ဗီဒီယိုလောကသားတွေအတွက် ဗီဒီယိုတွေအခမဲ့တင်လို့ရတဲ့ App ထောင်မယ်ဆိုတဲ့ စမိုင်းလ်

လက်ရှိ covid ကာလကြီးမှာ ရုပ်ရှင်ရုံတွေအားလုံး ပိတ်လိုက်ရတာကြောင့် လက်ရှိရုံတင်ပြသနေတဲ့ ရုပ်ရှင်တွေအတွက်ရော ရုံတင်ဖို့တန်းစီနေတဲ့ ရုပ်ရှင်ကားတွေအတွက်ပါ အဖက်ဖက်မှာဆုံးရှုံးနစ်နာမှုတွေများစွာဖြစ်ပေါ်နေတဲ့အချိန်ဖြစ်သလို ရုပ်ရှင်လောကသားတွေအတွက်လည်း စီးပွားရေးတွေထိခိုက်နေပြီး နဂို video ခေတ်ပျောက်လို့ video လေးတွေရိုက်ပြီး လုပ်ကိုင်စားသောက်နေရတဲ့ ဇာတ်ပို့ဇာတ်ရံတွေဟာလည်း စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။ အဲဒီလို ခက်ခဲနေကြသူတွေကို ရုပ်ရှင်လောကသားအချင်းချင်း ကူညီတဲ့သူတွေ ရှိနေတာလည်းတွေ့ရမှာပါ။ ပရိသတ်ချစ်တဲ့မင်းသမီးတစ်လက်ဖြစ်တဲ့ စမိုင်းလ်ကလည်း ဗီဒီယိုလောကသားတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီသွားဖို့ စဉ်းစားထားကြောင်း မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာပြောကြားသွားပါတယ်။

စမိုင်းလ်က ဗီဒီယို လောကသားတွေကို ကူညီတဲ့အနေနဲ့ ရုပ်ရှင်ဗီဒီယိုတွေအခမဲ့တင်လို့ရတဲ့ app တစ်ခုလုပ်သွားဖို့ရှိကြောင်း “ရုပ်ရှင်တွေခေတ်ဖြစ်နေတဲ့ အချိန်မှာ ဗီဒီယိုလောကသားတွေအကုန်လုံး တိမ်မြုပ်ပျောက်ကွယ်သွားရတယ်လေ။ သူတို့ဘာမှမလုပ်ရတော့ဘူး။ အထူးသဖြင့် လူကြမ်းတွေ၊ supporting တွေ၊ ရုပ်ရှင်တစ်ကားမှာကျတော့ ရုပ်ရှင်က cost များတဲ့အခါကျတော့ မင်းသားမင်းသမီးကိုပဲ main ထားပြီးတော့ ရုပ်ရှင်ကိုအများဆုံးရိုက်လာကြတာလေ။ အဲ့တော့ ကိုယ်ဘာလုပ်ပေးနိုင်လဲဆိုတော့ အစ်မက သူတို့ိကို ဒီတိုင်းပိုက်ဆံပေးလိုက်တာထက်စာရင် အစ်မတို့အနုပညာသမားက အနုပညာကို ပြရမှ သူတို့က ပိုကြိုက်တယ်။ အစ်မကိုယ်တိုင်လည်း အစ်မကိုလည်း လူတွေက ပြောလို့ရတာပဲ နင်ပိုက်ဆံရှိနေတာ အေးအေးဆေးဆေးနေပါလားဆိုရင်လည်း မဟုတ်ဘူး၊ ကိုယ်လည်း လုပ်ပြချင်တယ်။ ကိုယ်လုပ်နိုင်တယ်ဆိုတဲ့ဟာလေးကို သူတို့ကိုလုပ်ပြချင်တယ်။ အဲ့လိုပဲ အစ်မတို့အနုပညာရှင်တွေအကုန်လုံးကလည်း ပိုက်ဆံရှိတာမရှိတာနဲ့ မဆိုင်ဘူး သူတို့အနုပညာကို ပြချင်တယ်။ အဲ့တော့ အစ်မတို့က ဒီ application လေးကိုလုပ်မယ်။ သူတု့ိ ရုပ်ရှင်တွေလည်းတင်လို့ရမယ်။ ဗီဒီယိုတွေရိုက်ထားလည်း လာတင်။အစ်မကို တစ်ပြားတစ်ချပ်မှ ပေးစရာမလိုဘူး။ အစ်မ ဒါတွေအကုန်လုံးကို free တင်ပေးမယ်”လို့ ပြောပြထားပါတယ်။

