ဆီးခ်ိဳေရာဂါရွိမရွိ မွန္ကန္စြာ စစ္ေဆးႏိုင္ဖို႔ လုပ္သင့္တဲ့အခ်က္ေတြ

ဆီးခ်ိဳရွိမရွိ သိဖို႔၊ ဆီးခ်ိဳ ထိန္းႏိုင္ျခင္း ရွိမရွိ သိဖို႔အတြက္ ပထမဆုံးအဆင့္က ေသြးတြင္းသၾကားဓာတ္ကို စစ္ေဆးျခင္းျဖစ္ပါတယ္။ အရင္ အခ်ိန္ေတြက ဆီးထဲ သၾကားပါမပါ ခ်က္ၾကည့္ရာမွ ယခုအခါ အလြယ္တကူစစ္ေဆးႏိုင္ေသာ နည္းလမ္းမ်ား ေပၚေပါက္လာေပၿပီ။ ထိုနည္းလမ္းထဲမွ တစ္ခုမွာ ဆီးခ်ိဳတိုင္းစက္ငယ္ေလးအသုံးျပဳျခင္း ျဖစ္ပါသည္။
ထိုစက္ကေလးထုတ္လုပ္ႏိုင္သည့္အတြက္ ဆီးခ်ိဳတစ္ခါ ေဖာက္ဖို႔လိုတိုင္း ေဆးခန္းသြားေရာက္ရန္မလိုေတာ့ဘဲ မိမိအိမ္မွာတင္ အလြယ္တကူ ေဖာက္စစ္ႏိုင္႐ုံမွ်မက မိမိ ဆီးခ်ိဳထိန္းႏိုင္မႏိုင္အျပင္ ေသြးတြင္းသၾကားဓာတ္က်သြားသည္ကိုပင္ သိရွိႏိုင္ပါသည္။

ဤစက္ကေလးကို ဘယ္လိုအသုံးျပဳရပါသနည္း။နည္းမွန္လမ္းမွန္ အသုံးျပဳျခင္းျဖင့္ ေရာဂါပိုးဝင္ေရာက္ျခင္းမွ ကာကြယ္ႏိုင္ျခင္း၊ မွန္ကန္ေသာအေျဖရျခင္း၊ ေသြးတြင္း သၾကားဓာတ္ပမာဏကို ေကာင္းစြာတိုင္းတာႏိုင္ျခင္းစတဲ့ အက်ိဳးေက်းဇူးမ်ား ရမည္ျဖစ္ပါသည္။

တိုင္းတာရန္ လိုအပ္ေသာ အဆင့္ဆင့္မွာ၁။ လက္ကို ဆပ္ျပာ၊ ေရေႏြးေႏြးျဖင့္ စင္ၾကယ္စြာ ေဆးေၾကာပါ။ ထို႔ေနာက္ သန႔္ရွင္းေသာ အဝတ္ေျခာက္ေျခာက္ျဖင့္ သုတ္ပါ။ ေသြးေဖာက္မည့္ေနရာကို အရက္ျပန္သုံးပါက အရက္ျပန္ေျခာက္သည္အထိ ေစာင့္ပါ။၂။ ေသြးေဖာက္မည့္ သန႔္ရွင္းေသာအပ္ကို အပ္ထည့္သည့္ ေဘာပင္ထဲထည့္ပါ။ ေမာင္းတင္ထားပါ။
၃။ ဗူးတြင္းမွ ဆီးခ်ိဳ စစ္သည့္ အျပားေလးကို ထပ္ယူပါ။ ထို႔ေနာက္ ဗူးကို ေသခ်ာစြာ ျပန္ပိတ္ပါ။ မပိတ္ပါက ဗူးတြင္းရွိ ထိုအျပားေလးမ်ား ေရေငြ႕ႏွင့္ ဖုန္မႈန႔္မ်ားေၾကာင့္ ပ်က္စီးတတ္ပါသည္။

ဆီးခ်ိဳေရာဂါရွိမရွိ မွန္ကန္စြာ စစ္ေဆးႏိုင္ဖို႔ လုပ္သင့္တဲ့အခ်က္ေတြ

၄။ ဆီးခ်ိဳစစ္အျပားကို စက္တြင္တပ္၍ စက္ပြင့္လာမလာၾကည့္ပါ။၅။ လက္ထိပ္၏ ေဘးေနရာမွ အပ္ျဖင့္ေဖာက္ပါ။ လက္ထိပ္အလယ္တည့္တည့္မွ မေဖာက္သင့္ပါ။၆။ မိမိေသြးစက္ကို ဆီးခ်ိဳျပားထိပ္ရွိ ေသြးခ်ရမည့္ေနရာတြင္ခ်ပါ။ လက္ႏွင့္ ဆီးခ်ိဳစစ္သည့္အျပား မထိပါေစႏွင့္။ ထို႔ေနာက္ အေျဖကိုေစာင့္ပါ။၇။ ေသြးထြက္ေနေသာလက္ထိပ္ကို သန႔္ရွင္းေသာ ဂြမ္းေျခာက္ျဖင့္ အုပ္ပါ။ ေသြးတိတ္သြားသည္အထိ လက္ထိပ္ကို ဖိထားေပးပါ။

