နေဒွေးက ခွင့်လွှတ်ခြင်းနဲ့ ထိုက်တန်လို့ အမှုပိတ်ပေးလိုက်တာမဟုတ်ဘူးဆိုတဲ့ သံစဉ်မောင်

နေဒွေးနဲ့ သံစဉ်မောင်တု့ိရဲ့ အမှုဟာဆိုရင်လည်း အခုဆိုရင် အချိန်အနည်းငယ်ကြာလာပြီဖြစ်သလို နှစ်ဘက်စလုံးကလည်း အမှုကြောင့် အလုပ်ရှုပ်ပင်ပန်းနေကြတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ 23.6.2020 မှာတော့ နေဒွေးနဲ့ သံစဉ်မောင်တို့ရဲ့ အမှုကို တာမွေမြို့နယ် တရားရုံးမှာ အမှုတရားဝင်ရုပ်သိမ်းခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။ အမှုရုပ်သိမ်းလိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သံစဉ်မောင်က မီဒီယာတွေနဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။

သံစဉ်မောင်က အမှုပိတ်ပေးလိုက်တဲ့အကြောင်းရင်းကို “ညီမက ဆရာဂျွန့်မျက်နှာနဲ့မို့လို့ ပိတ်ပေးလိုက်တာပါ ဟုတ်။ အဖေ့ဆန္ဒကလည်း ညီမရုံးချိန်းတွေဘာတွေတက်ပြီးတော့ လူပြောခံနေရတာ၊ ပြီးတော့ ဒီလိုမျိုး ရုံးချိန်းတက်ပြီဆိုရင် အင်တာဗျူးတွေတက်လာမယ် ပြီးတော့ ဓာတ်ပုံတွေတက်လာမယ်၊အဆင်မပြေလို့ပေါ့နော်။ ပြီးတော့ ညီမတို့အလုပ်က ညီမတို့ဘဝအတွက် တိုးတက်ဖို့အလုပ်တွေအများကြီးရှိသေးတယ်လေ။ အဲ့အတွက်ကြောင့်မို့လို့ ဆရာဂျွန်ကလည်း ပြောတယ်။ အဖေအမေကလည်း သမီးတဲ့ ဒီလိုမျိုးတွေပေ့ါနော်။အမှုမြန်မြန်ပြီးသွားတော့ မြန်မြန်ကောင်းတာပေါ့နော် ဆိုပြီးတော့ ဟုတ်”လို့ ပြောပြထားပါတယ်။

နေဒွေးက ခွင့်လွှတ်ခြင်းနဲ့ ထိုက်တန်လို့ အမှုပိတ်ပေးတာမဟုတ်ကြောင်း “အရှင်းဆုံးပြောရရင်တော့ သူက ခွင့်လွှတ်ခြင်းနဲ့ ထိုက်တန်လို့တော့မဟုတ်ဘူး။ ညီမက ငြိမ်းချမ်းခြင်းနဲ့ ထိုက်တန်လို့ပေ့ါနော်။ ညီမဘယ်လောက်ထိစိတ်ပင်ပန်းခဲ့ရလဲဆိုတာ ညီမကိုယ်တိုင်သိတယ်။ တစ်ချိန်ကျလို့ရှိရင် ညီမပြောခဲ့ဖူးပါတယ်။ အမှန်တရားဆိုတာ ပေါ်လာမှာပါလို့။ တကယ်လို့သာသူမှန်တယ်ဆိုလို့ရှိရင် သူ တရားရုံးထဲရောက်လာစရာအကြောင်းမရှိဘူးလေ။ ညီမပြောခဲ့ဖူးပါတယ် အင်တာဗျူးမှာ။ ထားလိုက်ပါ ဒါတွေကတော့ ညီမပြန်ပြီးတော့ ချေပစရာမရှိတော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ညီမ ထပ်ပြီးတော့ အရှက်ကွဲရတာတွေ စိတ်ပင်ပန်းရတာတွေ မဖြစ်တော့ဘူးပေါ့နော်။ မြန်မြန်ပြီးသွားတော့လည်း”လို့ ရင်ဖွင့်ထားပါသေးတယ်။

သံစဉ်မောင်က နစ်နာခဲ့ပြီးပြီမို့ နစ်နာကြေးမလိုဘူးလို့လည်း “ညီမအတွက်က နစ်နာကြေးမလိုပါဘူး။ အစောကြီးကတည်းက နစ်နာခဲ့ပြီးသားပဲ ဒါကလည်း အရှင်းဆုံးပြောရရင် ညီမသိက္ခာကို အဖတ်ဆည်လို့မရအောင်လုပ်တဲ့အတွက်ကြောင့် ညီမသိက္ခာကို ကာကွယ်တဲ့အနေနဲ့ ညီမ ဒီလိုမျိုး ရုံးရောက်ဂတ်ရောက်ဖြစ်ရတာပေါ့နော်”လို့ ပြောပြထားပါတယ်။