ဒါ့အပြင် ဒီ app ကို platform တစ်ခုအနေနဲ့ စေတနာသန့်သန့်နဲ့လုပ်ပေးတာဖြစ်ကြောင်း “သူတို့ရတဲ့ပိုက်ဆံ သူတို့ယူ ဒါကို အစ်မက Platform တစ်ခုအနေနဲ့ လုပ်ပေးတယ်လု့ိပဲ အစ်မက ကုသိုလ်ယူတယ်။ အစ်မကိုလည်းတစ်ပြားမှ ပေးစရာမလိုဘူး။ အဆင်မပြေတဲ့လူတွေအကုန်လုံး သူတို့ဟာသူတို့ရိုက်၊ သူတို့ဟာသူတို့ ဒါကိုရောင်းစားပေ့ါ။ ရောင်းစားတယ်ဆိုလို့ရှိရင် ပိုပြီးတော့လည်း ပိုက်ဆံရမယ်။ ဥပမာ အစ်မတို့ video တွေဆိုရင် နယ်တွေကို ပို့တယ်။ ပိုက်ဆံတွေကောက်တယ်။ ပိုပြီးတော့ကြာတယ်လေ။ အကြွေးစနစ်နဲ့ဆိုတော့ အခုကတော့ဘာမှမဖြစ်ဘူး။ လူတစ်ရာကြည့်ရင် တစ်ရာဖိုးရမယ်၊ တစ်ထောင်ကြည့်ရင် တစ်ထောင်ဖိုးရမယ်လေ။ အဲဒီလိုစီစဉ်ပြီးတော့ ဒီ application ကိုဒီလောကသားတွေကို ကူညီဖို့ စဉ်းစားတာပါ။ စဉ်းစားတာမဟုတ်ပါဘူး တကယ်တော့ အစ်ကို(ခင်ပွန်းဖြစ်သူ) ကပြောတာပါ။ အစ်မလည်းမသိပါဘူး”လို့ ဖြေကြားထားပါတယ်။

App လေးက online cinema တစ်ခုအနေနဲ့ ထွက်လာမှာဖြစ်ကြောင်း “အဲဒါက ပြီးတော့မှာ အစ်မတို့လုပ်နေတာ သုံးလလောက်တော့ရှိပြီ။ Smile Online Cinema လို့ပေးထားတယ်။ Online Cinema ဖြစ်သွားပြီးတော့ ဒါ ရုပ်ရှင်ရုံပဲပေ့ါနော် ကြိုက်တဲ့လူ ကြိုက်သလိုလာတင်လို့ရတယ်။ အစ်မတို့ အခကြေးငွေမယူပဲနဲ့ ကူညီပေးမှာပါ။ ဇာတ်ကားကတော့ မရွေးချယ်ပါဘူး။ ဒါ အကုန်လုံး သူတို့အဆင်ပြေတဲ့ဟာပဲလေ။ ဇာတ်ကားရောင်းရတယ်မရောင်းရတယ်ဆိုတာ သူတို့ရိုက်တဲ့အပေါ်မှာပဲမူတည်တယ်။ ရုပ်ရှင်ကြီးလိုပဲပေါ့။ သူတို့မှာ ဘာ cost အကုန်နည်းသွားမလဲဆိုတော့ red carpet မရှိတော့ဘူး။ပြီးသွားလို့ရှိရင်ကြော်ငြာခတွေအရမ်းသက်သာသွားမယ်ပေါ့နော်။ တချို့ဒီ video လေးတွေ မတင်ရသေးတဲ့ ရုပ်ရှင်ဇာတ်ကားအသေးလေးတွေ တချို့တွေဆိုရင် ရိုက်ထားပြီးတော့ တန်းစီစနစ်မှာစောင့်နေတာ သုံးလေးနှစ်ရှိနေတဲ့ကားတွေဆိုတော့ up to date မဖြစ်တော့တဲ့ကားတွေအများကြီးရှိတယ်လေ။ အဲဒါမျိုးလေးတွေကို ကုသိုလ်အနေနဲ့ ကူညီတယ်လို့ပဲသဘောထားပါတယ်”လို့ ပြောကြားသွားပါတယ်။