ဤသို႔နည္းလမ္းမွန္ကန္စြာ ေဖာက္ရမည့္ အျပင္ ေအာက္ပါအခ်က္မ်ားကိုပါ သိထားလိုက္နာပါမွ မိမိဆီးခ်ိဳတိုင္းတာမႈ အေျခအေနပိုမိုေကာင္းမြန္မည္ျဖစ္ပါသည္။ ဆီးခ်ိဳတိုင္းရန္ လိုအပ္ေသာ ပစၥည္းမ်ား သင္ႏွင့္တကြ အၿမဲတမ္းရွိေနပါေစ။ ဆီးခ်ိဳစစ္သည့္ အျပားေလးမ်ားဝယ္ယူတိုင္း၊ အသုံးျပဳတိုင္း ရက္လြန္ျဖစ္ေနျခင္း ရွိမရွိ စစ္ေဆးပါ။ ဆီးခ်ိဳေဖာက္စစ္သည့္ အႀကိမ္ကို မိမိျပသသည့္ ဆရာဝန္ၫႊန္ၾကားသည့္အတိုင္းသာ ေဆာင္႐ြက္၍ အႀကိမ္တိုင္းမွ အေျဖမ်ားကို ေသခ်ာစြာ ေရးမွတ္သားထားပါ။

ဆီးခ်ိဳေရာဂါရွိမရွိ မွန္ကန္စြာ စစ္ေဆးႏိုင္ဖို႔ လုပ္သင့္တဲ့အခ်က္ေတြ

မိမိ ဆီးခ်ိဳစစ္ေဆးသည့္ စက္ မွန္ကန္ျခင္းရွိမရွိကို အျခားေသာ စက္မ်ားႏွင့္ ႏႈိင္းယွဥ္စစ္ေဆးၾကည့္ပါ။ ဆရာဝန္ႏွင့္ ရက္ခ်ိန္းသြားျပသည့္အခါ ယူေဆာင္သြား၍ ေဆးခန္းရွိ စက္ႏွင့္ ႏႈိင္းယွဥ္ၾကည့္လွ်င္ ရပါသည္။ ပိုးမဝင္ေစရန္ အထက္ေဖာ္ျပပါနည္းအတိုင္း ေသခ်ာစြာေဖာက္စစ္၍ ေသြးႏွင့္ ထိေတြ႕ထားေသာ အပ္ႏွင့္ အျခားပစၥည္းမ်ားကို အသုံးျပဳၿပီးတိုင္း ေသခ်ာစြာ စနစ္တက်စြန႔္ပစ္ရပါမည္။ယခုေဆာင္းပါးကိုေဒါက္တာဇီဝကမွကူးယူေဖာ္ျပျပီးရီခ်ိဳ(ေဆး ၁)မွေရးသားထားပါသည္

Unicode

ဆီးချိုရှိမရှိ သိဖို့၊ ဆီးချို ထိန်းနိုင်ခြင်း ရှိမရှိ သိဖို့အတွက် ပထမဆုံးအဆင့်က သွေးတွင်းသကြားဓာတ်ကို စစ်ဆေးခြင်းဖြစ်ပါတယ်။ အရင် အချိန်တွေက ဆီးထဲ သကြားပါမပါ ချက်ကြည့်ရာမှ ယခုအခါ အလွယ်တကူစစ်ဆေးနိုင်သော နည်းလမ်းများ ပေါ်ပေါက်လာပေပြီ။ ထိုနည်းလမ်းထဲမှ တစ်ခုမှာ ဆီးချိုတိုင်းစက်ငယ်လေးအသုံးပြုခြင်း ဖြစ်ပါသည်။
ထိုစက်ကလေးထုတ်လုပ်နိုင်သည့်အတွက် ဆီးချိုတစ်ခါ ဖောက်ဖို့လိုတိုင်း ဆေးခန်းသွားရောက်ရန်မလိုတော့ဘဲ မိမိအိမ်မှာတင် အလွယ်တကူ ဖောက်စစ်နိုင်ရုံမျှမက မိမိ ဆီးချိုထိန်းနိုင်မနိုင်အပြင် သွေးတွင်းသကြားဓာတ်ကျသွားသည်ကိုပင် သိရှိနိုင်ပါသည်။

