစၥေတြမွာ သင့္ရဲ႕ေနွာင့္ေနွးမႈေတြေၾကာင့္ အခက္ၾကံဳမွာျဖစ္ျပီး လူေလးစားမႈလည္ေလ်ာ့နည္းနိုင္ဖြယ္ရွိတယ္။ စိတ္ဖိစီးမႈမ်ားျပီး စိတ္ေတြရႈပ္ေထြးေနနိုင္တဲ့ကာလပါ။ ထြက္ေပါက္မရွိသလုိ ပိိတ္မိသလို၊ ေခ်ာက္ကမ္းပါးအစြန္းေရာက္ေနသလို ခံစားေနရမယ္။ ဒါေပမယ့္ ကုိယ့္ကုိယ္ကုိယ္ျပန္လည္တည့္မတ္နုိင္မယ္ဆိုရင္ ပုိမုိေကာင္းမြန္တဲ့ဘဝလမ္းကုိေလွ်ာက္လွမ္းနုိင္မွာျဖစ္တယ္။ အရင္ကတည္းက ၾကိဳတင္ၾကံစည္ထားတဲ့အၾကံအစည္ေတြကို အေကာင္အထည္ေဖာ္သင့္တဲ့ကာလပါ။ သင့္ရဲ႕ စိတ္အေျခအေနက အခ်စ္ေရးကုိပါ ထိခိုက္မႈရွိနုိင္တယ္။ ခရီးသြားလာဖို႔ သင့္ေတာ္တဲ့အခ်ိန္ကာလမဟုတ္ဘူး။

Sagittarius (November 22 – December 21)

လက္ရွိအခ်ိန္မွာေတာ့ ကုိယ့္အတြက္ေကာင္းက်ိဳးမေပးမယ့္သူေတြနဲ႔ပဲေတြ႕ေနရနုိင္တယ္။ စိတ္ျမန္လက္ျမန္လုပ္တတ္တဲ့သင့္ရဲ႕အက်င့္ေၾကာင့္ အနားမွာရွိတဲ့လူေတြနဲ႔ နားလည္မႈေတြလြဲနုိ္င္တယ္။ သင့္ဘဝကို ကေျပာင္းကျပန္ျဖစ္သြားေစနုိင္တဲ့ သတင္းဆိုးေသာ္လည္းေကာင္း သတင္းေကာင္းေသာ္လည္းေကာင္း ၾကားရဖို႔ရွိတယ္။ အခ်စ္ေရးမွာေတာ့ ကုိယ့္ခံစားခ်က္ေတြကုိ ဖြင့္ေျပာသင့္တဲ့အခ်ိန္ေကာင္းမွာ က်ေရာက္ေနတယ္။ ခရီးသြားလာသင့္တဲ့အခ်ိန္ကာလမဟုတ္ေသးပါဘူး။ မျဖစ္မေနသြားရမယ္ဆိုရင္ေတာ့ အလုပ္နဲ႔သက္ဆိုင္တဲ့ စာရြက္စာတမ္းေတြကုိ သတိထားသင့္တယ္။

Capricorn (December 22 – Jan 19)

ဒီရက္ပိုင္္းမွာေတာ့ တစ္ေယာက္တည္းေနခ်င္တဲ့စိတ္ေတြျဖစ္ေပၚေနမယ္။အလုပ္မွာေတာ့ အဆင္ေျပေနမွာျဖစ္ျပီး ရည္မွန္းခ်က္ေတြျပည့္ေျမာက္ေအာင္ျမင္ေနမယ္။ လြန္ခဲ့တဲ့အခ်ိန္အၾကာၾကီးကတည္းက ၾကိဳးစားလာတဲ့ လုပ္ငန္းေတြ ျပီးေျမာက္ေအာင္ျမင္မယ္။ အခ်စ္ေရးမွာေတာ့ စိတ္ကူးယဥ္ေနတာေတြ နွလံုးသားကုိ ဦးစားေပးတာေတြကုိ ေလ်ွာ့ခ်ျပီး လက္ေတြ႕က်က်စဥ္းစားရမယ့္အခ်ိန္ကာလပါ။ အသည္းကြဲတာနဲ႔ အခ်စ္စစ္နဲ႔ဆံုဆည္းမိတာ အစြန္းနွစ္ဖက္နဲ႔ ရင္ဆိုင္ရနုိင္တဲ့ ကာလျဖစ္တယ္။ ဒီရက္ပုိင္းမွာ သြားေနက်လမ္းေတြကုိေရွာင္ဖယ္ျပီး အျခားလမ္းေတြကေန သြားသင့္တယ္။ ခရီးသြားလာသင့္တဲ့အခ်ိန္ကာလမဟုတ္ေသးဘူး။