Zawgyi

လက္ရွိ covid ကာလၾကီးမွာ ရုပ္ရွင္ရံုေတြအားလံုး ပိတ္လိုက္ရတာေၾကာင့္ လက္ရွိရံုတင္ျပသေနတဲ့ ရုပ္ရွင္ေတြအတြက္ေရာ ရံုတင္ဖို႔တန္းစီေနတဲ့ ရုပ္ရွင္ကားေတြအတြက္ပါ အဖက္ဖက္မွာဆံုးရံႈးနစ္နာမႈေတြမ်ားစြာျဖစ္ေပၚေနတဲ့အခ်ိန္ျဖစ္သလို ရုပ္ရွင္ေလာကသားေတြအတြက္လည္း စီးပြားေရးေတြထိခိုက္ေနျပီး နဂို video ေခတ္ေပ်ာက္လို႔ video ေလးေတြရုိက္ျပီး လုပ္ကုိင္စားေသာက္ေနရတဲ့ ဇာတ္ပုိ႔ဇာတ္ရံေတြဟာလည္း စားဝတ္ေနေရးအခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတာပါ။ အဲဒီလို ခက္ခဲေနၾကသူေတြကုိ ရုပ္ရွင္ေလာကသားအခ်င္းခ်င္း ကူညီတဲ့သူေတြ ရွိေနတာလည္းေတြ႕ရမွာပါ။ ပရိသတ္ခ်စ္တဲ့မင္းသမီးတစ္လက္ျဖစ္တဲ့ စမုိင္းလ္ကလည္း ဗီဒီယုိေလာကသားေတြကုိ တစ္ဖက္တစ္လမ္းကေန ကူညီသြားဖို႔ စဥ္းစားထားေၾကာင္း မၾကာေသးမီက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာေျပာၾကားသြားပါတယ္။

စမုိင္းလ္က ဗီဒီယို ေလာကသားေတြကုိ ကူညီတဲ့အေနနဲ႔ ရုပ္ရွင္ဗီဒီယိုေတြအခမဲ့တင္လို႔ရတဲ့ app တစ္ခုလုပ္သြားဖို႔ရွိေၾကာင္း “ရုပ္ရွင္ေတြေခတ္ျဖစ္ေနတဲ့ အခ်ိန္မွာ ဗီဒီယုိေလာကသားေတြအကုန္လံုး တိမ္ျမဳပ္ေပ်ာက္ကြယ္သြားရတယ္ေလ။ သူတို႔ဘာမွမလုပ္ရေတာ့ဘူး။ အထူးသျဖင့္ လူၾကမ္းေတြ၊ supporting ေတြ၊ ရုပ္ရွင္တစ္ကားမွာက်ေတာ့ ရုပ္ရွင္က cost မ်ားတဲ့အခါက်ေတာ့ မင္းသားမင္းသမီးကိုပဲ main ထားျပီးေတာ့ ရုပ္ရွင္ကုိအမ်ားဆံုးရုိက္လာၾကတာေလ။ အဲ့ေတာ့ ကိုယ္ဘာလုပ္ေပးနိုင္လဲဆိုေတာ့ အစ္မက သူတို႔ုိကုိ ဒီတုိင္းပုိက္ဆံေပးလိုက္တာထက္စာရင္ အစ္မတို႔အနုပညာသမားက အနုပညာကုိ ျပရမွ သူတို႔က ပိုၾကိဳက္တယ္။ အစ္မကုိယ္တိုင္လည္း အစ္မကုိလည္း လူေတြက ေျပာလို႔ရတာပဲ နင္ပုိက္ဆံရွိေနတာ ေအးေအးေဆးေဆးေနပါလားဆိုရင္လည္း မဟုတ္ဘူး၊ ကုိယ္လည္း လုပ္ျပခ်င္တယ္။ ကုိယ္လုပ္နုိင္တယ္ဆိုတဲ့ဟာေလးကုိ သူတို႔ကုိလုပ္ျပခ်င္တယ္။ အဲ့လိုပဲ အစ္မတုိ႔အနုပညာရွင္ေတြအကုန္လံုးကလည္း ပုိက္ဆံရွိတာမရွိတာန႔ဲ မဆိုင္ဘူး သူတို႔အနုပညာကုိ ျပခ်င္တယ္။ အဲ့ေတာ့ အစ္မတို႔က ဒီ application ေလးကုိလုပ္မယ္။ သူတု႔ိ ရုပ္ရွင္ေတြလည္းတင္္လို႔ရမယ္။ ဗီဒီယုိေတြရိုက္ထားလည္း လာတင္။အစ္မကို တစ္ျပားတစ္ခ်ပ္မွ ေပးစရာမလိုဘူး။ အစ္မ ဒါေတြအကုန္လံုးကုိ free တင္ေပးမယ္”လို႔ ေျပာျပထားပါတယ္။

