MMA ဖိုက်တာတွေရဲ့ လက်သီးချက်တွေကို ကျောက်တောင်ကြီးလို ကြံ့ကြံ့ခံပြလိုက်တဲ့ အောင်လအန်ဆန်း



MMA ဖိုက်တာတွေရဲ့ လက်သီချက်တွေ မြည်းစမ်းနေတဲ့ အောင်လအန်ဆန်း


Unicode

MMA ဖိုက်တာတွေရဲ့ လက်သီချက်တွေ မြည်းစမ်းနေတဲ့ အောင်လအန်ဆန်း

အောင်လအန်ဆန်းဟာ ဆိုရင် ကမ္ဘာ့အလည်မှာ မြန်မာကို ဂုဏ်တက်အောင် အမြဲတမ်း ကြိုးစားပေးနေခဲ့သူ တစ်ဦးဖြစ်ပြီး အောင်လအန်ဆန်းကြောင့်လည်း မြန်မာ ဆိုတာကို တစ်ကမ္ဘာလုံးက နိုင်ငံတွေ တော်တော်များများက ချစ်လာ အားပေးလာကြတယ် ဆိုရင်လည်း မမှားပါဘူး။ လက်ဝှေ့ ထိုးသတ်ပွဲတွေ တိုင်းမှာ အောင်လအန်ဆန်းဟာ အမြဲတမ်းနီးပါး နိုင်ပွဲတွေ ဆက်တိုက် ရယူပေးနေခဲ့ပြီး သူ အနိုင်ရရှိတိုင်းမှာလည်း မြန်မာ့ စပါးအုံးဆိုတဲ့ နာမည်နဲ့ အညီ မြန်မာနိုင်ငံအလံကိုပဲ ခြုံပြီး အောင်ပွဲတွေ ခံတတ်သူ ဖြစ်တာကြောင့်လည်း မြန်မာပရိသတ်တွေက အောင်လအန်ဆန်းကို ပိုပိုတိုးပြီး ချစ်ခင် အားပေးကြတာပါ။

သူကတော့ ပြိုင်ပွဲတွေမှာသာ အောင်မြင်မှုရနေသူတစ်ယောက် ဖြစ်နေသူ တစ်ယောက် မဟုတ်သလို ပေါင်းသင်းဆက်ဆံရေးမှာလည်း တကယ့်ကို ပါးနပ်လိမ္မာသူတစ်ယောက်ဖြစ်ပါတယ်။ ပွဲဝင်ဝင်ချင်းမှာ ပြိုင်ဘက်နဲ့ သူနဲ့ အန္တရာယ်ကင်းကင်းနဲ့ ပွဲပြီးဆုံးပါစေလို့ ဆုတောင်းသလို သူနိုင်ခဲ့တဲ့ ပွဲတိုင်းမှာလည်း ပွဲပြီးချိန်တိုင်းမှာ ပြိုင်ဘက် ပွေ့ဖက် အားပေးလေ့ရှိသူတစ်ယောက်ပါ။ အောင်လကတော့ သူရဲ့ ကြံခိုင်မှုကို ဦးစားပေးပြီး ပွဲတွေကို ပြင်ဆင်လေ့ရှိသလို သူရဲ့ လေ့ကျင့်ဖော်တွေနဲ့ စည်းစည်းလုံးလုံး လေ့ကျင်တာကြောင့် အောင်မြင်မှုတွေကို ဆက်တိုက်ဆိုသလို ဆွတ်ခူးနိုင်နေတာပဲ ဖြစ်ပါတယ်။ အခုမိတ်ဆွေတို့ကို ဖော်ပြပေးချင်တဲ့ Video လေးတစ်ခုရှိပါတယ်။

အဲ့ဒီVideo လေးကတော့ အောင်လအန်ဆန်က သူ့နဲ့အတူ လေ့ကျင့်နေကြတဲ့ MMA ဖိုက်တာတွေကို သူ့ရဲ့ ဝမ်းဗိုက်ကို အားရှိသမျှ အပြင်းဆုံး တစ်ယောက်ချင်းစီ လိုက်ပြီး ထိုးခိုင်းထားတဲ့ Video လေးပဲဖြစ်ပါတယ်။ အထိုးခံနေတဲ့ အောင်လကတော့ မျက်နှာလေးတစ်ချက်တောင် ပျက်မသွားတာကိုလည်း တွေ့မြင်နိုင်မှာပါ။ Video ရဲ့ Link လေးကိုတော့ Comment မှာဖော်ပြပေးထားပါတယ်နော် ။ ကြည့်ပြီးသွားရင်လည်း လူကြီးမင်းတို့ရဲ့ အမြင်လေးတွေကိုလည်း ပြန်လည်ဝေမျှပေးသွားကြပါဦးနော်။