Zawgyi

ေနေဒြးနဲ႔ သံစဥ္ေမာင္တု႔ိရဲ႕ အမႈဟာဆိုရင္လည္း အခုဆိုရင္ အခ်ိန္အနည္းငယ္ၾကာလာျပီျဖစ္သလို နွစ္ဘက္စလံုးကလည္း အမႈေၾကာင့္ အလုပ္ရႈပ္ပင္ပန္းေနၾကတာလည္းျဖစ္ပါတယ္။ ျပီးခဲ့တဲ့ 23.6.2020 မွာေတာ့ ေနေဒြးနဲ႔ သံစဥ္ေမာင္တို႔ရဲ႕ အမႈကုိ တာေမြျမိဳ႕နယ္ တရားရံုးမွာ အမႈတရားဝင္ရုပ္သိမ္းခဲ့ျပီျဖစ္ေၾကာင္းသိရပါတယ္။ အမႈရုပ္သိမ္းလိုက္တဲ့ကိစၥနဲ႔ ပတ္သက္ျပီး သံစဥ္ေမာင္က မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာ ေျဖၾကားသြားခဲ့ပါတယ္။

သံစဥ္ေမာင္က အမႈပိတ္ေပးလိုက္တဲ့အေၾကာင္းရင္းကို “ညီမက ဆရာဂြ်န္႔မ်က္နွာနဲ႔မို႔လို႔ ပိ္တ္ေပးလိုက္တာပါ ဟုတ္။ အေဖ့ဆႏၵကလည္း ညီမရံုးခ်ိန္းေတြဘာေတြတက္ျပီးေတာ့ လူေျပာခံေနရတာ၊ ျပီးေတာ့ ဒီလိုမ်ိဳး ရံုးခ်ိန္းတက္ျပီဆိုရင္ အင္တာဗ်ဴးေတြတက္လာမယ္ ျပီးေတာ့ ဓာတ္ပံုေတြတက္လာမယ္၊အဆင္မေျပလို႔ေပါ့ေနာ္။ ျပီးေတာ့ ညီမတို႔အလုပ္က ညီမတို႔ဘဝအတြက္ တိုးတက္ဖို႔အလုပ္ေတြအမ်ားၾကီးရွိေသးတယ္ေလ။ အဲ့အတြက္ေၾကာင့္မုိ႔လို႔ ဆရာဂြ်န္ကလည္း ေျပာတယ္။ အေဖအေမကလည္း သမီးတဲ့ ဒီလိုမ်ိဳးေတြေပ့ါေနာ္။အမႈျမန္ျမန္ျပီးသြားေတာ့ ျမန္ျမန္ေကာင္းတာေပါ့ေနာ္ ဆိုျပီးေတာ့ ဟုတ္”လို႔ ေျပာျပထားပါတယ္။

ေနေဒြးက ခြင့္လႊတ္ျခင္းနဲ႔ ထိုက္တန္လို႔ အမႈပိတ္ေပးတာမဟုတ္ေၾကာင္း “အရွင္းဆံုးေျပာရရင္ေတာ့ သူက ခြင့္လႊတ္ျခင္းနဲ႔ ထိုက္တန္လုိ႔ေတာ့မဟုတ္ဘူး။ ညီမက ျငိမ္းခ်မ္းျခင္းနဲ႔ ထိုက္တန္လို႔ေပ့ါေနာ္။ ညီမဘယ္ေလာက္ထိစိတ္ပင္ပန္းခဲ့ရလဲဆိုတာ ညီမကုိယ္တိုင္သိတယ္။ တစ္ခ်ိန္က်လို႔ရွိရင္ ညီမေျပာခဲ့ဖူးပါတယ္။ အမွန္တရားဆိုတာ ေပၚလာမွာပါလို႔။ တကယ္လို႔သာသူမွန္တယ္ဆိုလို႔ရွိရင္ သူ တရားရံုးထဲေရာက္လာစရာအေၾကာင္းမရွိဘူးေလ။ ညီမေျပာခဲ့ဖူးပါတယ္ အင္တာဗ်ဴးမွာ။ ထားလိုက္ပါ ဒါေတြကေတာ့ ညီမျပန္ျပီးေတာ့ ေခ်ပစရာမရွိေတာ့ပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ ညီမ ထပ္ျပီးေတာ့ အရွက္ကြဲရတာေတြ စိတ္ပင္ပန္းရတာေတြ မျဖစ္ေတာ့ဘူးေပါ့ေနာ္။ ျမန္ျမန္ျပီးသြားေတာ့လည္း”လို႔ ရင္ဖြင့္ထားပါေသးတယ္။

သံစဥ္ေမာင္က နစ္နာခဲ့ျပီးျပီမို႔ နစ္နာေၾကးမလိုဘူးလို႔လည္း “ညီမအတြက္က နစ္နာေၾကးမလိုပါဘူး။ အေစာၾကီးကတည္းက နစ္နာခဲ့ျပီးသားပဲ ဒါကလည္း အရွင္းဆံုးေျပာရရင္ ညီမသိကၡာကုိ အဖတ္ဆည္လို႔မရေအာင္လုပ္တဲ့အတြက္ေၾကာင့္ ညီမသိကၡာကုိ ကာကြယ္တဲ့အေနနဲ႔ ညီမ ဒီလိုမ်ိဳး ရံုးေရာက္ဂတ္ေရာက္ျဖစ္ရတာေပါ့ေနာ္”လို႔ ေျပာျပထားပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*