Aquarius (January 20 – February 18)

Aquarius ေတြကေတာ့ အခုရက္ပိုင္းမွာ အလုပ္ေတြေအာင္ျမင္ေနမွာျဖစ္ျပီး ေအာင္ျမင္မႈနဲ႔ တြဲပါလာတဲ့ မနာလိုျခင္းေတြကုိပါ ရင္ဆိုင္ရနုိင္မယ္။ ဒါေပမယ့္ အနီးအနားမွာရွိတဲ့လူေတြရဲ႕ လႊမ္းမုိးမႈေၾကာင့္ ေအာင္ျမင္မႈရမယ့္လမ္းကုိ ရဲရဲတင္းတင္းေလ်ွာက္ဖို႔ရာ တံု႔ေနွးေနမယ္။ ေငြေရးေၾကးေရးအေခ်းအငွားေတြ ေရွာင္ၾကဥ္ပါ။ ဘဝမွာ ကုိယ့္ရဲ႕အေတြးအေခၚေတြကုိေျပာင္းလြဲသြားေစနို္္င္မယ့္ အျဖစ္အပ်က္ေတြနဲ႔ ၾကံဳရမယ္။ စုိးရိမ္စိတ္ပူတာေတြကုိေလွ်ာ့ခ်သင့္တယ္။ အခ်စ္ေရးမွာ စိတ္ခံစားခ်က္ေတြကိုထိန္းနိုင္ေအာင္ၾကိဳးစားမွသာ ခ်စ္သူနဲ႔အဆင္ေျပနိုင္မယ္။ ခရီးသြားလာသင့္တဲ့အခ်ိန္ကာလမွာ က်ေရာက္ေနတယ္။

Pieces (February 19 – March 20)

လက္ရွိအခ်ိန္ကေန စျပီး ေလးပတ္အတြင္း ေအာင္ျမင္မႈေတြနဲ႔ ၾကံဳရနုိင္သလုိ ၾကီးမားတဲ့ ဆံုးရံႈးမႈေတြနဲ႔လည္းၾကံဳရနုိင္တယ္။ ဘဝက ၾကိဳးတန္းေပၚမွာလမ္းေလွ်ာက္ရသလိုျဖစ္ေနမယ္။ အခုတေလာမွာ စိတ္က အထိမခံျဖစ္ေနတတ္ျ႔ပီး စိတ္ထိခိုက္ခံစားလြယ္ေနတတ္တယ္။ ကုိယ့္ကုိယ္ကုိယ္ယံုၾကည္မႈလြန္ကဲေနတာမ်ိဳးျဖစ္ေနမယ္။ အလုပ္မွာေတာ့ ေအာင္ျမင္ေနမွာျဖစ္ျပီး မနာလိုသူေတြရဲ႕ အတုိက္အခိုက္ေတြနဲ႔ၾကံဳရမယ္။ အခ်စ္ေရးမွာ အေျပာင္းအလဲေတြနဲ႕ၾကံဳေတြ႕ရမယ္။ ခရီးသြားလာသင့္တဲ့အခ်ိန္ကာလျဖစ္လင့္ကစား ကုိယ္တိုင္ကားေမာင္းျပီး သြားရမယ့္ ခရီးေတြမွာ အထူးသတိထားသင့္တယ္။

