မိုးတွင်းမှာ ထီးဆောင်းစရာတောင်မရှိတဲ့ အိမ်ခြေရာမဲ့တွေကို ထီးတွေလိုက်ဝေခဲ့တဲ့ Sinon

Sinon ဟာ မြန်မာနိုင်ငံကိုချစ်ပြီး မြန်မာမှာ အခြေချကာ အနုပညာအလုပ်တွေလုပ်ကိုင်နေတဲ့ နိုင်ငံခြားသားအနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ Sinon ဟာ သူရတတ်သမျှအနုပညာကြေးလေးတွေနဲ့ မြန်မာနိုင်ငံက ဆင်းရဲနွမ်းပါးသူတေကို ကူညီတတ်သူလည်းဖြစ်တာကြောင့် နှလုံးလှ သဘောဖြူသူကြီးအဖြစ် ပရိသတ်တွေကချစ်မြတ်နိုးတာကိုခံရသူလည်းဖြစ်ပါတယ်။ စေတနာသဒ္ဓါတရားထက်သန်တဲ့ Sinon က မကြာသေးမီကလည်း လမ်းဘေးက အိမ်ခြေရာမဲ့တွေကို အလှူပြုခဲ့ပါသေးတယ်။

မိုးတွင်းကာလရောက်လာပြီဖြစ်တဲ့အချိန်မှာ မိုးတွင်းမှာ ထီးဆောင်းစရာတောင်မရှိရှာတဲ့ လမ်းဘေးက အိမ်ခြေရာမဲ့တွေ၊ စံပယ်ပန်းရောင်းတဲ့ကလေးငယ်တွေနဲ့ နွမ်းပါးတဲ့ မိသားစုတွေကို Sinon က ထီးတွေလိုက်လှူခဲ့တာပါ။ Sinon က ပြီးခဲ့တဲ့ ရက်က သူ့ရဲ့ လူမှုကွန်ယက်မှာ လမ်းဘေးက အိမ်ခြေရာမဲ့တွေကို ထီးလေးတွေနဲ့ အစားအစာတွေလိုက်လှူခဲ့တဲ့ video လေးတွေတင်ထားခဲ့ပါတယ်။ video ထဲမှာ အိမ်ခြေရာမဲ့ကလေးငယ်လေးတွေက Sinon ရဲ့ အလှူကို ဝမ်းမြောက်ဝမ်းသာနဲ့ အလုအယက်ဝိုင်းပြီး ယူငင်ကြတာမြင်ရတာ ကြည်နူးစရာပါပဲ။

ဒါ့အပြင် Sinon က ဖော့ဘူးလေးတွေနဲ့ စားစရာတွေကိုလည်း လှူဒါန်းခဲ့ပါသေးတယ်။ လမ်းမှာ ဒေါက်ဖိနပ်တလွှားလွှားနဲ့ လိုက်လှူနေတဲ့ Sinon ကို မြင်ရတာ နတ်သားတစ်ပါးကို မြင်ရသလို အားကိုးချစ်ခင်ချင်စရာ အသွင်အပြင်အပြည့်နဲ့ စတိုင်ကျနေတာကိုလည်းတွေ့ရမှာပါ။ Sinon က မိုးရွာထဲမှာ မိုးကာဝတ်ထားပြီး ထီးအချောင်းပေါင်းများစွာကို ကိုင်ထားကာ လမ်းက လူတွေကို စေတနာအပြည့်နဲ့ ထီးတွေလိုက်ဝေနေတဲ့အပြင် နောက်ဆုံး ဝေစရာထီးကုန်သွားလို့ သူဆောင်းနေတဲ့ထီးကိုပါ ပေးလိုက်တဲ့ မြင်ကွင်းကလည်း မြင်ရတဲ့ ပရိသတ်တွေကို ဒုတိယဝေဿန္တရာကိုမြင်လိုက်ရသလို ကြည်နူးပီတိဂွမ်းဆီထိသွားစေမှာအသေအချာပါပဲ။

Sinon က သူ့ရဲ့ လူမှုကွန်ယက်မှာ ထီးလေးတွေလိုက်ဝေတဲ့ ဓာတ်ပုံလေးတွေကိုတင်ထားတာလည်းတွေ့ရပါတယ်။ Sinon ရဲ့ အလှူဒါနကို ပရိသတ်တွေသာဓုခေါ်နိုင်စေဖို့ ဓာတ်ပုံလေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်နော်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော Sinon ကိုချစ်ကြလား။ Sinon ရဲ့နောက်ထပ်အနုပညာအလုပ်တွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Zawgyi