ဤစက်ကလေးကို ဘယ်လိုအသုံးပြုရပါသနည်း။နည်းမှန်လမ်းမှန် အသုံးပြုခြင်းဖြင့် ရောဂါပိုးဝင်ရောက်ခြင်းမှ ကာကွယ်နိုင်ခြင်း၊ မှန်ကန်သောအဖြေရခြင်း၊ သွေးတွင်း သကြားဓာတ်ပမာဏကို ကောင်းစွာတိုင်းတာနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးများ ရမည်ဖြစ်ပါသည်။

တိုင်းတာရန် လိုအပ်သော အဆင့်ဆင့်မှာ၁။ လက်ကို ဆပ်ပြာ၊ ရေနွေးနွေးဖြင့် စင်ကြယ်စွာ ဆေးကြောပါ။ ထို့နောက် သန့်ရှင်းသော အဝတ်ခြောက်ခြောက်ဖြင့် သုတ်ပါ။ သွေးဖောက်မည့်နေရာကို အရက်ပြန်သုံးပါက အရက်ပြန်ခြောက်သည်အထိ စောင့်ပါ။၂။ သွေးဖောက်မည့် သန့်ရှင်းသောအပ်ကို အပ်ထည့်သည့် ဘောပင်ထဲထည့်ပါ။ မောင်းတင်ထားပါ။
၃။ ဗူးတွင်းမှ ဆီးချို စစ်သည့် အပြားလေးကို ထပ်ယူပါ။ ထို့နောက် ဗူးကို သေချာစွာ ပြန်ပိတ်ပါ။ မပိတ်ပါက ဗူးတွင်းရှိ ထိုအပြားလေးများ ရေငွေ့နှင့် ဖုန်မှုန့်များကြောင့် ပျက်စီးတတ်ပါသည်။

၄။ ဆီးချိုစစ်အပြားကို စက်တွင်တပ်၍ စက်ပွင့်လာမလာကြည့်ပါ။၅။ လက်ထိပ်၏ ဘေးနေရာမှ အပ်ဖြင့်ဖောက်ပါ။ လက်ထိပ်အလယ်တည့်တည့်မှ မဖောက်သင့်ပါ။၆။ မိမိသွေးစက်ကို ဆီးချိုပြားထိပ်ရှိ သွေးချရမည့်နေရာတွင်ချပါ။ လက်နှင့် ဆီးချိုစစ်သည့်အပြား မထိပါစေနှင့်။ ထို့နောက် အဖြေကိုစောင့်ပါ။၇။ သွေးထွက်နေသောလက်ထိပ်ကို သန့်ရှင်းသော ဂွမ်းခြောက်ဖြင့် အုပ်ပါ။ သွေးတိတ်သွားသည်အထိ လက်ထိပ်ကို ဖိထားပေးပါ။

ဤသို့နည်းလမ်းမှန်ကန်စွာ ဖောက်ရမည့် အပြင် အောက်ပါအချက်များကိုပါ သိထားလိုက်နာပါမှ မိမိဆီးချိုတိုင်းတာမှု အခြေအနေပိုမိုကောင်းမွန်မည်ဖြစ်ပါသည်။ ဆီးချိုတိုင်းရန် လိုအပ်သော ပစ္စည်းများ သင်နှင့်တကွ အမြဲတမ်းရှိနေပါစေ။ ဆီးချိုစစ်သည့် အပြားလေးများဝယ်ယူတိုင်း၊ အသုံးပြုတိုင်း ရက်လွန်ဖြစ်နေခြင်း ရှိမရှိ စစ်ဆေးပါ။ ဆီးချိုဖောက်စစ်သည့် အကြိမ်ကို မိမိပြသသည့် ဆရာဝန်ညွှန်ကြားသည့်အတိုင်းသာ ဆောင်ရွက်၍ အကြိမ်တိုင်းမှ အဖြေများကို သေချာစွာ ရေးမှတ်သားထားပါ။

မိမိ ဆီးချိုစစ်ဆေးသည့် စက် မှန်ကန်ခြင်းရှိမရှိကို အခြားသော စက်များနှင့် နှိုင်းယှဉ်စစ်ဆေးကြည့်ပါ။ ဆရာဝန်နှင့် ရက်ချိန်းသွားပြသည့်အခါ ယူဆောင်သွား၍ ဆေးခန်းရှိ စက်နှင့် နှိုင်းယှဉ်ကြည့်လျှင် ရပါသည်။ ပိုးမဝင်စေရန် အထက်ဖော်ပြပါနည်းအတိုင်း သေချာစွာဖောက်စစ်၍ သွေးနှင့် ထိတွေ့ထားသော အပ်နှင့် အခြားပစ္စည်းများကို အသုံးပြုပြီးတိုင်း သေချာစွာ စနစ်တကျစွန့်ပစ်ရပါမည်။ယခုဆောင်းပါးကိုဒေါက်တာဇီဝကမှကူးယူဖော်ပြပြီးရီချို(ဆေး ၁)မှရေးသားထားပါသည်