အခုေဖာ္ျပသြားတာေတြကေတာ့ ေျပာခ်င္လြန္းလို႔ရဲ႕ တစ္ပတ္စာေဗဒင္ေဟာစာတမ္းျဖစ္ပါတယ္။ေဟာစာတမ္းရဲ႕ေဖာ္ျပခ်က္ေတြနဲ႔ ကုိယ့္ရာသီခြင္နဲ႔ကုိက္ရဲ႕လားဆိုတာလည္း ဖတ္ရႈျပီးေျပာခဲ့ၾကပါဦး။ ေနာက္အပတ္ေတြမွာလည္းတစ္ပတ္စာေဗဒင္ေဟာစာတမ္းေတြကုိ တင္ဆက္ေပးသြားမွာျဖစ္လို႔ ေစာင့္ေမွ်ာ္ဖတ္ရႈၾကပါဦး။

Unicode

၂၇.၁.၂၀၂၀ မှ ၂.၂.၂၀၂၀အထိ ပြောချင်လွန်းလို့ တစ်ပတ်စာဗေဒင်ဟောစာတမ်း

ဗေဒင်လက္ခဏာပညာတွေဆိုတာက ဘုရားရှင်လက်ထက်ကတည်းက ရှိခဲ့တဲ့အရာတွေဖြစ်ပြီးလူတွေရဲ့ ကြိုတင်မမြင်နိုင်တဲ့ကံတရားကိုတွက်ချက်ခန့်မှန်းပုံဖော်ပြီး မလုပ်သင့်တာမလုပ်ရအောင်၊ အညံ့တွေပပျောက်အောင်၊ ကြံတိုင်းအောင်ဆောင်တိုင်းမြောက်အောင် တစ်ဖက်တစ်လမ်းက ကူညီပေးနေတဲ့ပညာရပ်တစ်ပါးဖြစ်ပါတယ်။ ဗေဒင်ကြိုက်တဲ့ပရိသတ်ကြီးအတွက်ရော ဗေဒင်တွေကို ဆောင်ရန်ရှောင်ရန်လောက်သာဖတ်ပါတယ်ဆိုတဲ့သူတွေအတွက်ရောပြောချင်လွန်းလို့ရဲ့ တစ်ပတ်စာဗေဒင်ဟောစာတမ်းကဏ္ဍကို တင်ဆက်ပေးလိုက်ပါတယ်။

Aries (March 21- April 19)

March လ 21 ကနေ April 19 ရက်အတွင်းမွေးဖွားတဲ့ Aries ရာသီဖွားတွေအတွက်တော့ ဒီရက်ပိုင်းမှာ စိတ်တိုစိတ်ဆတ်လွယ်နေမှာဖြစ်ပြီး အသိမိတ်ဆွေအသစ်တွေနဲ့ ကြုံတွေ့ရင်းနှီးရနိုင်တယ်။ သူများတွေရဲ့ ဝေဖန်အပုပ်ချမှုတွေခံရနိုင်ပေမယ့် ဂရုမစိုက်ပါနဲ့။ အခုအချိန်ဟာ မတည်နိုင်တဲ့ ကတိတွေမပေးဖို့သတိထားသင့်တဲ့ကာလဖြစ်တယ်။ အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုခုကို မချခင် သတိထားစဉ်းစားသင့်တယ်။ ကိုယ်ပိုင်ဘဝနဲ့ ပတ်သက်ပြီး ပျော်စရာကောင်းတဲ့ သတင်းစကားတစ်ခုကြားရဖို့ရှိတယ်။ သူတပါးအတွက်အလုပ်လုပ်ပေးနေမယ့်အစား ကိုယ့်ဘာသာ လုပ်ငန်းတစ်ခုထောင်သင့်တဲ့ ကာလဖြစ်တယ်။ ခရီးသွားလာသင့်တဲ့ ကာလမဟုတ်သေးဘူး။ အချစ်ရေးကတော့ လက်ရှိအတိုင်း အေးချမ်းတည်ငြိမ်နေမယ်။

Taurus (April 20 -May 20)