ဒါ့အျပင္ ဒီ app ကုိ platform တစ္ခုအေနနဲ႔ ေစတနာသန္႔သန္႔နဲ႔လုပ္ေပးတာျဖစ္ေၾကာင္း “သူတို႔ရတဲ့ပုိက္ဆံ သူတို႔ယူ ဒါကုိ အစ္မက Platform တစ္ခုအေနနဲ႔ လုပ္ေပးတယ္လု႔ိပဲ အစ္မက ကုသုိလ္ယူတယ္။ အစ္မကုိလည္းတစ္ျပားမွ ေပးစရာမလိုဘူး။ အဆင္မေျပတဲ့လူေတြအကုန္လံုး သူတို႔ဟာသူတို႔ရိုက္၊ သူတို႔ဟာသူတို႔ ဒါကုိေရာင္းစားေပ့ါ။ ေရာင္းစားတယ္ဆိုလို႔ရွိရင္ ပုိျပီးေတာ့လည္း ပိုက္ဆံရမယ္။ ဥပမာ အစ္မတို႔ video ေတြဆိုရင္ နယ္ေတြကုိ ပို႔တယ္။ ပုိက္ဆံေတြေကာက္တယ္။ ပုိျပီးေတာ့ၾကာတယ္ေလ။ အေၾကြးစနစ္နဲ႔ဆိုေတာ့ အခုကေတာ့ဘာမွမျဖစ္ဘူး။ လူတစ္ရာၾကည့္ရင္ တစ္ရာဖိုးရမယ္၊ တစ္ေထာင္ၾကည့္ရင္ တစ္ေထာင္ဖိုးရမယ္ေလ။ အဲဒီလိုစီစဥ္ျပီးေတာ့ ဒီ application ကုိဒီေလာကသားေတြကုိ ကူညီဖို႔ စဥ္းစားတာပါ။ စဥ္းစားတာမဟုတ္ပါဘူး တကယ္ေတာ့ အစ္ကုိ(ခင္ပြန္းျဖစ္သူ) ကေျပာတာပါ။ အစ္မလည္းမသိပါဘူး”လို႔ ေျဖၾကားထားပါတယ္။

App ေလးက online cinema တစ္ခုအေနနဲ႔ ထြက္လာမွာျဖစ္ေၾကာင္း “အဲဒါက ျပီးေတာ့မွာ အစ္မတို႔လုပ္ေနတာ သံုးလေလာက္ေတာ့ရွိျပီ။ Smile Online Cinema လို႔ေပးထားတယ္။ Online Cinema ျဖစ္သြားျပီးေတာ့ ဒါ ရုပ္ရွင္ရံုပဲေပ့ါေနာ္ ၾကိဳက္တဲ့လူ ၾကိဳက္သလိုလာတင္လို႔ရတယ္။ အစ္မတို႔ အခေၾကးေငြမယူပဲနဲ႔ ကူညီေပးမွာပါ။ ဇာတ္ကားကေတာ့ မေရြးခ်ယ္ပါဘူး။ ဒါ အကုန္လံုး သူတို႔အဆင္ေျပတဲ့ဟာပဲေလ။ ဇာတ္ကားေရာင္းရတယ္မေရာင္းရတယ္ဆုိတာ သူတို႔ရုိက္တဲ့အေပၚမွာပဲမူတည္တယ္။ ရုပ္ရွင္ၾကီးလုိပဲေပါ့။ သူတို႔မွာ ဘာ cost အကုန္နည္းသြားမလဲဆိုေတာ့ red carpet မရွိေတာ့ဘူး။ျပီးသြားလို႔ရွိရင္ေၾကာ္ျငာခေတြအရမ္းသက္သာသြားမယ္ေပါ့ေနာ္။ တခ်ိဳ႕ဒီ video ေလးေတြ မတင္ရေသးတဲ့ ရုပ္ရွင္ဇာတ္ကားအေသးေလးေတြ တခ်ိဳ႕ေတြဆိုရင္ ရိုက္ထားျပီးေတာ့ တန္းစီစနစ္မွာေစာင့္ေနတာ သံုးေလးနွစ္ရွိေနတဲ့ကားေတြဆိုေတာ့ up to date မျဖစ္ေတာ့တဲ့ကားေတြအမ်ားၾကီးရွိတယ္ေလ။ အဲဒါမ်ိဳးေလးေတြကုိ ကုသိုလ္အေနနဲ႔ ကူညီတယ္လို႔ပဲသေဘာထားပါတယ္”လို႔ ေျပာၾကားသြားပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*