ခမ်းနားတဲ့ မင်္ဂလာပွဲကြီးပြုလုပ်မယ့်အကြောင်း ဖွင့်ပြောပြလိုက်တဲ့ အေးမြတ်သူ
အေးမြတ်သူဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အခုအချိန်အထိ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး မမြတ်လေးဆိုပြီး ပရိသတ်တွေချစ်မြတ်နိုးခြင်းခံရသူလည်းဖြစ်ပါတယ်။ အေးမြတ်သူဟာ အသက်သုံးဆယ်ကျော်အထိကို နုပျိုလှပနေသူလည်းဖြစ်ပြီး ပွင့်လင်းရိုးသားတဲ့ စိတ်အခံနဲ့ လူတိုင်းကို ကြင်နာစွာ ဆက်ဆံတတ်တာကြောင့်လည်း အနုပညာမောင်နှမတွေလုပ်ဖော်ကိုင်ဖက်တွေရဲ့ ခင်မင်နှစ်လိုခြင်းခံရသူဆိုရင်လည်းမမှားပါဘူး။ ဒီနေ့ 9.6.2020 ကတော့ အေးမြတ်သူရဲ့ အသက် (၃၄) နှစ်မြောက်မွေးနေ့လေးဖြစ်ပါတယ်။ အေးမြတ်သူက အိမ်ကို မွေးနေ့ကိတ်အကြီးကြီးနဲ့ surprise လာလုပ်ပေးကြတဲ့ video လေးကို ည (၁၂) နာရီမှာ တင်ထားခဲ့တာကိုတွေ့ရပါတယ်။ ဒါတင်မကသေးပါဘူး။အေးမြတ်သူက လတ်တလောရိုက်ထားတဲ့ ကျက်သရေရှိပြီး လှပတဲ့ ဓာတ်ပုံလေးတွေကို သူမရဲ့ လူမှုကွန်ယက်ပေါ်မှာတင်ထားခဲ့ပြီး လက်ရှိကျရောက်တဲ့ (၃၄) နှစ်ပြည့်မွေးနေ့လေးမှာပျော်ရွှင်ရကြောင်းနဲ့ ချစ်တဲ့သူတွေကို ကျေးဇူးတင်ကြောင်းလေးတွေလည်း ရေးထားခဲ့တာတွေ့ရပါတယ်။
အေးမြတ်သူက ချစ်ရသူတွေကြောင့် စိတ်ဓာတ်ခွန်အားတွေရခဲ့ကြောင်း “ဒီနေ့.. ဒီလောက်ထိပျော်ရွှင်ရမယ်လို့ မမျှော်လင့်ခဲ့ဘူး လူတယောက်ရဲ့ပျော်ရွှင်မှု့ က ငွေကြေးနဲ့မဆိုင်ဘူး..သူရဲ့လိုအပ်ချက်ကိုနားလည်ဖြည့်ဆည်းပေးနိုင်ဖို့နဲ့သာ သက်ဆိုင်တာပါ….. သစ္စာရှိပြီးနားလည်ပေးနိုင်တဲ့ချစ်သူ နဲ့ မေတ္တာတရားတွေနဲ့စောင့်ရှောက်ပေးနေကြတဲ့ချစ်ရသူတွေကြောင့်ကျမ စိတ်ဓာတ်ခွန်အားတွေပြန်ရခဲ့တယ်….. ပျော်ရွှင်စရာကောင်းတဲ့နေ့ရက်တွေကိုဖန်တီးခွင့်ရမယ်လို့….ပိုယုံကြည်လာတယ်.. ဒီလိုနေ့ရက်တွေသာဖန်တီးခွင့်ရမယ်ဆိုအသက်၄၃နှစ်မှာလည်း ကျမ ဒီအတိုင်းလေးရှိနေမှာပါ ချမ်းသာခြင်းဆိုတဲ့နေရာမှာ… စိတ်ချမ်းသာခြင်းကိုသာကျမ ရွေးခြယ်နေထိုင်ချင်ပါတယ်”လို့ရေးသားထားတာတွေ့ရပါတယ်။
ဒါ့အပြင်အခုအချိန်အထိ ဒီလိုအခြေအနေရောက်အောင် တစ်ဖက်တစ်လမ်းက ကူညီခဲ့ကြသူတွေကိုလည်း ချစ်ရကြောင်း “ ဒီနေ့ဒီလိုလေးပြုံးရယ်ခွင့်ရခဲ့လို့.. မွေးဖွားမေးခဲ့တဲ့မိဘ နှိမ့်တစ်ချည်/မြင့်တစ်လှည့်ကြားထဲမှာတူတူရုန်းကန်ပေးခဲ့တဲ့ချစ်ရတဲ့မိတ်ဆွေအရင်းကြီးတွေနဲ့အားပေးစောင့်ရှောက်ကြတဲ့ဒီစာကိုဖတ်နေသောချစ်ရသူတွေ
ထိုးနှက်ပြစ်တင်ရင်းအမြင့်ရောက်အောင်မြှင့်တင်ပေးခဲ့တဲ့မိတ်ဆွေတွေ ခုချိန်ထိမေတ္တာမပျက်အမုန်းမရှိချစ်ခင်စောင့်ရှောက်ပေးတဲ့ချစ်သူဟောင်းတွေ ခုချိန်မှာအနားမှာနွေးထွေးကြင်နာစွာနဲ့ကာကွယ်စောင့်ရှောက်ပေးတဲ့ချစ်သူ အားလုံးအားလုံးကိုအရမ်းချစ်ရပါသည်”လို့လည်း ကြည်နူးစရာရေးထားပါသေးတယ်။
ဒါ့အပြင် အေးမြတ်သူက မကြာခင်မှာ မင်္ဂလာပွဲပြုလုပ်တော့မယ့်အကြောင်းလည်း ပရိသတ်တွေကို သတင်းကောင်းပါးထားပါသေးတယ်။ “စကားမစပ်၂၀၂၂မှာ အသက်၃၆နှစ်မှာလက်ထပ်နိုင်ဖို့ ကျမ မျှော်လင့်ထားပါတယ်….အရမ်းကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကြီးဖြစ်ချင်မှဖြစ်မယ်….. ခမ်းနားတဲ့ချစ်ခြင်းတရားတွေနဲ့မင်္ဂလာပွဲကြီးဖြစ်ချင်ပါတယ်ချစ်ရသူတွေအားလုံး ဆုတောင်းပေးကြပါနော်”လို့ ရေးထားတာလည်းတွေ့ရပါတယ်။ ပရိသတ်တွေကတော့ အေးမြတ်သူအတွက် မွေးနေ့ဆုတောင်းတွေပေးထားကြသလို ချစ်တဲ့သူနဲ့လက်ထပ်ပြီးပျော်စရာကောင်းတဲ့ ဘဝလေးပိုင်ဆိုင်ရပါစေလို့လည်း ဆုတောင်းပေးထားကြပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော အေးမြတ်သူကိုချစ်ကြလား။ အေးမြတ်သူရဲ့နောက်ထပ်လုပ်မယ့်အနုပညာအလုပ်တွေကိုရောအားပေးကြမှာလား။ အေးမြတ်သူရဲ့ (၃၄)နှစ်ပြည့်မွေးနေ့လေးအတွက်လည်း မွေးနေ့ဆုတောင်းလေးတွေပေးခဲ့ကြပါဦး။
Zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*