Taurus ရာသီဖွားတွေဟာအခုအချိန်မှာ ပြဿနာတွေဖြေရှင်းရာမှာ သတိထားသင့်တယ်။ မလိုအပ်တဲ့ စွန့်စားမှုတွေမလုပ်သင့်ဘူး။ ဖြစ်လာသမျှကို ဘာမှမလုပ်ပဲ ထိုင်ကြည့်နေမယ်ဆိုရင်တော့ အရှုံးတွေနဲ့ရင်ဆိုင်ရလိမ့်မယ်။အနာဂတ်အတွက် စီမံကိန်းကြိုချသင့်တဲ့အချိန်မှာကျရောက်နေတယ်။ ငွေရေးကြေးရေးမှာ ကြီးမားတဲ့ အခွင့်အရေးကြီးတစ်ခု ရဖို့ရှိတယ်။အချစ်ရေးမှာတော့ ကိုယ်ချစ်တဲ့သူနဲ့ နားလည်မှုတွေလွဲမှားနေပြီး ရှင်းလေရှုပ်လေပြဿနာမျိုးတွေရင်ဆိုင်နေရတတ်တယ်။ ခရီးဝေးတွေ သွားလာသင့်တဲ့အချိန်ကာလမျိုးမဟုတ်ဘူး။

Gemini (May 21 – Jun 20)

အခုရက်ပိုင်းတွေမှာ Gemini ဖွားတွေအတွက် အရေးကြီးအလုပ်အစည်းအဝေးတွေမှာ စကားပြောတာ သတိထားသင့်တဲ့ ကာလပါ။ ပြောမှားဆိုမှားမဖြစ်အောင် ဂရုပြုသင့်တယ်။ အလုပ်မှာ စွန့်စားပြီးအစွမ်းကုန်ကြိုးစားလုပ်ဆောင်မယ်ဆိုရင် ကြိုးစားမှုရဲ့အသီးအပွင့်တွေခံစားရမယ့်ကာလဖြစ်တယ်။ အသုံးနဲ့အဖြုန်းကို သတိထားထိန်းချုပ်သင့်တယ်။ သူငယ်ချင်းတစ်ယောက်နဲ့ ပတ်သက်ပြီး စိတ်ရှုပ်စရာသတင်းတွေကြားရဖို့ရှိတယ်။ အချစ်ရေးမှာတော့ ကိုယ့်ဘက်ကတစ်ဖက်သတ်သည်းခံနေရတာမျိုး ဖြစ်နေတတ်တယ်။ ကိုယ့်ပျော်ရွှင်မှုဟာ ကိုယ့်ဆီမှာပဲ မှီတည်နေဖို့ အထူးသတိပြုပါ။ ခရီးသွားလာသင့်တဲ့အချိန်အခါကောင်းမှာ ကျရောက်နေတယ်။

Cancer (Jun 21- July 22)

Cancer ရာသီဖွားတွေကတော့ ဒီရက်ပိုင်းမှာ အလုပ်နဲ့ပတ်သက်ပြီး အကျိုးပေးမယ့်မိတ်ဆွေကောင်းတွေနဲ့ ကြုံရမယ်။ ကြုံလာရတဲ့ အခက်အခဲတွေကို အေးဆေးကောင်းမွန်စွာ ကျော်ဖြတ်နိုင်မှာဖြစ်တယ်။ ဒီကာလဟာ စိတ်ရှည်သည်းခံရမယ့် ကာလဖြစ်တယ်။ အလုပ်အသစ်တွေလုပ်ရဖို့ရှိပြီးအဲဒီအလုပ်တွေကနေ လူတွေရဲ့ ချီးမြှောက်ခြင်းတွေ လေးစားခြင်းတွေ လက်ခံရမယ်။ ငွေရေးကြေးရေးအဆင်ပြေနေမှာဖြစ်လင့်ကစား အတုအယောင်အပေါင်းအသင်းတွေနဲ့ ကြုံရဖို့ရှိတယ်။ အချစ်ရေးမှာတော့ ချစ်သူနဲ့ အဆင်ပြေအေးချမ်းနေမယ်။ နိုင်ငံရပ်ခြားခရီးတွေမသွားသင့်ဘူး။

