ပိုင်တံခွန်နဲ့ အနမ်းမိုးရွာလိုက်တဲ့ ကြော်ငြာလေးအကြောင်း ရင်ဖွင့်လိုက်တဲ့ နော်ဖောအယ်ထား
မကြာသေးမီက လူမှုကွန်ရက်မှာပျံ့နှံ့လာတဲ့ ပိုင်တံခွန်နဲ့ နော်ဖောအယ်ထားတို့ရဲ့ ကြော်ငြာလေးတစ်ခုက ပရိသတ်တွေကို ဂယက်ရိုက်သွားစေခဲ့ပါတယ်။ အဲဒီကြော်ငြာလေးကတော့ တိုနာကြော်ငြာလေးဖြစ်ပြီး ပိုင်တံခွန်နဲ့ နော်ဖောတို့ကချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ ကိုရီးယားဆန်တဲ့ romantic vibe ရအောင် သရုပ်ဆောင်ထားကြတာတွေ့ရပါတယ်။အဲဒီကြော်ငြာထဲမှာ နှစ်ယောက်သား တစ်ယောက်ပါးကိုတစ်ယောက် အနမ်းမိုးရွာလိုက်တဲ့ အခန်းလေးတွေလည်းပါဝင်တာကြောင့် မြင်လိုက်ရတဲ့ ပရိသတ်တွေကြားမှာ ဂယက်ထသွားခဲ့ရတာပါ။ အဲဒီကြော်ငြာလေးနဲ့ ပတ်သက်ပြီး နော်ဖောကမီဒီယာတွေနဲ့ အင်တာဗျူးမှာ ရင်ဖွင့်သွားခဲ့ပါတယ်။
အဲဒီအခန်းရိုက်ရတာ ရှက်တော့ရှက်တယ်လို့ နော်ဖောက “ရှက်တော့ ရှက်တာပေါ့နော် နှစ်ယောက်စလုံးကတော့ အဲ့လိုမျိုး၊ သူကိုယ်တိုင်ကလည်းပြောတယ်။ ကြော်ငြာမို့လို့ပေါ့နော်တဲ့ အပြင်မှာဆို ပါးရိုက်ခံရမှာပေ့ါတဲ့။ အဲ့လိုမျိုးစနေကြတာပေါ့နော်။တစ်ယောက်နဲ့တစ်ယောက်အဲ့လိုမျိုး ရှုတင်မှာဆို အဲဒီကြော်ငြာလေးရိုက်တဲ့အချိန်ဆို အားလုံးက ပြုံးနေကြတာ။ ကိုရီးယားဆန်ဆန်လေး တစ်ယောက်နဲ့တစ်ယောက်လိုက်စတာဆိုတော့ ရယ်နေရတာ။ ဒါရိုက်တာကလည်း အဲဒီ mood မရရအောင် နော်ဖောတို့ကိုသွင်းတာ။ မရဘူးပြန်လုပ်မယ်။ အဲ့ရှုတင်တော်တော်လေးကို ပင်ပန်းခဲ့တာ။ ပြန်ကြည့်လိုက်တဲ့အခါကျတော့လည်း သူတို့တွေကျေနပ်တယ်ပေါ့နော်။ အဓိကက Client တို့ဘက်ကကျေနပ်တယ်။ ပရိသတ်တွေလည်း အားပေးတယ်ဆိုလို့ရှိရင် နော်ဖောတို့ကြိုးစားရကျိုးနပ်တာပေ့ါနော်”လို့ ပြောပြထားပါတယ်။
အဲဒီလို အာဝါးပေးတဲ့အခန်းလေးတွေရိုက်ဖြစ်သွားပုံကိုတော့ နော်ဖောက “အဲ့လောက်ထိ နော်ဖောတို့မသိထားဘူး။ ရိုက်တဲ့အချိန်မှာမှ ဒါရိုက်တာကချက်ချင်းကြီး mood သွင်းပြီး ဒီလိုမျိုးလုပ်ပေး ဒီလိုမျိုးဆိုတော့ နော်ဖောတို့က လန့်သွားတာပေ့ါနော်။ ဒါပေမယ့် မတတ်နိုင်ဘူး client ကလည်း လိုချင်တယ်ဆိုတော့ နော်ဖောတို့က အလုပ်ခွင်ရောက်တဲ့အခါကျလို့ရှိရင် ကိုယ်ကိုယ်တိုင်လက်ခံထားတဲ့အလုပ်လည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ Client ဘက်က request လုပ်တာကို ကိုယ့်ဘက်ကအတတ်နိုင်ဆုံး သူတို့ကျေနပ်တဲ့အထိလုပ်ရတာပေါ့နော်။အဲဒါကြောင့် အဲဒီကြော်ငြာလေးကို ပရိသတ်တွေ စိတ်မဆိုးကြပါနဲ့လို့”လို့ တောင်းပန်ထားပါသေးတယ်။
ဒီကြော်ငြာထွက်လာရင် ပရိသတ်တွေပြောတော့မှာပဲဆိုပြီး နှစ်ယောက်လုံး လန့်နေတယ်လို့လည်း “အဲ့လိုမျိုးအရမ်းကြီးတော့ မထင်ဘူးပေါ့။ ဒါပေမယ့် စိတ်ထဲမှာ.. သူကလည်း နော်ဖောကိုစတယ်။ သွားပြီတဲ့ကြော်ငြာထွက်လာရင် နော်ဖောပရိသတ်တွေကတော့ သူ့ကို.. နော်ဖောကလည်း သွားပြီလို့ ကြော်ငြာထွက်လာရင် ပိုင်တံခွန်ပရိသတ်တွေက ငါ့ကိုပြောတော့မယ်ဆိုပြီး တစ်ယောက်နဲ့တစ်ယောက်အဲ့လိုပြောပြီးတော့ စနေကြတာ”လို့ ရင်ဖွင့်ထားပါတယ်။
Zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*