Sinon ဟာ ျမန္မာနုိင္ငံကုိခ်စ္ျပီး ျမန္မာမွာ အေျခခ်ကာ အနုပညာအလုပ္ေတြလုပ္ကုိင္ေနတဲ့ နုိင္ငံျခားသားအနုုပညာရွင္တစ္ဦးျဖစ္ပါတယ္။ Sinon ဟာ သူရတတ္သမွ်အနုပညာေၾကးေလးေတြနဲ႔ ျမန္မာနိုင္ငံက ဆင္းရဲႏြမ္းပါးသူေတကုိ ကူညီတတ္သူလည္းျဖစ္တာေၾကာင့္ နွလံုးလွ သေဘာျဖဴသူၾကီးအျဖစ္ ပရိသတ္ေတြကခ်စ္ျမတ္နိုးတာကုိခံရသူလည္းျဖစ္ပါတယ္။ ေစတနာသဒၶါတရားထက္သန္တဲ့ Sinon က မၾကာေသးမီကလည္း လမ္းေဘးက အိမ္ေျခရာမဲ့ေတြကုိ အလွဴျပဳခဲ့ပါေသးတယ္။

မိုးတြင္းကာလေရာက္လာျပီျဖစ္တဲ့အခ်ိန္မွာ မိုးတြင္းမွာ ထီးေဆာင္းစရာေတာင္မရွိရွာတဲ့ လမ္းေဘးက အိမ္ေျခရာမဲ့ေတြ၊ စံပယ္ပန္းေရာင္းတဲ့ကေလးငယ္ေတြနဲ႔ ႏြမ္းပါးတဲ့ မိသားစုေတြကုိ Sinon က ထီးေတြလိုက္လွဴခဲ့တာပါ။ Sinon က ျပီးခဲ့တဲ့ ရက္က သူ႔ရဲ႕ လူမႈကြန္ယက္မွာ လမ္းေဘးက အိမ္ေျခရာမဲ့ေတြကုိ ထီးေလးေတြနဲ႔ အစားအစာေတြလိုက္လွဴခဲ့တဲ့ video ေလးေတြတင္ထားခဲ့ပါတယ္။ video ထဲမွာ အိမ္ေျခရာမဲ့ကေလးငယ္ေလးေတြက Sinon ရဲ႕ အလွဴကုိ ဝမ္းေျမာက္ဝမ္းသာနဲ႔ အလုအယက္ဝုိင္းျပီး ယူငင္ၾကတာျမင္ရတာ ၾကည္နူးစရာပါပဲ။

ဒါ့အျပင္ Sinon က ေဖာ့ဘူးေလးေတြနဲ႔ စားစရာေတြကုိလည္း လွဴဒါန္းခဲ့ပါေသးတယ္။ လမ္းမွာ ေဒါက္ဖိနပ္တလႊားလႊားနဲ႔ လိုက္လွဴေနတဲ့ Sinon ကုိ ျမင္ရတာ နတ္သားတစ္ပါးကုိ ျမင္ရသလို အားကုိးခ်စ္ခင္ခ်င္စရာ အသြင္အျပင္အျပည့္နဲ႔ စတိုင္က်ေနတာကုိလည္းေတြ႕ရမွာပါ။ Sinon က မိုးရြာထဲမွာ မိုးကာဝတ္ထားျပီး ထီးအေခ်ာင္းေပါင္းမ်ားစြာကုိ ကို္င္ထားကာ လမ္းက လူေတြကုိ ေစတနာအျပည့္နဲ႔ ထီးေတြလိုက္ေဝေနတဲ့အျပင္ ေနာက္ဆံုး ေဝစရာထီးကုန္သြားလို႔ သူေဆာင္းေနတဲ့ထီးကုိပါ ေပးလိုက္တဲ့ ျမင္ကြင္းကလည္း ျမင္ရတဲ့ ပရိသတ္ေတြကုိ ဒုတိယေဝႆႏၱရာကုိျမင္လိုက္ရသလို ၾကည္နူးပီတိဂြမ္းဆီထိသြားေစမွာအေသအခ်ာပါပဲ။

Sinon က သူ႔ရဲ႕ လူမႈကြန္ယက္မွာ ထီးေလးေတြလိုက္ေဝတဲ့ ဓာတ္ပံုေလးေတြကုိတင္ထားတာလည္းေတြ႕ရပါတယ္။ Sinon ရဲ႕ အလွဴဒါနကုိ ပရိသတ္ေတြသာဓုေခၚနုိင္ေစဖို႔ ဓာတ္ပံုေလးေတြကုိလည္း ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ Sinon ကုိခ်စ္ၾကလား။ Sinon ရဲ႕ေနာက္ထပ္အနုပညာအလုပ္ေတြကိုေရာ အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

Be the first to comment

Leave a Reply

Your email address will not be published.


*