Leo (Jul 23 – August 22)

Leo ရာသီဖွားတွေအနေနဲ့ အခုရက်ပိုင်းမှာ မိတ်ဆွေသစ်တွေရဖို့ရှိပြီး အဲဒီမိတ်ဆွေအသိအကျွမ်းအသစ်တွေကြောင့် ဒုက္ခရောက်ဖို့ရှိတယ်။ အလုပ်မှာတော့ အဆင်ပြေနေမှာဖြစ်ပြီး အောင်မြင်မှုတွေရနေမယ်။ အလုပ်ကိစ္စနဲ့ ခရီးသွားလာရနိုင်ပြီး ခရီးလမ်းအဆင်ပြေချောမွေ့မယ်။ စီးပွားရေးလမ်းသစ်တွေချဲ့ထွင်နိုင်ပြီး အမြတ်အစွန်းရဖို့ရှိတယ်။ အနာဂတ်အတွက် အကြံအစည်တွေချမှတ်အကောင်အထည်ဖော်သင့်တဲ့ကာလပါ။ အယုံမလွယ်မိစေဖို့သတိထားပါ။ အချစ်ရေးမှာတော့ အရာအားလုံးအဆင်ပြေချောမွေ့နေတယ်လို့ ခံစားနေရမယ်။ အပန်းဖြေခရီးထွက်သင့်တဲ့အချိန်ကာလပါ။

Virgo (Aug 23 – September 22)

Virgo ရာသီဖွားတွေအတွက် အခုအချိန်ဟာ အရာရာကိုအလောတကြီးလုပ်တာတွေလျှော့ချသင့်တဲ့ကာလဖြစ်တယ်။ ကံကောင်းခြင်းတွေရပြီး အောင်မြင်မှုတွေရရှိနေမယ့်ကာလပါ။ ကိုယ့်ကိုလိုသုံးလုပ်တဲ့လူတွေရဲ့အတင်းအဖျင်းစကားတွေပြန်ကြားရနိုင်လင့်ကစား လျစ်လျူရှုထားသင့်တယ်။ စိတ်အခြေအနေတော့ သိပ်အဆင်ပြေနေမှာမဟုတ်ဘူး။ စိတ်ကျရောဂါရှိသူတွေက ရောဂါဆိုးရွားနေနိုင်တဲ့ကာလဖြစ်တယ်။ အချစ်ရေးမှာ ပဋိပက္ခတွေ ဖြစ်နေတတ်တယ်။ ခရီးသွားလာမှုတွေအောင်မြင်နိုင်လင့်ကစား ကိုယ်တိုင်ကားမောင်းသွားရမယ့် ခရီးဆိုရင်တော့ သတိထားသင့်တယ်။

Libra (September 23 – October 22)

Libra တွေအတွက်ကတော့ ဒီရက်ပိုင်းမှာ ကိုယ်ကြိုးစားသမျှတွေ အရာမထင်ပဲ သဲထဲရေသွန်ဖြစ်နေတတ်တယ်။ စိတ်ရှည်သည်းခံရမယ့် အချိန်ကာလမှာ ကျရောက်နေတယ်။ ဘဝရဲ့ အပြောင်းအလဲတွေနဲ့ ရင်ဆိုင်ကြံုံတွေ့ရဖို့ရှိပြီး ကောင်းမွန်တဲ့အပြောင်းအလဲတွေ ဖြစ်လာဖို့ရှိတယ်။ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး မနှစ်မြို့စရာသတင်းတွေကြားရဖို့ရှိလို့ လိုလိုမယ်မယ် ငွေပိုငွေလျှံလေးတွေရှိအောင် ကြိုစုထားသင့်တယ်။ အချစ်ရေးမှာတော့ ဖြစ်နေတဲ့ ပြဿနာတွေကို အသေးစိတ်ကိုင်တွယ်ဖြေရှင်းနိုင်မှပဲ အဆင်ပြေမယ်။ လောဘကိုလျှော့ပါ။ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အပန်းဖြေ ခရီးတွေထွက်သင့်တဲ့ ကာလဖြစ်တယ်။

Scorpio (October 23 – November 21)

Scorpio ရာသီဖွားတွေအနေနဲ့ အခုတလောမှာ အသိမိတ်ဆွေအသစ်တွေရမယ်။ မိတ်ဆွေအသစ်တွေဆီက အကြံညဏ်ကောင်းတွေအကူအညီတွေရမယ်။ အရေးကြီးတဲ့အလုပ်ကိစ္စတွေမှာ သင့်ရဲ့နှောင့်နှေးမှုတွေကြောင့် အခက်ကြုံမှာဖြစ်ပြီး လူလေးစားမှုလည်လျော့နည်းနိုင်ဖွယ်ရှိတယ်။ စိတ်ဖိစီးမှုများပြီး စိတ်တွေရှုပ်ထွေးနေနိုင်တဲ့ကာလပါ။ ထွက်ပေါက်မရှိသလို ပိတ်မိသလို၊ ချောက်ကမ်းပါးအစွန်းရောက်နေသလို ခံစားနေရမယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်ပြန်လည်တည့်မတ်နိုင်မယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ဘဝလမ်းကိုလျှောက်လှမ်းနိုင်မှာဖြစ်တယ်။ အရင်ကတည်းက ကြိုတင်ကြံစည်ထားတဲ့အကြံအစည်တွေကို အကောင်အထည်ဖော်သင့်တဲ့ကာလပါ။ သင့်ရဲ့ စိတ်အခြေအနေက အချစ်ရေးကိုပါ ထိခိုက်မှုရှိနိုင်တယ်။ ခရီးသွားလာဖို့ သင့်တော်တဲ့အချိန်ကာလမဟုတ်ဘူး။

Sagittarius (November 22 – December 21)

လက်ရှိအချိန်မှာတော့ ကိုယ့်အတွက်ကောင်းကျိုးမပေးမယ့်သူတွေနဲ့ပဲတွေ့နေရနိုင်တယ်။ စိတ်မြန်လက်မြန်လုပ်တတ်တဲ့သင့်ရဲ့အကျင့်ကြောင့် အနားမှာရှိတဲ့လူတွေနဲ့ နားလည်မှုတွေလွဲနိုင်တယ်။ သင့်ဘဝကို ကပြောင်းကပြန်ဖြစ်သွားစေနိုင်တဲ့ သတင်းဆိုးသော်လည်းကောင်း သတင်းကောင်းသော်လည်းကောင်း ကြားရဖို့ရှိတယ်။ အချစ်ရေးမှာတော့ ကိုယ့်ခံစားချက်တွေကို ဖွင့်ပြောသင့်တဲ့အချိန်ကောင်းမှာ ကျရောက်နေတယ်။ ခရီးသွားလာသင့်တဲ့အချိန်ကာလမဟုတ်သေးပါဘူး။ မဖြစ်မနေသွားရမယ်ဆိုရင်တော့ အလုပ်နဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေကို သတိထားသင့်တယ်။

Capricorn (December 22 – Jan 19)

ဒီရက်ပိုင်းမှာတော့ တစ်ယောက်တည်းနေချင်တဲ့စိတ်တွေဖြစ်ပေါ်နေမယ်။အလုပ်မှာတော့ အဆင်ပြေနေမှာဖြစ်ပြီး ရည်မှန်းချက်တွေပြည့်မြောက်အောင်မြင်နေမယ်။ လွန်ခဲ့တဲ့အချိန်အကြာကြီးကတည်းက ကြိုးစားလာတဲ့ လုပ်ငန်းတွေ ပြီးမြောက်အောင်မြင်မယ်။ အချစ်ရေးမှာတော့ စိတ်ကူးယဉ်နေတာတွေ နှလုံးသားကို ဦးစားပေးတာတွေကို လျှော့ချပြီး လက်တွေ့ကျကျစဉ်းစားရမယ့်အချိန်ကာလပါ။ အသည်းကွဲတာနဲ့ အချစ်စစ်နဲ့ဆုံဆည်းမိတာ အစွန်းနှစ်ဖက်နဲ့ ရင်ဆိုင်ရနိုင်တဲ့ ကာလဖြစ်တယ်။ ဒီရက်ပိုင်းမှာ သွားနေကျလမ်းတွေကိုရှောင်ဖယ်ပြီး အခြားလမ်းတွေကနေ သွားသင့်တယ်။ ခရီးသွားလာသင့်တဲ့အချိန်ကာလမဟုတ်သေးဘူး။

Aquarius (January 20 – February 18)

Aquarius တွေကတော့ အခုရက်ပိုင်းမှာ အလုပ်တွေအောင်မြင်နေမှာဖြစ်ပြီး အောင်မြင်မှုနဲ့ တွဲပါလာတဲ့ မနာလိုခြင်းတွေကိုပါ ရင်ဆိုင်ရနိုင်မယ်။ ဒါပေမယ့် အနီးအနားမှာရှိတဲ့လူတွေရဲ့ လွှမ်းမိုးမှုကြောင့် အောင်မြင်မှုရမယ့်လမ်းကို ရဲရဲတင်းတင်းလျှောက်ဖို့ရာ တုံ့နှေးနေမယ်။ ငွေရေးကြေးရေးအချေးအငှားတွေ ရှောင်ကြဉ်ပါ။ ဘဝမှာ ကိုယ့်ရဲ့အတွေးအခေါ်တွေကိုပြောင်းလွဲသွားစေနို်င်မယ့် အဖြစ်အပျက်တွေနဲ့ ကြုံရမယ်။ စိုးရိမ်စိတ်ပူတာတွေကိုလျှော့ချသင့်တယ်။ အချစ်ရေးမှာ စိတ်ခံစားချက်တွေကိုထိန်းနိုင်အောင်ကြိုးစားမှသာ ချစ်သူနဲ့အဆင်ပြေနိုင်မယ်။ ခရီးသွားလာသင့်တဲ့အချိန်ကာလမှာ ကျရောက်နေတယ်။

Pieces (February 19 – March 20)

လက်ရှိအချိန်ကနေ စပြီး လေးပတ်အတွင်း အောင်မြင်မှုတွေနဲ့ ကြုံရနိုင်သလို ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့လည်းကြုံရနိုင်တယ်။ ဘဝက ကြိုးတန်းပေါ်မှာလမ်းလျှောက်ရသလိုဖြစ်နေမယ်။ အခုတလောမှာ စိတ်က အထိမခံဖြစ်နေတတ်ြ့ပီး စိတ်ထိခိုက်ခံစားလွယ်နေတတ်တယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲနေတာမျိုးဖြစ်နေမယ်။ အလုပ်မှာတော့ အောင်မြင်နေမှာဖြစ်ပြီး မနာလိုသူတွေရဲ့ အတိုက်အခိုက်တွေနဲ့ကြုံရမယ်။ အချစ်ရေးမှာ အပြောင်းအလဲတွေနဲ့ကြုံတွေ့ရမယ်။ ခရီးသွားလာသင့်တဲ့အချိန်ကာလဖြစ်လင့်ကစား ကိုယ်တိုင်ကားမောင်းပြီး သွားရမယ့် ခရီးတွေမှာ အထူးသတိထားသင့်တယ်။

အခုဖော်ပြသွားတာတွေကတော့ ပြောချင်လွန်းလို့ရဲ့ တစ်ပတ်စာဗေဒင်ဟောစာတမ်းဖြစ်ပါတယ်။ဟောစာတမ်းရဲ့ဖော်ပြချက်တွေနဲ့ ကိုယ့်ရာသီခွင်နဲ့ကိုက်ရဲ့လားဆိုတာလည်း ဖတ်ရှုပြီးပြောခဲ့ကြပါဦး။ နောက်အပတ်တွေမှာလည်းတစ်ပတ်စာဗေဒင်ဟောစာတမ်းတွေကို တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုကြပါဦး။